💬 141
👍 185
✨ 4
🔁 2
2025-12-20 2025
ယနေ့ ဝင်ငွေ…ဒါတောင်ပါးပါးလေးပဲရှိသေးတယ်…နေ့လည်မှာ မဆွဲပဲခဏထိုင်နေသေးလို့…လက်တားတာဇံတွေနဲ့ ကီလိုအောက်ဆွဲတွေ Grabမကောင်းကြောင်းပြောပြီးဝင်အာချောင်လို့ရပြီ…အလုပ်ကို အလုပ်နဲ့တူအောင်မလုပ်ပဲ လက်ဖက်ရည်ဆိုင်ကနေအာချောင်၊ ခရီးသည်ကို လိုက်ဆဲရုံနဲ့ ဘာမှ ဖြစ်မလာဘူး…တစ်ချို့ ကားဆရာတွေ သိဖို့…
💬 139
👍 99
✨ 5
🔁 5
2026-01-27 2026
Grab နဲ့ ဒီည အောင်မဂ်လာကနေ ဆူးလေကို ငှားလာတာပါ
ကားနံပါတ်ပြန်ကြည့်မရတော့လို့.
စစငှားတော့ သူက တခြားလမ်းမှာ. Elite gate ကို ကားဝင်တော့ သူက ရောက်နှင့်နေပြီ. သူ့ကားဘေးမှာ ကပ်လျက်ရပ်တဲ့အချိန် သူဖုန်းခေါ်တယ်. အစ်ကို့ကားဘေးမှာ ယှဥ်လျက်ဝင်လာတဲ့ကား. အခုဆင်းလာမယ် ခနလေးစောင့်ပါ လို့ ပြောတာ. ထိပ်ဆုံးကနေ အထုပ်ဆွဲဆင်းတာ. ကားစငှားတာကနေ သူ့ကားပေါ်အရောက် ၄မိနစ်ဝန်းကျင်ပါပဲ. မကျော်ပါဘူး.
ကားစထွက်တာနဲ့ သူက သူ့ကားကို မမြင်ပဲနဲ့ ရမ်းပြောတာမလား. ဘာညာနဲ့ စကားစလာတာ.အစ်ကို့ကားဘေးမှာ express လာရပ်တယ်လေ. ညီမပြောတာ မမှန်လို့လား. မှန်တယ်လေ တဲ့ သူက. အင်းလေ အစ်ကို့ကို လိမ်စရာ ဘာအကြောင်းမှ မရှိဘူးလေ. လို့. အဲ့ကစပြီး တချို့ခရီးသည်တွေက ရန်ကုန်မှာနေပြီး ကားငှားရင် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ တလမ်းလုံး ယောက်ျားကြီးဖြစ်ပြီး တောက်လျှောက် အတင်းတုတ်လာတာ.
ကောင်မလေးတယောက်ဆို အထုပ်လေး ၃ထုပ်နဲ့ ရပ်နေတာ မြင်တယ်. အထုပ်တင်လို့ရလားမေးတာ နင့်ဟာ ဘာအထုပ်လဲ ဆိုတော့ ဘိလပ်မြေထုပ် ဖောက်ပြီးသားတွေ တဲ့. ဒီလို Grab ပေါ်မှာ ဒါမျိုး တင်စရာလား. သူ့ဆီက ရမှာ ဒီလောက်လေးနဲ့ ဘယ်သူသန့်ရှင်းရေး လာလုပ်ပေးမတုန်း ဘာညာ ဆိုတော့ - အစ်ကို မတင်ချင်ရင် cancel လိုက်ပေါ့. ခရီးသည်ဘက်ကလဲ မစီးချင်ရင် cancel မှာပဲလေ လို့. ပြီး မနားတမ်း အတင်းပြောနေတာ လက်မခံနိုင်လို့ - ဘာလို့ အဲ့ဒါတွေ ညီမကို လာ complaint နေတာလဲ မေးတော့ ပြောပြတာပါ တဲ့. မပြောနဲ့ မသိချင်ဘူး ဆိုတော့ အဲ့ဒါဆို ငါလဲ ပါးစပ်ပိတ်မယ် နင်လဲ ပါးစပ်ပိတ်ထား တဲ့. ညီမ ဘာမှမပြောဘူး အစ်ကိုပဲ တလမ်းလုံး ပြောနေတာဆိုပြီး စကားရပ်လိုက်တယ်.
လမ်းထဲရောက်လို့ဆင်းတော့ အထုပ်ချမပေးဘူး. အဖုံးဖွင့်ထားတယ် ကိုယ့်ဘာသာချ. နောက်ကားတွေပါတယ် ဆင်းမချပေးနိုင်ဘူး. ခင်ဗျားအလုပ်သမား မဟုတ်ဘူး. မချရင် မောင်းထွက်သွားမယ် တဲ့.
Report တင်မှာနော် အထုတ်လာချပေးပါ ဆိုတာကို လူကို ရိုက်မလိုပုံစံနဲ့ ဆင်းလိုက်တက်လိုက် လုပ်ပြီး ခင်ဗျားစကားပြောတာ ရင့်တယ်. ဘာပြောနေလို့လဲ မေးတော့ သူ့မှာ အဖြေမရှိဘူး. ဘာမှမှမပြောတာ အကုန် သူချည်းပြောပြီး သူချည်းရန်တွေ့နေတာ လမ်းလည်ခေါင်မှာ. ခုန်ဆွခုန်ဆွနဲ့. အထုတ်လေးချပေးပါ အစ်ကိုရယ်လို့ မပြောလို့တဲ့. အဲ့ဒါ သူ့အလုပ်မဟုတ်ဘူးလား? သူ ကားမောင်းစားနေတာ မဟုတ်ဘူးလား?
တခြားဘယ်တက္ကစီအစ်ကိုမဆို လုပ်ပေးတယ်. ဒီက ကျေးဇူးတင်တယ် ပြောဖို့လဲ ဝန်လေးတဲ့သူ မဟုတ်နေဘူး. ခုက သူ သူများအတင်းပြောတာ မသိချင်ဘူး ပြောလိုက်လို့ တာဇံအချိုးနဲ့ အရှိုက်ထိသွားတာ. တခြားမိန်းကလေးတွေကိုလဲ ဘယ်လောက်တောင် စိတ်ဒုက္ခပေးထားပြီးပြီလဲ မသိဘူး.
Grab ရုံးကလဲ ပိုက်ဆံသာ အတင်းတိုးကောက်ရင် ကောက်မယ်. Customer care, safety ဘာမှ မလုပ်ပေးဘူး. Call center တောင် ခေါ်လို့မရပါဘူး.
Safety မရှိရင် Grab က သာမန် လက်တားအငှားယာဥ်ကို ပိုက်ဆံပိုပေးစီးရတဲ့သဘောပါပဲ. မထူးခြားပါဘူး
#ရီပို့
💬 132
👍 108
✨ 4
🔁 6
2026-05-19 2026
Application ထဲမှာ လက်ခံပြီး
ရောက်မလာတဲ့ ကားသမားတွေကိုလေ
မိန်းမပစ္စည်းနဲ့ ယောကျ်ားတွေလို့ပဲ မြင်တယ်
နင်တို့ စွခွက်ကြီးတွေလည်း application ထဲမှာ မြင်နေရတယ်..
နင်တို့မလိုက်နိုင်ရင် cancel လုပ်လေ...
မကျေနပ်ရင် application မဖွင့်ကြနဲ့
ကင်းအောင်နေကြလေ...
ငါတို့က Grab ကိုဈေးသက်သာလို့စီးတာမဟုတ်ဘူး...အဆင်ပြေလို့စီးတာလေ
ငါတို့လဲ Pin ထောက်ကြည့်ပြီး ဈေး အဆင်ပြေရင် စီးမယ် မပြေရင်မစီးဘူးလေ
နင်တို့လဲ ကိုက်ရင်လက်ခံ
မကိုက်ရင် Cancel လေ
နောက်ပြီးဈေးက ငါတို့ သတ်မှတ်တာမဟုတ်ဘူး...
နင်တို့ အမြတ်တနိုးထားပြီး
ဖျင်မ နေတဲ့ Grab က သတ်မှတ်တာ..
နင်တို့ကို cancel ခလုတ်ထည့်ပေးထားတာ
အားယားနေလို့မဟုတ်ဘူး
မကျေနပ်ရင် application ကို ပါ ဖျက်လိုက်
မကောင်းရင် ကင်းအောင်နေကြ...
ယောကျ်ားကြိီးတွေ တန်မဲ့
ဖျာသည်တွေ လို ဈေးပိုပေးတဲ့နောက်လိုက်မသွားနဲ့...
နောက်တခါ လက်ခံပြီးမှ မလာနိုင်ရင်
ကိုယ့်အောက်ကဟာ ကိုယ်ငုံ့ကြည့်
ငါ့ဟာကြီးက အလုံးကြီးလား အပြားကြီးလား
လို့..
မှတ်ချက် ဒီ post က ကိုယ့်အလုပ်ကိုယ်တာဝန်ယူပြီး ကိုယ့်ကိုယ်ကို လေးစားတဲ့
ကားဆရာကြီးများကို လုံးဝ(လုံးဝ) မရည်ရွယ်ပဲ...
ကိုယ့်လုပ်ရပ်ကိုတာဝန်မယူသော
မိန်းမ ပစ္စည်း ယောကျ်ားကိုယ်လုံးဖြစ်နေသော ကားသမားများ အားလုံးကို ရည်ရွယ်ပါတယ်....
💬 124
👍 85
✨ 5
🔁 2
2026-01-08 2026
ဒီနေ့စီးခဲ့တဲ့ Grab driver က ဘဏ်ရှေ့ထိ မချပေးဘဲ လမ်းဘေးမှာပဲ ချခဲ့ပါတယ်။
ဘဏ်ရှာပေးပါလို့ ယဉ်ကျေးစွာ တောင်းဆိုခဲ့ရာ
Driver က အော်ဟစ်ပြီး ရန်ပြန်ပြုဖို့ထိ ခြိမ်းခြောက်သလို အပြုအမူလုပ်ခဲ့ပါတယ်။
Passenger အနေနဲ့ လုံခြုံရေးအတွက် အလွန်ကြောက်ရွံ့ခဲ့ရပါတယ်။
သတိထားလို့ရအောင်တင်ပေးတာပါ။
Edit - အစက သူများထမင်းအိုးဒုတ်နဲ့မထိုးချင်လို့ ကားနံပါတ်မ
တင်ခဲ့တာ အခုတော့ကားနံပါတ်ပါတွဲတင်ပေးလိုက်ပါတယ်
💬 120
👍 128
✨ 4
🔁 22
2025-11-20 2025
Edit- 😅 စျေးမကိုက်ရင် driver ဘက်မှ cancel နှိပ်သင့်တယ်လို့ ကျွန်မကပြောချင်တာပါရှင်။ စောစောစီးစီး ပြောရင် စောစောစီစဥ်လို့ ရတာပေါ့ရှင်။ ငွေညှစ်လို့ကောင်းအောင် ရောက်မလာ၊ ရောက်မလာနဲ့ အချိန်ဆွဲထားပြီး ရောက်မလာလို့ဖုန်းဆက်တော့ ငွေညှစ်၊ မကျေနပ်ရင် တိုင်ချင်တဲ့ဆီတိုင်လို့ ခြိမ်းခြောက်တာကို မဖြစ်သင့်ဘူးမလားလို့ မေးထားတဲ့ post လေးပါရှင်🙏 taxi မောင်းကြတာချင်းတူတူ အရှေ့မှာ လက်တား အစ်ကိုတွေက parking ကြေးပေး၊ လေဆိပ်ရဲတွေ အအော်အငေါက်ခံ၊ အညောင်းခံ မတ်တပ်ရပ်၊ အချင်းချင်းခရီးသည်လု မောနေရတဲ့အချိန်၊ appက အဆင်သင့်ရှာပေးတဲ့ ခရီးသည်ကို အခန့်သားလေးငွေထိုင်ညှစ်နေတာက ကျွန်မတို့ လူ့အသိုင်းအဝိုင်းမှာ လက်မခံသင့်တဲ့ အပြုအမူလို့ ခံစားမိလို့ရှင့် 😊✌🏻
‼️အားလုံးဝင်ရောက်ဆွေးနွေးပေးပါ၊ အရေးကြီးလို့ပါ ⚠️
လေဆိပ်ပြည်တွင်းဘက်က အပြန် ည ၁၀ နာရီဝန်းကျင်ကို အပြင် taxi များနဲ့ ငြင်းခုန်ပြီး စျေးမညှိချင်လို့ grab ကနေ taxi ချိတ်ပါတယ်။ 3mins away ပြနေပြီး ကားက လေဆိပ်အဝိုင်းထိပ်နားကနေ ၁၀ မိနစ်နီးပါးကြာသည်အထိ ရွေ့မလာပါ။ app ကနေ ဖုန်းခေါ်လည်း မကိုင်ပါ။ အပြင် direct call နဲ့ဖုန်းဆက်တော့မှ ဖုန်းကိုင်ပြီး app ထဲက ၁၀,၁၀၀ တန်ခရီးကို ၂ သောင်းပေးမှ လာနိုင်ပါမယ် ပြောပါတယ်။ ခရီးကပြန်လာတာဆိုတော့ အထုတ်တွေနဲ့ လူကြီးတွေလည်း ပါတော့ တော်တော်အခက်တွေ့ပါတယ်။
အရင်က ည ၂ နာရီခွဲလောက် ၁ ခါပြန်လာတော့ ၁ သောင်းတန် ခရီးကို ၃ သောင်းတောင်းတာ ၃ သောင်းပေးစီးခဲ့ဖူးပါတယ်။ အဲ့တာက grab မရှိတော့တဲ့အချိန်မို့ အပြင် taxi ဖြစ်နေတာရော၊ ညအချိန်မတော် အများသူဌာအိပ်ချိန်က်ို အပိုငွေရမှအလုပ်လုပ်ရတာ အဆင်ပြေတာမို့ဆိုတာကို လက်ခံလို့ နားလည်ပေးနိုင်ပါတယ်။ ည ၁၀ နာရီ grab app ကနေ ခေါ်တာ ဒီလိုငွေညှစ်တာမျိုးက ဖြစ်သင့်လားရှင်? တိုင်ချင်တဲ့ဆီတိုင်လို့ရပါတယ်လို့ပါ ခြိမ်းခြောက်ပါတယ်။
Grab က ချပေးတဲ့စျေးအဆင်မပြေရင် grab နဲ့မလုပ်တော့ဘဲ ညှိနှိုင်းရမှာကို customer ကို ငွေညှစ်တာက ဖြစ်သင့်သလားရှင်။ လေဆိပ်အဝင်မို့ ဒါမျိုးက မြန်မာနိုင်ငံသားမဟုတ်ဘဲ အခြားနိုင်ငံသားသာဖြစ်နေခဲ့ရင် မြန်မာပြည်ထဲတောင် ခြေမချရသေးဘူး၊ မြန်မာသိက္ခာကျလိုက်တာလို့ စိုးရိမ်မိပါတယ်။ တစ်နပ်စား မကြံဘဲ ရိုးသားစွာ ယာဥ်မောင်းစားလို့တောင် မရနေတော့တာလား၊ ကျွန်မဘဲ အမြင်ကျဥ်းခေတ်နောက်ကျနေတာလားရှင်။
တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဆုံစည်းမှုတွေမှာ ညစ်ညူးမှုတွေ ဒီလိုသာအချင်းချင်းမျှပေးနေကြရင် ဒီလိုနေ့စဥ်ဘဝထဲ ကျွန်မတို့ ဘယ်လိုအကြည်ဓါတ်နဲ့များ ဖြတ်သန်းကြမလဲရှင်?
💬 117
👍 70
✨ 4
🔁 0
2026-05-21 2026
Passengerကိုနေပူကြီးထဲ15မိနစ်လောက်ရပ်စောင့်ခိုင်းထားပြီး
ဖုန်းဆက်တော့ "လာနေပါပြီဆိုပီး"
နောက်ဆုံး ကိုယ့်ရှေ့ရောက်ခါနီးမှ လမ်းဘေးကလက်တားတဲ့သူကိုတင်ပြီးကိုယ့်ကိုcancelလုပ် မောင်းထွက်သွားတယ်။
ကျမလဲဦးလေးကိုစောင့်နေမဲ့အစားတခြားကားငှားလို့ရတယ်ဦးေလးသိထားဖို့က။ကျမတို့က ကိုယ်ခြင်းစာစိတ်နဲ့လူလုပ်နေတာ။
ဦးလေးလုပ်ရပ်ကအောက်တန်းစားဆန်ပြီး ethics မရှိဘူးဆိုတာရောစဉ်းစားမိရဲ့လား။ ဦးလေးအသက်ကြီးတာသေဖို့ကြီးလာတာသက်သက်ပဲ။
လူတစ်ယောက်ကို booking accept လုပ်ထားပြီး
နေပူထဲရပ်စောင့်ခိုင်းထားတာကို
ကိုယ့်အကျိုးအတွက် ဖျက်ပြီး တခြားလူတင်သွားတာက
ရိုးရိုး cancel လုပ်တာမဟုတ်ဘူး ။လူကိုပါစော်ကားသွားတာ။
လူဖြစ်ပြီးလူ့အသိစိတ်လေးတော့နဲနဲထည့်ပေါ့။
ဒါပေမဲ့ ဦးလေးရဲ့ mindsetက ငါအဆင်ပြေရင်ပီးရောတဖက်လူဘာဖြစ်ဖြစ်ဆိုပီးအရမ်းအောက်တန်းကျတယ်။ဦးလေးစိတ်ဓာတ်ကြီးကရွံစရာကြီး။
💬 110
👍 181
✨ 4
🔁 5
2026-01-27 2026
Grab ဒီနေ့ ညငှားပီးပြန်တယ်
ဧည့်သည်ကို ပြောတဲ့ပုံက အရက်နံ့နံလို့တဲ့
မှန်ချလိုက်မယ်တဲ့ ကားဆရာက .
ပြောသင့်လား
ဒါဖစ်သင့်လား
Grab က တောင်းသလောက်ပေးထားတာ
ဧည့်သည်ကို အဲ့လိုပြောစရာပါလား
ဘယ်လို ဧည့်သည်ပဲဖစ်ဖစ် မောင်းပေးရမှာလေ
လူပါးလာဝနေတယ်
Grab ရုံးက လာရှင်းပေးပါ
စကားမများချင်လိူ့ ကားဆရာကို ဘာမှ ဆက်မပြောချင်တာ
ရှင်းချင် comment လာခဲ့ grab ရုံးက တာဝန်ရှိသူတွေ
💬 109
👍 114
✨ 5
🔁 8
2025-12-02 2025
#grab
တော်တော်မိုက်ရိုင်းတဲ့သူပါရှင်
အမေကရှေ့ခန်းမှာထိုင်တာ နေရာရောက်တော့
အမေကအရင်ဆင်းတာကို သူ့တံခါးကိုစောင့်ပိတ်ပါတယ်ဆိုပြီး အော်ပြောတယ် ညီမကသိတောင်မသိလိုက်ဘူး လူကြီးကဒူးနာပြီးဖြည်းဖြည်းဆင်းသွားတာပါ တံခါးက်ိုလည်သက်သက်စောင့်ပိတ်စရာမရှိပါဘူး အမေက ကားနဲ့လှမ်းလှမ်းရောက်နေတာကို
မှန်ချပြီးအော်ဟစ်ဆဲပါတယ် အောက်တန်းမကျနဲ့လို့ရော အောက်လုံးတွေသုံးပြီးဆဲပါတယ်
ညီမတို့သွားတဲ့ဆိုင်ကတောင်ပြောပါတယ်တံခါးပိတ်သံတောင်မကြားရတာကိုတဲ့ 🙂
တော်တော်ကိုရွံစရာကောင်းပြီးမိုက်ရိုင်းတဲ့သူပါ
အားလုံးသတိထားရအောင်တင်ပေးလိုက်ပါတယ်
DD -4184
💬 107
👍 153
✨ 3
🔁 3
2025-11-18 2025
Grab ပေါ်မှာ ပစ္စည်းကျန်ခဲ့လို့
ပြန်လာပေးဖို့ပြောရင် ကားခပေးရတာလားရှင့်
ကားဆရာဦးလေးကြီးက 20000ပေးမှပြန်လာပေးမယ်ပြောနေလို့ပါ🥹
#ကျန်ခဲ့တာက နားကြပ်ဗူးပါ
💬 99
👍 80
✨ 5
🔁 1
2025-12-02 2025
ဒီဂရုထဲမှာ မကိုက်ဘူးလို့ အာချောင်တဲ့သူတော်တော်များကြည့်လိုက်ရင် လက်တားတာဇံ နဲ့ ကီလိုအောက်ဆွဲကောင်တွေချည်းပဲ…ကိုယ်တွေလို ပလက်တီနမ်ကားသမားတွေကတော့ ငွေတွေ ရေနေရတာနဲ့တင် အာချောင်ဖို့အချိန်မရှိဘူး….
💬 92
👍 574
✨ 7
🔁 359
2026-02-09 2026
ခုဒီစာရေးသူက Taxi စီးတဲ့ မျက်မြင်သက်သေ Passenger ပါ
6 Feb 2026 ရက်တုန်းက
6D6867 ကားနံပါတ်နဲ့ Toyota Landcruiser ကား အင်းလျားလမ်းမှာ ကျွန်တော်တို့စီးတဲ့ Taxi ဖင်ကို အနောက်ကဝင်တိုက်ပါတယ်
ဆေးလေးပဲပွန်းတာပါ၊ ပြုပြင်မယ်ဆို အကြမ်းဖျင်းတစ်သိိန်းဝန်းကျင်လောက်ပဲကုန်နိုင်ပါတယ်၊
Land Cruiser ကားပေါ်က ဦးလေးက နောက်ကားတွေပိတ်တယ် လမ်းဘေးမှာရှင်းကြမယ်ပြောပါတယ်၊ Taxi နောက်က လိုက်ခဲ့မယ်ပြောပါတယ်၊
စကားမတည်ပဲ နောက်ကနေကျော်တက်ပြီး Taxi ဆရာကို ကားပေါ်ကနေ လက်ခလယ်ထောင်ပြသွားပြီးမောင်းပြေးပါတယ်၊
Taxi ဆရာလည်းနောက်ကလိုက်တာ ပတ်ပြေးပါတယ်၊ တာမွေ ရန်ကင်း ဗဟန်း ဝန်းကျင်မှာပတ်မောင်းပြေးပါတယ်၊ တာမွေအဝိုင်း မီးပွိုင့်မှာလွတ်သွားပါတယ်
လိုက်တုန်းက ဘေးချင်းကပ်လျက်မှာ
Video ရိုက်ထားတာတင်ပေးထားပါတယ်
မျက်နှာပုံပါပါတယ်
မှားလည်းမှားသေးတယ်၊
တာဝန်ယူမှုတာဝန်ခံမှုလည်းမရှိပါဘူး
စိတ်ဓာတ်အောက်တန်းကျတဲ့လုပ်ရပ်ပါပဲ
💬 92
👍 52
✨ 3
🔁 0
2025-12-04 2025
မြင်နေရတာအဆင်မပြေလို့ပြောအုံးမယ်
Grab က % ဘယ်လိုဖြတ်တာ နစ်နာတာဆို
ကားဆရာကြီးတွေကလဲ Grab နဲ့လုံးဝမ Join နဲ့ တခြားကဘဲ ခရီးသည်ရှာ
ခရီးသည်တွေကတော့ သူတို့စိတ်ကြိုက် Grab က save ဖြစ်လို့ဘဲဖြစ်ဖြစ် သူ့service ဘဲဖြစ်ဖြစ်ကြိုက်ရင် Grab နဲ့ join တဲ့ကား 1စီးဘဲရှိရှိစီးနေမှာဘဲ
အဲ့တော့ မကောင်းရင်ကင်အောင်နေ မကင်းရင်ကောင်းအောင်နေဗျာ ရှင်းရှင်းလေး
သူမကောင်းဘူးဆိုလုံးဝမပတ်သတ်နဲ့ သူနဲ့ပတ်သတ်ရင်တော့ သူ့service အတိုင်းအပြည့်ပေးပေါ့
💬 89
👍 56
✨ 4
🔁 0
2025-11-13 2025
တချို့ကားသမားတွေ အကြွေဆို ပြန်မအမ်းချင်ကြဘူးနော်
(ပို့စ်ပျက်သွားလို့ ပြန်တင်တာ)
အာ့လိုပြောလို့ နင်တို့ရဲ့ ရမ်းသမ်းပြောတတ်တဲ့အကျင့်နဲ့
အချိုအချောင် ခရီးသည် ဘာညာ
သာမှစီးတာ ဘာညာလာမပြောနဲ့
ငါက မိုးရွာရွာ နေပူပူ Grab Only ပဲစီးတာ
စီးတိုင်း ကားသမားကို ပိုပေးနေကျ
အကြွေဆိုမယူဘူး
၂၀၀၀ ၃၀၀၀ ၃၅၀၀ ကျော်ထိငါပြန်မယူဘူး
တစ်ခါတလေ ကားသမားနဲ့ စကားကောင်းရင် မုန့်ဖိုးတောင်ပေးခဲ့တယ်
ပြောချင်တာက ပိုက်ဆံကို ချွေတာသုံးနေရတဲ့လူတွေ။
အကန့်အသတ်နဲ့သုံးနေရတဲ့လူတွေ
၂၀၀ ဆယ်ခါဆို သူတို့အတွက် ၂၀၀၀ ပဲ
အကြွေလေးတွေစုထားမယ့်သူရှိမယ်
လကုန်ရက်လိုင်းကားတိုးစီးဖို့ချန်ထားတာရှိမယ်
သူတို့ပိုက်ဆံသူတို့ပြန်လိုချင်မှာပဲ
အကြွေမရှိဘူးဆို မရှိတဲ့အကြောင်းပြောပြီး
ငါးထောင်ပိုဆို ငါးထောင်ကျန်တာပြန်အမ်းပေါ့
ခပ်တည်တည်နဲ့ ၄၈၀၀ ခရီးကို ၅၀၀၀ ပဲပြန်အမ်းပြီး ၂၀၀ ကိုမသိချင်ယောင်ဆောင်မနေနဲ့လေ
(ပို့စ်တစ်ခုမှာတွေ့လို့ပြောခြင်း)
ပြောချင်တာက ခရီးသည်သည် ပိုတဲ့အကြွေကို ပြန်တောင်းပိုင်ခွင့်ရှိတယ်
အကြွေတောင်ပြန်ယူလို့ ဆိုပြီး အချိုချောင်ခရီးသည်
သာမှစီးတယ်လို့ ခင်ဗျားတို့ပြောပိုင်ခွင့်မရှိပါ
အကြွေပြန်တောင်းတိုင်း စောက်ပြစ်တင်တဲ့အကျင့်ကိုပြင်ပါ
ပိုပေးတဲ့လူနဲ့ဆ်ိုရင်တော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ပိုမပေးတဲ့လူနဲ့ကျ စောက်ပြစ်တင်ချင်တဲ့အကျင့်ကို ပြင်ပါ တစ်ချို့စရိုက်တွေရေ။
Edit
ငါက အကြွေပြန်မအမ်းလို့ လောင်နေတာတဲ့🤣
ပိုမပေးတဲ့အပြင်အာချောင်နေတာတဲ့
ငါက ဘာပဲဖြစ်ဖြစ်ငါဖြစ်ချင်တာကို တစ်ခါတည်းလုပ်တယ်
အပြင်မှာမပြောရဲပဲလိုင်းပေါ်တက်အာချောင်မယ့်ထဲမပါဘူး
အခုဟာက Comment တွေမှာမြင်ရတာများနေလို့
အကြွေပြန်တောင်းတယ် ဘာညာ
သာမှစီးတာ အချိုချောင်ခရီးသည်ဘာညာ ကားသမားတွေက မန့်ထားကြလို့ အမြင်ကတ်လို့ အမုန်းခံပြီး တင်ပေးယုံသာ။
စာသေချာမဖတ်တတ်တဲ့ စာမတတ်ပေမတတ်တွေက တစ်မျိုး
Edit 2 စာမတတ်ပေမတတ်တွေများတော့ ရေးထားတာကို နားမလည်ကြလို့
စာထဲမှာရေးထားတဲ့အဓိပ္ပာယ်နဲ့
အခုပို့စ်တင်ရခြင်းရည်ရွယ်ချက်က
အကြွေမရှိရင် မရှိကြောင်းပြောပြီးမှ ကျန်တဲ့ ငါးထောင်တန်ဆ်ို ငါးထောင်တန် ပြန်အမ်းဖို့ပါ
Respect လေးရှိဖို့ပါ
ပြီးတော့ ပြန်တောင်းတဲ့ ခရီးသည် အကြွေပါမလာတဲ့ခရီးသည်ကျ
ညှိညှိနှိုင်းနှိုင်းမပြောပဲ
အကြွေပြန်တောင်းလိုက်တာနဲ့
အချိုအချောင်ခရီးသည် ဘာညာ
သာမှစီးတာဘာညာ ပြောတဲ့ ကားသမားတွေကို အမြင်ကတ်လို့ တင်ခြင်းပါ
(Gp ထဲက ပို့စ်တွေရဲ့ Comment တွေဝင်ဝင်ဖတ်တော့ တစ်ချို့ကားသမားတွေက အဲ့ဒီလို မန့်ထားကြလို့)
💬 80
👍 285
✨ 5
🔁 20
2026-05-26 2026
ဒီနေ့ Grab က ပညာတတ် လူယုတ်မာ လူ့အောက်တန်းစားတွေက သိသိသာသာကို ကားခတွေကိုထပ်လျှော့ချလာတယ်။ မနက်ကအထိ ဟိုနားဒီနားခရီးစဉ်အတိုလေးတွေကို ၄၈၀၀ တောင်းပေးပြီး ယာဉ်မောင်းကို ၄၅၀၀ ပေးကာ ကုမ္ပဏီက ကော်မရှင်ခ ၃၀၀ ယူနေတာပါ။ အခုဒီနေ့ကစလို့ ခရီးစဉ်အတိုတွေကို ၃၈၀၀ ပဲပေးပါတော့တယ်။ သူဘယ်လောက်တောင်းထားလဲ မကြည့်လိုက်မိပဲ Cancel လုပ်လိုက်မိတယ်။
ခရီးစဉ်တစ်ကြောင်းကို ၃၈၀၀ ဆိုရင်တော့ ခရီးသည်တွေဘာဖြစ်နေနေ ကျနော်တို့ဘက်က Cancel လုပ်ရမှာပါပဲ။ ဒါကလုံးဝကိုမမျှတတဲ့ တန်ရာတန်ကြေးမဖြစ်တဲ့ လုံးဝလက်ခံနိုင်စရာမရှိတဲ့ စျေးနှုန်းပါ။
ဒီလိုစျေးနှုန်းဖြစ်လာစေဖို့ သူတို့ရဲ့ system ဆိုတဲ့ဟာကြီးထဲကို data တွေကို ပညာတတ်အောက်တန်းစားလူယုတ်မာများက ဆုံးဖြတ်သတ်မှတ်ပြီး ထည့်ပေးရပါတယ်။ အခု Grab က မဟာပညာတဲ့ မဟာအောက်တန်းစား အယုတ်ညံ့ဆုံးဆိုတဲ့လူယုတ်မာများက ယုတ်ယုတ်မာမာအောက်တန်းအကျဆုံးဆိုတဲ့စိတ်ဓာတ်တွေနဲ့ ဈေးနှုန်းကိုမတရားသဖြင့် နှိမ့်ချပြီး မော်တော်ယာဉ်ငှားရမ်းခတွေကိုသတ်မှတ်နေတာပါ။ လောင်စာဆီဈေး ၂ဆ တက်သွားလို့ အထွေထွေကုန်စျေးနှုန်း ထပ်တက်သွားချိန်၊ မော်တော်ယာဉ်အပိုပစ္စည်းတွေ အမြင့်ဆုံးရဲ့အမြင့်ဆုံး စျေးတက်နေချိန်၊ မော်တော်ယာဉ်ပြင်ဆင်စရိတ်တွေ အစွန်းဆုံးအထိရောက်အောင် ကြီးမြင့်နေချိန်၊ လက်ဖက်ရည်တစ်ခွက် ၂၅၀၀ ၃၀၀၀ ဖြစ်နေချိန်၊ ခေါက်ဆွဲကြော် ၁ ပွဲ ၇၀၀၀ မှ ၁၀၀၀၀ ဖြစ်နေချိန်မှာ၊ ဒံပေါက်တစ်ပွဲ ၁၃၀၀၀ ဖြစ်နေချိန် ဆိုက်တွဲတခါစီး အနိမ့်ဆုံးသုံးထောင်ဖြစ်နေချိန် ကားက ၃၅၀၀/ ၃၈၀၀ တဲ့လား Grab ပညာတတ်အောက်တန်းစားလူယုတ်မာ ကိုယ်မေကိုယ် ဂျွမ်းပစ်လိုးတဲ့ ကိုယ်မေကိုယ်လိုး မအေလိုး ခွေးလိုးမသား အရာရှိကြီးတို့ရေ။ ခင်ဗျားတို့သင်ထားတဲ့ပညာက အဲလိုအောက်တန်းကျယုတ်မာတဲ့နည်းနဲ့ပဲ ပြိုင်ဘက်တွေကိုယှဉ်ပြိုင်ပြီး စီးပွားရှာရမယ်လို့ ခင်ဗျားတို့ဆရာတွေက အဲဒီလိုယုတ်မာအောက်တန်းကျတဲ့နည်းလမ်းတွေပဲသင်ပေးလိုက်တာလား။ ခင်ဗျားတို့အရည်အချင်းက အဲလောက်ပဲရှိတာလား။ တကယ့်ကို အရှက်မရှိတဲ့ သိက္ခာမရှိတဲ့ ယုတ်မာပြီးအောက်တန်းကျတဲ့ အဖွဲ့အစည်းတစ်ခုပဲ။
Grab ဆိုတဲ့ အလွန်အင်မတန်မှ ယုတ်မာအောက်တန်းကျ စုတ်ပဲ့လွန်းတဲ့ ဒီအဖွဲ့အစည်းကို မြန်မာ့မြေပေါ်ကနေ အမြစ်မှ လှန်ထုတ်ပစ်ရမှာ တစ်ရာတန်ကြေးပေးပြီး စီးနင်းလိုသူ မိဘပြည်သူများနဲ့ Taxi မောင်းနှင်ကြသူ ညီကိုမောင်နှမအားလုံးရဲ့ မဖြစ်မနေလုပ်ကိုလုပ်ကြရမယ့် သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်လာပါပြီ။
💬 80
👍 165
✨ 3
🔁 3
2025-12-27 2025
Grab ဆွဲရင်
ဆီဖိုး 40000
အုံနာ 20000
ပြင်စရိတ် 10000
ကို့အတွက် 30000
တရက် 100000
အဲလောက်တော့ ရလောက်လား
💬 76
👍 419
✨ 6
🔁 18
2025-11-17 2025
ဘယ်လို အောက်တန်းစား ခရီးသည်လဲမသိ။ ကိုယ်တွေက ကားကို မွှေးမွှေးကြိုင်ကြိုင်၊ သန့်သန့်ရှင်းရှင်း၊ AC အေးအေးလေး နဲ့ စီးတဲ့ ခရီးသည်တွေ အဆင်ပြေပြေစီးလို့ ရအောင် ခုလို လူလို နားလည်အောင် စာကပ်ထားတာကိုတောင် လူလို နားမလည်တဲ့ အောက်တန်းစား ခရီးသည်။ သတိမထားမိလိုက်လို့ပေါ့ကွာ။ သိလို့ကတော့ ၂ပြားမတန်အောင်ပြောမှာ😡
💬 76
👍 146
✨ 3
🔁 7
2026-02-15 2026
ယနေ့မှစ၍ Grabခရီးစဉ် အားလုံး ကျန်ရှိပစ္စည်း တွေ့ရှိပါက ပစ္စည်းတန်ဖိုး ၅၀%ယူပါမယ်(ရေအဆုံး ကုန်းတဝက်)နောက်တစ်ခါပစ္စည်းမကျန်အောင် တစ်ခါတည်းမှတ်သွားအောင်။ပို့ပေးပါလို့ ပြောပါက ရောက်ရှိနေရာကနေ ပို့ရမည့်နေရာကို ထပ်မံပေးရပါမည်ဟု ကားမှာ စာရိုက်ပြီး ယာဉ်မောင်းနောက်ကျောနဲ့စီးနင်းသူခုံနောက်ကျော တစ်ခါတည်းချိတ်ဆွဲထားမည်။
ရုံးကကောင်တွေလည်း တစ်ခါတည်းပြောမယ်။မင်းတို့ ကျန်တဲ့ပစ္စည်းခရီးသည်ကိုပြန်ပေးချင်ရင် မင်းတို့ငါ့ရှိတဲ့နေရာလာယူ မယူနိုင်ရင် ရုံးလည်းတကူးတကလာမပေးနိုင်ဘူး။အလှူရှင်ဖင်နဲ့မျက်နှာလုပ်တဲ့ကောင်တွေ ဆီအလကားရနေတာ မဟုတ်ဘူး။
💬 76
👍 103
✨ 3
🔁 3
2026-02-11 2026
ခရီးသည်များ ကားသမားမလာတာတို့ လာမကြိုတာတို့ဆိုရင် Driver Ask to cancel.. reason နဲ့ ကန််ဆယ်လုပ်ပါ ...ကားသမားအကောင့်ပိတ်ပါတယ် မေးမြန်းခြင်းမရှိဖဲနဲ့ ...အဲ့ဒါလေးအလင်းပြတာ...
များများ အပိတ်ခံရမှ အချိုးတွေပြောင်းကျမှာ ...
💬 70
👍 126
✨ 5
🔁 4
2025-11-19 2025
ကိုယ်ဒေကတော့ တစ်ကြောင်းစီတိုင်းမှာလဲ တွက်မနေသလို အကြောင်းရေတွေပေါ်မှာလဲတွက်မနေဘူး။
ဘယ်ချိန်ကားစထွက်လဲ ဘယ်ချိန်သိမ်းလဲ ဆီဘယ်လောက်ပြန်ထည့်ရလဲ ကိုယ့်အတွက်ဘယ်လောက်ကျန်လဲ ဒါပဲတွက်တယ်။Grab နဲ့တစ်ကြောင်းစီပေါ်မှာလိုက်ခံစားနေရင် ဒေါသထွက်လို့ကိုဆုံးမှာမဟုတ်ဘူး။
မနက် ၁၀နာရီထွက်တယ် ည၆နာရီကျော်သိမ်းတယ် ကီလို ၁၄၀ တက်တယ်။လက်တား ၅ထောင်ပဲရတယ် ကျန်တာ grab only....95 ၄သောင်းခွဲပြန်ထည့်ရတယ်။ကိုယ့်အတွက် ၁ပုံးကျန်တယ်။ ပုံမှန်ပဲ 😌....ကိုယ်ဒေကတော့ ဒီလိုပဲတွက်တယ် နောက်ထပ်ကတော့ လိုသုံးတွေလို 20% မပေးချင်တော့ အပတ်စဥ် bonus ၄သောင်းခွဲ ရအောင်ပြန်ယူတယ်။ ၁လ ၂သိန်းဝန်းကျင် 5% cashback အိပ်ထဲပြန်ထည့်ပြီး ၁ပတ် ၁ရက် ကောင်းကောင်းနှပ်တယ် 😎
ခရီးစဥ်၁ကြောင်းလေး SS ပြပြီးလောင်နေတာတို့ ကြောင်းရေ ၂၀ နီးနီးမောင်းရပြီး ဘယ်လောက်ပဲရတာတို့ လောင်နေသူတွေအတွက် အလုံးတွေနောက်လာလို့ ပေါ်တင်ဒဲ့တွက်ပြတာပါ 🤩
💬 69
👍 135
✨ 4
🔁 7
2025-12-29 2025
ယာဉ်မောင်းတွေကို ကိုယ်ချင်းစာတရားမဲ့ ရိုင်းပျစော်ကား ပြောဆိုနေကြတဲ့ မိမဆုံးမ ဖမဆုံးမ အောက်တန်းစား Grab လော်ဘီတွေကို ပိုပြီး ရွံရှာမုန်းတီး စက်ဆုပ်လာတာရယ်၊ ခေတ်ကျပ်ကြီးထဲမှာ ရပိုင်ခွင့်တွေ မတရား အနှိမ်ခံေနရတာရယ်၊ ကားမစိုက် ဆီမစိုက် gas မစိုက် လျှပ်စစ်ဖိုး မစိုက်ဘဲနဲ့ မတော် မတရား ခေါင်းပုံဖြတ်နေတာရယ်ကြောင့် Grab မသုံးစွဲတဲ့နေ့ မဖြစ်မနေ သတ်မှတ်မယ်ဆို ညီအစ်ကိုတွေ ညီကြမလားဗျာ။ အဆင်ပြေမယ့်နေ့၊ တကယ်မဖွင့်ဘဲနေနိုင်မယ့်ရက်တွေနဲ့ တကယ်အမှန်အကန် မသုံးမယ့် ညီအစ်ကိုများသာ ဘယ်လောက်ပမာဏ ပါဝင်နိုင်မလဲဆိုတာ ချိန်ဆနိုင်အောင် ပို့စ်အောက်မှာ မန့်ပေးခဲ့ကြပါလို့။ ပိတ်မယ့်ရက်တွေမှာ ဈေးတွေ ဘယ်လိုပဲ မြှင့်လိုက်ပါစေ ကျွန်တော်တို့ လုံးဝမဖွင့်ကြေးပါနော်။ ဘယ် တာဝန်ရှိအဖွဲ့အစည်းမှ ငဲ့မကြည့်တဲ့ ဒီအခြေအနေကို ကျွန်တော်တို့ ဘဝတူညီအစ်ကိုတွေပဲ ကျော်လွှားကြစို့ဗျာ ❤️
💬 69
👍 114
✨ 4
🔁 23
2025-12-17 2025
ကားအဌားလေး CNG 80အိုး CNG 100 အို း ဆီးကားဌားမည် မှတိချက်ကားလိုချင်စောနဲ့ဖုန်းမဆက်ပါနဲ့ စာအစအဆုံးဖြတိပီးမှကားဌားပါ ကျွန်တော်ကိုယ်တိုင်တတ်ဆီသမားဖြစ်နေလို့
1 ကားဌားမည့်အုံနာ ဗမာလူမျိူးမဟုပ်တဲ့အတွက်
သူပြောတဲ့စည်းမြဥ်းမလိုက်နာပါကကားသိမ်း
မည် စာချူပ်၆လမပြည့်ပဲပြန်အပ်ပါကအစအဆုံးပြင်ပေးကမည် ၆လစာချူပ်အကြောင်းမျိူးကြောင့်ပြန်အပ်ပါက စပေါ်၃၀တင်ထားရင်ကားလိုအပ်တာပြင်ပေးပီး ဒဏ်ငွေ၅သိန်းနှတိမည်
2 ဌားမဲ့ ကားများသည်CNG ကားများသည် 2000အောက်ဖြစ်နေပါသဖြင့် ဆေးဘောလီ လျှော့မည် အင်ဂျင်ပိုင်း လျှော့မည် 2000အထက်ကားများလိုတင်းတင်းရင်းရင်မရှ်ိပါ အဲ့ဒါကိုအဆင်ပြေရင်ကားဌားနှိင်ပါသည်
3 အကျိူးဆောင်းကြေးရှိသည် တာဝန်ယူကတဲ့မြို့နယ်အကွာဝေးကြောင့် အကျိူးဆောင်ခ ကွာဟမည်
4 ကားစာချူပ်ပြည့်လို့ပြန်အပ်ရင် ကားယူထားတုန်းကအတိုင်းလိုအပ်တာပြင်ဆင်ပေးပီး စပေါ် ၃ရက်အတွင်ပြန်ရမည် စပေါ် ထဲကမနှတိစေချင် ကားပြန်အပ်ခါနီး ကြိုတင်ပြင်ဆင်ထားပါ ရန်
5 အုံနာနဲ့ကားအဌားမောင်းသမားကြားအကျိူးဆောင်ပေးကတာမို့ ကျွန်တော်ရေးသောစာများကြောင့် အနှောက်ယုက်ဖြစ်ရင် နာလည်ပေးကြပါ
6 ကားကြည့်ပီးစာချူပ်ချူပ်ပီး ၃ရက်အတွင်းလိုအပ်တာ ပြင်ပါ ကားမမောင်းရ ကာူပြင်ရန်၃ရက်အချိန်ပေးချင်းသာဖြစ်သည် မှတ်ချက် ကားပြင်ရာတွင် ပြင်ဆင်စရိတ်ကြီးမြင့်သောဝပ်လျှော့အောက်ပိုင်းရုံများပြင်ဆင်မူ့ ဆင်ချင်ပါ တစ်ဖက်ကားသမားစပေါ် ငွေကိုငဲ့ဌာပေးပါလို့မေတ္တာရက်ခံပါတယ်
7 ၃ရက်အတွင်လိုအပ်တာပြင်ဆင်ပီးပါက ၄ရက်မြောက်နေ့ကစပီးပြင်ဆင်မူ့အပိုင်း အုံနာရော ပြန်အပ်တဲ့ကားမောင်းသမားရောလုံးဝမပြင်ပေးပါ
8 ကားပြန်အပ်ရာတွင်လဲ ထိုသို့ စည်းမြဥ်းတိုင်ပြန်အပ်လက်ခံပေးကပါမည် အုံနာအနေနဲ့ဘာတစ်ခုမှမပြင်ပေးပါ
9 ကားအဌားပြန်အပ်တဲ့အခါ ၁၀ရက်တွင်း အုံနာအကြောင်းကြားကပါမည် အုံနာမှကားပြန်သိမ်းရင် ၁၅ရက် သို့မဟုပ် ၁လကြိုအကြောင်းကြားပါမည်
10 ၃ရက်တွင်းလိုအပ်တာပြင်ပီး အုံနာဘက်ကဆေးဘောလီ သဘာဝအလျှောက် ကြရင်ပြင်ပေးစရာမလိုပါ ကိုမောင်းနေစဥ်ကာလအတွင် သံချေးကိုက်ဆွေးမြေ့ရင်ချက်ချင်းလုပ်ပါ ပြန်အပ်ရင်အုံနာကစကားပြောလို့ပါ အတိုက်အခိုက် ကိုယ်ဘာသာပြုပြင်ပါ ကားပြုပြုင်လို့ ဘယ်လောက်ရက်ကြာကြာ အုံနာကြေး၁ရက်မှမလျှော့ပေးပါ
10 ကားအင်ဂျင် သဘာအလျှောက်ကြရင်၁ယောက်၁ဝက်ပါ ယဥ်မောင်ပေါ့စလို့ အင်ဂျင်ပြက်ရင်အုံနာ၁ပြားမှမစိုက်သလို ကားပြင်တဲ့ရက် ၁ကျပ်မှမလျှော့ပေးပါ
11၃ရက်အတွင်လိုအပ်တာ ပြင်ပီးတဲ့အချိန်ကစ၍ကားပြန်အပ်တဲ့အချိန်ထိ ဆေးဘော်လီ သဘာအလျောက်ကြ မပြင်က မပေးက အင်ဂျင် ကြ ၁ယောက် ၁ ဝက် ကျန်သိအစိတ်အပိုင်း ဘာတစ်ခုမှမပြင်ပေးပါ
12 လက်ရှိ အုံနာကြေးများ 2025 သတိမှတိထားမူ့
CNG 70 အိုး 80အိုး 100အိုး
စပေါ် 30 သိန်း DAYကြေး 42000
အကျိူးဆောင်ခ လိူင်သာယာ အတွင် လိူင်အတွင်း 400000KS ပါ ကျနိမြို့နယ်များ တာဝန်ယူပေးကတဲ့အကွာဝေးအရကျိူးဆောင်ခပိုနှိင်သည်
13 ဆီးကား စပေါ် 30 သိန်းDAYကြေး 22000
အကျိူးဆောင်ခ 4သိန်း မြိုနယ်အလျှောက် အကျိူးဆောင်ခကွာမည် ဌာမည့်ကားအကုန်လုံး အိမ်သိပ်ပေးပါမည်
14 ကားဌားမည်လို့ဆုံးဖြတိပါကလိုအပ်မည့်စာရွက်စာတနိးများ
မှတ်ပုံတင်မူရင်း မိတ္တူ
လိုင်ဆင် မူရင်း မိတ္တူ
အိမ်ထောင်စုစာရင် မူးရင်းမိတ္တူ
ဧည့်စာရင်း မူးရင်း မိတ္တူ
ရဲစခမ်းမူး ရင်း
ရပ်ကွပ်မူရင်း
ကိုယ်ရေးအကျဥ်းဖြည့်ရန်cvဖေါင်း
လိုင်ဆင်ဓါတ်ပုံ၁ပုံ
14 ကားဌာပီးစာချူပ်ချူပ်ပီး ဘယ်လိုအကြောင်းနဲ့ကားပြန်အပ်စာချူပ် ၆လမပြည့်ပဲကားပြန်အပ်ရင်ဒဏ်ငွေ၅သိန်း နှတိပါမည် ကားလိုအပ်တာပြုပြင်ပေးကပါမည်
15 ကားအဌားစာချူပ် စာရွက်ခ ၅၀၀၀ထောငိပေးကပါမည်
16 လကုန်ပီး၁၀ရက်နေ့ လတိုင်း အင်ဂျင်ဝိုင်အုုံနာအိမ်မှာလဲကပါမည် မှတိချက်အုံနာလဲပေးတာမဟုပ် ကိုယ့်ဘာကိုလဲကတာပါ အုံနာအိမ်ရှေ့မှ မနက်၈နာရှအရောက်အင်ဂျင်ဝိုင်လဲပေးကတာပါ
16 အုံနာကြေး ပေးကမည့်ရက်တွင် ပေးကမဲ့အချိန်
20ရက် လိူင်သာယာ 30ရက် မြို့ထဲ မနက်၇ခဲွအရောက်အုံနာကြေးပေးကပါမည် 10ရက်နေ့ မနက် ၈နာရီ အင်ဂျင်ဝိုင်လဲရင်ပေးကပါမည် ရက်ကျော် လုံးဝခွင့်မပြုပါ
16 ကဲ ကားဌာမည့်သူများ အုံနာ မှာအဌားကားတွေပဲရှိပါသဖြင့် ကိုယ်ပိုင်အိမ်စီးကားမရှိပါသဖြင်ါ
အုံနာ ဌာထားတဲ့ကားများ အဌာယဥ်မောင်းများအနေ့ဖြင့် 20ရက်နေ့နေ့၁ ဝက် အုံနာကြေးသွားသိမ်းရန် ထောက်ကြန့်လည်းကူးသွားရန် အလည့်ကြ ၁ရက်ဆီလိုက်ပေးကပါတယ် အဲ့အတွက်လဲအုံနာဘက်က ဆီးဖိုး ပြန်ပေးပါသည် ကားအကုန်လုံး လိုက်ပို့ပေးကပါမည် အလည့်ကြ ပါ လတိုင်းမဟုပ်ပါ
ကဲအဲ့ဒီစည်းမြဥ်းတွေလက်ခံနှိင်ရင် ဖုန်းဆက်ပါ 09446536219 09686710057koaungthu
12လပိုင်း 20ရက် CNG 80အိုး
12လပိုင်း30သိုမဟုပ် 20ရက်ကနေ30ရက်အတွင်းဆီကား 2008
2026 1လိုင်း CNG 100အိုး
သူများတွေလို ကားမမောင်းပဲအကျိူးဆောင်လုပ်နေတာမဟုပ်တတ်ဆီ သမားပါ ဖုန်းပဲဆက်ပါ
ကားအားလုံးအုံနာ၁ဦးထဲပါ
နောက်အုံနာဆီက ကားအဌားလာအပ်ရင်အုံနာရဲ့စည်မြဥ်းကိုရေးတင်ပေးပါမည်
အုံနာနဲ့ကားဌားတဲ့ယဥ်မောင်းတွေကြားရှင်းကလွန်းလို့တစ်ခါထဲစည်းမြဥ်းရေးတင်ပေးတာပါ
အုံနာရောကားအဌားယဥ်မောင်းရော ဆန္ဒပြည့်စုံကြပါစေ
💬 66
👍 141
✨ 7
🔁 4
2026-04-04 2026
ည ၉ ခွဲ Taxi စီးလာတာ ၇၆၀၀ ကျတယ် အကြွေမပါလို့ ၁ သောင်းတန်ပဲပါတာကို Grab မောင်းတဲ့သူတွေက သူဌေးမဟုတ်ဘူးတဲ့ အဲ့ဒါညီမလဲ အကြွေပါမလားဆိုပြီး ရှာပေးနေတာ ကြာနေလို့တဲ့ ပြီးတော့ ပြောဆိုနေတာမပြီးတာနဲ့ ၁ သောင်းပေးပြီး ဆင်းလာခဲ့လိုက်တယ် Customer ကို စကားပြောတာ လုံးဝအဆင်မပြေပါဘူးနော် ဘယ်မှာသွားတိုင်လို့ရလဲရှင့်
💬 66
👍 119
✨ 4
🔁 7
2026-04-09 2026
#Grab OTS ကားသမား
ကားခေါ်တယ်...ရောက်ပါပြီတဲ့..
ကိုယ်တည်း..လူမလိုက်ဘူး..ပစ္စည်းပဲ..ပို့ရမှာပြောတော့..
သူတို့က..လူစီးသီးသန့်ပါတယ်..
Grabစည်းကမ်းအရ..delivery မပို့ပါဘူးတဲ့..
ကြီးကြီးကျယ်ကျယ်နဲ့....
အဲ့တာဆို..မပို့ပေးနိုင်ရင်..cancel လုပ်ပေးပါဆိုတော့လည်း
သူဘက်က..cancel လုပ်ထားတာများနေလို့..ဒီတစ်ကြိမ်ထပ်လုပ်ရင်..၁၅မိနစ်အပိတ်ခံရမှာမို့...ကိုယ်ဘက်က..လုပ်ပေးပါတဲ့..လူပါးဝပုံများ...
ရတယ်..မင်းပုံနဲ့..လိုင်းပေါ်တင်မယ်..ငါရမသား..လို့..
ဘာပြန်ပြောတယ်မှတ်လည်...ခင်ဗျား..စာမတတ်ဘူးလားတဲ့
Grabက..ခရံးသည်လိုက်နာရမဲ့..စည်းကမ်းကို..
လူစီးသီးသန့်..အထုပ်အပိုးပါရင်တောင်..Drivers တွေရဲ့..
ဆုံးဖြတ်ခွင့်ရှိတယ်လေး.ဘာလေး..
အေး..မင်းမလုပ်ရင်နေ..ငါက..အခြားaccနဲ့ခေါ်မှာ..
သတစ..အဲ့တော့မှ..cancel သွားတယ်..
မင်းတို့..Grab မှာ..ခိုင်းကောင်းတဲ့နွားတွေ..တပုံကြီး..နောက်တစ်ကောင်က..orderလက်ခံလာပို့ပါမယ်တဲ့..ရှင်းလား ...
ခဏနေတော့..grabက..သတိပေးစာဝင်လာတယ်..
သတစ..သူပထွေးကို..လှမ်းတိုင်မှာပေါ့...
အေး..မင်းသိအောင်ပြောလိုက်မယ်...
မင်းတို့..ယာဥ်မောင်းကို..မြို့လယ်ခေါင်မှာ..လက်သီးနဲ့ထိုးတာတောင်..မင်းပထွေးက..မင်းတို့ကို..အရေးမလုပ်တာ..
ဒီတစ်ခါ..ငါက..¥¥ီးနဲ့ထိုးမှာ...
မကျေနပ်ရင်..ဒါငါ့ဖုန်း..09780239966
နေတာက..ဒလ...
အရင်ကလို့..သဗ္ဗာန်နဲ့..တုတ်တုတ်..စီးနေတဲ့ကောင်တွေမဟုတ်တော့ဘူး...
တံတားကြီးပြီးလို့..grab စီးတတ်နေပြီဆိုတာ..သိဘို့နော်..
💬 66
👍 56
✨ 3
🔁 1
2026-01-21 2026
Grabစီးရတည့်အကြောင်းကိုသေချာနားလည်အောင်အရင်လုပ်ပါ kilo လက်တားသမားတွေ ပိုက်ဆံတစ်ခုတည်းလို့ထင်ရအောင် အရင်လက်တားတွေထက် Grab က စျေးကြီးနေတည်းက Grab ပဲစီးလာတာ ဘာကြောင့်လို့ထင်လဲ location ကို ကိုယ့်မိသားစုက ထိုင်ကြည့်လို့ရနေတည်းက တခြား kilo လက်တား တွေထက် ၅၀%လောက်ကသာနေပြီ ဒါတခြားအရာတွေ မပါသေးဘူးနော် Grab ထက်သာခြင်တည့် kilo လက်တားတွေ Grabတိုက်ခိုက်နေမယ့်အစား ခရီးသည်ကို ဘယ်လိုအလွယ်ကူဆုံး serviceပေးနိုင်မလဲ အရင်စဥ်းစားပြီးမှ ယှဥ်ပြိုင် ဘယ်သူစျေးလျော့မလဲ ပြိုင်နေတာမဟုဘူး service ပြိုင်နေကြတာ ခရီးသည်ခေါ် ၅မိနစ်အတွင်း ဘယ်kilo ဘယ်လက်တားက ရပ်ကွက်ထဲထိ ဝင်ခေါ်လဲ kiloဆိုသွားရင် နာရီဝက်ကြိုပြောတို့ဘာတို့နဲ့ ချစ်သောအားဖြင့်ပြောတာပါ serviceကောင်းအောင်အရင်လုပ်ပါ ပြီးမှစျေးတောင်းပါ Grab လောက်တောင်service မလုပ်နိုင်ဘဲ Grabကို တိုက်ခိုက်နေလဲ မထူးပါဘူး တကယ်လို့ မင်းတို့မှာ customer service ကောင်းကောင်း ခေါ်လိုက်တာနဲ ၅မိနစ်အတွင်း ကားလာပေးနိုင်အောင် အရင်လုပ်ပါ ရှိပြီးသားအရာကြီးကို သူများလက်ခုတ်ထဲကရေကို ကိုယ့် ခွက်ပေါက်ထဲ ထည့်လိုမရဘူးလေ Service ပေးတည့်ခေတ်မှာ လူလဲ မညီ serviceလဲ ကောင်းကောင်းမပေးပဲ ဆန်ပေးဆီရဆိုတည့် လူမိုက်ဆန်ဆန် ခရီးသည်တွေကို ဟိုလိုဒီလိုနဲ့ ဘေးတစောင်းသွားနေရင် ခိုးဆိုးလုနှိုက်တွေနဲ့ ဘယ်သူမှ လုံခြုံမှု မရှိတည့် ကားကို ဘယ်သူမှ မစီးတော့ဘူးလေနော် စျေးလဲသင့်တင့်လုံခြုံတည့်အရာစီးမလား ပါးစပ်ပြောစျေးနဲ့ဘာကားနံပတ်လားမသိတည့်ကားကိုစီးမလားက ခရီးသည်ကရွေးချယ်မှာပေါ့ ချစ်လှစွာဖြင့် နည်းပညာနဲ့ service ကောင်းအောင်အရင်လုပ်ပါ
#Grab ခရီးသည်
💬 65
👍 113
✨ 5
🔁 5
2026-01-10 2026
လက်တား တက္ကစီစနစ်ဟာ ကားပိတ်စေတဲ့ အဓိကအကြောင်းတစ်ခု ဖြစ်ပါတယ်။
ကမ္ဘာမှာတိုးတက်တဲ့ ဘယ်နိုင်ငံမဆို ခေတ်နောက်ကျနေတဲ့ လက်တားတက္ကစီ စနစ်ကို အသုံးမပြုကြတော့ပါဘူး။ မိတ်ဆွေစဉ်းစားကြည့်ပါ။ လက်တားတွေများနေရင် တက္ကစီတွေဟာ ငှားသူရှိရှိမရှိရှိ လမ်းပေါ်ပတ်နေရမှာပါ။ App စနစ်နဲ့သာဆို ငှားတဲ့အခါမှသာ ကားနဲ့သွားခေါ်ရတာပါ။ လမ်းပေါ်လက်တားတွေ အစီး ရာချီ ထောင်ချီ ပတ်နေတဲ့အခါ ကားလည်းပိတ်စေသလို ကားကထွက်တဲ့ မီးခိုးကြောင့် သဘာဝပတ်ဝန်းကျင်ပါ ညစ်ညမ်းရတဲ့အပြင် ဓာတ်ဆီ ဒီဇယ်စတဲ့ လောင်စာဆီတွေပါ အလဟသ ပြုန်းတီးရာကျပါတယ်။
ကားပိတ်တော့ဘာဖြစ်သလဲဆိုတော့ နိုင်ငံရဲ့ကုန်စည်စီးဆင်းမှု၊ လမ်းပန်း ဆက်သွယ်ရေး၊ ကုန်ထုတ်စွမ်းအား စတာတွေ အရှိန်အဟုန်နဲ့ ကျဆင်းလာပါတော့တယ်။ ဥပမာ သီရိမင်္ဂလာဈေးပဲ မြင်ကြည့်ပါ။ လက်တားတက္ကစီတွေပိတ်နေလို့ ကုန်ကားတွေ တစ်ရက် ၁ ခေါက်ပဲ ဝင်နိုင်ရင် အသီးအနှံတွေရောက်တာ ကြန့်ကြာပြီး တချို့ လမ်းမှာပုပ်ပါတယ်။ အဲဒီအခါ ဝယ်လိုအားထက် ရောင်းလိုအားကျသွားရင် ကုန်ဈေးနှုန်းလည်း တက်လာပါတော့တယ်။
ကုန်ဈေးနှုန်းတက်ရခြင်းရဲ့ အဓိကအချက်တွေထဲမှာ လက်တားတက္ကစီတွေရဲ့ပယောဂလဲပါပါတယ်။ လက်တားတက္ကစီတွေပိတ်နေလို့ ရုံးတက်ရုံးဆင်းချိန်ကို လမ်းပေါ်မှာ ၃ နာရီလောက် ကြန့်ကြာရတဲ့ ဝန်ထမ်းတွေဘဝဟာလည်း သနားစရာပါ။ ဝန်ထမ်းတွေသွားရေးလာရေးခက်ခဲတဲ့အခါ လူ့စွမ်းအားအရင်းအမြစ်တွေဟာ လမ်းပေါ်မှာ အဓိပ္ပါယ်မဲ့ ပြုန်းတီးကုန်သလို နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုစွမ်းအားလည်း ကျလာပါတယ်။ မြန်မာနိုင်ငံရဲ့ GDP ညွှန်းကိန်းကိုကြည့်ရင် ကမ္ဘာ့အလယ်မှာ ဟိုးအောက်ဆုံးရောက်နေတာဟာ လက်တားတက္ကစီစနစ်က သွယ်ဝိုက်တဲ့နည်းနဲ့ သက်ရောက်မှုရှိနေပါတယ်
သင်နိုင်ငံတော်အတွက် ဘာတာဝန်ထမ်းဆောင်ဖူးပါသလဲ။ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေဖို့ စမတ်ကျတဲ့ တက္ကစီငှားစနစ်မဖြစ်မနေ ရှိဖို့လိုပါတယ်။ မန္တလေးမြို့တောင် Smart City စာရင်းဝင်ခဲ့ပြီးပါပြီ။ ဒါကြောင့် ကန့်လန့်တိုက်မနေဘဲ နိုင်ငံအကျိုးအတွက် ခေတ်နောက်ကျနေတဲ့ လက်တားတက္ကစီစနစ်ကို အမြန်ဆုံးဖျက်သိမ်းကြပါစို့။
💬 64
👍 67
✨ 4
🔁 0
2026-04-05 2026
Grabတခါစီးရင်အကြွေပဲဆောင်ဆောင်ထားရမယ် 4800ဆိုရင်အကြွေမပါလို့5000ယူလိုက်ရတာနဲ့ ကို့ဆီကပဲအမြဲပါပါနေတာ သူတို့ဆီကိုများ5200မို့လို့200အကြွေမရှိလို့လို့ပြောကြည့် မရဘူးဘာညာနဲ့ ပြီးတော့တချို့grabတွေဆိုAirconတောင်မဖွင့်ဘူး
နောက်ဆိုgrabမောင်းတဲ့သူများရှင့်အကြွေများများဆောင်ထားကြပါလို့
💬 63
👍 220
✨ 6
🔁 13
2026-02-13 2026
Sakura ဆေးရုံကနေ 6800ကျော်တဲ့ ပိတ်ကပိတ်သေး အတက်ထည်းကပိတ်တာ နောက်ဆို ဒလ ဆို ဝေါင်းဝေါင်ရှေး
တံတားပေါ်မှာတင် မိနစ် 23 ကြာခဲ့
💬 62
👍 112
✨ 3
🔁 2
2025-11-28 2025
ဂွစျေး(မြေနီကုန်း) - အောင်သမာဓိ(ရွှေဂုံတိုင်) ၈၀၀၀ များတယ်တဲ့.....
Grabမှာ ၇၀၀၀တောင်မရှိဘူးတဲ့...
- Grabကိုဘဲ အားပေးလိုက်လို့ ပြောပြီး ထားခဲ့လိုက်တယ်.....
💬 62
👍 47
✨ 4
🔁 1
2026-01-05 2026
Grab Driverများချောင်းဆိုးရင်Mask တပ်သင့်ပါတယ်.
စနေနေ့ကမနက်ပိုင်းငှားတာအသွားရောအပြန်ရော Driver ကချောင်းဆိုးနေတာပါ
covid တတိယလှိုင်းပီးနောက်ပိုင်း Grab နဲ့သွားတာDriverချောင်းဆိုးတာကားပေါ်ပါတမိသားစုလုံးအကုန်covid ကူးသွားတာပါ.
covid ဆိုတာဘာမှန်းမသိခဲ့တာ..Grabစီးရင်covid ကူးလို့တကယ်ပဲကြောက်ခဲ့ရတာလေးပြောပြတာပါ..