💬 25
👍 77
✨ 3
🔁 4
2025-12-20 2025
Grab ဌားတဲ့သူတ ေယာက်တည်းနော်
ည ၈း၃၀ နာရီ ကားဌားတာ
ကျီစုသုသာန် ကို
ဌားတာ မလိုက်သင့်လို့ Cancel လုပ်တာ မှန်လား?မှားလား?
💬 25
👍 78
✨ 2
🔁 0
2026-03-27 2026
ခု ရက်ပိုင်းကို ၃၈၀၀ ခရီးစဥ်ရှိသေးတယ်ဆိုရင်တော့ gard မဟုက်တော့ဘူး
💬 25
👍 75
✨ 3
🔁 0
2026-02-11 2026
ရုပ်ကြည့်ရတာ Grab ခရီးသည်ရုပ်တွေပါ ဘာလို့လက်တားထွက်ငှားနေကြတာတုန်း လင်းကြဦး😁
💬 25
👍 72
✨ 4
🔁 4
2025-12-13 2025
ဆိုက်တွဲစျေးကိုမရတော့တာဟေ့ ၂ကြောင်းမိတယ် တကြောင်းက ပင်လုံဆေးရုံကနေ ဝန်ကြီးများရုံး ၁၁၀၀၀
တခါ မြောက်ဒဂုံ မဟာဗန္ဓုလလမ်းကနေသွားကြို ပင်လုံဆေးရုံကနေ ၆၅မှတ်တိုင်နား ၅၀၀၀တဲ့ ပိတ်ကိုထားလိုက်ပြီ ဆိုက်တွဲစျေးကိုမရတော့တာ စိတ်ပါလေတယ်
💬 25
👍 67
✨ 4
🔁 1
2025-11-28 2025
Grab တော့ စီးချင်တယ် စိတ်ဓာတ်က အောက်တန်းစား စိတ်ဓာတ်နဲ့ ...
လူကြီး ၄ ယောက် ကလေးက ၇ နှစ်လောက်ရှိမယ် ၂ ယောက် တက်လာတယ်
လူပိုကြေးတောင်းတော့ မပေးချင်ဘူး
အိုကေ ရတယ် မယူဘူး ...
ဆင်းတော့ ၁ ပင်တည်းထောက်ပြီး ၂ နေရာ ဆင်းတယ် ....
လူပါး ဝ ချက်က 1 star ပါ ပေးသွားသေးတာ ....
မြို့ထဲ ၂၅ လမ်းထဲ အနော်ရထာ နားက တက်ရင် သတိထားကြဖို့ပါ အောက်တန်းစား KALAR ကို.....
💬 25
👍 48
✨ 4
🔁 0
2026-01-01 2026
Service ပြောစရာ မလို
AC အမြဲတမ်းဖွင့်ပေးထားတယ်
သောက်စကားလဲ တစ်ခွန်းမှမပြောဘူး မလိုအပ်ရင်
12 လပိုင်းထဲ Rating တောက်လျှောက်ကျတယ်
ဘာကြောင့်လဲဗျာ ပလပ်တီနမ် တောက်လျှောက်ဖြစ်နေလို့လား လူတွေကပဲ လက်သရမ်းနေတာလား
ကားသန့်ရှင်းရေးဆိုလဲ ဂရုစိုက်တယ် အနံ့အသက်ဆိုလဲမွှေးနေတာပဲ အဲ့ဒါကို ဘယ်လိုဖြစ်တာလဲဗျာ
💬 25
👍 46
✨ 3
🔁 3
2025-11-23 2025
Grab ကို အတင်းအကြပ်ဖြစ်စေ အကြပ်ကိုင်ခြောက်လှန့်ဖြစ်စေ တုတ်ဓားသေနတ်မိုးပြီးဖြစ်စေ ကားဆရာများကိုအတင်းGrab ဆွဲခိုင်းနေသူ ၁ဦး၁ယောက်ဖြစ်စေ အဖွဲအစည်း၁ခုမှဖြစ်စေ ခိုင်းနေတာမျိုးရှိပါက နီးဆက်ရာ ရဲစခန်းသို့တိုင်းကြားကြပါခင်မျ အဲ့လိုမဟုတ်ပါက အဆင်မပြေရင်
ဈေးမကိုက်ရင် မဆွဲချင်မဆွဲလို့ရပါတယ်ခင်မျ appပိတ်ခြင်း ဖြတ်ခြင်းများလုပ်လို့ရပါတယ်ခင်မျ
💬 25
👍 39
✨ 2
🔁 0
2026-01-28 2026
ဒီPost ကို တင်မယ်နဲ့ မတင်ဖြစ်တာပါ။
တစ်ရက်က ကျောင်းဖွင့်ရက်မနက် 7ခွဲနဲ့ 8နာရီကြား Grab ငှားပါတယ်။ ကားရတယ်ဆိုပြီး စောင့်နေတယ်။ grab လမ်းကြောအတိုင်း တောက်လျှောက်ကြည့်တယ်။ ကားဆရာက သူလာနေတဲ့ လမ်းကြောင်းကနေ မရွေ့လို့ grab app မှာ တဲ့ chat box အတိုင်း စာပို့လိုက်ပါတယ်။
ကလေးတွေ ကျောင်းပို့ရမှာမလို့ ဘယ်ရောက်နေပြီလဲ ဆိုတာ မေးပါတယ်။
reply မလာပါ။
အဲဒါနဲ့ Grab call နှစ်ခါခေါ်တယ် မကိုင်ပါ။
regular call ခေါ်တယ် မကိုင်ပါ။ မလာနိုင်တာပဲ cancellation ကို သူ့ဘက်က မလုပ်။ ကိုယ်လုပ်ရင် ကိုယ့်ဘက်က 1000အဖြတ်ခံရမှာနဲ့ဆိုတော့ ထပ်စောင့်ပြီး ဖုန်းတွေ အကြိမ်ကြိမ်ခေါ်တယ် မကိုင်ပါ။ ခဏနေတော့ သူဒီလောက်တောင် ခရီးသည်စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်နိုင်လဲ စောင့်ကြည့်မယ်ဆိုတာနဲ့ ကိုယ်လဲ cancel မလုပ်ဘူး တစ်ဖက်က ဖုန်းတစ်ခုနဲ့ပဲ Grab ထပ်ခေါ်ဖို့ လုပ်နေတုန်း သူ့ဘက်က cancel လုပ်သွားပါတယ်။ အနည်းဆုံး မိနစ် 20ကြာသွားပါတယ်
ပြောချင်တာက
ကားဆရာတို့ မလိုက်နိုင်ရင်လည်း cancel လုပ်လို့ရတယ်။ cancel မလုပ်ချင်လို့ တစ်ဖက်က ဖုန်းခေါ်တာကို ကိုင်ပြီး အကျိုးအကြောင်းပြောပြပြီး cancel လုပ်ပေးပါဆိုတောင် ရသေးတယ်။ ခုဟာက ငါလာရင် လာမယ် မလာရင် မလာဘူးဆိုတဲ့ အထာမျိုးနဲ့။ screenshot တွေ ရိုက်ထားသေးတယ်။
သူများလည်း အလုပ်အကိုင်ပျက်တယ်။ သူလည်း စောစောစီးစီး လာဘ်ပိတ်တယ်။
နှစ်ဦးနှစ်ဖက်အဆင်ပြေဖို့ကို မစဉ်းစားဘဲ တစ်ဖက်သတ်တွေ
💬 25
👍 29
✨ 3
🔁 1
2026-01-18 2026
မနေ့ညက စမ်းချောင်းဘက်ကအပြန် ကားပေါ်မှာ MSI laptop ဒီကားပေါ်မှာကျန်ခဲ့တယ် ဝယ်ထားတာမှနှစ်ရက်ပဲရှိပါသေးတယ်ရှင် မနက်ကျမှ သတိရလို့ grabကို လှမ်းပြောတယ် ကားဆရာ ဖုန်းနံပါတ်လေးများသိနိုင်မလား အကျိုးအကြောင်းလေး သိချင်တာပါ ပြောတာကို grabက ကားသမားနံပါတ်ကို ပေးလို့မရပါဘူးတဲ့ ကားသမားကသူမနက်က သန့်ရှင်းရေးလုပ်တာလဲ ကားပေါ်မှာ မကျန်ခဲ့ဘူး ဆိုပြီး ပြောပါတယ်တဲ့ ကားသမားက သူ့ဖုန်းနံပါတ်ကို မပေးပါနဲ့ သူအဆင်မပြေပါဘူးဆိုပြီးပြောပါတယ်တဲ့။
Grab ကလဲတာဝန်ယူမပေးနိုင်ပါဘူးတဲ့ အမှုဖွင့်ရင်တော့ရတယ်တဲ့ အေးရော ….
ကိုယ့်ပေါ့ဆမှူကြောင့် ကျန်ခဲ့လို့ အပြစ်မပြောချင်ပေမဲ့ သူသာရိုးသားရင် ဖုန်းလက်ခံပြောနိုင်မယ်လို့ထင်တယ်
ပစ္စည်းကျန်ခဲ့တဲ့နေရာကလဲ သူကားဘက်မှန်ကကြည့်ရင်မြင်မဲ့နေရာမှာကျန်ခဲ့တာ။ နောက်ဆုံး သူမသိဘူးပဲ ထားပါအံုးအကျိုးအကြောင်းပြောပြနိုင်လိမ့်မယ်ထင်တယ် ။
အခုဟာကgmail မှာလဲ ခရီးစဉ်ပြီးဆုံးကြောင်း e-receipt လဲမကျထားပါဘူး။(ဒါက ကားဆရာဘက်ကနေ ခရီးစဉ်ပြီးဆုံးကြောင်းနှိပ်ပေးတယ်လို့ထင်ပါတယ် )မရိုးသားလို့မောင်းပြေးသလိုဖြစ်နေတယ်🙂
အချိန်က ည၉နာရီလောက်ကမှငှါးစီးပြီးဒီလိုဖြစ်တာပါပဲရှင်။
အပြင်taxiဆိုစိတ်မချရလို့ Grab ငှါးစီးခါမှ
Taxiခအဖြစ် ၃၆သိန်းကျော် ပေးလိုက်ရသလိုပါပဲ grabရယ်🥺🥺🥺🥺
💬 24
👍 136
✨ 4
🔁 1
2025-11-28 2025
ဝမ်းသာစရာသတင်းကြားရတော့မယ်ဟေ့ Grab ရဲ့ ပျက်သုန်းခြင်း
💬 24
👍 116
✨ 2
🔁 1
2025-12-16 2025
Edited ခုလို စီးတဲ့ အထဲမှာ Crystal Tower နဲ့ Junction City Tower က လူတွေပါ ပါနေတယ်။
အချို့ ခရီးသည်တွေက Grab Policy ကို မသိတာမဟုတ်ဖူး။ မသိချင်ယောင်ဆောင်တာ။
လူကြီး ၄ယောက်ပဲ စီးလို့ရတာ သိတယ်။ ၅ယောက် ဖြစ်လဲ ခပ်တည်တည် နဲ့ မသိသလို စီးမယ်။ ကားသမားက မရဖူး ပြောမှ ညှိမယ်ပေါ့။ သူတို့ထင်တာက ကားက လာကြိုပြီလေ။ အနားရောက်ရင် cancel မလုပ်ပဲ ညှိပြီးတင်မယ်ပေါ့။ အဲ အထာလေး။ အချို့ အားနာတတ်တဲ့ ကားဆရာတွေဆို ဘာမှ မပြောတော့ သူတို့က သာတယ်လေ။ ရတယ်လေ ကိုယ်တွေကလဲ အဲလိုကြုံရင် ဘယ်လို ပြန်ညှိလဲဆိုတော့ ကျသင့်ငွေကို မေးတယ်။ ဥပမာ ၁၀၀၀၀/ ဆိုရင် ၂၅၀၀/ ထပ်ပေါင်း ခိုင်းတယ်။ ပြီးရင် ခရီးသည်ကိုပဲ Cancel ခိုင်းတယ်။ ပြီးရင် လိုက်ပို့ပေးတယ်။ ဘာလို့လဲဆိုတော့ သူတို့က Grab Policy အတိုင်းမှ မစီးတာလေနော်။ ခုနောက်ပိုင်း လုပ်ဖြစ်တဲ့ ပုံစံလေးပါ။
အဲလို လူလည်လာလုပ်လို့တော့ ဘယ်ရမလဲဗျာ။
💬 24
👍 109
✨ 3
🔁 15
2026-01-28 2026
1) Grab software
- နိုင်ငံတကာသုံးတဲ့ international software
တစ်ခုအနေနဲ့ rules and regulations ခိုင်မာမှုရှိရမှာကို
သမာသမတ်မရှိပဲ တစ်ဘက်စောင်းနင်းဘယ်သူသေသေ
ငတေမာရင်ပီးရောဆိုပီးကိုယ်ကျိုးပဲကြည့်နေခြင်း
- သိန်း ၅၀၀ နှင့် သိန်း ၁၅၀၀ ကြားရင်းနှီးမြှပ်နှံထားတဲ့
မိတ်ဘက် driver များအပေါ် ငဲ့ညှာခြင်းမရှိပဲ ဂုတ်သွေး
စုတ်နေခြင်း
(ဖြစ်ရပ်မှန် မဂ်လာစျေးမှ တာမွေဗလီကို
စီးနင်းခ စျေးနှုန်း - ၃၀၀၀ ပဲသတ်မှတ်ပေးခြင်း
ဘုန်းကြီးလမ်းမှ ကမာရွတ်ကို - ၅၀၀၀ ပဲသတ်မှတ်ပေး
ခြင်း၊ လှည်းတန်းမှ လှိုင်သာယာကို - ၁၅၀၀၀ ပဲ
သတ်မှတ်ခြင်း) ဟာ မိတ်ဘက်ယဉ်မောင်းများအပေါ်
mutual respect မရှိပဲ ငါသတ်မှတ်ချင်သလိုသတ်မှတ်
မယ် ငါက စျေးနှုန်းနဲခြင်းများခြင်းဟာငါနဲ့မဆိုင်
Order ရရင် 20% auto ရပီသားဆိုတဲ့ တကိုယ်ကောင်း
စိတ်အားကြီးနေခြင်း
(**** ယဉ်မောင်းများ ညီညွတ်တဲ့နေ့ ****
Grab ကြီးမြန်မာပြည်မှာ ရပ်တည်မှု
ကျဆုံးခန်း မကြာခင်ရောက်တော့မယ်)
2) Grab driver
- ယုံကြည်စိတ်ချရတဲ့ software တစ်ခုအနေနဲ့
အကျိုးတူပူးပေါင်းမိခြင်းအပေါ် အခွင့်ကောင်းယူပီး
တဘက်စောင်းနင်း ဂုတ်သွေးစုတ်ခံနေရခြင်း
ကားပြင်ဆင်စရိတ်များ၊ ကား spare parts များစျေး
နှုန်းမြင့်တက်နေခြင်း၊ အစစအရာရာ ကုန်စျေးနှုန်းများ
ကြီးနေခြင်း တို့ကြောင့် Grab driver များဟာ
မှန်ကန်တဲ့စျေးနှုန်းသတ်မှတ်ခြင်းကိုသာလိုလားခြင်း
(**** ဖော်ပြပါအချက်များဟာ grab driver အများစု
ခံစားနေရတဲ့ မှန်ကန်တဲ့ အချက်အလက်များဖြစ်နေပါသောကြောင့် grab driver ညီအစ်ကိုများလဲ ignore မလုပ်ပဲ
ညီညွတ်ဖို့အချိန်တန်ပြီလို့ တိုက်တွန်းလိုက်ပါတယ် )
3) Grab passenger
- passenger တေကတော့ software ကချပေးတဲ့ စျေးနှုန်း
အတိုင်းသွားတဲ့အတွက် သူတို့မှာအပြစ်မရှိပါဘူး
သို့သော် အချို့သော customers passenger များဟာ
တံခါးဆောင့်ပိတ်ခြင်း၊ လမ်းကြိုလမ်းကြားကားလှည့်ရန်ခက်သော လမ်းတဘက်ပိတ်ဆီသို့ pin ထောက်ခေါ်ခြင်း
အကြွေအခက်ခဲအား driver မျာူအပေါ်် နားလည်မှုမရှိပဲ မရမက လဲခိုင်းခြင်း ကားပေါ်တွင်စည်းကမ်းမဲ့စွာ အမိှုက်များပစ်ချခဲ့ခြင်း၊ Aircon ကားပေါ် ဆေးလိပ်သောက်ခြင်း၊ pod သောက်ခြင်း ပြုလုပ်နေခြင်းအပေါ် grab
ဘက်မှ ဘာတာဝန်ယူမှု တာဝန်ခံမှု ဘာများရှိသလဲဗျာ?????
💬 24
👍 78
✨ 2
🔁 4
2025-12-28 2025
လုံခြုံတယ် စိတ်ချရတယ် စျေးမှန်တယ်ဆိုဖဲ
ဆက်စရာHotline ဖုန်းတောင် တလုံးမရှိဘူး 😂
ခေါင်းကြီးတို့က ဘာတွေမျှော်လင့်ပြီး စီးနေမောင်းနေကျတာလဲ 😂
💬 24
👍 70
✨ 4
🔁 0
2026-01-25 2026
ဒီနားဒီနား ၈ ထောင်ဆိုတာ မလွန်လွန်းဘူးလား မအေလိုးရယ်
မင်း ဂျင်းထည့်တဲ့ ခရီးသည်က နယ်ကတက်လာတဲ့ကောင်နေမှာပေါ့ ရန်ကုန်ပေါက်က ဒီခရီး ဒီခရီး အများဆုံးပေး ၅၀၀၀ ၆၀၀၀ ပေါ့
မင်းတို့ကောင်တွေက ရန်ကုန်ဘူတာကနေ ပန်းဆိုးတန်းလမ်းတောင် ၁ သောင်းတောင်းတဲ့ မေလ်ိုးတွေပဲကို
💬 24
👍 66
✨ 4
🔁 4
2026-06-03 2026
ပိုက်ဆံနဲ့ လူအင်အားနည်းနေလို့ရယ်...
Grab company ကို တရားဆွဲချင်လာတယ် တစ်နေ့ထက်တစ်နေ့
Personal တစ်ခုကြောင့်မောင်းနေရပေမယ့် စိတ်ကိုမပါတော့ဘူးမောင်းရတာလဲ😒😒
💬 24
👍 66
✨ 2
🔁 0
2026-01-27 2026
မြောက်ဥက္ကလာကနေ လှည်းတန်းကို အမြဲ ရုံးကားမောင်းပေးရတာပါ ။
ပြသနာက 8မိုင် နဲ့ AD တအားလမ်းပိတ်လို့ပါ ။
တခြားဘယ်လမ်း တွေက ရှောင်မောင်းလို့ရနိုင်မလဲဗျ
💬 24
👍 60
✨ 1
🔁 4
2026-03-27 2026
ဒီဆီစျေးနဲ့ဆို grab ဘယ်လိုစွဲကြမလဲ grabကယောဘာလုပ်မလဲ
💬 24
👍 58
✨ 3
🔁 2
2026-02-19 2026
လိုင်စင်အနက် Ertigaကို grabဝင်ဆွဲချင်ရင် ရလားဗျ မသိလို့ပါ အလင်းပြကြပါအုံး 09898768468
💬 24
👍 54
✨ 2
🔁 2
2025-12-13 2025
Grab က အောက်ဈေးကို အလွန်အမင်းချတဲ့အခါကျတော့ ဆိုက်ကား၊ ဘေးတွဲဖောက်သည်တွေနဲ့ အနံကြီးကွင်းကျယ် တောသူတောင်သားတွေပါ မတန်မရာတွေ စီး၊ ကိုယ့်ကို လိုရာပို့ပေးနေတဲ့ ယာဉ်မောင်းတွေအပေါ် စောက်ပေါစကားတွေ ပြောလာကြပါတော့တယ်။ အဲဒီလောက် ဈေးနှိမ်ရအောင်က Grab ရေ မင်းက ငါတို့ကို လောင်စာဆီဖိုး ဘယ်နှပြားထောက်ပံ့နေလို့လဲဟ 😎 ဟက်ဟက်
💬 24
👍 44
✨ 3
🔁 0
2026-01-30 2026
ဒီကားဆရာအကြောင်းပြောချင်လို့ပါ မနေ့ကမနက်
4:45 လောက် မိတ်ကပ်ပွဲအတွက် 33လမ်းကနေ
LOTTE HOTEL ကို Grab နဲ့ငှါးခဲ့တယ် ရောက်တော့
အထုတ်အပိုးတွေဆွဲပြီးကားပေါတက်တော့ ပူပြီးချွေး
တွေထွက်နေတာကြောင့် မနက်အစောကြီးဖြစ်နေတာ
ကြောင့်မလို့ကိုအကိုရေ အဲကွန်းလေးခနဖွင့်
ပေးပါအုန်း ပြောတာကို မဖွင့်ပေးနိုင်ဘူး မကျေနပ်
ရင်ကားပေါကဆင်းဆိုပြီး လမ်း30 မှာ မောင်းချခံရပါ
တယ် ရှင့် မနက်အစောကြီးအလုပ်ကလောနေတာနဲ့
ဘာမှကိုပြန်မပြော ခဲ့လိုက်ရဘူး Grab ငှါးပြီဆိုက
တည်း က အဲ့ကွန်းက ကာစတန်မှာမတောင်းဆို လဲဖွင့်
ပေးရမှာဘဲမဟုတ်ဘူး လား တအားကိုမိုက်ရိုင်းတဲ့ကား
ဆရာပါ နောက်ဆိုရင်အဲ့ကားကိုရှောင်ရအောင်လို့
တင်ပေးတာပါရှင့်
နာမည်က -Zaw Htoo
ကားနံပတ်က - DD8597 Toyota Corolla Fielder ပါ
💬 24
👍 43
✨ 2
🔁 4
2025-12-09 2025
Kilo taxi စီးပြီး ကြုံရတဲ့ စိတ်ပျက်ဖွယ်ရာစုစည်းမှု
(၁) Kiloကားက စတက်တာနဲ့ ဆူညံနေတာပဲ သူတို့အချင်းချင်းစကားပြောတာပဲ privacy မရှိ
(၂) ပုပ်ပျက်ဌားဝာာက လက်တားနဲ့သိပ်မကွာဘူး 20km ခရီးကလက်တားက ၃သောင်ဆိုရင် Kiloက ၂သောင်းခွဲ တကယ်တော့ 23000ပဲရှိတာ ကိုယ်ကတကယ်မသိ ခန့်မှန်းရင်ပိုနိုင်တယ် သူတို့ထောက်ကြည့်တာ နည်းနည်းပိုပြောတယ်
(၃) အော်ဒါတင်ဖို့အချိန်တော်ကြာစောင့်ရတယ် ၂ယောက် ၃ယောက်ခေါ်တာမရ အချိန်ပုပ် ကားမရတာများ ၁နာရီကြာ
(၄) ခရီးသည်ဘက်က order လမ်းကြောင်းတစ်ခု booking တင်တယ် နာရီဝက်စောင့်တယ် မရဘူး အဲ့ကျ ခရီးသည်ဘက်က cancel တယ် ခရီး orderတင်တာမရလို့ cancel ပြီးမကြာ ဖုန်ူဆက်လာတယ် Kilo taxi ပါတဲ့ cancelတယ်ပြောပြီးမှ ဖုန်းဝင်လာတယ် ဖုန်းဝင်လာတော့ စောနက cancel လိုက်တယ်ပြောလိုက်တယ် အဲ့ကျစိတ်ဆိုးနိုင်တယ် သူတို့ ကြားထဲမှာ management ညံ့ဖျင်းတာပါ
Orderမရေသးခင်ကတည်းကCancelတော့ သူတို့ ကားသမားမခေါ်သင့်ဘူး တစ်ခြားchannelတွေကို မပို့သင့်ဘူး
Order ရပြီးမှ cancelတာမဟုတ်ပါ။ အချိန်အတော်ကြာစောင့်ပြီးမှ orderမရလို့ cancel တာပါ။
(၅) ကားတွေက ဆုတ်တာများတယ် ကောင်းတာသိပ်မရှိ EV taxi တောင်မမြင်ဖူး ကားကသေးတယ် အထဲမာ တစ်ခါတစ်လေ ညစ်ပတ်တယ်
(၆) kilo ကသူ့ကိုယ်သူအထင်ကြီး အကုန်ကောင်းတာပဲပြောတယ် သူတို့မကောင်းတာကမမြင် ပြသနာဖုံးဖိတဲ့အကျင့်ရှိတယ် ပြသနာဖြစ်ရင် တိုင်လို့ရပေမဲ့ ဖြေရှင်းလည်း အပေါ်ယံပဲ သူတို့အချင်းချင်း သူတို့ဖုံးဖိ grabလော်ဘီမဟုတ်ဘူး ခရီးသွားပြည်သူပါ
(၇) Kiloမောင်းတဲ့ တစ်ချို့ channelရဲ့ user driver တွေဆိုရင် အရက်သေစာသောက်စားထားပုံရတယ် ဆေးချပုံရတယ် သူတို့စားသောက်တာ ဘယ်သူသိနိုင်မလဲ adminတွေ အထက်ကသိနိုင်မလဲ သူတို့ကိုယ်သူတို့ပဲသိမယ် ခရီးသွားပြည်သူပဲသိမယ် မသောက်ဘူးလို့ပဲပြောလို့ရတယ် သူတို့စိတ်ကအမျိူမျိုးပြောလို့ရတယ် ဟန်ပန်လုပ်လို့ရတယ် သူတို့က driverရာနဲ့ချီ ဘယ်လိုသိနိုင်မလဲ စစ်နိုင်မလဲ
(၈) Kiloက driverစီက လိုအပ်တဲ့ သန်ခေါင်းစရင်းတွေ စာရွက်စာတမ်ူတွေယူထားတယ်ပြောသော်လည်း သူတို့လုပ်ချင်တာလုပ်လို့ရတယ် သတိမကပ်ရင် မဖွယ်ရာလုပ်နိုင်တယ် လုပ်မလုပ်ဘယ်သူသိမာလဲ ကိုယ်တိုင်လည်း မသိနိုင်ဘူး
(၉) Kilo driver အများစုရဲ့ မျက်လုံးနဲ့ မျက်နှာအကြည့်က နှာဘူး သနာရုပ်တွေ ဖွန်ကြောင်ဖို့ပုံရတယ် သူတို့ကြည့်မကြည့်ဘယ်လိုသိမလဲ ညင်းလည်းဘယ်လိုသက်သေချမလဲ driver နဲ့ ခရီးသည်ပဲသိတာ adminတိုင်လည်း ဟီးဟီးဟားဟားဖြစ်မာပဲ
(၁၀) ဖုန်းနာမ်ပါတ်တွေက privacy လုံခြုံမှုမရှိဘူး userတွေထဲရောက်ရင် စိုးရိမ်နိုင်တာရှိတယ် သူတို့ပေးထားပြီး သိမ်းထားတတ်တယ် adminလည်းသိမ်းထားတယ် အရင်ကဆက်ဖူးရင်သိတယ် သူတို့ ကိုယ်ဘယ်ကနေဘယ်ကိုသွားတာသိတယ် လိုက်နှောက်ယှက်လို့ရတယ် စစ်တပ်ကိုသတင်းပေးလုပ်နိုင်တယ် စစ်မှုထမ်းနိုင်တယ် ဒီခရီးသည်က ဘယ်ကိုသွားတတ်တယ် ဘာအိမ် ဘာအခန်း ဘာလုပ်တယ်တစ်ချို့ ကားဆရာစက်စုတယ် မကောင်းကြံနိုင်တယ် ဘယ်သူမှ ြဂိုလ်မပေါက်ဘူးမပြောနိုင်ဘူး
(၁၁) kiloက ညဘက် lock down မာရှယ်လောအချိန်မောင်းတယ် အစိုးရကသတ်မှတ်ထားတဲ့ မမောင်းရအချိန် မထွက်ရအချိန်မောင်းတယ် သူတို့ဖမ်းခံ စစ်ဆေးခံရတာမကြောက်ဘူး ပြသနာတက်ရင် အတူတူခံရနိုင်တယ်
(၁၂) Driver တွေက adminဖြစ်ချင် နာမ်မည်လိုချင် ဂုဏ်ဆာချင်တာနဲ့ နာမ်မည်ခံ channel တွေထောင်တယ် အပိုတွေ channel ဖောင်းပွတယ် driver အကုန်နီးပါးထောင်ကြတယ် အမညိခံသပ်သပ်တွေ ဘယ်သူကအလကားပရဟိတလုပ်မလဲ ကိုယ်ကျိုးကြည့်တဲ့သူတွေအကုန်ပဲ
နောက်ထပ်အများကြီးရှိသေးတယ် continue
💬 24
👍 41
✨ 2
🔁 0
2025-11-14 2025
တချို့ကားသမားတွေက အဆင့်အတန်း မရှိတဲ့ကားသမားတွေလို့ ပြောရင်မလွန်ဘူး!!!
ဒီကောင့်ကို Grab ဌားတဲ့အခါမှာတွေ့ရင် ကားနံပါတ်နဲ့တကွတင်ပေးပါ!!!
ကားမောင်းစားပြီး ခရီးသည်မိန်းကလေးတွေကိုစော်ကားနေလိုက်တာများ မိုက်ရိုင်းချက်!!! 😡
အရက်သမားရုပ်နဲ့!!!
ပညာကလည်းမတတ် မိဘကလည်း မဆုံးမ ထားတော့ ဒီလိုတွေပြောဆိုနေတာ
ဆိုက်ကားသမားတွေလောက်တောင်အဆင့်မရှိတဲ့ကောင် ဒီလို မိမဆုံးမ ဖမဆုံးမ၊ ကလေကချေကားသမားတွေ အငတ်ဘေးဆိုက်နေတဲ့ကောင်တွေဝင်လာလို့ Grab လည်းနာမည်ပျက် ခရီးသည်တွေပါဒုက္ခရောက်ကြတာ
💬 24
👍 37
✨ 3
🔁 0
2025-12-11 2025
grab စီးပြီးတဲ့ ကားမောင်းသမားကို ပြန်ဆက်သွယ်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲဗျာ ကားပေါ်မှာ နားကျပ်ဘူးလေး ကျန်ခဲ့လို့ပါ
သူ့ကိုလဲ အပြစ်မမြင်ပါဘူး သူ့အမှားလဲမဟုတ်ဘူးလို့ လက်ခံထားပြီးသားပါခင်ဗျာ
ကိုယ့်ပေါ့ဆမှုကြောင့် ဆိုတာသိပေမယ့်
ဈေးကလဲ မသေးတော့ နှမျောမိနေလို့
ပစ္စည်းလေးတွေ့မိသေးလား ဘာညာ အကျိုးအကြောင်းမေးချင်လို့ပါ
💬 24
👍 36
✨ 2
🔁 0
2026-01-27 2026
ဈေးနည်းရင် ကိုယ့်ဘက်က ကြို Cancel လိုက်ပါ ဒါမှမဟုတ် Grab app နဲ့ သုံးပြီး မဆွဲပါနဲ့တော့
ပြောချင်တာက Cancel ရင် ခရီးသည်ဘက်ကရော ဘာအကြောင်းမှ မရှိပဲ ပိုက်ဆံပေးရပါတယ်။ ကားရောက်ခါနီးမှ cancel လိုက်တာမျိုးတို့ မထော်မနန်းတွေ လိုက်ပို့ခိုင်းတာတို့ဆိူရင်တော့ တမျိုးပေါ့
အခုဟာက ကားသမားတွေ ရတဲ့ ပိုက်ဆံနည်းလို့ဆိုပြီး ခဏခဏ ခရီးသည် ဘက်ကို ဖုန်းဆက်ပြီး cancel ခိုင်းတာ/ လာမယ်ပြောပြီး တစ်နာရီလောက်ကြာအောင် တခြားနေရာတွေပတ်သွားနေတာက မလွန်လွန်းဘူးလား လူကျင့်ဝတ်ကို ဒဲ့မရှိတာနော် ဟိုနေ့ကပဲ အရမ်းနည်းတဲ့ခရီးစဉ်ကို ခရီးသည်ဘက်က ငှားလို့ဆိုပြီး ရန်ပြန်တွေ့သွားသေးတဲ့ အတစ တစ်ကောင်ရှိသေးတယ်
အရမ်းမဝေးတဲ့ခရီးစဉ်/ ဟိုနားကနေ ဒီနား မြင်နေရတဲ့ ခရီးစဉ် ငှားရင်တောင် ဆဲခံရတာတွေရှိတယ် ခရီးသည်တွေလည်း ကိုယ့်အခက်အခဲနဲ့ကိုယ် လမ်းမလျှောက်နိုင်တဲ့ ကိုယ်ဝန်သည်တွေရှိမယ် ခြေထောက်ပြဿနာဖြစ်နေတဲ့သူတွေ ရှိမယ်အစောကတည်းက ရတာနည်းရင် မကိုက်ရင် မဆွဲကြနဲ့ ကိုယ်တွေစီးရင် အမြဲ respect နဲ့ ကားပေါ်က ဆင်းသွားရင်တောင် အမြဲ ကျေးဇူးတင်ပါတယ် ပြောနေကြလူတွေ ကားဆရာကြီးတို့ရေ ဘွဲ့ရတိုင်းလည်း ပညာမတတ်နိုင်ပါ လူ့ကျင့်ဝတ်ကောင်းမှ ကိုယ်ပေးသလိူ ကိုယ်စေတနာထားသလို ဖြစ်နိုင်မှာပါဗျာ
💬 24
👍 30
✨ 5
🔁 1
2025-11-12 2025
💬 24
👍 28
✨ 2
🔁 0
2026-02-11 2026
မနေ့ကမနက်က ရုံးသွားတာ တက်ဆီသမားက ဈေးနည်းလို့ Grab Pay မလို့ ဆိုပြီး ပွစိပွစိလုပ်တဲ့အကြောင်း ကားအမောင်းကြမ်းတဲ့အကြောင်းကို Post တင်လိုက်တာ အောက်ကနေ လူ့အရည်အသွေးမပြည့်မီတဲ့တစ်သိုက်လာမန့်နေကြတာနဲ့ အာရုံနောက်ပြီးသားကို မနောမပျက်ချင်လို့ ပို့စ်ပြန်ဖျက်လိုက်တယ်
ဒီမနက် ဒီလမ်းကြောင်း ဒီဈေးပဲ စီးလာတာ အကုန်အဆင်ပြေတယ်
ကားဆရာက အေးဆေးပဲ စေတနာပါတာသိသာတယ်
ကားနောက်ခန်းမှန်တွေမှာ နေကာကပ်ခွာလေးတွေပါကပ်ထားတာ
ကားမောင်းတာလည်း အေးဆေးပဲ
ဓမ္မတရားလေးပါဖွင့်ထားတာ မနက်စောစောစိတ်ကို ကြည်လင်သွားရော
Grab Pay လည်း ဘာမှမပြောဘူး
ဒီလမ်း ဒီခရီးစဥ်ကို နေ့တိုင်းသွားနေစီးနေရတာ အမြဲအဆင်ပြေတယ်
မနေ့တစ်ရက်ကပဲ အာရုံနဲ့တိုးတာ
💬 24
👍 21
✨ 2
🔁 0
2026-05-20 2026
ကိုယ့်ဘာကိုယ်
Grab နဲ့ ဆွဲပါရစေGrab နဲ့ ဆွဲ ပါရစေ ဆိုပြီး
အမြီးနန့်ပြီး Grab ရုံးကိုသွား...
ကိုယ့်ဘာကိုယ်လိုလိုချင်ချင်နဲ့သွားဖွင့်..
အရှေ့က Old Services စီနီယာကြီးများက
မကိုက်ပါဘူး မဆွဲ ကြပါနဲ့ လို့
လိပ်ခေါင်းထွက်အောင်ပြောလည်း
နားမထောင်....
ပထွေးစီကိုပြေးပြေးပြီး အကောင့်ဖွင့်...
အဆင်ပြေရင်ဆွဲ...
အဆင်မပြေရင် ဆဲ...
နင်တို့က သေရင်တောင် Grab ရဲ့ ထမင်းဆိပ်သင့်ပြီးသေမယ့်ဟာတွေ...
နင်တို့ဘာနင်တို့ ခွက်ပဲ ပြောပြော
ဘာပြောပြော အဲ့ခွက်ရုံးက CCTV ထဲမှာ
နင်တို့ အကောင့်လာဖွင့်တုန်းက စွခွက်တွေက ပြူးလို့...
နင်တို့ ထိုးထားတဲ့ လက်မှတ်တွေက
မှင်တောင်မခြောက်သေးဘူး...
ဘာလဲ Grab ရုံက ဝန်ထမ်းတွေက
ကျိုက်ထီးရိုးက ထမင်းဆိုင်တွေလို
လာပါလာပါ အတင်းခေါ်လို့ ဝင်ရတာလား
ကိုယ့်သဘောနဲ့ကိုယ် ဆီပုလင်းကိုင်ပြီး
သွားကြတာလား...မေးပေးဦး...
😌😌😌
💬 23
👍 225
✨ 4
🔁 50
2026-03-26 2026
Taxi တပတ် သုံးကြိမ် ကြိုက်သလိုထည့်
တပတ်စာ လီတာ၉၀ ထည့်ခွင့်ရှိပါတယ်။
မနက်ဖြန်စပါပြီ။
ချိန်ဆမောင်းကြပါ။
💬 23
👍 183
✨ 1
🔁 8
2026-04-04 2026
ညီကိုတို့ရေ Taxi တွေက ဆီကို အရင်ကအတိုင်း တပါတ်ကို လီတာ ၉၀ပါပဲ အဲဒီလီတာ ၉၀ ကိုပဲ ကီလိုနဲ့ ပေးမှာပါ
သုံးကြိမ်ထုတ် လီတာ ၉၀ ဒါပေမဲ့ မောင်းမှ ပေးမှာပါ
မမောင်းရင် မပေးပါဘူး ကီလိုနဲ့ဆိုပြီး မောင်းလိုက်
ထုတ်လိုက် လုပ်ရင်လည်း သုံးကြိမ်ပြည့်သွားရင်လည်း
တပါတ်ပြည့်မှ ပြန်ထုတ်လို့ရမှာပါ အဲဒါလေး သတိနဲ့
တွက်ချက်ပြီး လုပ်ကြဖို့ပါ ကီလိုနဲ့ ပေးမှာ ဆိုပြီး
ကျွန်နော် မနက် 6 နာရီကနေ တန်းစီတာ 2 နာရီမယ်
ဆီဆိုင်ထဲ ကရောက်ပါတယ် အရင်ထုတ်ထားတဲ့ ၉၀က
တပါတ်မပြည့်သေးလို့ ဆိုပြီး ဆီမပေးပါဘူး မနက်ဖြန်မှ
ပြန်တန်းခိုင်းပါတယ် ညီကိုတို့ သေချာ လေးလာပြီးမှ
ထုတ်တာ တန်းစီတာ လုပ်ကြဖို့ သတိပေးပါရစေဗျာ
အားလုံး အဆင်ပြေ ဘေးကင်းကြပါစေဗျာ
💬 23
👍 166
✨ 3
🔁 11
2026-05-27 2026
Grab စီး ဖို့ application
ဖွင့်တယ် ။ စည်းကမ်းချက်တွေ ရော ဖတ် ကြလားဗျ။ ဟိုဟာ မရလို့ ဒီဟာမရလို့။
ဟိုနားမရပ် ပေးလို့ ဒီနား မရပ်ပေးလို့။
ဟို နားလေးကို မပို့ပေးလို့ ဒီနားလေး အပို မပို့ ပေးလို့ နဲ့ ။
Grab ရဲ့ စည်းကမ်းချက်ထဲမှာ ပါနေရင်
ယာဉ်မောင်းဆုံးဖြတ် ချက်ဘဲ
တင်ချင်ရင် charges ပေါင်းဖို့ grab က ပြော လိုက်ပြီးသား ကြိုက်ရင် တင် မကြိုက်ရင် မတင် နဲ့ဘဲ။
ကင်း နိုင် တဲ့ လူတွေက ပိတ် ထား တယ်။ မကင်းနိုင်လို့ လိုက် နိုင် တဲ့ လူတွေက လာကြိုပေးတယ်။ စည်းကမ်း အတိုင်း လုပ် ရင် ဘာ အပို စကားမှ ပြောစရာကို မလိုတာ။ ခု က pin ခိုးရတာနဲ့
လမ်း မှာ ကြုံလို့ ရပ်ပေးပါ ဆို တဲ့ လူနဲ့။
ဆင်းမယ့် နေရာ ကို pin ခိုး တဲ့ လူနဲ့။
လူ ပို မရလို့ စိတ်ကောက် တဲ့ လူနဲ့။
အထုတ်များ လိူဘ မတင် ရင် စိတ်ဆိုးရတာနဲ့။ pet ပါ လို့ မတင် ရင် စိတ် ဆိုးရတာနဲ့။
K pay လက်မခံ လို့ မကျေ နပ် ရတာနဲ့။
နိုင်ငံတော်က တရားဝင် ခွင့်ပြု ထားတဲ့
Digital money လို့မပြောနဲ့ နော်
Grab တောင် CB bank နဲ့ဘဲ ချိတ် ထားတာ။
အဆင်မပြေရင်grab pay နဲ့ စီးလို့ရတယ်။
ခင်ဗျား တို့ application ထဲ စည်းကမ်း ချက်တွေ ဖတ်ကြည့် ဖူးလား။ ဝင်လာ တဲ့
Notification. တွေ ဝင်ဖတ်ဖူးလား။
ဖတ်မယ့် ပုံလဲ မပေါ် ပါဘူး
Promotion လောက် ဖြဲ ရှာနေလို့ ပြသနာတွေ တက် နေကြရတာ။