Grab Taxi group — post picker

0 posts selected · ~0 comments queued · review picks · export.json
💬 18   👍 98   ✨ 4   🔁 2 2026-01-15 2026
ဆောင်းတွင်းဘက် မနက်စောစောပိုင်း အပြင်လေလေးဒါလောက်အေးမြလတ်ဆတ်နေတာကို AC မဖွင့်ပေးလို့ဆိုပြီး Feedback လုပ်တတ်သော အောက်တန်းစားများသည် Grab ပလက်ဖောင်းဆီသို့ စုပြုံရောက်ရှိနေပါကြောင်း..
open on Facebook ↗
💬 18   👍 97   ✨ 3   🔁 8 2025-12-08 2025
မမှားသင့်တဲ့ အမှား မနက်က ကိုယ်က တာမွေ အိုးရှင်းအနီးမှာ ရှိနေတဲ့အချိန် ဂရက်ဝင်လာတယ်။ တာမွေ အဝိုင်းလေး ကွန်ဒိုကို သွားခေါ်ပြီး 31 ဂိတ် တောင်ဥက္ကလာကို ပို့ပေးရမယ်။ အဲဒါနဲ့ သွားခေါ်လိုက်တယ်။ ပင်ထောက်ထားတဲ့ နေရာရောက်တော့ ရောက်ရှိကြောင်း သတင်းပေးဖို့ free call နဲ့ ခေါ်တာ ဖုန်းမကိုင်ဘူး။ တအောက်လောက်ကြာတော့ ဖုန်းဆက်လာတယ် ရောက်ပြီလားတဲ့ ပင်ထောက်ထားတဲ့ နေရာမှာ ရောက်နေပြီဆိုတော့ သူက ရွှေဂုံတိုင် မီးပွိုင့်နားက အကယ်ဒမီမှာလို့ ပြောတယ်။ ကိုယ်က အဲဒါဆို နေရာမှားနေတယ် ကျနော်က တာမွေ အဝိုင်းလေးနားမှာဆိုတော့ ပင်ထောက်တာ မှားသွားလို့ဖြစ်မယ် cancel လိုက်ပါ့မယ်လို့ ပြန်ပြောပြီး cancel လုပ်သွားတယ်။ (ဒါတစ်ခု) နောက်တစ်ခုက ကိုယ်က တာမွေ အဝိုင်းထိပ်နားမှာ ခေါ်တာက ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ ပုလဲကွန်ဒိုက။ နည်းတဲ့ အကွာအဝေး မဟုတ်ဘူး။ သွားခေါ်ရမယ့်နေရာကိုက 5000 လောက်တန်တယ်။ ကိုယ်တိုင်ပဲ cancel လုပ်ပစ်လိုက်တယ်။ မကြာဘူး တန်ပြီး ဂရက်နောက်တစ်ကြောင်းဝင်လာတယ်။ ဒီတခါတော့ နတ်မောက်လမ်းပေါ်မှာရှိတဲ့ Myanmar Medical Council ကနေခေါ်တယ်။ သွားမှာက တာမွေအိုးရှင်းတဲ့။ ခဏနေတော့ ဖုန်းဝင်လာတယ်။ လာနေပြီလားတဲ့ ။ အစ်မ ကျွန်တော်က တာမွေအိုးရှင်းမှာ ဆိုတော့ အဲဒီအစ်မက "ဂရက်က အတော် ကျက်သရေ တုံးတာပဲတဲ့။ ဘယ်လို လုပ်နေမှန်း မသိဘူး စောစောကလဲ အဲဒီလိုပဲ ပြောင်းပြန်ဖြစ်နေလို့ cancel လုပ်ပေးလိုက်ရတယ်တဲ့။ ဘယ်လိုတွေ လုပ်နေမှန်း မသိဘူး" တဲ့။ ဟုတ်တယ်အစ်မ လို့ အဲဒီလို ဖြစ်နေတာ ဂရက်ကို ပြောသင့်တယ်လို့။ ဒါ မမှားသင့်တဲ့ အမှားပဲ လို့ ပြောပေးလိုက်တယ်။ ဆိုတော့ ဒီ အမှားက မတော်တဆ အမှားလား။ သိသိကြီးနဲ့ တမင် လုပ်တဲ့ အမှားလား။ ဒါကတော့ ခရီးစဉ် ချပေးတဲ့ ဂရက်က ဆရာ့ ဆရာကြီးတွေပဲ သိလိမ့်မယ်။ လက်တွေ့မှာတော့ ကားသမားတွေလည်း မတန်တဆ အဝေးကြီးတွေကို သွားခေါ်နေရတယ်။ ဂရက်က ကားဆရာတွေကို ပညာပြနေတာ များပြီ ကားဆရာတွေက ပညာပြန်ပြရင်တော့ .....
open on Facebook ↗
💬 18   👍 94   ✨ 2   🔁 7 2026-03-28 2026
ဆီက တလီတာကို 4975 ဆိုတော့ 1Km ကို 500 ကျပ်ပေါ့။(မောင်းစားမယ် ဆိုရင်ပြောပါတယ်ဒါတောင် တခြားစားရိတ် မထည့်ရသေးဘူး) တကယ်လို့ ရောင်းစားမယ် ဆို 700 လောက်တော့ ရတယ်။ ဘာလို့ ချဉ်ဖတ်ကို မောင်းနေကျသေးတာလဲ။1Km ကို 800/900 ပေးနေတာကို ဘာလို့ လက်ခံနေကျတာလဲ။တွေးတတ်ဖို့ပဲ ပြောချင်တာပါ ဆီထုတ်ရောင်းဖို့ ဆိုလိုနေခြင်းမဟုတ်ပါ။
open on Facebook ↗
💬 18   👍 90   ✨ 5   🔁 2 2026-05-28 2026
အနဲဆုံး၅၀၀၀တန်လောက်တော့လုပ်ပါဗျာ cancel ရတာလက်ညောင်းလာပြီ ငှားရမ်းမူ့များလို့ဈေးပိုရတာ‌တဲ့ဒါဆောင်🤣🤣🤣
open on Facebook ↗
💬 18   👍 88   ✨ 3   🔁 5 2026-04-07 2026
ရှိကြီးခိုးပါတယ် passenger တို့ရေ Grabရဲ့ ဆိုးမွေကို ၂ဦး၂ဖက်ခံမှ တရားရာရောက်လိမ့်မယ် ac လေးသည်းခံကြပါ ဆီရဖို့အရေး ၃နာရီလောက်အခြောက်ခံရလို့ပါ🥴😖 #အဲ့လိုဆို ပိုက်ဆံလျော့ယူ” လို့လည်းမပြောနဲ့ Grabပေးတာ 1km 1000 စွန်းစွန်းပဲ အမှန်က 1km 2000မှ ကားသမားဖက် တန်ရာတန်ကြေးပါ
open on Facebook ↗
💬 18   👍 87   ✨ 4   🔁 2 2026-02-18 2026
အောင်မဂ်လာ ဝင်းထဲမှာ Kilo ကားအဖွဲ့ကပဲ လူခေါ်လို့ရတာလားခင်ဗျ တခြား taxi ဆရာတွေ ဝင်ပြီးလူခေါ်လို့မရဘူးလား ခင်ဗျ ကီလို ဆိုပြီးတံဆိပ်ရိုက် shirt အဖြူတွေနဲ့ arrival zoneမှာ သူတို့အဖွဲ့ကပဲ ခေါ်နေတာတွေ့လို့ပါ
open on Facebook ↗
💬 18   👍 82   ✨ 3   🔁 4 2025-11-28 2025
ကားသမားအချင်းချင်းတင်တာတော့ မကောင်းပါဘူး မောင်းတဲ့ပုံစံက ရမ်းကားလွန်းလို့ပါ HH 4764 EV Taxi ဗရမ်းဘတာမောင်းနေတာကွာ ကြည့်တော့ ကိုယ့်အဖေအရွယ်ဖြစ်နေလို့ လျှော့ခဲ့ရတယ် သူလုပ်တာ တိုက်တော့မလို့ ကိုယ်အဆင်ပြေပြီးရော မမောင်းကြပါနဲ့ တစ်ဖက်သားအနှောက်အယှက်မဖြစ်အောင်မောင်းကြပါဗျာ ကျွန်တော်လဲ EV Taxi မောင်းသူပါဘဲ ဘာကားပဲ​မောင်းမောင်း ကိုယ်ချင်းစာစိတ်လေးထားပြီး မောင်းကြပါဗျာ ငွေရှာနေကြတဲ့လူတွေချည်းပါဘဲ ယူတတ်ရင်ကုသိုလ်ပါရပါတယ် လုယက်ပြီးလောဘဒေါသစိတ်တွေနဲ့ မမောင်းကြပါနဲ့ အားလုံးအဆင်ပြေကြပါစေ
open on Facebook ↗
💬 18   👍 77   ✨ 3   🔁 5 2026-03-27 2026
နံပါတ်အနက်တွေ Taxiနည်းတူ ၁နှစ်၁ခါ အခွန်ဆောင်ဖို့ လော်ကြစို့ကွာ
open on Facebook ↗
💬 18   👍 73   ✨ 2   🔁 0 2026-04-02 2026
လက်တားမှာ ၅၀၀၀အောက် မရှိတော့ဘူး... ခင်ဗျားတို့ Cupမှာရော?၅၀၀၀အောက် ရှိတုန်းလား?
open on Facebook ↗
💬 18   👍 66   ✨ 4   🔁 0 2026-01-26 2026
#Grab မှာ EV ကားသစ်တွေများရင် ပိုကောင်းမယ်။ခုရက်ပိုင်းဆို စိတ်ချမ်းသာတယ် ကားသစ်တွေ စီးခွင့်ရလို့ 🤝
open on Facebook ↗
💬 18   👍 62   ✨ 2   🔁 1 2025-12-19 2025
ဒီရက်ပိုင်း ၁ရက်ကို ၃ခါလောက်ကြုံရတာ ကားပေါ်ရောက်တာနဲ့ Aircon ပိတ်ပြီး မှန်ချပေးတဲ့ တချို့ဆို မပြောမဆိုနဲ့ နောက် မှာ မှန်ကို ခိုးချထားတာ Taxi Plus (Grab Plus) ကားဗျာ ဈေးသက်သာတယ်ဆိုပြီး Taxi (Grab Taxi) နဲ့ ခေါ်ပြီး ကားပေါ်ရောက် မှ လုပ်ချင်တာလုပ်မယ်ဆိုတာတွေ Aircon နဲ့ဆို ကားမူးလို့ ဆိုတာတွေက အဆိုးဆုံးပဲ Grab နဲ့ မောင်းတဲ့ ကားတွေက Aircon ဖွင့်ပြီး မှန်အလုံပိတ်ထားရတယ် ဆိုတာကို Grab Company အနေနဲ့လည်း Grab Application နဲ့ကားခေါ်ပြီး Grab နဲ့ စီးတဲ့ ခရီးသည်တိုင်းကို သိအောင် အကြောင်းကြားကြပါ ကားမူးလို့ အရက် မူးလို့ အန်ချင်ရင် အန်နိုင်အောင် ကြွပ်ကြွပ်အိတ် အဆင်သင့်ထားပေးထားတယ် Aircon ပိတ်ပြီး မှန်ချပြီး စီးမယ်ဆိုရင် ကားအတွင်းခန်း ဖုန်စုပ်ခ ထပ်တောင်းတော့မယ်
open on Facebook ↗
💬 18   👍 61   ✨ 2   🔁 4 2026-04-08 2026
Grab ရဲ့မလိမိ့တပတ်နဲ့march လတစ်လ လုံးDriver များကိုဂျင်းအတောင့်လိုက်ထည့်ခြင်း Help center ကို ရောချမဆိုးလို့သေချာသွားမေးထားတာပါ။
open on Facebook ↗
💬 18   👍 59   ✨ 2   🔁 2 2026-01-15 2026
ရန်ငြိမ်းအိမ်ယာထဲက pick up pin ထောက်ပြီး အဲ့နားကဈေးထဲလာခိုင်းတယ်။ ဟိုရောက်တော့ အားပါး😳😳😳 ခရမ်းချဉ်သီးသေတ္တာရော နာနတ်သီးတွေရော အသီးအရွက်ထည့်ထားတဲ့အိတ်တွေရော သွားမှာက ပုလဲကွန်ဒို ။ ဘယ်လောက်ရမယ်ကမပေါ်ဘူး။ ပစ္စည်းများလို့မလိုက်တော့ဘူးပြောတာ ဆန့်ပါတယ်တဲ့😁😁😁။ နောက်ကားပဲ ခေါ်လိုက်ပါလို့ ပြောပြီး cancel လိုက်ရတယ်။ အဲ့လို တွေ။
open on Facebook ↗
💬 18   👍 59   ✨ 1   🔁 1 2025-11-25 2025
Grab ကိုလေး‌ယောက်ပဲစီးရတာလားရှင့် ကလေးရောပါလို့ 5ယောက်ရော တင်ပေးလား
open on Facebook ↗
💬 18   👍 57   ✨ 3   🔁 0 2026-01-16 2026
Grabစီးပီးစျေးဆစ်တာမလျှော့လို့1starပေးသွားတဲ့otsတွေရှိတယ် ကြံုဖူးသွားပီ
open on Facebook ↗
💬 18   👍 53   ✨ 4   🔁 2 2026-02-02 2026
ဒီနေ့ ကျွန်နော် အဖြစ်ပျက်လေးပါ ဘာမှမဟုတ်ဘူးထင်ရပေမဲ့ အားနာလို့ပါ ညနေ လေးနာရီလောက်က လေးထောင့်ကန်လမ်းပေါ်ကနေ ဘုရားလမ်းထဲ အဝင်မှာ မီးနီဖြတ်ပြီး ဝင်လာတဲ့ ဆိုင်ကယ် ဖာမ ကိုစိတ်တိုပြီး ဟွန်းတီးတာ အဲဒီဖာမက ရှေ့ကနေ စောက်‌ချိုးမပြေလို့ ဟွန်းကို ဆက်တိုက်တီးလိုက်တော့ ရှေ့က ပရိုဘောက် အကိုက အချက်ပြပြီးဘေးကပ်ပေးတာ ဆဲတောင်ဆဲနေလားမသိဘူး ပြီးတော့ ကျွန်နော့်နောက်ကပဲ စံပြဆေးရုံထဲ ဝင်လာတာ မှန်ထဲ မြင်လိုက်ပါတယ် အကိုရေ ဆောရီးပါဗျာ အားနာမိပါတယ် ဆိုင်ကယ်ကို တီးတာပါဗျာ တောင်းပန်ပါတယ်လို့ တကယ်လို့များ ဒီစာလေးတွေ့မိရင် ဆောရီးပါ အနူးညွတ် တောင်ပန်ပါတယ်ဗျာ
open on Facebook ↗
💬 18   👍 53   ✨ 3   🔁 0 2026-04-15 2026
2kilကျော်လောက်ကို ၈၀၀၀ရရင်တော့ ကားဆရာတွေအသံတိတ်နေပြီးတော့🥺 ခရီးသည်လည်း ပြတဲ့စျေးပေးရတာပဲ သူတို့ဘာသာဝင်ဆွဲနေတဲ့ grab ကစျေးနည်းရင်တော့ ခရီးသည်ကိုတောသားပြောချင်တဲ့ အကျင့်လေးတွေလည်းအရင်ပြင်ကြပါဦး ရနေရင်တော့ ငြိမ်နေ နည်းပြီးဆို လောင်နေလိုက်တာ မြင်မကောင်း
open on Facebook ↗
💬 18   👍 54   ✨ 1   🔁 2 2026-02-05 2026
မြေပုံတွေ မြစ်ထဲရောက်နေတာဘယ်လိုလုပ်ရမလည်းဗျာ
open on Facebook ↗
💬 18   👍 52   ✨ 2   🔁 0 2026-02-21 2026
လက်တာ ကားသမားတွေစရိုက်ဆံဆံသမားတွေ grabထဲဝင်လာပြီးမှ ဒီပြသနာတွေဖစ်နေတာ ကိုယ်ပိုင်ကားသမားအများစုက grab ကိုကြိုက်တယ် လူရှာစရာမလိုဘူး တစ်ရောက်ဆင်းတစ်ရောက်တတ် မဆွဲချင်ပိတ်ထားရုံးပဲလေ အိမ်မှာအေးဆေးအနားယူတယ် လုံခြုံတယ် လူသန့်တယ် အန္တာရာယ်ကင်းတယ် လက်တာသမားတွေကျ အပြင်မှာ customer ကိုဂျင်းထည့်ရတဲ့ပုံစံတိုင်းဒီမှာလဲထည့်ချင်တာ မရတော့ပွဲခံကျတာပါ😆
open on Facebook ↗
💬 18   👍 47   ✨ 5   🔁 3 2026-01-12 2026
ဘယ် app မှမလိုဘူး ကိုယ့်အရည်အချင်းနဲ့ ကိုယ်ရှာတယ်ဆိုတဲ့ လက်ကြောမတင်းတဲ့ အောက်တန်းလက်တားတွေပေါ့
open on Facebook ↗
💬 18   👍 49   ✨ 3   🔁 1 2025-12-05 2025
ဘယ်လို 20%ယူတာလဲ
open on Facebook ↗
💬 18   👍 49   ✨ 1   🔁 2 2025-12-16 2025
Local app တစ်ခုခုကို Driverအကုန်လုံးရွေးချယ်ဆုံးဖြတ်ပီးတစ်ရက်ထဲ အကုန်အဲ့ဒီ့AppကိုOnlineဖွင့် Grabကိုပိတ်ထား လိုအပ်ရင်ရွေးချယ်ထားတဲ့Appကတာဝန်ရှိသူတေနဲ့သွားပီးစကားပြောမယ် ရွေးချားတဲ့ရက်ကို ခရီးသည်ရော Driverတေကိုပါ ဒီGPမှာ Announce လုပ် အဲ့လိုဆိုရင်ရော Loyar, Farry, Caca အဆင်ပြေရာတစ်ခုခုပေါ့
open on Facebook ↗
💬 18   👍 47   ✨ 2   🔁 1 2026-01-18 2026
ကဲ...Taxiစီးဖို့ ဈေးတွေကြီးမှာ စိတ်ပူနေလား??? လုံးဝမပူပါနဲ့ Cup Appလေးသာ အသုံးပြု အားပေးလိုက်ပါ။ Cup App မှ အတန်တကာ အတန်ဆုံးဈေးလေးများဖြင့် ဝန်ဆောင်မှုပေးနေပါပြီ... တနေ့တာ သွားစရာ လာစရာများရှိပါက အချိန်မရွေးCup App ဖွင့်ပြီး ဌားရမ်းနိုင်ပါပြီ... အောက်ပုံများကတော့ Cup Appနဲ့ဌားရင် သက်သာတဲ့ဈေးလေးတွေကို သက်သေနဲ့ပြထားပါတယ်။ လော်ချင်ရင် အဲ့လို လော်...သင်ပေးတာနော်...🤣🤣🤣
open on Facebook ↗
💬 18   👍 44   ✨ 4   🔁 3 2026-03-29 2026
Dankoဆီဆိုင်လှိုင်သာယာ1ထိပ်ငါးမန်းတံတားကဆိုင်မှာမနက်3နာရီစပြီးတန်းစီတယ်ကို့နံပါတ်က169နေ့လည်1နာရီကျတော့ဆိုင်ထဲလဲရောက်ရောQRလဲဖတ်တယ်ကျွန်တော့ကားကCNGတဲ့အဲဒါကြောင့်ထည့်လို့မရဘူးတဲ့ခါတိုင်းရက်ကလဲအဲ့ဒီဆီဆိုင်မှာပဲထည့်တာခုကျမှဖြစ်ရတယ်ကျွန်တော့်နောက်ဆုံးထည့်ခဲ့27ရက်ညနေ3နာရီမှာအဲ့ဒီနေ့က92မရလို့95/60000ဖိုးပေးလို့ရတာဖြည့်ခဲ့လိုက်တယ်QRမှာအဲ့ဒီအချက်တွေကလွဲနေတာတွေတွေ့ရပါတယ်ဘာပဲပြောပြောဆီမရှိတဲ့အပြင်အလုပ်ကရှုပ်သွားပြီကညနကိုသွားရအုံးမည်
open on Facebook ↗
💬 18   👍 46   ✨ 2   🔁 0 2026-01-02 2026
Grabဖွင့်ဖို့မျက်နှာကိုဓါတ်ပုံရိုက်တာရိုက်မရပဲappကမပွင့်ဘူးဖြစ်​နေလို့သိတဲ့သူများ​ပြောပြ​ပေးပါ
open on Facebook ↗
💬 18   👍 45   ✨ 2   🔁 0 2026-01-18 2026
နေ့လယ်က အပြင်သွားမို့ ထောက်မိတာ ဘာလို့ ပြည်လမ်းဘက်ကနေ ပတ်သွားတာလဲ အင်းစိန် လမ်းကနေ သွားလို့ရတာကို..... သိတဲ့ သူများ ပြောပြပါ
open on Facebook ↗
💬 18   👍 44   ✨ 2   🔁 0 2025-11-20 2025
Grab စျေးနည်းတာနဲ့ပက်သက်ပြီးအထက်ကိုတိုင်ကြားလိုမရဘူးလာ မသိလိုမေးကြည့်တာပါ
open on Facebook ↗
💬 18   👍 39   ✨ 3   🔁 0 2025-12-27 2025
Hello Grab နဲ့ တစ်နေကုန်ဆွဲရင် ပျမ်းမျှဘယ်လောက်ရကြလဲဗျ
open on Facebook ↗
💬 18   👍 37   ✨ 2   🔁 0 2025-12-07 2025
ဒီနေ့လက်တားစီးရတာ ပျော်ကြ ရဲ့လား😁
open on Facebook ↗
💬 18   👍 35   ✨ 2   🔁 1 2026-04-02 2026
Grap က နာနတ်တော ဂုံးနားကနေ Junction Sq ခရီး ၆၂၀၀ နဲ့ကားရှာတာ အကြာကြီးစောင့်ရ မရ ဘယ်ချိန်ထိမှနိးမသိ ကားမရ ရှာနေတာ Cancle တစ်ခါ နောက်တစ်ယောက်ဖုန်းနဲ့ရှာကြည့်မယ်ဆိုပြီး Cancle လိုက်တာ. မရတော့ ပြနိရှာ အကြာကြီးမရပြနိ ကားကိုမရတာနော် ကားရပြီးစောင့်တာမဟုတ် Cancle ဖြစ်အောင်တမင်များလုပ်နေလားမသ် တစ်ထောင် တစ်ထောင်နဲ့ ၈၉၀၀ နဲ့ကြ ကားတန်းရတယ် လုပ်စားနေကြတာ..ကားရလို့ Cancle လုပ်မှ ဖြတိပါလား ကားရှာနေတာဖြင့်မရဘူး အကြာကြီး ဘယ်ချိန်ရမယ်မသိ စောင့်ရမှာလား လက်တားစီးချင်လည်းစီးမှာပေါ့ ခေတိပျက်ကြီးမှာ အဲ့လောက်မငတ်ကြနဲ့လေ
open on Facebook ↗
« first ‹ prev   page 16 / 49 — 1459 posts match   next › last »