💬 17
👍 41
✨ 2
🔁 0
2026-05-19 2026
ကဲ ဒီနေ့တော့ Grab ဖျာတန်း မီးရှို့လို့ပြီးပါပြီ...
ဖျာသည်တွေ တုန်ဆင်းလာတာမြင်
မကောင်းဘူး...
အမှန်အကန် Professional ဘီးကျဲတွေက
လက်ပိုက်ပြီး ပြုံးပြုံးကြီး နဲ့
ဘုန်းကညာတပါး လုံးရာက ပြားကြသူတွေ ဝင်ဆဲတာ...
မနက်ကျရင် Grab လေးဖွင့်ပြီး မျှော်ကြဦးမယ်...
ရှက်ရှက်
💬 17
👍 39
✨ 3
🔁 2
2026-01-29 2026
Grab driver Taxi မောင်းတာ မကျွမ်းသလို လမ်း လဲ မကျွမ်းသူတေ များတယ် ပြော လိုက်ရင် ကို ပိုင်ကား ဘယ် နိုင်ငံမှာ ဘယ် လို နေခဲ့တာ ဘာ ညာ ငကြွား အိမ်မှာ အလုပ်ကိုင်မရှိ
💬 17
👍 40
✨ 2
🔁 0
2026-04-03 2026
grab ကလဲခုလိုခက်ခဲနေချိန်တောင်အရှုံးခံဖို့မပြောနဲ့ပိုပြီးတော့တောင်စျေးတွေကြီး ။ ခုလိုခက်ခဲချိန်မှာစျေးတွေမတရားတင်မဲ့အစား driver ဆိက ၁၀ % ဖြတ်ပါလား 25 % ဖြတမဲ့အစား ၊ ၊ အခုကမဟုတ်တော့ ဘူးသွားနေကြ ၉၀၀၀ တနခရီးက ၁၅၀၀၀ ဖြစ်လို့ဖြစ် ။ သု့ပေးတဲ့ကူပွန်ကလည်း not available ပဲပြနေတာ အဲဒေါ့မပေးနဲ့ပါလားအစကတည်းက။
💬 17
👍 37
✨ 1
🔁 0
2026-02-18 2026
အနီးဆုံး ရဲစခန်း ပဲ အပ်တော့မယ် ခဏခဏပစ္စည်းကျန်ခဲ့တိုင် 😔 ရုံးကိုသွားပို့ နေရတာ အစဥ်မပြေ ဘူ
💬 17
👍 35
✨ 1
🔁 0
2026-01-25 2026
မဂ်လာ အကို(ဆရာ)တို့ ခင်ဗျာ
သိချင်တာလေး ရှိလို့ပါ
Taxi လေး ဝယ်ဖို့ ရှိပါတယ်။
Grab နဲ့ ချိတ်ပြီး ဆွဲခြင်တာပါ
ကားအမျိုးအစား ရွေးလား သိချင်ပါတယ်။
အင်ဂျင်ပါဝါ /ကားပုံစံ
Ygn လိုင်စင်တွေပဲ ချိတ်ထားတာ တွေ့လို့ပါ။
ကျေးဇူးပြုရ်ျ ရှင်းပြပေးပါဦးနော် 🙏🏻🙏🏻🙏🏻
💬 17
👍 26
✨ 3
🔁 1
2026-02-12 2026
ဤ Group ထဲမှ စောင်တောသားစရိုက်ယာဉ်မောင်းမှန်းသိသာစေသောအချက်များ
၁။ မြန်မာစာစာလုံးပေါင်းသတ်ပုံမှန်အောင်မရေးတတ် မရေးနိုင်ခြင်း စာအရေးအသားအဆီအငေါ်မတည့်ခြင်း
၂။ ကိုယ်လုပ်သည့်လုပ်ငန်းအကြောင်းနားမလည်ခြင်း Service ပေးပြီးငွေယူသည့်အလုပ်လုပ်နေပြီး ခရီးသည်အား စော်ကားခြင်း
ဆန်ပေးမှ ဆီရသည်ဆိုသည့် စောက်ပေါစကားကို တွင်တွင်ကျယ်ကျယ်သုံးစွဲခြင်း
၃။ အဲကွန်းမနိုင်သည့်ကားစုတ်များကိုမောင်းနေပြီး ခရီးသည်ကို မင်းတို့တောမှာ မင်းတို့အိမ်မှာ အဲကွန်းနဲ့နေရလို့လားဆိုပြီး မဆီမဆိုင် ဖောင်းထုခြင်း
၄။ Grab နဲ့လည်း ကင်းအောင်မနေနိုင်ပဲ Grab ကိုလိုသုံးပဲဆိုပြီး အရှက်ပြေအော်ကာ Grab ခိုးဖွင့်ပြီး Grab Order များကို စောင့်မျှော်ခြင်း
၅။ စီးပွါးရေးမှာ ပိုက်ဆံရဖို့ အရင်းအနှီးလုပ်ရသည်ဆိုသည့် အခြေခံအချက်လေးတောင်သဘောမပေါက်ပဲ ငါ့ကားငါ့ဆီဆိုပြီး တလွဲအတ္တဖြင့်မဆီမဆိုင် ဂုဏ်ဆာခြင်း
၆။ ဘဝတူ တက်ဆီသမားအချင်းချင်း ခိုင်းနွားဘာညာ ပုတ်ခတ်ခြင်း
၇။ ဗဟုသုတအနည်းငယ်သာသိပြီး AI ကို ဘဝကြီးမှတ်ကာ AI ကိုလျှောက်မေးပြီး သူ့ကိုယ်သူသိလှပြီ ကြွယ်လှပြီ ထင်မှတ်ကာ ဂုဏ်ဆာခြင်း
၈။ ခရီးသည်မှ အဆင်မပြေသည့်အကြောင်း Post တင်သည့်အခါတွင်ဝယ် ခရီးသည်မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အောက်တွင် တညီတညာတည်း အဆီအငေါ်မတည့်သော အကြောင်းပြချက်များဖြင့် ဝိုင်းkite ကြခြင်း
၉။ ခရီးသည်ဖက်မှ အကြောင်းပြချက်ခိုင်ခိုင်လုံလုံဖြင့် ချက်ကျလက်ကျထောက်ပြလည်း Grab လော်ဘီဟုဇွတ်သမုတ်ခြင်း
အကောင့်မှန်သမျှအား Grab လော်ဘီဟုမဆီမဆိုင်သတ်မှတ်ခြင်း
၁၀။ ကိုယ်ပိုင်ကားစီးနိုင်သည့် ခရီးသည်အရေအတွက်တိုးလာလျှင် မိမိတို့ခရီးသည်ပိုရှာရခက်ပြီး ခွက်ပျောက်မည့်အဖြစ်ကို သဘောမပေါက်ပဲ ခရီးသည်အား ကိုယ်ပိုင်ကားမစီးနိုင်ဘူးဟု စော်ကားခြင်း
၁၁။ ခွက်ကို Cup ဟု English လို တိုက်ရိုက်ဘာသာပြန်ခြင်း
Cup = ဖလား (လက်ဖက်ရည်ခွက်လည်းရ)
သူတောင်းစားသုံးတဲ့ခွက် = bowl
မသိရင်တဖက်လှည့်နဲ့ Grab ကို ဖလားပေးနေကြတာလားပဲ :3
အထက်ပါအချက်တွေထဲပါနေရင် ဂုဏ်ယူလိုက်ပါ
ရင်ကော့ခေါင်းမော့ပြီး ငါဟေ့စရိုက်ဆိုပြီး ဂုဏ်ဆာနိုင်ပါပြီ
#ragebaiting
💬 17
👍 26
✨ 3
🔁 0
2026-02-18 2026
Grab ယာဉ်မောင်းတွေကိုမေးတာပါ
၁/ခရီးသည်တွေကိုကားမရှိလို့blameရအောင်မင်းတို့ကောင်တွေ၁၀ယောက်မှာ၅ယောက်ကားပိုင်လား
၂/ကားအကြောင်းနားမလည်ဖူးဆိုပီးအငိဂျင်ဝိုင်ဖိုးတာယာဖိုးတွက်ပြရအောင်မင်တို့တောင်ကိုယ်professional အလုပ်ကားနဲ့ပတ်သတ်တာကိုပဲဝပ်ရှော့ဆရာဖင်ချရင်ဆီစွတ်ပေးနေးတာပဲလေ
၃/ဒါကတော့အရေးကြီးတယ်ယောက်ျားတွေဆိုရင်grabကိုပါးစပ်ကနေတောင်မပြောပဲကင်းအောင်နေလိုက်ယောက်ျားမာနပေါ့ကွာယောက်ျားဆန်တဲ့ကောင်ချင်းမှငါပြောတာကိုနားလည်မှာဆဲတာကိုမှထိုးရဲကြိတ်ရဲမှယောက်ျားဆန်တယ်ထင်တဲ့ကောင်တွေကတော့အမေ့ရဲ့သွေးပါတယ်ပေါ့ကွာ
၄/လိုင်းပေါ်မှာဘယ်ဖာသည်ကမှဖာဂေါင်းနဲ့ဖောက်သည်ကိုစောက်တင်းတုပ်ဖို့groupဖွဲ့မထားဘူးမင်းတို့ထက်အဆင့်ရှိတယ်
၅/ခရီးသည်ကိုမပြောနဲ့ဦးကိုယ့်လောကသားချင်းတောင်စောက်ထာမထားထားပဲနဲ့မင်းတို့လူညီရင်grabကိုနိုင်ငံကမောင်
းထုတ်လို့ရတယ်
၆/serviceပေးတဲ့အလုပ်လုပ်ပီးမရိုင်းနဲ့ကိုယ်မှန်တယ်ထင်ရင်ရင်ဆိုင်ဖြေရှင်း
ရဲတာနဲ့ရိုင်းတာမတူဘူး
၇/ဝန်ထမ်းလေးတွေမိန်းခလေးတွေချာတိတ်တွေကိုကြဖြဲပီးလိုင်းကားသမားနဲ့
ကြ
အဲ့ကောင်တွေနဲ့တုမဖြစ်ဘူးဆိုပီး
ကြက်သီးတွေထနေတဲ့ကမကလတွေက်ုဒဲ့ရေးတာ
💬 17
👍 26
✨ 2
🔁 0
2026-02-19 2026
Grab taxi or any taxi
ဗိုလ်တထောင် ကနေ ရန်ကုန်လေဆိပ်ကို ဘယ်လောက်ကျလောက်မလဲဗျ
Taxi က မနက်အစောပိုင်း ၂ ခွဲ ၊ ၃ နာရီလောက် ဌားရင် ရနိုင်လားဗျ
အရေးကြီးလို့ အဆင်ပြေရင်ဖြေပေးကြပါဗျ 🙏🙏🙏🙏
💬 17
👍 22
✨ 4
🔁 1
2026-02-14 2026
စာအရှည်ကြီး ရေးပေးမယ်
မကျေနပ်ရင် ကျွန်တော်ရေးတာ မှားရင် Fact ကျကျနဲ့ ပြန်ပြောနိုင်တယ်
D= Driver
C=Customer
Ps=စာကြွင်း
Btw Point 300ပဲရှိတယ်ဆိုတာ ရှိတဲ့ 30000pts လုံးကိိုသုံးပစ်ထားတာ သုံးတုန်းကလဲ အဲ့ကားသမားအနေနဲ့ ဘာတစ်ခွန်းမှငြီးငြူတာမရှိဘူး
D: ကားကစျေးမကိုက်ဘူး မတန်ဘူး
C: စီးတဲ့သူကပေးထားတာ အပြည့်ပေးထားရတာ
အဲ့တော့ စီးတဲ့ သူကို ဘာမှ S ပစ်ပြောနေစရာကိုမလိုဘူး
D: % ပေးရတာ မောင်းတဲ့သူလေ ငါတို့ကိုခေါင်းပုံဖြတ်နေကြတာ
Fact: သူများ Apk သူများ Plaform သုံးနေသရွေ့ သူတို့ကိို Fee တစ်ခုအနေနဲ့ပြန်ပေးရမှာပဲ ဒါကို % မပေးချင်ရင် Grab မမောင်းနဲ့ဖျက်လိုက်
Ps: 20% များတာကိုတော့လက်ခံတယ် ဒါပေမဲ့ Grabစီးတဲ့သူနဲ့ ဒါကဘာမှကိုလုံးဝမသက်ဆိုင်တာ
D: အကြွေကို ခွေးလိုနွားလိုစောင့်ပြီးယူနေကြတဲ့ခရီးသည်တွေ ပလာပလာ
Fact: မောင်းတဲ့သူက အကြွေမရှိလို့ ပိုက်ဆံပြန်မယူခဲ့တဲ့ ခရီးသည်တွေရှိသလို ပိုက်ဆံပြန်မအမ်းချင်လို့ကို အကြွေးမရှိဘူးဆိုပြီး ပြောပြီး ယူနေတဲ့သူတွေရှိတယ်
စီးတဲ့သူက အကြွေးမပေးပဲသွားတဲ့သူရှိသလို
စီးတဲ့သူက ပိုပြီး 500ks 1000ks ပိုပေးသွားတဲ့သူတွေရှိတယ်
D: Ac ကဖွင့်စရာလား Lလား မင်းတို့အိမ်မှာတောင် Ac ရှိလို့လား
Fact: Grab မောင်းနေသရွေ့ Acဆိုတာဖွင့်ရမှာပဲ ကိုယ်မတတ်နိုင်ရင် မတတ်နိုင်ကြောင်းစီးတဲ့သူကိုယဥ်ယဥ်ကျေးကျေးပြောပြီး မှန်ချပေးထားရင် လက်မခံတဲ့ခရီးဆိုတာ 100မှာ 20ပဲရှိမယ်
Ps:အခုလိုနွေရာသီကြီးမှာ Ac မဖွင့်ချင်ဘူးဆိုရင် Grab Appကို ဖျက်ထား
D: ပစ္စည်းကျန်ခဲ့ပြီးပျောက်တာ ငါနဲ့ဘာဆိုင်လဲ မင်းတို့ဘာသာ စည်းကမ်းမရှိတာ ပလာပလာ
Fact: ကားဆင်းခါနီးရင် ပစ္စည်းကျန်ခဲ့မယ်ဆိုပြီး မှာပေးဖို့ လိုအပ်တာ (Me စီးတဲ့ကား 100မှာ 90အမြဲမှာတယ်)
ကျန်ခဲ့ရင်လည်း Grab ရုံးကိုဖုန်းဆက်ပြီးတဆင့်ပြန်ပေးတာ ကားသမားကိုယ်တိုင်လာပေးရင်လည်း စီးတဲ့သူဘက်က လာသည့်ခရီးအတိုင်း ကားခပြန်ပေးရန်
(ဒါက လူလူချင်းနားလည်မှုနဲ့ ရိုသေမှုကိုပြပြီးပေးတာ) အေး ကားခကို Lလိုနွားလိုတောင်းရင်တော့ ဆဲ ပြီးတာလွတ်အဲ့ကားသမား
D: စီးတဲ့သူကျ စျေးမြင်ရပြီးမောင်းတဲ့သူက စျေးမမြင်ရဘူး
Fact,C: ဒါကိုတော့ကျွန်တော့်အမြင်လက်ခံတယ် မောင်းတဲ့သူကိုပါ စျေးမြင်ရအောင်လုပ်ပေးသင့်တယ်
D: Kpay, Grab Pay လက်မခံ, Promo သုံးတယ်ဘာညာ
Fact, Kpay လက်မခံရင်ပြောခွင့်ရတယ် ဒါပေမဲ့ Grabpay နဲ့ Promo သုံးတာကို မောင်းတဲ့သူမှာပြောပိုင်
ခွင့်မရှိ အကုန်လုံးက Grab ဘက်က ပေးတာဖြစ်ပြီး မောင်းတဲ့သူက အိတ်စိုက်ထားရတာတခုမှမရှိဘူး
Promoရဲ့ကောင်းခြင်း: Grabpay ကိုတကူးတကထည့်စရာမလိုတော့
Promoရဲ့ဆိုးခြင်း: ပြန်ထုတ်လို့မရဘူး ဘာညာ နည်းတယ်ဘာညာ
ဒီကောင်းခြင်းဆိုးခြင်းနှစ်ခုလုံးကြည့်ရင် ပထမဆုံးဟာက Grab ကိုသေချာစိုက်စိုက်မြိုက်မြိုက်ဆွဲနေတဲ့သူ
ဒုတိယတယောက်ကတော့ လက်တားကနေ Grab ချိတ်ဆွဲတာ(or) Grab ကိုစျေးမတည့်ရင်လဲဆဲမယ်ဆိုမယ်ဆိုတဲ့ စရိုက် Driver မျိုး 100မှာ အယောက် 65ယောက်ရှိတယ်
D: ကားလက်ခံပြီးရင် ၅မိနစ် ၁၀မိနစ်စောင့်ပြီးမှသွား (or) ကားရောက်နေမှ အကျီဝတ်တာ ကားရောက်နေမှစောင့်နေရတယ်
Fact: ကားရောက်နေမှ စောင့်နေရတယ် ဆိုရင်စောင့်နေရတဲ့အတွက် Grab ကအပိုကြေးပေးတယ် ဒါကိုခင်ဗျားတို့က လက်ခံပြီး ၁၀မိနစ်မှထွက်မယ်ဆိုတော့ ဘာလို့ကားဆွဲစားနေမှာလဲ?
Ps: ကားရပ်လို့မရတဲ့နေရာဆိုရင်လက်ခံတယ် ကားရပ်လို့ရတဲ့နေရာဆိုရင် ဒါဟာ စီးတဲ့သူကိုပြောရမှာမဟုတ်ဘူး စောင့်ရတဲ့အလျောက် အပိုကြေး မောင်းတဲ့သူရတယ် ကျွန်တော် မနေ့က လူကြီးနေမကောင်းလို့ ဆေးခန်းပို့ဖို့အတွက် မိနစ် ၃၀ စောင့်ရတယ် ကား ၄ခါ ပြောင်းသွားတယ် အဲ့ထဲမှာ ကားသမားတယောက်ပဲ သူလမ်းကြောင်းမတည့်လို့ဆိုပြီးဖုန်းဆက်ပြီးကျေးဇူးပါဘာညာပြောတယ် ကျန်တဲ့ကောင်တွေအကုန် လက်ခံပြီးကားမရွေ့ မမောင်း တခြားကိုထွက်သွားတဲ့ကောင်တွေကြီးပဲ
ကိုယ်ကနောက်ကျမှ ထွက်တတ်တဲ့သူဆိုရင် ဝဋ်မလည်ပါစေနဲ့ဆုတောင်းပေးတယ်
စျေးနှုန်း
10000ks တန်ခရီးကို 20000ks လိုချင်လို့မရဘူး
5000ks တန်ခရီးကို 10000ks လိုချင်လို့မရဘူး
15000ks တန်ခရီးကို 25000ks 30000ks လိုချင်လို့မရဘူး
လက်တား: ကားကိုပတ်မောင်းနေရ လူများမယ်လူရှိမဲ့နေရာကိုပတ်မောင်းနေရ ခရီးသည်တွေ့ပြီ စျေးညှိ စျေးကိုက်လို့တင် (ခရီးသည် POV ကားက Ac မပါ စျေးနဲ့လိုက်ရအောင်ပူပြင်းနဲ့အဆင်မပြေ စျေးမတည့်)
Grab: Order တကြောင်းပြီးတကြောင်းတက်တယ်
Orderတခုသွားခေါ်ဖို့အတွက် သွားရတယ် ဝေးရင် ကိုယ့်မှာဖုန်းဆက်ပိုင်ခွင့်ရှိပြီး လာခေါ်ရမှာဝေးလို့အဆင်မပြေလို့ပြောလို့ရတယ် (ဒီထဲကကားသမားတွေတော့ဒါမျိုးမရှိဘူး ဝေးရင်ဆဲမယ်ဆိုမယ် ဒါကြောင့်လဲ အခုလိုတွေဖြစ်နေတာ)
Other Plaform: ကျွန်တော်တခြားဟာမစီးလို့မသိ Local တစ်ခုက App တခုဖွင့်တယ်ပြောတယ် Driver တွေနဲ့တည်နေရင် ကျေနပ်တယ် အဆင်ပြေတယ်ကြားနေရတာဝမ်းသာတယ် ဒါပေမဲ့ NRC ကိုပေးထားရတယ်ဆိုတာ Privacy ကိုချိုးဖောက်တာတခုပဲ အဲ့လိုမျိုးကနေ တခုခုပြဿနာ တတ်လာရင် ခရီးသည်ကခံရပြီး ကားသမားက အရင်းခံ နောက်မှ ထို့App ဘက်ကို ရောက်မှာ
Driver အတွက်: အခုလိုစျေးမတည့်တာတွေ စျေးကိုအဆမတန်လိုချင်နေရင်တော့ Grab မဆွဲပဲ ကိုယ်တိုင် အားကိုးပြီး လက်တားဆွဲ ဒီစာမြင်မြင်ချင်း appကိုဖျက်လိုက် ပြီးသွားပြီ
ခရီးသည်ပ္စည်းမကျန်အောင်သတိပေးခြင်း
Cuatomer အတွက်: ကိုယ့်အိမ်ရှေ့မှာ ကားရပ်စောင့်လို့ရတယ်ဆိုရင် ဘယ်ချိန်ခေါ်ခေါ်စောခေါ်လဲရတယ် ဒါပေမဲ့ လမ်းမ ဖြစ်နေရင်တော့အဆင်သင့်ဖြစ်မှခေါ် ဒါဆို အကုန်အပြီးအဆင်ပြေပြီ
ကိုယ့်ပစ္စည်းမကျန်စေဖို့စစ်ခြင်း
💬 17
👍 17
✨ 1
🔁 0
2025-11-19 2025
မေးချင်လို့ပါရှင့်
နက်ဖြန်ကြောင်သွားဝယ်မှာ အပြင်grabငှားရင် ကားပေါ်တင်လို့ရနိုင်သလားရှင့် Grabကလက်ခံသလားရှင့်
💬 16
👍 341
✨ 4
🔁 11
2026-03-25 2026
ဆီဆိုင်တွေဒုက္ခရောက်တဲ့အချိန်တိုင် Max ဆီအများစုကလက်မခါဘဲရောင်းချပေးလို့၊နောင်တချိန်ေခတ်ပြန်ကောင်းရင်၊ Max ဆီဆိုင်ပဲအားပေးကြပါစို့။
💬 16
👍 218
✨ 5
🔁 20
2026-04-15 2026
Grab ဆွဲလို့ကိုက်ရင် ကားသမားတွေ grab ပဲ ဆွဲကြမှာပါ သူ အော်ဒါ ရှာပေးနေတယ်လေ
ကားသမားလောက မှာ ဆီဖိုးရဲ့ သုံးဆ ဟာ ကားခလို့ သတ်မှတ်ပါတယ်
တစ်ပုံက ဆီဖိုး
တစ်ပုံက ကားပြင်ဆင်စရိတ်
တစ်ပုံက ကိုယ့်အတွက်ပါ
ကားတွေဟာ ပျမ်းမျှအားဖြင့် ဆီတလီတာ ရှစ်ကီလိုကနေ ဆယ်ကီလိုကြား ရပါတယ် aircon ဖွင့်ရင် မြို့တွင်းမှာ ဒီထက်ပိုကုန်နိုင်ပါတယ် ကားအများစုဟာ ယဉ်အိုယဉ်ဟောင်းတွေပါ အဲ့ဒီအတွက် ဆီပိုစားနိုင်ပါတယ်
grab က တစ်ကီလို တထောင်ဝန်းကျင်ပေးတဲ့အခါမှာ - ပို့ရတာဆယ်ကီလိုကို ကြိုရတာနဲ့ဆို ဆယ်နှစ်ကီလိုလောက်သွားပါတယ် ဒါကို အိမ်ပေါ်က ချက်ချင်းမဆင်းလာဖူးဆို ဆီက ထပ်ကုန်နိုင်ပါတယ်
တွက်ကြည့်ပါ
ဆယ်နှစ်ကီလိုဆို ဆီတလီတာ မကပါဘူး ခုပေါက်ဈေး ငါးထောင်ကျော်နဲ့ဆို
တစ်ကီလို တစ်ထောင်
ဆယ်ကီလို တသောင်း ရတဲ့အခါ နှစ်ပုံတောင် ပြည့်အောင်မရချင်တော့ပါဘူး ကားပြင်ဆင်စရိတ်တွေ ကြီးနေတဲ့ချိန် အုံနာခကြီးမြင့်နေတဲ့ချိန် ကားသမားအတွက်မကျန်တော့ပါဘူး တစ်ကီလို ကိုးရာလောက်ေတာင်ပေးတဲ့အကြောင်းတွေ ကျွန်တော် ခုချင်ချင်းတောင် ချပြနိုင်ပါတယ် မယုံရင် ခုပို့စ်အောက်မှာ တခြားကားသမားတွေ ကို ပြခိုင်းရင်တောင် သူတို့ဆီမှာ အစီအရီနဲ့ကို ရှိနေပါတယ်
ခုလို ခရီးသည်တွေနဲ့ ပြဿနာတက်ရတာ grab ရဲ့ မမျှတတဲ့ စနစ်ကြောင့်ပါ cancel ရင် ခရီးသည်ဘက်က တထောင်ဖြတ်ပါတယ် ကားသမားက မရပါဘူး ငါးမိနစ်စောင့်နေမှ ဒါတောင်ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ပြီးမှ ရပါတယ်
မဟုတ်ရင် Grab ပဲ ယူတာပါ
ကားသမားတွေမှာလည်း cancel ခွင့်အလွယ်တကူ ရှိမနေပါဘူး အမှန်က အလုပ်တခုလုပ်တဲ့အခါမှာ ကြိုက်ရင်လိုက် မကြိုက်ရင် မလိုက်ခွင့်ရရပါမယ် ခရီးသည်များလို တန်းတူ ရရပါ့မယ် ခရီးတခုကို ဈေးကြည့်ပြီးမှ စီးမယ်မစီးဘူး ဆုံးဖြတ်ကြတယိမလား ကားသမားတွေမှာလည်း အဲလို ဆုံးဖြတ်ခွင့်ရှိမေနတာပါ
ရှိနေရင် ခုလို ပြဿနာမဖြစ်တော့ပါဘူး ကားသမားက သူများဒုက္ခရောက်စေချင်သူမဟုတ်ပါဘူး ခရီးသည်တွေလည်း ထို့အတူဖြစ်မှာပါ
Grab က သာ ဈေးပြပြီး ကားသမားကို လိုက်မလိုက် ရွေးချယ်ခွင့်ပေးထားရင် ကားသမားက accept လုပ်မယ် မလုပ်ဘူး စဉ်းစားခွင့်ရမှာပါ အဲဒီအခါမှာ ကားသမားက cancel မယ်ဆိုရင် ခရီးသည်လည်း မစောင့်ရတော့ပါဘူး လက်ခံပြီးမှ မလာရင် သူ့အပြစ်ပါ
ခုတော့ သူတောင် မသ်ိလိုက်ဘဲ auto accept လုပ်သွားတာကို သူမလိုက်ချင်တဲ့ခါ ခင်ဗျားတို့ ပုံတင်ပြီး အရှက်ခွဲချင်ကြတယ်
ကားသမားတွေမှာလည်း မိသားစု တာဝန်တွေ အုံနာခတွေ ရှိပါတယ် အော်ဒါရလေ ပျော်လေပါပဲ အဲဒါကို အော်ဒါရရဲ့သားနဲ့ မပျော်မရွှင်မောင်းနေတယ် မလာဘဲနေတယ်ဆိုတာ သူတကယ်ကို မလိုက်နိုင်တဲ့ဈေးဖြစ်နေလို့ပါ
ကားသမားဟာ အော်ဒါရချင်ပါတယ် ရချင်လို့လည်း သူ့ကို နှစ်ဆယ်ရာနှုန်းပေးထားတာပါ အဲလိုပေးထားတာယူပြီး ကျွန်တော်တို့ အဆင်ပြေအောင် လုပ်ပေးမထားတာ ကြာပါပီ နှစ်နဲ့တောင်ချီနေပါပီ
ဒါကို ကျွန်တော်တို့ အခုရက်ပိုင်း ပိတ်ထားကြပါတယ် နောင်လည်း ဆက်ပိတ်ထားကြမှာပါ ဈေးကွက်က ဈေးကို သတ်မှတ်မှာပါ ရန်ကုန်မြို့မှာ ကားတွေအများကြီးပါ ခင်ဗျားတို့အတွက် grab မရှိလည်း ကားတွေဌားလို့ရပါတယ်
Grab ရယ် ကီလိုရယ် လက်တားရယ်ပဲရှိတာပါ ကျွန်တော်တို့ ကတော့ grab အတွက်မဆွဲပေးနိုင်တော့ပါဘူး ဆွဲရင်လည်း ကိုက်မယ့်အကြောင်းပဲ ဆွဲတော့မှာပါ
ကျွန်တော်တို့မှာလည်း ဘဝတွေရှိပါတယ် နေ့စဉ် စိတ်မပျော်ဘဲ လုပ်နေရမယ် တန်ရာတန်ကြေး မရဘူးခံစားရရင် မလိုက်ခွင့်ရှိရပါ့မယ်
တကယ်တော့ ကားမလာလို့ ပုံတွေတင်ပြီး အရှက်ခွဲတာကလည်း ဥပဒေနဲ့ မညီပါဘူး အခန့်မသင့်ရင် တရားစွဲခံရနိုင်ပါတယ် အဆင်မပြေမှုတွေကို ဖြေရှင်းတဲ့ လမ်းကြောင်းမှန်မဟုတ်ပါဘူး anonymous participant အနေနဲ့ တင်စေအုံး ကားသမားတွေရဲ့ grab driver software မှာ trip Id ရှိပါတယ် ပြန်ရှာရင် ဘယ်သူဆိုတာ သိနိုင်ပါတယ် ဥပဒေကြောင်းအရလည်း လုပ်ပိုင်ခွင့်ရှိပါတယ်
ဒါမျိုး ဘယ်သူ့ဘက်ကိုမှ မဖြစ်စေချင်ပါဘူး
အဆင်မပြေမှုတွေကြားမှာ ဖြတ်သန်းနေကြသူချင်းအတူတူ ဘယ်သူမှ အပိုဒုက္ခမရောက်တာကောင်းပါတယ်
ရှေ့လျှောက်လည်း မကိုက်ရင် ပိတ်ထားကြမှာပါ ကိုက်တဲ့ချိန် ကိုက်တဲ့ လမ်းကြောင်းပဲ ဆွဲကြမှာပါ ကားသမားတွေရင်မှာလည်း ဒဏ်ရာကိုယ်စီပါ ဈေးနည်းတဲ့ခရီးစဉ်တွေကို သည်းခံဆွဲပေးတာတောင် မကောင်းတဲ့ခရီးသည်အနည်းစုရဲ့ဒဏ်ကိုလည်း ခါးစည်းခံခဲ့ရပြီးပါပြီ
စီးနင်းသူတွေက တရက်အများဆုံးစီးမှ ဆယ်ကြောင်းပေါ့ driver တွေက အကြောင်းနှစ်ဆယ်ကျော် သုံးဆယ်ကြား တလဆို ငါးရာပတ်ဝန်းကျင်လောက် ဆွဲရတာပါ အဆင်မပြေမှုကို မကြာခဏခံရပါတယ်
ကားရောက်နေရင် တောင် အိမ်ပေါ်ကဆင်းမလာသေးတာ
ရပ်လို့မရတဲ့ လမ်းမှာ စောင့်ခိုင်းလို့ ပြန်ပတ်လာရတာ
pin လျော့ထောက်တာ
Pin မှားတာ
လူပိုတင်တာ
ပစ္စည်းပိုတင်တာ
တိရိစာ္ဆန်ကို ကြိုမပြောဘဲ တင်တာ
အများကြီးမှ အများကြီးပါ နေ့စဉ်ကြုံတွေ့နေရတာ
ကောင်းတဲ့ခရီးသည်တွေလည်း ရှိပါတယ်
ဒါကြောင့် ခုကစပြီး
နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ကျွန်တော်တို့ ပိတ်ထားပါ့မယ်
တကြောင်းတလေ ဝင်ဆွဲမယ်ဆိုရင်တောင် မကိုက်ရင် ကျွန်တော်တို့ဘက်ကပဲ cancel ပါ့မယ်
ရှေ့လျှောက် ကျွန်တော်တို့ကို ကြုံးသွင်းပြီး မလှုပ်နိုင်ချိန်မှ ခုလို ပြဿနာတွေဖြစ်စေတဲ့ စနစ်မျိုးကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့ပါဘူး
ယှဉ်စရာပေါ်လာတဲ့ခါ ကျွန်တော်တို့ ခုလိုခံခဲ့ရတာကို အမြဲအမှတ်ရနေမှာပါ
Grab help center ကနေ ကားသမားထောင်ပေါင်းများစွာဟာ တင်ပြပြီးခဲ့ပါပီ လုံးဝကိုအရေးမစိုက်ခဲ့လို့ ဘာမှဖြစ်မလာလို့ ခုလိုကိစ္စတွေ ဖြစ်လာတာပါ
ကျွန်တော်တို့ ဘယ်တော့မှ မမေ့ပါဘူး ဒီစနစ်ကြီးက ပေးတဲ့ ဒဏ်ရာဒဏ်ချက်တွေကို
💬 16
👍 180
✨ 3
🔁 7
2026-02-06 2026
ကားဆရာများ...အတတ်နိုင်ဆုံး
သည်းခံပါ။စည်းကမ်းအတိုင်း မောင်းနှင်ပါ။
ဘောင်ကျော်လာရင် သည်းမခံနဲ့။
ဒီနေ့ဒီgpမှာမြင်လိုက်ရတဲ့postတခု
ကားဌားသူကအရမ်းလူပါး၀တယ်လို့ခံစားမိတယ်။
Grab ဌားစီးတာ သူအိမ်ကdriverလိုဆက်ဆံပြောဆိုနေတာ မြင်နေရတယ်။
မိသားစုအတွက် ကိုယ့်ပညာနဲ့ကိုယ်မောင်းစားနေတာ...ခရီးသယ်က ကားခေါ်တဲ့နေရာက ဖြူနီကျားမှန်းမသိ ယာဉ်မရပ်ရနေရာလားမသိ။
ကားရပ်ဖို့ခက်ခဲတဲ့လမ်းကျဉ်းမှန်းမသိ ဈေးလမ်းမှန်းမသိ သူတို့ဖြစ်ချင်တာ သူတို့အဆင်ပြေဖို့တခုထဲတွေးပြီးလုပ်တဲ့သူတချို့ရှိတယ်။အကုန်လုံးမဆိုလိုဘူး။ ဘာတဲ့5မိနစ်စောင့်ရမဲ့တာ၀န်ရှိတယ်ဆိုပဲ။...ကိုယ်ချင်းမစာ ပြောရက်တာ။
ကားသမားအပေါင်းတို့ သည်းခံပါ စိတ်ရှည်ပါ။
ခေတ်မကောင်းလို့grabမှာသည်းခံပြီးလုပ်နေတာလည်းသိပါတယ်။ ထပ်ပြီးသည်းခံစိတ်မွေးပါ။
ဘောင်ကျော်လာရင် ပြန်ကစ်ပါ သည်းမခံပါနဲ့။
**၀န်ဆောင်မူ့ပေးတဲ့လုပ်ငန်းတော့မှန်တယ်။
..လူပါး၀တဲ့အထိ ၀န်ဆောင်မူ့မလိုချင်နဲ့..
ဒဲ့ပြောတာ...🤮ထွီ...otsတချို့သိဖို့
💬 16
👍 160
✨ 6
🔁 22
2025-12-31 2025
EE/3005
ပြောချင်တာသာပြောခဲ့တော့။
နောက်ကမျက်လုံးတွေတောင်ပြာတယ်။
မီးပွိုင့်မိနေတော့အဲ့ဒါတနေကုန်ထိုင်ကြည့်နေရတာ။
ဒီဂရုထဲ ပီကယ်တွေပါရင်လဲအဲ့ကားကိုဖမ်းပီးသူ့ကိုတနာရီလောက်ထိုင်ကြည့်ခိုင်းပေးပါဗျာ။
💬 16
👍 150
✨ 4
🔁 7
2025-11-28 2025
Grabက ခရီးသည်ရဲ့ ပုံတွေကို ယာဉ်မောင်းဆီမှာလဲ ပြထားပေးသင့်တယ်။ safe ဖြစ်အောင်လို့လဲပါတယ်။ မဟုတ်ရင် Taxiမောင်းသူတွေချည်း ခံရတာများနေပြီ။
ကားပေါ် အမှိုက်ပစ်၊ တံခါးဆောင့်ပိတ်၊ အဝေးကလာခေါ်ရတဲ့ကားကိုမှအားမနာ ကားရောက်ခါနီးမှ ကန်ဆယ်လုပ်။ ဖြူနီကြား လမ်းဆုံလမ်းခွ ယာဉ်ကြောပိတ်တဲ့နေရာမှာ ကြိုမစောင့်၊ လူပိုတင်၊ တစ်ယောက်ဆင်းချင်လို့ ဟိုနားရပ်ပေး ဒီနားရပ်ပေး အဲ့လိုစည်းကမ်းမရှိ မိမဆုံးမ ဖမဆုံးမ ခရီးသည်တွေကြ သူတို့ပုံတင်ပြီး ဖောင်းထုလို့မရဘူး။
ကိုယ်တွေယာဉ်မောင်းပုံတွေကြ ခရီးသည်တစ်ချို့က anonymous တွေနဲ့တင်ကြတယ်။ ဖက်ခွက်စား တစ်ဖက်ပိတ် အောက်တန်းစားတွေ။
Grab ကဘာမှမလုပ်ပေးလဲကားနောက်ခန်းကိုချိန်ထားတဲ့ ကင်မရာတပ်ရမယ်။ အဲ့ဒါမှ ဖက်ခွက်စား စွာစိလန်မျက်နှာတွေကို မှတ်တမ်းတင်ပြီးသားဖြစ်မှာ 🙂 ပြီးရင်သူတို့လုပ်သလို group တွေထဲ အရှက်လိုက်ခွဲပေးရမယ်။
💬 16
👍 133
✨ 6
🔁 4
2025-11-21 2025
ဆူလေအနော်ရထာ မီးပွိုင့် ညာဘက်ယာဉ်ကျော တန်းစီနေတာ grab အော်ဒါဝင်လာတယ် ဘယ်ဘက်ကွေ့ခေါ်ရမှာ ဘယ်လိုမှကွေ့မရဘူး ဒါနဲပဲရှေ့ဆက်မောင်း ရွှေဘုံသာမီးပွိုင်ကနေ ဗန္ဓုလလမ်းပတ်ပြီးဆူလေကားမှတ်တိုင်သွားခေါ်တာ ခရီးသည်ချက်ချင်းမတွေ့လို့ freeခေါ်တာ လာမယ်ခဏစောင့်တဲ့ ကားမှတ်တိုင်ကားအကြာကြီးရမရဘူး Cancelလုပ်ဖို့က ငါးမိနစ်စောင့်ရမယ် ရဲလာလို့ဖမ်းရင် ကုန်ဦးမယ် ဒီတိုင်းပဲ cancel လုပ်လိုက်ရတယ် ခရီးသည်တွေကို အစဉ်သင့်ဖြစ်မှ ကားခေါ်ရ စာပို့ မှာထားသင့်တယ် ကားသမာပဲ အပြစ် ကားဆရာပဲ အမှားအဲလိုမဖြစ်သင့်ဘူး။cancel လုပ်တော့ ဘန်းတယ် ညီမျှလား ပြောရင်မကုန်ဘူး ဒါပဲ။
💬 16
👍 130
✨ 4
🔁 10
2026-02-08 2026
Grab ဆိုတဲ့အတိုင်းတော်တော်ဂရက်ထနေလို့ကျွန်တော်ပြောပါမယ်။Grab နဲ့နှစ်ပေါင်းများစွာလုပ်လာတဲ့ဆရာကြီးတွေဘယ်ရောက်ကုန်ကြပြီလဲ။အထူးသဖြင့် ဒီဂရုထဲမှာကားသမားမကောင်းတာ။စိတ်မရှည်တာ။ကားစောင့်ရကြာတာ။အထုပ်မ မပေးလို့ ။ပြုံးပြမနှုတ်ဆက်လို့။အကြွေပြန်မအမ်းလို့။ပင်ထောက်တဲ့နေရာမရပ်လို့။တဘက်ယဉ်ကြောကိုမကွေ့ပေးလို့နဲ့များလှစွာသော အကြောင်းပြချက်တွေနဲ့ကားသမားတွေကိုသောက်ပြစ်ပြောတယ်။
Grab founder တွေကိုပါတခါထဲပြောပြပါမယ်။
1. Appကိုလူတိုင်းအလွယ်တကူသုံးလို့ရအောင်လုပ်မယ်ဆိုရင် သုံးစွဲသူတွေအတွက် သေချာတိကျအဆင့်တန်းရှိစေမဲ့ စည်းကမ်းချက်တွေတောင်းပါ။
2.ယာဉ်မောင်းတွေကို online training ပေးသလိုစီးနင်းသူတွေကိုလဲတင်းကြပ်စွာသင်ပြပါ။
3.လွယ်လွယ် appကိုသုံးလို့ရတိုင်း ငါတို့ကငွေပေးငှားတာ ဆ်ုတဲ့ခပ်ညံ့ညံ့အတွေတွေနဲ့ grab ကိုအသုံးမပြုနိုင်အောင် grab ဆိုတဲ့ဂုဏ်ပုဒ်ကြီးကိုfounderတွေထိန်းသိမ်းပါ။
4.Grab သုံစွဲမည့် မြို့ပြအထည်ကြီးပျက်တွေနဲ့ VVIP တာဇံတွေ စည်းကမ်းသဘောတရား grabနဲ့ယာဉ်မောင်းတို့အကြားက ကွန်ယက် ဘယ်လိုလဲ သေချာသိမှ ယာဉ်မောင်းတွေကို သောက်ပစ်ပြောပါ။
5.ငါတို့ grab app နဲ့ချိတ်ဆက်မောင်းတယ်ဆိုတာရဲ့အခြေခံအချက်က လမ်းပေါ်မှာကားဌားစီးကတဲ့ကောင်တွေနဲ့လေကုန်ခံ အာရုံနောက်မခံ ငွေရေးကြေးရေးအကြောင်းမပြောချင်လို့ grap ကိုချိတ်သုံးတာ။
6. ကျွန်တော်တို့ grab driverအများစုဟာ ဝန်ထမ်းတွေပါသလို အရာရှိဟောင်းတွေ ပညာတတ်တွေ အများကြီး ကားတစ်စီးသိန်ထောင်ဂဏန်းပေးပြီး grab နဲ့ချိတ်မောင်းတာဟာ ငါတို့မြန်မာလူမျိုးကိုချစ်လို့ သူများနိုင်ငံတွေလို တန်းတူလုပ်နိုင်တယ်ဆိုတာပြချင်လို့။ ဘူမသိ ကိုးမသိကောင်တွေ မဟုတ်ဘူး။
7. စီးနင်းသူတွေ အဆင့်တန်းရှိသလို ယာဉ်မောင်းတွေဟာလဲအဆင့်တန်းရှိတဲ့သူတွေအများကြီးပါ။
8.နောက်ဆုံအနေနဲ့ ပြောပြချင်တာက grab ကိုအကျိုးအမြတ်ယူတည်ထောင်ထားသူများခင်ဗျာ
နေ့တဓူဝပြသနာပေါင်းများစွာတက်နေတဲ့ ဆရာတို့ရဲ့ app နဲ့စည်းကမ်းချက်တွေကိုပြင်နိုင်အောင်ကြိုးစားပေးပါလို့အကြံပြုပရစေ။
လိုအပ်တဲ့ အကူညီအခက်ခဲရှိတယ်ဆိုရင်လည်းကူညီဖို့အဆင်သင့်ပါ။
ယာဉ်မောင်းများနဲ့ ယာဉ်စီးနင်းသူများဘေးရန်ကင်းပြီးစိတ်ချမ်းသာစွာဖြင့် ကိုယ့်လူမျိုးတူအချင်းချင်း စာနာရိုင်းပင်း နားလည်ခွင့်လွတ်နိုင်ကြပါစေဗျာ။
💬 16
👍 128
✨ 2
🔁 7
2026-05-20 2026
ပစ္စည်း ပို့ အော်ဒါ လက်မခံပါနဲ့
လူမပါပဲ
Kpay လုံးဝလက်မခံပါနဲ့
လွှဲတဲ့သူက တခုခု နဲ့ ငြိရင် ကိုယ့်accပါထိပါတယ်
လူငါးယောက် လုံးဝ မတင်ပါနဲ့
ရဲဖမ်းရင် ကိုယ်ပဲပေးရတာပါ
💬 16
👍 113
✨ 4
🔁 11
2025-12-22 2025
မန်းလေးမှာ သိန်း ၂၀၀ မပြည့်တဲ့ အိုးဝေက တစ်ကီလို ၁၂၅၀ ရပြီး
ရန်ကုန်မှာ သိန်း ၅၀၀ အထက် taxi က
တစ်ကီလို ၉၀၀ စွန်းစွန်းမောင်းနေတဲ့ အဖြစ်ကို
တွေးမိသောအခါ 😂😂😂😂
💬 16
👍 113
✨ 3
🔁 15
2025-11-17 2025
Grab မောင်းတဲ့သူလည်း မှားတယ်။ စီးတဲ့သူလည်းမှားတယ်။ အဲ့ကြားထဲမှာ မှန်နေတာက Garb ။ သူ့ဘာသူ Driver နဲ့ Passenger ပြသာနာဘယ်လောက်တက်တက် လာထား ၂၀% + ကူးတို့ခ ၁၀၀ကျပ် + ++ ။ ဘယ်လောက်မှန်လိုက်သလဲ။ ဘာပဲဖြစ်ဖြစ်သူ့စောက်လုပ်မဟုတ်။ တာ၀န်ယူမှု့ တာ၀န်ခံမှု မရှိ။ ဘယ်မှာလည်း hotline Phone ? ။ပြသာနာ ဖြစ်ရင် format ချထားတဲ့ (သူတို့အခေါ် AI) အမေးအဖြေနဲ့တင်ပီးသွားတယ်။ ဒါကို တောင်မောင်းနေ စီးနေကြတဲ့သူတွေကို Amazing ပဲ။ ဈေးသက်သာတယ် (စီးသူ) ၊ လုံခြုံတယ် (စီးသူ/မောင်းသူ) ၊၊ ဒါပေမယ့် နှစ်ဖက်လုံးကို ဂုတ်ခွစီးခံထားရတာကို မသိကျဖူး။ စိတ်ချမ်းချမ်းသာသာနဲ့ လိုရာခရီးရောက်ချင်ရင် ၊ မောင်းချင်ရင် (ယနေ့မှစ၍ #Grab မမောင်းပါနဲ့၊မစီးပါနဲ့။) အကုသိုလ် ဒေါသ ကင်းဝေးပီး လိုရာခရီး ချောမွေ့စွာရောက်ရှိပါလိမ့်မယ်။
ဘာတဲ့တုန်း ပရိတ်သတ်ကြီး !
#Grab ကင်းဝေး ၊ သောကဘေး
ဒေါသမရှိ ၊ အမုန်းနတ္ထိ
ချမ်းသာသုခ ၊ လက်ငင်းရ
ခရီးသည်ပြုံး ၊ မောင်းသူပျော်
စိတ်ချမ်းသာမှာ မုချနော်။
💬 16
👍 106
✨ 5
🔁 22
2025-11-15 2025
12/11/25 ည 8/9 နာရီဝန့်ကျင် Grab. ယာဥ်တစ်ဦးထဲကို Grab. ခရီးသည် သူရဲကောင်း ၄ ဦးက မြောက်ဥက္ကာ မြို့နယ်တွင် သူရဲကောင်း လေးဦးက လူမိုက်ဆန်ဆန်း ချုပ်ပြီး ဝန်ထိုးကျတယ်တဲ့ ဗျာ Grab ယာဥ်မောင်းတွေ လဲစိုးရင်ရပြီး
💬 16
👍 105
✨ 3
🔁 11
2026-04-03 2026
ဆီရှားရတဲ့အထဲ
နံပါတ်အနက်နဲ့ ငတ်တဲ့ကောင်တွေက
ရှိသေးတယ်နော်။
မဥက္ကလာ OSC ကနေ တောင်ဥက္ကလာ
တကောင်းလမ်းထဲကို ၁၂၀၀၀ တောင်းတာများလို့တဲ့။
သွားနေကျ ၈၀၀၀ ၊
ဒီနေ့ ဆီစျေးကျတယ်တဲ့။
နောက်က ၃ ၄ စီးနဲ့လည်း မတည့်ဘူး။
နံပါတ်အနက်တစီးလာတော့ စျေးညှိပြီး
တက်သွားလေရဲ့။
💬 16
👍 99
✨ 3
🔁 4
2025-11-10 2025
ဦးထွန်းလင်း
ထန်းတပင်
မယ်ဇီကုန်း
ဦးချို
သိရိမင်္ဂလာလမ်းသွယ်
သုခမြိုင်
လိူင် မြို့ နယ် နဲ့ ကမာရွတ် ထဲက အဲ့ နံမည်ပေါ်တာနဲ့ so sorry ပဲ cancel တန်းနှိပ်တာပဲ
💬 16
👍 96
✨ 4
🔁 2
2025-12-31 2025
ဈေးဦးပေါက် 100000 ဘယ်မှမသွားရသေးပဲ ရတတ်တယ် 😍😍😍😍
💬 16
👍 93
✨ 1
🔁 5
2026-01-10 2026
ခင်ဗျား တို့
တစ်ယောက်တစ်ပေါက် ပြောနေကျမယ့်အစား
ကားသမားတွေ စုလိုက် ပီးရင် gရုံးကိုသွား
အဆင်မပြေမှုတွေကို ပြောပြပီး
ဘယ်လိုဆောင်ရွက်ပေးမလည်းဆိုပီး
အဖြေထုတ်ရမှာ
ခင်ဗျားတို့အရင် တစ်စည်းထဲဖြစ်အောင်လုပ်
အဲ့ဆို သူများ ချိူးဖို့ခက်သွားလိမ့်မယ်
ခင်ဗျားတို့သာ စည်းလုံးပါစေ
G က သူ့ ထမင်းလုပ် ကိုအပျောက်မခံဘူး
နားလည်ဖို့
ခင်ဗျားတို့က Main နေရာက ဇတ်ကောင်ပါဗျာ
ခင်ဗျားတို့မရှိပဲနဲ့
သူမရပ်တည်နိူင်ဘူး
💬 16
👍 92
✨ 2
🔁 2
2025-12-06 2025
Groupမှာ ဝင်ငွေနဲ့ပတ်သက်ပြီး မတင်ပြတာပိုကောင်းတဲ့ဗျ၊ကျွန်တော့်အမြင်ပြောတာပါ တင်ချင်လည်းတင်ပါ၊၊အဲ့ဒီ့ အနောက်မှာ အများကြီးဆိုးကျိုးတွေရှိတယ်၊ရီစရာကောင်းတာက တနေ့တနေ့ သိန်းပေါင်းရာဂဏန်း ထောင်ဂဏန်းဝင်တဲ့သူတွေက အသံမထွက်ဘူး ကားသမားက အရင်းများတယ် အမြတ်နဲတယ် အာ့ကြောင့်မို ချမ်းသာတဲ့သူတွေက ခိုင်းစားတာ၊သူတို့လောက်ကားသမားတွေကျန်လို့လား၊သူတို့့လိုအရင်းနဲနဲနဲ့အမြတ်များများကျန်အောင်လုပ်တက်ပြီလား၊သူများအရင်းနဲ့အမြတ်ရအောင်လုပ်တက်ပြီလား၊ကျွန်တော်လည်းမလုပ်တက်သေးပါဘူး၊စီးပွားရေးကိုစီးပွားရေးပုံစံမလုပ်တက်ရင် ကျွန်တော်တို့ခံနေရအုံးမှာပဲ၊အမြင်မတူရင် ကွဲလွဲခွင့်ရှိပါတယ်။
💬 16
👍 84
✨ 5
🔁 23
2025-12-14 2025
💬 16
👍 80
✨ 4
🔁 2
2025-12-18 2025
ခွင့်ပြုပါအက်မင်!
ညီအကိုတွေသတိထားနိုင် ဗသုသုတအနေနဲ့ မျှဝေပါတယ်။ Platinum တွေအတွက်ပို၍ ရည်ရွယ်ပါတယ်
💬 16
👍 72
✨ 2
🔁 1
2026-01-16 2026
နောက်ဆို grab order တက်လာရင် ..လူဘယ်နယောက်လဲ ဘာတင်အုံးမှာလဲ..လမ်းဆင်းတွေပါသေးလား အရင်မေးရတော့မယ်..တကွေ့တပတ်သွားခေါ်ပီး ကားရောက်မှ အဆောင်ပြောင်းမှာမို့..လူကတော့ ၅ယောက်မို့. ခွေးလေးပါလို့..အင်မတန်ကို လူပါးဝလာကြတယ်..ပြောလိုက်ရင်တော့ သောက်ကြီးသောက်ကျယ်တွေ လာပါလိမ့်မယ်..