💬 61
👍 248
✨ 4
🔁 56
2026-01-03 2026
ကုန်ဈေးနှုန်းအလက်လက်က ကြီးမြင့်နေတဲ့အချိန်မှာ
အငှားယာဉ်လုပ်သားပြည်သူများ
လုပ်အားခ အနှိမ်ခံဘဝကနေ ရုန်းထတဲ့အနနဲ့ လွတ်လပ်ရေးနေ့(တနင်္ဂနွေနေ့) မနက်ဖြန်မှာ
မနက် ၆ နာရီကနေ ည ၆ နာရီအထိ အရင်းအနှီးမထုတ်ဘဲ ယာဉ်မောင်းတွေရဲ့ ထမင်းလုတ်နဲ့ ပရိုမိုးရှင်းလုပ် လူရှာနေတဲ့ ခင်ဗျားတို့ သိကြတဲ့ app ကို ပိတ်ကြမယ် ရောင်းရင်းတို့ ❤️❤️❤️
CNG EV အားလုံးပါဝင်ကြပါ ညီအစ်ကိုတို့။
ကျွန်တော်တို့ ကိုယ်တိုင် ရွှေ့မှ ရွေ့ပါလိမ့်မယ်ဗျာ။
💬 60
👍 176
✨ 5
🔁 9
2026-01-06 2026
သုဝဏ္ဏ shake ကနေ စံပြစျေးကို Grab ကနေ ညီမတို့၄ယောက်ငှားတာ ၄၄၇၀ ကျတယ် ညီမသူငယ်ချင်းပြောမှ ဒီနေ့စသုံးတာအရမ်းတန်တယ်နော်... ဆိုက်တွဲတွေလမ်းထိပ်လေးငှားတာ ၃၀၀၀ ပေးနေရတယ် ရပ်ကွက်ထဲကနေ လမ်းထိပ်ဆိုရင်ရော Grab Taxi ခေါ်လို့ရလားရှင့် တကယ်မသိလို့ပါနော်
💬 59
👍 203
✨ 5
🔁 8
2026-01-16 2026
ဒီနေ့ ည၁၁နာရီ ရန်ကုန်လေဆိပ်ကနေ မြေနီကုန်းစီးတီးမတ်ရှေ့ပြန်ဖို့ Taxiဆရာနဲ့ စကားအများကြီးမပြောချင်လို့ Grab ခေါ်လိုက်တာ၊ကားရောက်လာတော့ ကားပေါ်တက်မယ်လုပ်ချိန် ကားဆရာကခနလေး ကားခစျေးကြည့်လိုက်အုံးမယ်တဲ့(ကိုယ်ကအဲ့မှာတစ်ချက်အံ့ဩသွားတယ်)၊ကားဆရာ ကားခက ၁၄၇၀၀ ကျပ်ပါလို့ပြောလိုက်တော့ ဟာ အဲ့စျေးမရဘူး ၂၅၀၀၀ ကျပ်မှ ရမယ်၊ဟာဗျာ ဘယ်လိုလား ကျွန်တော် အမြဲခရီးသွားနေတာ ၁၇၀၀၀ ဝန်းကျင်ပါလို့ ကားကြပ်ရင်လည်းထားပါ နားလည်ပါတယ် ခုက ညဆို ကားရှင်းတော့ ခနဆိုရောက်ပါတယ် ၂၀၀၀၀ ပေးမယ်ပြောတာကို မရဘူးတဲ့၊နေ့ခင်းတောင် ၂၀၀၀၀ ရတယ် ညဆိုစျေးပိုပေးရမယ်တဲ့၊အဲ့ဆို ခင်ဗျားဖက်က cancel လုပ်လိုက်ပါပြောပြီး တစ်ခြားကားရှာပြီး ၂၀၀၀၀ နဲ့ စျေးပြတ်ချိန်ထိ cancel မလုပ်သေးဘဲထားတာကိုတွေ့လို့ အဲ့ကားဆီသွားပြီး ကားဆရာကို ဘာလို့ cancel ခုထိမလုပ်သေးတာလဲမေးတာကို အင်တာနက်မကောင်းလို့တဲ့ ပြီးတော့ သူကရန်ထောင်ပြီး လလလလစကားတွေနဲ့ မိုက်ကြေးခွဲသေးတယ် အင်တာနက်မကောင်းရင် ခရီးသည်ဘယ်လိုလက်ခံလဲ စျေးအဆင်မပြေရင် grab ကိုပြောလေ၊စကားအများကြီး မပြောချင်လို့ grab ထောက်စီးတာလေ၊နိုင်ငံနာမကျန်းနေတာကို အခွင့်ကောင်းယူပြီး လူစိတ်ဓါတ်ပျောက်နေတဲ့ ကားသမားကို ရှောင်ရှားသိနိုင်ဖို့ အများပြည်သူသိဖို့အတွက် မျှဝေခြင်းဖြစ်ပါတယ်။
💬 59
👍 194
✨ 3
🔁 16
2026-03-29 2026
Taxi ကားဆရာတွေ ဆီထုတ်ရောင်းတယ်ဆိုလို့ ပြောပါဦးမယ်
ဆီထုတ်ရောင်းနေတာ ပိုင်/မောင်း တွေဘဲ ရှိတယ်
ဆီ ၁လီတာ 4450 × 90 = 405000
အုံနာကြေး အများဆုံး
30000 × 7 = 210000
Total = 615000
ဆီထုတ်ရောင်း အမြတ်
လီတာ 90 ကို 6 လီတာ တန်းစီဖို့ချန်
၁လီတာ 11000 × 82 = 902000
902000 - 615000 = 287000 ကျန်
287000 ÷ 7 = 41000
ယခုခေတ် ကုန်စျေးနှုန်းနဲ့
ကားမောင်းစားမလား
ဆီထုတ်ရောင်းမလား
ဉီးနှောက်ပါယင် စဥ်းစား
Taxi ပိုင် /မောင်း အချို့
စောက်ပျင်းကြီးပြီး အချောင်ရလို့
ဆီထုတ်ရောင်းစားနေတာ
အားတိုင်း Taxi က ဆီထုတ်ရောင်းတယ် ဘလာဘလာ ဘလာ
ကုမ္ပဏီ ကားဆရာတွေ တွက်ပေးတဲ့ဆီနဲ့ လောက်အောင်မောင်းရတယ်
ပိုလျှံတာလေး ရောင်းမှ ၁လ ၁လ
စားဖို့ သောက်ဖို့ အလျှင်မှီတယ်
အိမ်စီးကားတွေ ဘယ်မှ မသွားဘဲ
အလကားနေ ဆီတန်းစီနေတာ
ဘာလုပ်ဖို့လဲ
ဆီခိုးမထုတ် စေချင်ယင်
ကား၁စီး ဆီထည့်ပြီးတာနဲ့
ဆီဘောက်ချာမှာ Kilo ရေးပေးလိုက်
နောက်တခါ ဆီလာထည့်ယင်
ဘောက်ချာ အဟောင်းက kilo နဲ့
လက်ရှိ kilo နှုတ်ပြီး
ဖြစ်သင့်တယ် ဆိုမှ ဆီထည့်ပေးလေ
အဲ့ထှာမှ မျှတမှာ
ဒီ Gp က လူစုံလို့ လာပြောတာပါ
💬 59
👍 165
✨ 7
🔁 7
2026-01-09 2026
ဆဲရင်လဲ ရိုင်းရာကျဦးမယ် မြောက်ဥက္ကလာကနေ ထောက်ကြန့်ထိကို 14400ဆိုတော့ ခရီးကားပေါ်ရောက်ပြီးမှ ဈေးမြင်ရတော့ ကိုယ်ဘာတက်နိုင်မလဲ လိုက်မပို့ပြန်ရင်လဲ 4000ဆုံးမယ်။စိတ်တွေလဲလေပါတယ်
💬 58
👍 73
✨ 2
🔁 2
2025-12-17 2025
Grab နဲ့ဘဲ သီးသန့်ဆွဲရင် မနက် ၇ ည ၈ ဆိူဘယ်လေဋက်ကျန်နိုင်လဲမသိဘူး အခုမစဆွဲမှာမို့ပါ ဆီကားနဲ့ပါ
💬 58
👍 71
✨ 3
🔁 2
2026-01-21 2026
Grab နဲ့ တက္ကစီဆွဲစားရင် တစ်ရက်ဘယ်လောက်ရှာလို့ရလဲဗျ ၊ ကိုယ့်အတွက် အသားတင်အမြတ်ဘယ်လောက်ကျန်လဲ။ အတွေ့အကြံုရှိ ဆရာများ sharing လုပ်ပေးပါအုံးခင်ဗျ။ သူများဝန်ထမ်းမလုပ်ပဲ အေး”ဆေး” taxi ဆွဲတဲ့အလုပ်လေး လုပ်ချင်လို့ပါ။
💬 56
👍 119
✨ 4
🔁 0
2026-02-19 2026
မြောက်ဒဂုံ ပင်လုံဆေးရုံကနေ
တာမွေ အာသောကကို
၃၅၀၀တဲ့
ကျွန်တော် ပျော်ပျော်ကြီး
cancle လုပ်မိတယ်
မှားသလားဗျ
💬 55
👍 99
✨ 2
🔁 1
2026-02-15 2026
မနေ့က ကီလိုလေးငါးကြောင်းမောင်းတယ်
14100
17600
10000
26000
17800
Fary က တကြောင်း 11000
Total 96500ks ပေါ့
လက်တားတကြောင်းမှမရ တားလည်းစျေးမတည့်
မင်းတို့ ချဥ်ဖတ်မှာ စတက်မပါ သုံးထောင်အတိုအစလေးတွေနဲ့ ဖျင်ပူအောင်မောင်းမှ အဲ့လောက်လေးရတယ်မလား သိချင်ရင် မန့်မှာ ဘောင်ချာလေးတွေနဲ့ပါ ရှင်းပြလို့ရသေးတယ် 😂
Edit... သုံးထောင်အကြောင်းဆိုတာ ရှိသေးတာလား မမြင်ဖူးလို့ ချဥ်ဖတ်gpထဲ လာဝင်ကြည့်နေရတယ် 🤭
💬 55
👍 91
✨ 5
🔁 0
2026-01-30 2026
ယုဇနပလာဇာကနေ ရွှေပြည်သာကိုငှားတာကိုလက်ခံပြီးမလာတဲ့ atz
💬 54
👍 173
✨ 4
🔁 1
2026-01-24 2026
မနေ့က tipsy bar ကအပြန်Grab plus ငှါးတော့
Grab ကိုလိုသုံးလာဆွဲပြီးzello တောက်လျှောက်ဖွင့်တဲ့ မအလ ကားဆရာနဲ့တွေ့ခဲ့တယ်
ကားက EV rating 4.5 ဆိုထဲက ကိုယ်က ဒီကောင်စောက်ကျင့်ကောင်းမယ့်ကောင်မဟုတ်ဘူးဆိုတာသိနေတာပေါ့
အဲ့ဒါနဲ့ ဒီကောင်ကပညာစပြတယ်ကား ac ကိုလျှော့လိုက်တယ်
ကိုယ့်လက်ကလည်း မြန်တယ် ကားပေါ်တင် AC မအေးဘူးကွာ 1* ပေးပြီး help center ရော mail မှာပါ ရုံးချုပ်ထိပို့ပြီးသား
ဒီကောင်မသိတာက Grab က ရာထူးကြီးပိုင်းတွေက ကွင်းဆင်းပြီးလိုက်စီးနေတာ
💬 54
👍 41
✨ 3
🔁 0
2025-12-25 2025
Ethic ရှိလို့နာမည်ပါဖျောက်ပေးထားတယ်နော် ကမကလ လေး ဘေးတွဲတောင်ငှား နည်းနည်းခက်အူးမယ် အဲ့ဈေးက
💬 53
👍 76
✨ 5
🔁 0
2026-01-20 2026
Grab ကို GrabPay နဲ့စီးတာတောင် မျက်နှာငယ်နေရတယ် ငါတို့မှာ မင်းတို့မလာမှာစိုးလို့ Promo Codeတောင်မသုံးဘူးနော် ငxိုးမသားလေးတွေ လူပါးတော်တော်ဝတဲ့ Grabကားမောင်းတဲ့ကောင်တွေ မင်းတို့Grabမှာမောင်းရတာ အဆင်မပြေဘူးဆိုရင်
မမောင်းနဲ့ပေါ့ကွာ ခုနောကိပိုင်းကားသမားတွေ သောက်ချိုးမပြေနေဘူး တနေ့
ဘယ်ကောင်ခေါင်းကွဲမလည်းမသိဘူး
Grab Company ကလည်း ပေါက်လွတ်ပဲစား
20 percentရရင်ပြီးကော
အကုန်ပေးမောင်းထားတယ်
Pick up လုပ်ပြီး လာမခေါ်ပဲပတ်သွားနေရတာနဲ့
အဲ့လိုလုပ်ပြီး ပျော်နေတဲ့ khwayမသား ကားသမားတွေကရှိသေးတယ်
Grab ကားသမားအရိုင်းအစိုင်း ပေါက်လွတ်ပဲစားတွေ
တိုးတက်မဲ့ကောင်တွေမဟုတ်ဘူး
💬 52
👍 119
✨ 5
🔁 2
2026-04-07 2026
စောက်ဆံကျတော့ အရင်ထက် ၂ဆပိုပေးပြီးစီးရတယ် စောက်အဲကွန်းကျတော့ ဆီအကြောင်းပြပြီး မဖွင့်ကြဘူး စောက်ကျင့်တွေယုတ်ပြီး အောက်တန်းကျချက်ကတော့ ကန်းကုန်တယ်
💬 51
👍 158
✨ 4
🔁 6
2026-02-02 2026
Gas 80 အိုး တစ်ခါဖြည့်ရင် ၁၅၀၀၀ ဖြစ်မယ်ပြောနေတာ ဟုတိလား ဆရာတို့
💬 50
👍 272
✨ 6
🔁 34
2025-12-29 2025
ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အချိန်မှာ ညီအစ်ကိုတွေ ဒီလောက် ဈေးနှိမ် ဈေးဆွဲချနေတဲ့ Grab ကို မသုံးသင့်တော့ပါ။ ဈေးတွေက တကယ် ရိုင်းစိုင်းတဲ့ ဈေးတွေပါ။ CNG ဆိုသူတွေတောင် လုံးဝမလိုက်သင့်တဲ့ ဈေးတွေပါ။ တကယ်ရွံစရာ ကောင်းပါတယ်။ မနေ့ကဆို ညဘက် တစ်ကြောင်းတက်လာတဲ့ ခရီးသည်က တက်လာလာချင်းပြောတယ်။ ကျွန်တော် ပုံမှန်စီးနေကျ ဒီလမ်း ဒီခရီး ၆၈၀၀ ၊ လက်တားဆို ၇၀၀၀ တဲ့။ ခု ၅၈၀၀ ဆိုတော့ အံ့ဩနေတာတဲ့။ အေး ညီလေး အစ်ကို ရတာ ၄၀၀၀ စွန်းစွန်းတဲ့ကွာ။ ရင်နာလိုက်တာလို့။ ဟုတ် ကျွန်တော် သွားနေကျအတိုင်း ၇၀၀၀ ယူပါအစ်ကိုတဲ့။ အာ ရတယ် သူတောင်းတဲ့အတိုင်းပဲ ယူမယ်။ ရပါတယ်ဗျာ။ ကျွန်တော် အဲ့ဈေးနဲ့ပဲ စီးနေကျမို့ ယူပါ။ အားမနာနဲ့ ကျွန်တော်လည်း စီးနေကျမို့ ၇၀၀၀ ထုတ်ထားပြီးသားဆို အတင်းထိုးပေးတယ်။ အေး ဒါဆိုလည်း ကျေးဇူးပဲ ညီလေးရေ။ grab လေး ချိတ်လိုက်တာ ငါ့မှာ ကားမောင်းစားရတာတောင် အတော်သိမ်ငယ်သွားတယ်ကွာ။ ခရီးသည်ကို မျက်နှာတောင်မကြည့်ရဲအောင် ရှက်လိုက်တာဆိုတာ။ စောက်ပေါတွေ စောက်ချဉ်တွေမို့ ဒီလိုဈေးနဲ့ ငါတို့ကို လိုက်ပို့တာဆိုပြီး တွေးနေကြမှာပဲလို့ ခံစားနေရတယ်။ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်တိုင်းပြည်မှာ နိုင်ငံတော်က တိတိကျကျ တောင်းတဲ့ အခွန်ေတွကို သေသေချာချာ ဆောင်ပြီး သမ္မာအာဇီဝကျကျ အသက်မွေးနေတဲ့ ငါတို့ ကားမောင်းတဲ့သူတွေ ကိုယ့် အမိမြေမှာတင် အဲဒီလောက်တောင် နှိမ်လို့ရနေကြသလားကွာ။ စကားမပြောချင်လို့ ကီလို လုံးဝမချိတ်ဘဲ လက်တားနဲ့ grab မှေးဆွဲတာ ခုလို သိမ်ငယ်ရတဲ့ဘဝရောက်တာပဲ။ ရှက်တောင်ရှက်တယ်ကွာလို့။ အစ်ကိုက ဆီကားကြီးဖြစ်ပြီး ညဘက်ကြီး အဲကွန်းလည်းဖွင့်သေးတာကိုး။ နောက်ဆို ညဘက် မိုးမရွာရင် မဖွင့်နဲ့ အစ်ကို။ ခုလည်း ပိတ်လိုက်။ ကျွန်တော်လည်း အဲလောက်မလိုဘူး။ အိမ်မှာလည်း အဲကွန်းနဲ့နေတာဆိုပေမဲ့ ကိုယ်ချင်းစာတယ်တဲ့။ ဒါပါပဲ။ ညီအစ်ကိုတို့ ငါတို့ ညီကြရအောင်။
💬 50
👍 112
✨ 5
🔁 2
2026-02-08 2026
- သိထားဖို့ grab ကားတိုင်းသည် မင်းတို့ driver မဟုတ် ကိုယ်ရတဲ့ အခွင့်အရေး (promo) သုံး ဘာမှ မပြောဘူး အခုဟာက ကားပေါ်မရောက်သေးဘူး စောင့်နေရင်း free call ခေါ်တော့ လာနေပီတဲ့ Aircon လေး အေးနေအောင် လုပ်ထားပေးပါတဲ့ ကားပေါ်မရောက်သေးဘူး ကားပေါ်ရောက်လို့မအေးရင်ပြော အခုဟာက မဟုတ်သေးဘူး ကားပေါ်ရောက်တော့လဲ တလမ်းလဲ Tt ဖွင့်ထားတာ ဆူညံ ညီလေးမင်းလူ့ပတ်ဝန်းကျင်နဲ့ မနေဘူးတာလား မင်းတို့လိုလူတွေသိထားရမှာ မင်းတို့က ငါတို့ ထမင်းရှင် မဟုတ်ဘူး ဆီပေးလို့ ဆန်ရတာ ဆိုတာ နားလည်ထား လူပါးအရမ်းမဝကြနဲ့ သည်းခံတာ အတိုင်းအတာရှိတယ်
💬 50
👍 98
✨ 5
🔁 0
2025-12-27 2025
Grab ခု စျေးတွေထက်ပြီးတော့တောင်လျော့ချလိုက်သလိုဖဲနော်
လုံးဝမမောင်းသင့်တော့ဘူးထင်တာဖဲ
ကျနော်တော့ ကားပြင်ဆင်စရိတ်တွေနဲ့ မကိုက်တော့လို့ ပိတ်ထားတာကြာပြီ
ဒီည ဖွင့်ကြည့်တာ ပို့ရမှာ 12.67km
ကြိုရမှာ 1km ကျော်
သွားမှာက လှိုင်သာယာ
ရမယ့်အကျန်ငွေက တစ်သောင်းတထောင်တောင်မပြည့်ဘူး
အဲ့တော့ ကန်ဆယ်လုပ်လိုက်တယ်
ရက်စက်နော် ခွက်စျေးတွေနဲ့ လက်တား ညဘက်နှစ်သောင်းခွဲလောက်တောင်းတဲ့နေရာတွေကို
Edit ခိုးဆွဲနေတယ်ထင်နေမှာစိုးလို့နော် အဲ့ဒါ Grabpay နဲ့ဝင်လာတာ
Bill က - 1700 နဲ့မို့လို့ ဖြည့်စရာသောက်ကြောင်းလည်းမရှိဘူး
ဘေဖြည့်တာတောင် အလကားဖြည့်လို့ရအောင်မလုပ်ပေးတဲ့ ဝဲစားapp
ဘယ်နေရာကနေ ဘယ်လိုထပ်ဖြတ်ရမယ်ဖဲ ချောင်းနေတဲ့ ဝဲကိုက်ပွဲစား
အတိုအစ အတစ စရိုက်စုံစီးနေကျတဲ့ app ကို သေးတောင်လှည့်မပန်းဘူး 😂
💬 50
👍 36
✨ 2
🔁 1
2026-01-20 2026
Grab ဈေးက အမှန်ဖြစ်ပြီးတော့
Kilo တို့ အပြင်လက်တားတို့က မတန်မရာ ဈေးတွေ တောင်းနေပြီး ခရီးသည်ရှာနေတယ်ဆိုရင်ကော ???
ခရီးသည်တွေဖက်ကကော ကျေကျေနပ်နပ်မဟုတ်ပဲနဲ့ မတန်မှန်းသိလဲ ပေးပြီးစီးတယ်ဆိုတိုင်း ကျေနပ်နေတာလို့မှမခေါ်တာ။
Grab ဈေးနဲတာက အမှန်တကယ်ဖြစ်သင့်တဲ့ဈေးဖြစ်နေပြီးတော့ မတန်မရာ အုံနာကြေးတွေ တိုးတောင်းနေတဲ့လူတွေကသာ လွန်နေတာဆိုရင်ကော ???
#ခေါင်းလေးသုံး
💬 49
👍 209
✨ 4
🔁 6
2026-04-13 2026
သင်္ကြန်တွင်း Grab မဆွဲကြနဲ့ အခုမနက်ဆွဲတာတောင် တကယ့် ခွက်စျေး..မတရားလဲ မလိုချင်ပါဘူး ..သင့်တင့်တယ့်စျေးကို မရတာ
💬 49
👍 146
✨ 3
🔁 8
2025-12-08 2025
ဒီနေ့စဖြစ်တဲ့ Peak Hours ရဲ့ Incentive ပြောင်းလိုက်တာနဲ့ ကိုယ်တွေကလဲ စပြောင်းဖြစ်တာလေးတွေပါ။
ကိုယ့်ရဲ့ Cash Wallet ထဲက ငွေတွေ အကုန်စထုတ်ပါပြီ။
ပြီးတော့ အရင်ကဆို Peak Hours Incentive လိုချင်တော့ အဆင်ပြေပြေ မပြေပြေ လိုက်မောင်း။ဘာလို့လဲဆိုတော့ သူတို့က Incentive ကို Cancel Rating 8.0 နဲ့ချုပ်ထားတာဆိုတော့ ကိုယ်တွေကလဲ Rating မထိအောင်ထိန်းမောင်းနေရတာ။ ဒီနေ့ကစပြီး Incentive မလိုတော့ Cancel Rating ကို ကြည့်စရာမလိုတော့ဘူးလေ။
နောက်ပြီး အရင်ကဆို သူတို့ပေးတဲ့ Peak Hours Incentive လိုချင်တော့ လမ်းမှာလက်တားတွေ့ရင်တောင် မတင်ဘူး။ Grab ခရီးသည်ပဲ ဦးစားပေးဖြစ်တယ်။ ဘာလို့လဲဆိုတော့ ၄၅ကြောင်း မပြည့်မှာစိုးလို့။ ဒီနေ့တော့ မြင်တဲ့အတိုင်းပဲ Grab Order ဝင်တယ်။ သွားကြိုနေတုန်း လက်တားတယ်။ နေရာ နဲ့ဈေး အဆင်ပြေတယ်။ Grab cancel ပဲ။ Grab cancel ပဲဆိုပြီးပြောတာက ခရီးသည်ကို နေလှန်းပြီး Cancel လဲမလုပ်၊ ဖုန်းလဲမကိုင် လျှောက်မောင်းနေတာ မဟုတ်ဖူးနော်။ကိုယ်ပဲ Cancel လုပ်ပေးတာ။ပုံမှာကြည့်လိုက် Cancel Rating ကို။ဖင်ဝင်နာနေမှာစိုးလို့ ရှင်းပြတာ။ ကားပေါ်ကို ခရီးသည် မတက်ခင် အထိ ကိုယ့်အမှန်။ ကားပေါ် ခရီးသည် ရောက်ပြီ ဆိုတာနဲ့ Grab Policy အတိုင်း AC ဖွင့်ပေးတယ်။ Pick Up Point/ Drop Off Point အမှန် ချပေးတယ်။ Pro ဆန်ဆန်ပဲ မောင်းပေးပါတယ်။ ဈေးနည်းတာ များတာက ခရီးသည်နဲ့မဆိုင်ဘူးလေ။
ပြောချင်တာက Grab ဒီနေ့ စလုပ်လိုက်တဲ့ ပုံစံက ကားသမားတွေကို သွေးတိုးစမ်းလိုက်တာပါ။ သူတို့နိုင်သွားရင် နောက်တစ်မျိုးထပ်ရစ်ဦးမှာပါပဲ။ ဒါပေမယ့်လဲ Grab မှမမောင်းရရင် ငတ်သေသွားမယ့် လူတစ်စု(ဟိုနေ့က ဟိုတယ်မှာ ပလာတာခေါ်ကျွေးခံရသူများ)ကတော့ ဆက်မောင်းနေမှာ အသေအချာပါပဲ။ မောင်းပါစေ ။ဒီကောင်တွေ ဘယ်လောက်မောင်းနိုင်မလဲ။ စီးတဲ့သူ အရေအတွက်နဲ့ မောင်းတဲ့သူ အရေအတွက် မမျှရင် Grab ဘာဆက်လုပ်မလဲ စောင့်ကြည့်ရမှာပေါ့။ ကျန်တဲ့သူများ အနေနဲ့က လုံးဝ မမောင်းရဘူး မပြောပါဘူး။
ကျနော် စကျင့်သုံးမယ့် လမ်းစဉ်က 1.0 kilo ကျော်တာနဲ့ လုံးဝ သွားမကြိုပါ။ အရင်ကဆို သွားကြိုပေးပါတယ်။ နောက်ပြီး ကိုယ်အဆင်မပြေတဲ့ လမ်းကြောင်း သိတယ်ဆို 8 seconds အတွင်း Cancel ပဲ။ မတော်လို့ လက်ခံ မိပြီးရင်လဲ လမ်းကြောင်း မကြိုက်တာနဲ့ Cancel ပဲ။ Cancel Rating ဂရုစိုက်စရာမှ မလိုတော့တာလေဗျာ။ Grab မှ Grab မဟုတ်ပဲ Grab ကို ဂရုမစိုက်တဲ့ ညီအစ်ကိုများ စုစည်းသင့်ပြီ ထင်ပါတယ်။ ကျန်တဲ့ ဟို ခေါင်းမှာ ဂျိုပေါက်နေသူတွေကိုတော့ မပြောပါဘူး။ တစ်ပတ်လောက် သေချာ ညီကြည့်လိုက်။ ဒီကောင်တွေ အချိုးတစ်မျိုး ပြောင်းချင်ပြောင်းနိုင်လိမ့်မယ်။မပြောင်းလဲ ဂရုစိုက် စရာ မလို။ Grab က သူတို့အထင်က စီးတဲ့ခရီးသည် ရှိရင်ရပြီ။ မောင်းတဲ့သူတွေကို ဂရုမစိုက်။ ခုလို သူတို့ ခိုင်းချင်တာခိုင်းရအောင် သူတို့ ထုတ်ပေးထားတဲ့ ကားတစ်စီးမှ မပါဘူးလေ။
စာတွေလဲ ရှည်ကုန်ပြီမို့လို့
ညီအစ်ကိုတွေ အားလုံး အဆင်ပြေကြပါစေဗျာ။
(ဟို ဂျိုပေါက်နေသူများ မပါ)
💬 49
👍 114
✨ 2
🔁 1
2026-02-03 2026
အကြံဉာဏ်တောင်းခြင်းပါဗျ။
လက်ရှိ စက်ရုံမှာ အိမ်စီးကားယာဉ်မောင်းဝန်ထမ်းလုပ်နေတာ ၃ နှစ်လောက်ရှိပါပြီဗျ။ လက်ရှိလစာ ၇သိန်းခွဲ နဲ့ ၈ သိန်းကြားပါဗျ။အလုပ်ချိန်ကလည်း စက်ရုံအလုပ်ချိန်ပါဗျ။
Sat နေ့ဝက်။ Sun Off.
အိမ်က ၆၀၀ ပေါ်ပေါ်သုံးပြီး ကားဝယ်မလို့ပါဗျ။ အဲ့ဒါ taxi ဝယ်ပြီး အလုပ်ထွက် taxi ဆွဲသင့်လား။အလုပ်မထွက်ပဲ အနက်ဝယ်ပြီး အိမ်ပဲသုံးသင့်မလားဗျ။ ကားဝယ်ရင်ကော 600-700 ကြားဆို ဘယ်ကား ဝယ်သင့်လဲဗျ။
ဆုံးဖြတ်ရတွေဝေနေလို့
အကြံဉာဏ်လိုချင်ပါတယ်ဗျ။
Thanks.
💬 48
👍 244
✨ 4
🔁 12
2025-12-05 2025
အတွဲက Grab ငှားပီး
ကားပေါ် Kissing ဆွဲရင်ဘယ်မှာတိုင်လို့ရ
ကားမောင်းရတာ
အာရုံပျက်လို့
💬 48
👍 213
✨ 4
🔁 15
2026-01-13 2026
ဒီရက်ပိုင်း သိသိသာသာ grab ခရီးစဉ်တွေက သွားကြိုရတာဝေးတယ် ပို့ရမှာက 3000/3500
တန်တွေကြီးပဲ အရင်လို အော်ဒါလဲ ဆက်တိုက်မဝင်ေတာ့ဘူး
ပုံမှန်မဟုပ်တာတော့သေချာတယ်......
ပထမ တွေးမိတာက အော်...ဒီရက်ပိုင်း ခရီးသည်တွေ လမ်းကြောင်းကြီးမသွားကြဘူးလို့ပဲ တွေးမိတာ
ဒါပေမယ် ဟိုတနေ့က ခရီးသည်
ကောင်မလးတယောက်ကမေးတယ်
အကိုတဲ့ grab က လစာဘယ်လိုပေးတာလဲတဲ့
ကိုယ်တောင်ကြောင်သွားတယ်
ညီမရယ် grab မှာအကို ကိုယ့် ဆီ ကိုယ့် ကားနဲ့ သူ့ကို % ပေးပီးဆွဲတာပါ အကိုတို့က လခ စားတွေမဟုပ်ပါဘူးလို့ပြောတော့
သူ့အကိုတယောက် တလ 700000လစာနဲ့ EV grab taxi ဆွဲမလို့လုပ်နေလို့ မေးကြည့်တာပါတဲ့.....
ဒီတော့မှ နဲနဲ ဆက်စပ်ပီးတွေကြည့်တာ
EV taxi companies နဲ့ grab နဲ့များပေါင်းလုပ်နေတာလားလို့
ခရီးစဉ် ကောင်း တွေ ကို သူတို့ partners အချင်းချင်း လက်ဝါးရိုက် ယူနေ လုပ်နေကြလားလို့
ဒီgpထဲက ညီကိုတွေကောဘယ်လိုထင်လဲ
ဒါကတော့ ကျွန်တော့ တကိုယ်တာ် အတွေးကို ချပြတာပါ။
💬 48
👍 61
✨ 5
🔁 0
2026-01-20 2026
Grab ကားတွေကို ဈေးတင်မတောင်းလို့ဆိုပီး ဆဲဆိုနေကြတဲ့ အတစ မအလ လက်တားသမားအပေါင်းတို့ရေ 😅 ဆီဈေးက အရမ်းထိုးတက်နေလို့လား ဟလား ? ဒါမှမဟုတ် CNG ဈေးကရော တစ်ဘူးတစ်သိန်းကျော်ဖြစ်နေလို့လား ဟလား ? ဒါမှမဟုတ်ရင် ခရီးသည်တွေအားလုံးက ဦးနှောက်မပါတဲ့ ဘာသတင်းမှမသိကြတဲ့ ငဒူတွေငတုံးတွေလို့ ထင်နေကြလို့လား 😂 မင်းတို့တောင်းတဲ့ဈေးတိုင်းပေးရအောင် ငါတို့ခရီးသည်တွေကမင်းတို့ပထွေးတွေ မိထွေးတွေမဟုတ်ဘူး ငါကခရီးသည်မို့ခရီးသည်ဖက်ကနေဝင်ရေးတာ Grab မှာလဲငါ့အမျိုးတွေအသိတွေသူငယ်ချင်းမိတ်ဆွေတစ်ယောက်မှမရှိဘူး အခုက မင်းတို့ဟာတွေက လွန်လွန်းတယ်ကွ မင်းတို့အကုန်ဆဲဆိုနေကြတာတွေက
💬 48
👍 55
✨ 2
🔁 0
2025-11-30 2025
toyota probox ပါဒီ ချက်မီးလေး လင်းနေလို့ပါ ပြောပေးကျပါဦး
💬 48
👍 46
✨ 3
🔁 1
2026-01-11 2026
စျေးဝယ်ပြီး shopping bag တွေနဲ့ drop off ဘက်ကို လမ်းကူး ခိုင်းပါတယ် ကားပါကင် အသေးလေးတစ်ပတ် မပတ်ချင်မှန်းသိလို့ အထုပ်တွေ ရအောင်မပြီး တက်ပါတယ် နားလည်မှုနဲ့ပါ
pick up အထုပ်တင်တဲ့နေရာလေးက ဒီကပတ်လိုက်ရင် ရတာကို ပြောတာကို
“အထုပ်တင်ချင် grab မငှါးပါနဲ့တဲ့”
အဝေးကြီးပတ်ခိုင်းတာလဲမဟုတ်ဘူး ထွက်ရင်လည်း တန်းထွက်ရတဲ့ လမ်း ထွက်လည်း ပြန်ကွေ့ရတဲ့နေရာပါ
P.S စျေးဝယ်အိတ် ဆိုတာ city mart bag နော် သားငါးတွေ တင်ရအောင် grab စီးမလား စဉ်းစား
💬 47
👍 137
✨ 4
🔁 0
2025-11-09 2025
ခုလေးပဲ သမိုင်းကနေ သာကေတ တစ်စျေးကွေ့ကို ဂရပ်ထောက်တော့ 17300 အာ့နဲ့Km ထောက်ကြည့်တော့ 12km ရှိတယ်။ ဆိုတော့ စျေးက အတိဖြစ်နေတာတွေ့ရတယ်။ ဂရပ်ငှားရင် %ပေးရတာမို့ လက်တားငှားပြီးအာ့စျေးအပြည့်ယူပါစေပေါ့။ အာ့နဲ့ လက်တားငှားတာ 28000 တဲ့ ပါးစပ်ထဲရှိရာတောင်းချတဲ့ စရိုက်ကားသမားနဲ့ကြုံရတာမို့ 28000 ပြောကတည်းက တော်ပြီမငှားတော့ဘူးပြောတာကိုး ဆရာသမားက ပေစောင်းစောင်းနဲ့ရပ်ကြည့်နေလေရဲ့ ။
အာ့နဲ့ ဂရပ်ပဲထောက်တော့ တန်းရတယ်ဗျ။
ကားပေါ်ရောက်တော့ ကားဆရာကို ကားဆွဲရတာအဆင်ပြေလားမေးကြည့်တာ ပြေတယ် ခုတစ်ခေါက်နဲ့ဆို ၁၆ခေါက်ရပြီ အဓိက ဂရပ်နဲ့အကြောင်းရေများများသာမောင်းရင် ပြေတယ်တဲ့
💬 47
👍 89
✨ 4
🔁 3
2026-01-07 2026
ညီမ က အမြဲ grab စီးနေကျလူပါရှင့် ဒီနေ့ FF-4244 grab ငှါးစီးတာ Myanmar plaza က နေစီးတာ ကားပေါ်စတက်ဖို့ ဖုန်းစခေါ်ကတည်းက စကားကို အော်ပြီး ပြောပါတယ် grab map ထောက်ထဲ နေရာလည်း မလာပါဘူး သူရှိတဲ့ နေရာ သွားစီးရပါတယ် ကားပေါ်ရောက်တော့ မိန်းကလေး သုံးယောက်ကို တောက်လျောက် အော်ဟစ်ပြောဆိုပါတယ် ညီမတို့က ပြန်ပြောတော့ မိန်းကလေး သုံးယောက်ကို ကားပေါ်ကနေ ဆင်းဆင်း ဆိုပြီး မောင်းချပါတယ် grab က လူကြီးမင်းများ အရေးယူဖြေရှင်းပေးပါ။