Grab Taxi group — post picker

0 posts selected · ~0 comments queued · review picks · export.json
💬 11   👍 178   ✨ 3   🔁 5 2025-12-03 2025
Grab စမောင်းတော့ 20% နှုတ်လိုက်လည်း တစ်သိန်းကျော်တော့ မဆိုးပါဘူးပေါ့လေ အဲ့ကနေမှ ကျောသပ်လို့လည်းပြီးရော စပြီး အတို အစ တွေ ရောထည့်ပြီးပေးလာတာ အဲ့မှာလည်း သည်းခံကြိုးစားမောင်းနေတုန်းပဲ Cancel လည်းမလုပ်တတ်ဘူးလေ အဲ့လိုနဲ့ အချောင်လိုချင်တာမရရင် one star ထုခံရလိုက် Grab ရဲ့အတိုအစတွေမောင်းလိုက်နဲ့ ၃ လ လောက်ရှိတော့ ဒီလိုသာဆက်သွားနေရင် လုံးပါးပါးတော့မယ် ဆိုတာရိပ်မိလာတယ် အဲ့တာနဲ့ ကိုယ်နေတဲ့နားကိုအထိုင်ချ အကြောင်းတိုတွေ cancel အကြောင်းရှည်တွေယူ ပြီးရင် ကိုယ့်ကို ဖုန်းအော်ဒါလာအောင် ကြိုးစားရင်း ခု ၆ လမြောက်မှာတော့ Grab ကိုလုံး၀ ပိတ်ထားပြီး ခုလို လေကြောရှည်နေလည်း သာသာယာယာဖြစ်နေပါပြီ လူမညီလည်း ကိုယ့်နည်းကိုယ်ဟန့်နဲ့ ဖောက်ထွက်လို့ ရပါတယ် ဒီတိုင်းပဲ ကိုယ့်အတွေ့အကြုံကို Share ပေးတာပါ ကြိုက်ရင်ယူ မကြိုက်ရင် ပယ်လိုက်ပါ Peace 🤫🤫🤫
open on Facebook ↗
💬 11   👍 138   ✨ 3   🔁 2 2025-12-30 2025
မနေ့က တောင်ဥစက်မှုဇုံကနေလေဆိပ်အော်ဒါတတ်တယ် Cancel လုပ်မလို့သေချာကြည့်တော့ plus နဲ့ခေါ်ထားတာမလို့သွားကြိုဖြစ်တယ် ကြိုရမယ့်နေရာရောက်တော့ဖုန်းခေါ်တယ် pick up pinမှားထောက်မိလို့ လမ်းထဲဝင်ခဲ့ပေးပါတဲ့ သူပြောတဲ့နေရာရောက်တော့ ခရီးဆောင်အိတ် အကြီး၂ခု အလတ်၄ခု စုစုပေါင်း ၆ခု လူက၃ယောက် Probox တောင်တင်လို့မလွယ်တဲ့အနေအထား တင်ဖို့မလွယ်ဘူးပြောတော့ plus ငှားထားတာလေတဲ့ စျေးမေးကြည့်တော့ ၁၄၇၀၀ တဲ့ ကိုယ်ရမှ၁၁၀၀၀ ရယ် ကျေးဇူးတင်ပါတယ် cancel လုပ်လိုက်မယ်နော်ဆိုပြီး ပြန်မောင်းထွက်လာလိုက်တယ် အမှန်ကခွေးဘီလူးငှားရမှာကို ဂျင်းplus😁
open on Facebook ↗
💬 11   👍 111   ✨ 3   🔁 9 2026-04-04 2026
ဒီအချိန်ဆီကားတွေကgrabစျေးနဲ့ဆွဲနေရင်ခွက်ဆွဲနေရမှာအမှန်တရားပဲလက်တားမောင်းတတ်အောင်သင်ယူလေ့လာပါဥပမာသမိုင်းလှည်းတန်းမြေနီကုန်းရွှေတိဂုံမြိုံ့ထဲအဲ့နားတွေအတိုလေးတွေပဲမောင်းအဝေးဆိုလှည်းတန်းတောင်ဥက္ကလာ၂၀၀၀၀ကြိုက်စျေးရမှလိုက်လူထွက်တဲ့နေရာလေးတွေလိုက်မှတ်လှည်းတန်းစင်တာကလူထွက်တာချင်းတောင်ကားငှါးမဲ့နေရာလေးမှာစောင့်ရွှေတိဂုံဘုရားပေါ်ကဆင်းလာတဲ့လူတောင်မြောက်ဘက်မုဒ်ကလူထွက်တယ်ည၈နာရီလောက်ဆိုတက်ဆီတောင်ငှါးမရကြဘူးကလပ်တွေဘားတွေနေရာနားဘယ်ဆိုင်ကဘယ်ချိန်ပိတ်လဲမှတ်ထားညဘက်လိုင်းကားမရှိတဲ့၈:၃၀/၉နာရီဆိုလိုင်းကားသိပ်မလာဘူးခရီးသည်တွေစုပြီးတင်မနေ့ကညကဆိုခြောက်ကွေ့ကနေစံပြစျေးကိုတယောက်၃၀၀၀နဲ့စုပြီးတင်တာ၁၅၀၀၀ဂတက်စျေးထက်သာတယ်ကားပေါ်ကဆင်းတဲ့လူတိုင်းကျေးဇူးတင်ပါတယ်ဆိုတာကြီးပဲစံပြစျေးမှတ်တိုင်ကနေလှိုင်သာယာတယောက်၅၀၀၀ည၇:၃၀ဆိုမြန်မာပလာဇာကနေလှည်းတန်းကျတော်ကတော့တယောက်တစ်ထောင်ပဲတောင်းတယိဝန်းထမ်းတွေမို့လို့ရသလောက်တင်လှည်းတန်းကျောင်းရှေ့ကနေညစျေးကိုတယောက်တစ်ထောင်ပဲတင်အုံးအချိန်နေရာအ​ခြေအနေကြည့်ပြီးရှာတတ်ရင်အဆင်ပြေပါတယ်ခုကလက်တားတွေလက်တားထွက်ပါတယ်စျေးလဲပေးတယ်ကို့အားကိုကိုးပြီးရှာတတ်ဖို့ဂတတ်ကိုပဲအားကိုးနေရင်ခွက်ပါဝယ်ထားလိုက်တော့ကျတော်တို့ဂတ်ကားတောင်မလိုက်ဘူးကားနာလို့လက်တားမောင်းဘူးတဲ့လူကပြဿနာမရှိဘူးတက်ဆီစမောင်းကထဲကဂတတ်နဲ့ပဲမောင်းတဲ့လူကဂတက်ကိုလက်တွဲဖြုတ်ချင်တောင်မဖြုတ်တတ်တော့ကားဂတတ်ကရည်းစားလိုပဲဖြတ်ရခက်တယ်ဒီအချိန်ကဂတ်ကားရောဆီကားရောevရောတန်းဆီနေတဲ့ကားကများတယ်လမ်းပေါ်မှာတက်ဆီကရှားတယ်လက်တားပဲမောင်းကြည့်ဂတတ်ကပေးတဲ့စျေးထက်သာတယ်လှည်းတန်းလိုနေရာညနေပိုင်းဂတတိခေါ်မရရင်စျေးတွေတတ်အဲ့အချိန်လေးအေးဆေးစောင့်ပြီးကြိုက်စျေးတောင်းပြီးတင်သွားလိုက်ဂတတ်ကတတ်တဲ့စျေးကတော့ကိုတွေပါးစပ်တွေကပြောမထွက်ဘူး
open on Facebook ↗
💬 11   👍 109   ✨ 3   🔁 34 2026-02-06 2026
ဆိုင်ကယ်ကို.. ရန်ကုန်မြို့တော်နယ်မြေ မြို့နယ်တွေအတွင်း မှာ လိုင်စင်မပေးတဲ့ အတွက်.. ၊ စီးခွင့်မပေး။ လမ်းပေါ်မှာ မောင်းတဲ့ စက်တပ်ယာဉ် မောင်းသူတိုင်းဟာလမ်းစည်းကမ်းနားလည် သင့်ပါတယ်.။ တရားဝင် လိုင်စင်မရှိပေမဲ့..၊ သူတို့မှာ ဘယ်ရပ်ကွက်က ၊ ဘယ်မြို့နယ်က ဆိုတဲ့..ဂျာကင်လေးတွေ ၀တ်ထားလေ့ရှိပါတယ်.။ အဲဒါကို သက်ဆိုင်ရာ ရပ်ကွက်က ၀န်ဆောင်ကြေးတခု ယူပြီး ထုတ်ပေးထားတာ လို့ သူတို့က ရှင်းပြပါတယ်.။ တရား..မဝင်..တဲ့..တရား..၀င်..လို့.. ဆို ရမလိုပါပဲ..။ ဒါပေမဲ့.. ဥပဒေအရ မရှိရမဲ့..ဆိုက်တွဲတွေဟာ.. တကယ်..လက်တွေ့ အခြေအနေက.အရ.. လမ်းပေါ်မှာ ရှိနေပါတယ်.။ လမ်းစည်းကမ်းရဲ့ အခြေခံကိုတောင် မသိကြပဲ..မောင်းနေပါတယ်.။ အရှိန်အဟုန်နဲ့ စည်းကမ်းပျက်စွာ..တိုးပွားလာနေပါတယ်.။ တချို့ ဆိုက်တွဲတွေဟာ..ဘော်ဒီကို ချဲ့ထားလို့..ဟိုင်းဂျက်နီးပါး..ကျယ်ပါတယ်.။ အများစုဟာ အမိုးတွေပါ..ထပ်မိုးထားကြပါတယ်.။ အမိုးက ပိုကျယ်တော့..အောက်က ဘော်ဒီထက် ပိုနေရာယူပါတယ်.။ ဘာလုံခြုံရေးမီးမှမပါပါဘူး။ကြီးကြပ်မှုအားနည်းချက်တော့ဗျာ။ … သူတို့အားလုံးလိုလိုဟာ.. လမ်းစည်းကမ်းနားမလည်ကြပါဘူး..၊နားလည်လဲ .. ဂရုလည်း မစိုက်ကြပါဘူး.။ ဒါပေမဲ့..ဆိုက်တွဲက..စက်တပ်ယာဉ်ပါ.။ အရှိန်မြန်ပါတယ်.။ … ဆိုက်တွဲသမားတွေဟာ.. လမ်းပြောင်းပြန်လဲ မောင်းကြပါတယ်.။ ထင်သလို လဲ..ကွေ့တတ်ပါတယ်.။ အချက်ပြမီး..မပြတာ..၊ မပါ တာကြောင့်..၊ ကွေ့မယ် မထင်မိလို့. နောက်ကားတွေ ဒုက္ခရောက်တာ..၊ တိုက်မိတာတွေ မကြာခဏ ဖြစ်ပါတယ်.။ တနေ့က ခရေပင်လမ်း သံလမ်းကူးဂိတ်ရထါးလာလို့ပိတ်ထါးရာကပြန်အဖွင့်မှာ ရှေ့ဆုံးကရောက်အောင်လမ်းပြောင်းပြန် ဝင်လာကြတဲ့ ဆိုက်တွဲတွေ ကို ကားတွေက ရပ်စောင့်ပေးနေရပါတယ်.။ မစောင့်လို့ မရဘူးလေ..။ သူ့ကိုယ်ထည်က ဟင်ဂလန်တွေနဲ့ ဆင်ထားတာ..။ တိုက်လိုက်ရင် ကားပဲ စုတ်ပြတ်သွားမှာ..။ သူတို့က တိုက်မိလဲ မလျော်ပါဘူး..၊ တနည်းအားဖြင့် မလျော်နိုင်ပါဘူး.။ လျော်လိုစိတ်လဲ မရှိပါဘူး..။ ။။။။။။။။။ ကျွန်တော်တို့ နားကအောင်မင်္ဂလာ ကားကြီးဂိတ်အနီးမှာ ကားနဲ့ ဆိုက်တွဲ တိုက်မိပါတယ်.။ ဆိုက်တွဲ မှားတာပါ..။ မလွတ်တာကို အတင်းဝင်ဖြတ်လို့ တိုက်မိတာပါ..။ ကား ရဲ့ ရှေ့ပိုင်း တော်တော်ထိပါတယ်.။ မီးလုံး မီးခွက်..ရှဲလ်တွေ ကွဲတာ ကျိုးပဲ့တာ မြင်ရပါတယ်.။ ဆိုက်တွဲ သမားက..၊ ဆိုက်တွဲကို ဒီအတိုင်း ထားခဲ့ပြီး..ထွက်ပြေးသွားပါတယ်.။ ဆိုက်တွဲမှာနံပါတ်မပါ လူမှာလိုင်စင်မရှိလေ။ဒါပေမဲ့..ဆိုက်တွဲ နဲ့ လမ်းစည်းကမ်း ပြဿနာကတော့ အထိန်းအကွပ်မဲ့စွာနဲ့..မြို့ဆင်ခြေဖုံးတွေမှာ.. တဖြေးဖြေးနဲ့ ကြီးထွားလာနေတယ်လို့ မြင်မိပါတယ်.။
open on Facebook ↗
💬 11   👍 104   ✨ 4   🔁 6 2026-02-19 2026
ဘ၀ တွေက ခါးသက်လိုက်ပုံများ အုတ်ကျင်းဘူတာရုံလမ်းက ခရီးသည်ကို အင်းစိန် ဘီအိုစီမှတ်တိုင်ကို ပို့ပေးတာ ကိုယ်က ၄၀၀၀ ရတယ်။ ခရီးသည်အမျိုးသမီးနဲ့ စကားစပ်မိတော့ အကိုရယ် ညီမတို့က စျေးပေါလို့စီးတာ ၄၀၀၀ ဆိုတာက အုတ်ကျင်းဘူတာရုံလမ်းကနေဆို သမိုင်းလမ်းဆုံ ထိ ဆိုက်ကားခပဲ ရှိတယ်တဲ့။ သေလိုက်ပါတော့ဗျာ။
open on Facebook ↗
💬 11   👍 103   ✨ 2   🔁 6 2026-04-13 2026
ဒီနေ့တော့ Grab မရဘူးဘဲ ပြောနေကြတယ်ဗျို့ လက်တားတွေ လမ်းပေါ်မှာ မနည်းမနောပဲ ဒီနေ့တော့ ကားဆရာများတက်ညီလက်ညီ ပိတ်ထားကြပီထင်တယ် ခရီးသည်များနဲ့ ညှိနှိုင်းပြီး ဈေးလည်း မှန်မှန်ကန်ကန်ရပါတယ် ခရီးသည်များကိုလည်း မျှတတဲ့ဈေးထက် ပိုမတောင်းမိကြပါစေနဲ့နော် မြန်မာနှစ်သစ်မှာ အင်မတန်မှ မင်္ဂလာရှိကြပါပေတယ် မနက်ဖြန်မှာလည်း ခြေနေလေး တွေ ပြန်ပြောပေးပါအုံးမယ် တကယ်တော့ မန္တလေးက အိုးဝေဆရာများလို ညီရင် သူ့ရဲ့ ဒဏ် ကျွန်တော်တို့ ကြာကြာမခံရတော့ပါဘူး
open on Facebook ↗
💬 11   👍 101   ✨ 3   🔁 5 2025-12-21 2025
Grab ဌားစီးရင်အဲ့ဒီဒုက္ခတွေခံရမှာပဲ ယာဥ်မောင်းကလာချင်လာမယ်မလာချင်မလာဘူး ဒါကသူ့ကိစ္စ အမိတို့အနေနဲ့မလာရင် cancel လုပ်ပြီးနောက်တစ်စီးရှာလေ ဆော့ဝဲက အော်တိုလက်ခံတာဆိုတော့ ယာဥ်မောင်းအနေနဲ့ရွေးချယ်လို့မရဘူး တစ်ခါတစ်ရံ ပထမအော်ဒါတောင်မပြီးသေးဘူး နောက်အော်ဒါဝင်နေတာ ယာဥ်မောင်းကမသိဘူး အဲ့ဒီအချိန်လိုင်းကျသွားရင် ဖုန်းကဘာမှလုပ်လို့မရဘူး ..အဲ့လိုတွေလဲရှိတယ် .. ပြီးတော့တစ်ချို့ခရီးသည်တွေ ကားခေါ်ပြီး ရောက်ခါနီးမှ cancel လုပ်ကြတာမြင်မကောင်းဘူး ကားသမား ဘယ်လောက်ဒုက္ခရောက်တယ်မှတ်သလဲ အမိတို့လိုအေးဆေးလေးရပ်နေရတာမဟုတ်ဘူး ဘယ်ကွေ့လိုက်ညာကွေ့လိုက်နောက်ပြန်မောင်းလိုက်နဲ့ ဒါပေမယ့်ဘာပြောလို့ရမလဲခရီးသည် ရွေးချယ်ရပဲလေ ပြောချင်တာက ကားခေါ်ပြီးရင်ဖုန်းဆက်ကြည့် မကိုင်ရင်နောက်တစ်စီးဌား ဘာမှခံစားမနေနဲ့ ကားသမားကိုလဲရန်လုပ်မနေနဲ့ ကိုယ်ကြိုက်တာကိုယ်လုပ် အဲ့တာဆိုအဆင်ပြေတယ် စိတ်ချမ်းသာတယ် .. အပြုသဘောနဲ့ပြောပြတာ .. အခုကြတော့တစ်ခုခုဆို ခရီးသည်တွေကချည်း ကွန်ပလိန်းတွေတက်နေကြတယ် ကားဆရာကို မကောင်းပြောကြတယ် တစ်ကယ် က ပွဲစားနဲ့ရှင်းရမှာ ကားဆရာနဲ့ခရီးသည် တိုက်ရိုက်ပြသနာဖြစ်စရာမှမလိုတာ အဲ့လိုမဖြစ်အောင်လဲကြားက Grab ဆိုတဲ့ပွဲစားကိုတစ်ဆင့်ခံထားတာလေ .. ခရီးသည်တွေကနားလည်မူလွဲနေကြတာ ....Grab စီးတဲ့ခရီးသည်တွေရော ယာဥ်မောင်းတွေရော အားလုံးအဆင်ပြေတဲ့တစ်နေ့ရောက်ပါစေ ..Grab ကတော့ခင်ဗျားတို့ဘာဖြစ်ဖြစ်သောက်ဂရုကိုမစိုက်တာ အံကြိတ်ခံထားကြ .. Crd Tun Lin Aung
open on Facebook ↗
💬 11   👍 98   ✨ 2   🔁 3 2026-01-07 2026
15 တလုံး 420000။ 4လုံး 1680000 ဆိုက်ကားဈေးနဲ့ဆွဲချင်တဲ့ကောင်းဆွဲ တက်ဆင်း5000ဘဲ တာယာနဲ့ battery ထည့်မှ မငိုနဲ့
open on Facebook ↗
💬 11   👍 95   ✨ 3   🔁 1 2025-12-31 2025
လှည်းတန်းကနေ grab ခေါ်တဲ့ကောင်မလေးရေ နေရာမှားလို့မေးတာ ကားစွဲစားတာမဟုတ်တဲ့အတွက် လမ်းတွေသိထားဖို့မလိုအပ်ဘူးလို့ပြောတဲ့ပါးစပ်ကို မိဘတွေစီ အမှားအမှန်ဆုံးမ ခိုင်းပါတော်မူခိုင်းပါအုံး လွတ်နေလားမသိ
open on Facebook ↗
💬 11   👍 88   ✨ 3   🔁 5 2026-01-07 2026
ဆိုက်ကား မနင်းတာ ၃ ရက်ရှိလို့ အသာလေး ဖွင့်ကြည့်လိုက်တာ အမလေး ပြည်လမ်း နဲ့ မပိုလမ်း‌ထိပ်ကနေ ‌ရွှေတောင်ကြား အောင်တော်မူလမ်း က Heroes ကျောင်းကို ကိုယ်ရတာ ၃၀၀၀/ ခရီးသည် ပေးတာ ၃၈၀၀/ ကိုယ်က iPhone ဆိုတော့ ဈေးမြင်ရလို့ အသာလေး cancel ချပြီး မှတ်တိုင်က လက်တားကို လှည်းတန်းစင်တာကို ၅၀၀၀/နဲ့ပဲ မသွားလိုက်တယ်။ ဈေးပေးကြမ်းချက်နော်🥴🥴
open on Facebook ↗
💬 11   👍 87   ✨ 3   🔁 4 2026-01-14 2026
1* ပေးပြီး report ရေးလွှတ်လိုက်တယ် ယာဥ်မောင်းတွေအပေါ်လူပါးဝခြင်းကင်းဝေးပါစေ။ ပထမပုံကတော့ကိုယ်ရှိနေတဲ့ အမျိုးသမီးဆေးရုံဘက်အော်ဒါစတက်လာတဲ့အနေထား။Hotpot city ရှေ့​ဗဟိုလမ်းကနေမောင်းပြီး မနောဟရီနဲ့ဗဟိုလမ်းထောင့်ကိုသွားကြိုတဲ့ map ပြထားတာက 😂 သွားမှာကလေယာဥ်ကွင်း ခွက်စျေးဆိုတာလဲသိသလို အပြန်ခရီးသည်မရဘူးဆိုတာလဲသိတယ် သို့သော် အိမ်အပြန်လမ်းကြောင်းဖြစ်နေတော့သိမ်းတော့မယ်ဆိုတဲ့စိတ်နဲ့မင်းရဲကျော်စွာလမ်းကနေအလုံလမ်းကိုတက်ပြီး တရုတ်သံရုံးဘက်​ဗဟိုလမ်းဘက်ကိုကွေ့ပြီးသွားကြိုလိုက်ပါတယ်။​ကားလဲရောက်ရော ဆေးလိပ်ကော်ဖီစားစရာလေးတွေရောင်းတဲ့ လက်တွန်လှည်းဆိုင်လေးကထလာပြီး 'ခဏလေးနော်တဲ့'ကိုယ်ဒေလဲ နောက်လူများစီးအုံးမလားအတွေးနဲ့စောင့်နေတာပေါ့...ဘယ်ဟုတ်မလဲ ဒင်းက ကားရောက်နေတာကိုဆေးလိပ်အသစ်တောင်မီးညှိပြီး​သောက်နေသေးတာ ဆေးလိပ်လဲကုန်ရော ရပြီတဲ့ကားပေါ်တက်လာတယ်။လူပါးဝချက် အချိုးမ​ပြေလို့ cancel လုပ်မယ်ကြံ​ေတာ ့Grab ရဲ့ system အမှားကြီးကလဲ cancel လုပ်ရင် cancel rating တက်မဲ့စာကလွဲပြီးဘာမှပေါ်မနေဘူးရယ် ထွက်လာသမျှဒေါသမျိုသိပ်ရင်းပဲ ကောင်းကောင်းမွန်မွန်ပို့ပေးလိုက်ပါတယ်။ ပေးချင်တဲ့ message ကတော့ ကားငှားစီးတာကိုယ်ချင်းစာတရားရှိကြပါ ကိုယ့်အိမ်ကကားမဟုတ်ပါ။ကိုယ့်အိမ်ကကားမှာ ကြိုက်သလိုခိုင်းကြပါ။
open on Facebook ↗
💬 11   👍 79   ✨ 3   🔁 6 2026-01-20 2026
#grab ဘယ်လဲ..ဘာလဲ? #မဂ်လာပါ_Grab_ Driverတစ်ဦးပါ။ #ခရီးသည်တွေလည်းအဆင်ပြေပါစေ။ #ကားဆရာကြီးများလည်း_စိတ်ချမ်းသာပါစေ။ #grab appလည်းအောင်မြင်ပါစေ။ ဒီလိုစိတ်မျိုးလေး..လမ်းခရီးကိုအသုံးပြုသူတိုင်း..ရှိကြပါစေခင်ဗျ။ #Grabဆိုတာ..အစုအစည်းလေးတစ်ခုဆိုရင်.. Grab 🇲🇲 +ခရီးသည်+ယာဥ်မောင်း.... သုံးခုရှိပါတယ်။ ၃ဦးမှာ...၁ဦးတစ်ယောက်တည်းအဆင်ပြေနေရင် အဆင်ပြေဖို့ပဲ ကြည့်နေရင်..အဲ့တာ.. မျှတမှုမရှိတဲ့..လူအဖွဲ့စည်းတစ်ခုလို့..မြင်ပါတယ်။ အခုအချိန်မှာ..တကယ်လိုအပ်ချက်ရှိနေတာ... ,GRABပဲ..သူကခရာပဲ။ ကျွန်တော်တို့က..ဖြစ်သင့်တာကို..ပြောပြတာပါ။ မကြိုက်ရင်မမောင်းနဲ့ပေါ့။အမှန်ပဲ..ကျွန်တော်ဆို..မကြိုက်တဲ့ခရီးစဥ်မမောင်းဘူး။အဆင်ပြေတဲ့ခရီးစဥ်လိုက်တယ်...ကိုယ်ဘက်ကလည်း..အဆင်ပြေအောင်.. အတတ်နိုင်ဆုံး..ခရီးသည်ကို..service ပေးတယ်။မိသားစုစားဝတ်နေရေးအတွက်...ကျပ်တည်းတဲ့ကာလတစ်ခုမှ..အတတ်နိုင်ဆုံးသည်းခံပြီး..ရှာဖွေနေကျတဲ့..လူတွေပါ။ တတ်လာတဲ့ကုန်စျေးနှုန်း...ကားပြင်ဆင်စာရိတ်..မကာမိတော့...စျေးလေးပြင်ပေးဖို့..စျေးနည်းလို့..ပြောကြတာများပါတယ်။ မတရားစျေးနှိမ်ခေါင်းပုံဖြတ်နေတာကြီးက.. ကျွန်တော်တို့ယာဥ်မောင်းတွေပိုကျပ်တည်းလာတယ်။ခရီးသည်တွေအနေနဲ့လည်း..အဆင်မပြေမှုပိုများစေတယ်။ ဒီပြသနာက..အဖြေရှိပြီးသား.. သင့်တင့်တဲ့စျေးနှုန်းတစ်ခုကို..ပွင့်လင်းမြင်သာစွာချပြ... ထိုက်သင့်တဲ့စျေးတစ်ခုရရင်.. ပေးထားရင်...Drivers တွေဘက်က..အဆင်မပြေရင်..တစ်ခါတည်းဘန်းလိုက်... အခုဟာက..စျေးကကြိုမသိရ.. အကြိုကီလိုတွေအဝေးချပေး အသားတင်ရငွေက..၃၀၀၀ပတ်လည်.. ကားပိတ်လမ်းကျပ်..ရောက်ခါနီcancel လုပ်ခံရ.. အဆင်မပြေကြလို့..ရုံးသွားပြောတော့လည်း.. တင်ပြပေးပါမယ်..မှတ်တမ်းယူပေးထားမယ်ကလွဲ..ထူးမလာပါဘူး။ မတရားတာကို..မတရားပါဘူးလို့ပြောတာကို.. $ဖောင်းထုတယ်ထင်နေတဲ့..လူအဖွဲ့အစည်း.. အလျှဥ်းသင့်ရင်...တစ်ရက်လောက်ဝင်မောင်းကြည့်မလား....ရတဲ့ပိုက်ဆံအကုန်ယူပါ.. ကားနဲ့ဆီ..grab payပါ..ကူညီမယ်ခင်ဗျ။ အထင်သေးခြင်း..အချင်းချင်းကင်းရှင်းကြပါစေ။
open on Facebook ↗
💬 11   👍 75   ✨ 5   🔁 3 2025-12-04 2025
🥰🥰🥰🥰🥰
open on Facebook ↗
💬 11   👍 74   ✨ 3   🔁 1 2025-11-11 2025
ခုချိန်ထိတောင် 3000/4000 နဲ့ Grab ကို မောင်းနေတဲ့ Ev တွေကိုကြည့်ပီး စိတ်တောင်မကောင်းဘူးးး ကိုယ်တောင် Tiger အရှည် နှစ်ဘူး နဲ့ အကင် 5000 ဖိုး ရိုက်ပီး အိမ်မှာ နှပ်နေပီ 😂😂
open on Facebook ↗
💬 11   👍 73   ✨ 4   🔁 0 2025-11-10 2025
ထိုင်းနိုင်ငံမှာ လူသုံးများတဲ့ grab နဲ့ bolt taxi app နှစ်ခုရှိတယ်၊ကျွန်တော် ထိုင်းက taxi မောင်းတဲ့ driver တွေနဲ့စကားပြောဖြစ်တော့ တော်တော်များများက grab နဲ့မောင်းရတာကိုမကြိုက်ကြဘူး၊bolt ပဲကောင်းတယ်၊grab ကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့၊မြန်မာနိုင်ငက Driver တွေပဲ grab ကိုမကြိုက်ကြတာမဟုတ်ဘူး၊ထိုင်းက driverတွေလဲကြိုက်မနေဘူး၊but ထိုင်းtaxidriverတွေမှာ ရွေးချယ်စရာ၊taxiမောင်းစားဖို့အတွက် boltဆိုတဲ့ taxi app ကအခိုင်အမာရှိနေတော့သူတို့က ပန်းပန်လျက်ပဲ၊ကျွန်တော်တို့နိုင်ငံမှာလဲ ferry ဆိုတဲ့ appတော့ရှိပါလျက် ထင်သလောက်မပေါက်မြောက်ဘူး၊grabကိုမကျော်နိုင်ဘူးပေါ့၊ အဲ့တော့မြန်မာdriverတွေမှာရွေးချယိစရာ grad ပဲရှိတော့၊driver တော်တော်များများက ရုန်းမထွကိနိုင်ကြဘူး(kiloက နားငြီးအလုပ်ရှုပ်တော့ဘယ်သူမှစိတ်ပါလက်ပါမသုံးချင်ကြဘူး) တကယ်တော့ ကျွန်တော်တို့ မြန်မာ taxi driver တွေ၊မြန်မာမှာtaxiစီးတဲ့ခရီးသည်တွေအဖြစ်ကလဲ သနားစရာကောင်းလှပါရောလား၊ တခြားနိုင်ငံတွေမှာ ကားကောင်းတွေ၊ကားသန့်တွေနဲ့ taxiမောင်းရ၊ငှားတဲ့သူလဲ အမိုက်စားကားတွေစီးရ(အိမ်စီးကားတွေနဲ့လဲ taxiဆွဲလို့၊စီးလို့ရတာပာာ တခြားနိုင်ငံကသူတွေအတွက်အားသာချက်တစ်ခုပဲ) မြန်မာနိုင်ငံကတော့ဖြင့်ဗျာ ပဲခြမ်း၊ဖင်ကောက်၊အပျိုပေါက်၊နွားကြီး၊နွားလေ၊fielder,တို့နဲ့တိုင်တွေပတ်(taxi လောကကြီးကိုကားအမိုက်စားတွေ၊အိမ်စီးကားတွေနဲ့လဲ taxiဆွဲလို့ရတဲ့အခြေနေတစ်ခုကိုအမြန်ဆုံးဖြစ်စေချင်ပါရဲ့ ဗျာ..…....)
open on Facebook ↗
💬 11   👍 71   ✨ 1   🔁 1 2026-01-29 2026
Group နဲ့တော့မဆိုင်ပေမဲ့ ကျွန်တော့်ကား Probox က ဘရိတ်နင်းရင် R မီးပြပြီး တတီတီနဲ့ အော်နေတာ ဘယ်လိုလုပ်လို့ရမလဲဗျ
open on Facebook ↗
💬 11   👍 66   ✨ 3   🔁 1 2026-01-27 2026
grabရေကျေးဇူးပါ မင်းနှစ်ခါပိတ်တာ နှစ်ခါလုံးစျေးကောင်းရတယ် ငါတို့ကလိုတုံးပဲလုပ်တော့တယ် grab မင်းပိတ်လို့ကံလမ်းကနေ မြို့ထဲရွှေပုဇွန်ငှားလို့လိုက်သွားတာ 15000 တောင်ပေးလိုက်တယ် အဲကွန်းဖွင့်ပေးထားတာအေးလို့တဲ့ grab ကချပေးတဲ့ရေတာရှည်လမ်းသစ်ကနေ စံရိပ်ငြိမ်ဂမုန်းပွင့်ကို 4900ဆိုဆိုတော့ အေးပေါ့မင်းကအိမ်မှာဆံအပြည့်ဆီအပြည့်ရှိတာဆိုတော့ grabကားဆရာတွေမင်းကနှိပ်လို့ရတာပေါ့ လုပ်ထားပေါ့ကွာ
open on Facebook ↗
💬 11   👍 64   ✨ 4   🔁 3 2026-02-16 2026
ပြောပြန်ရင်လဲ ယာဥ်မောင်းက ရိုင်းတယ်ဖြစ်ဦးမယ် ကြိုဖို့သွားရမှာက ၁ ကီလို ပို့ရမှာက မီတာ ၆၀၀ ရမှာက ၂၀၀၀ ကျော် ဘက်ထရီဖိုးက ၁၀၀၀ Grab ဖြတ်မှာက ၆၀၀ တာယာပါးတာ မပါသေးဘူး ငါတို့ EV ကားအသစ်တွေက ဆိုက်ကားနင်းတဲ့ ဆရာကြီး တွေလောက် တန်ဘိုးမရှိတော့ပါလား ဟောင်ရင်လဲ ကြည့်ဟောင် ငါ grab ကို ၂၀၁၈ ထဲက စမောင်းနေတာ Grab က အခုလိုလုပ်နေတာ AI ပြောင်းပြီးထဲက ဖြစ်နေတာ အခုဆို ၄ လကျော် ၅ လ ဖြစ်နေပြီ AI ခွက်ကြီးပြောင်း လိုက်ထဲက ယာဥ်မောင်းတွေလဲ ခွက်ဆွဲနေရပြီ
open on Facebook ↗
💬 11   👍 65   ✨ 2   🔁 0 2026-02-07 2026
Grab စီးတဲ့ ခရီးသည်တွေထဲမှာ လူလိုနားမလည်တာ 50%လောက်ရှိတယ်ရာတော်တော်များများက ရပ်မရတာေ ကားကအဝေးကြီးကလာနေတုန်း တိုက်ပေါ်ကဆင်းထားမယ်မရှိဘူး အမြဲတမ်း သူတို့ကိုဘဲစောင့်နေရတယ် ရန်ကူန်မြို့နေတွများတယ် သူတို့နားမလည်ဘူး သူတို့မတွေ့လို့ ကျော်ရပ်ထားပြန်ရင်လဲ ဘယ်နားမှာလဲ ညီမတို့ကအနောက်မှာ နည်းနည်းနောက်ဆုတ်ပေးပါအုံးတို့ ကားကအများနဲ့မောင်းနေရတာ ကိုတစီးထဲမောင်းတာမဟုတ်ဘူး ကြိုဆင်းစောင့်ကြပါ
open on Facebook ↗
💬 11   👍 64   ✨ 3   🔁 0 2025-11-11 2025
ယူတို့ကားမောင်းတဲ့သူတွေကိုအကြံတစ်ခုပေးမယ် နေ့တိုင်းဝင်ငွေများချင်ရင် ကလပ်တွေရှိတဲ့နေရာကိုသွား မနက် လေးနာရီကနေ ရှစ်နာရီထိ မောင်းစမ်းပါလေ့ Transporter နားမှာ မှတ်ချက် စောက်ပျင်းကားသမားတွေမပါ 😂
open on Facebook ↗
💬 11   👍 65   ✨ 1   🔁 0 2025-11-19 2025
၁၈ ကြောင်းမောင်းပြီး အသားတင်အကျန် ၈ သောင်းကျော် ၊ ၁ရ ကြောင်းမောင်းပြီး အသားတင်အကျန် ၉ သောင်းကျော်ကျန်တဲ့ post တွေတွေ့ရတယ် ကီလိုမီတာဘယ်လောက်မောင်းရခဲ့သလဲတော့မသိဘူး ။ ဘာဖြစ်ဖြစ်အဆင်မပြေဘူး။ အပျင်းပြေလောက်ပဲ ဆွဲကြပါလို့ အကြံပေးပါတယ် ဆြာတို့ ။
open on Facebook ↗
💬 11   👍 62   ✨ 3   🔁 1 2026-02-19 2026
ကားတာယာတွေ grab က ပံ့ပိုးပေးမယ်လို့ကြားလို့။(၁)နှစ်ကို လေးလုံးဆိုတာ ဟုတ်လား ဆရာသမားတို့
open on Facebook ↗
💬 11   👍 60   ✨ 3   🔁 3 2026-01-02 2026
ဆက်မောင်းနေရင် ဘာဖြစ်လာမလဲသိလား ဘာမှမဖြစ်လာဘူး အကြွေးတွေတက်လာလိမ့်မယ် CNG သမားဆို အုံနာကြေးအရမ်းများတယ် ချဥ်ဖတ်ပေးတဲ့ အကြောင်းတွေ နေ့တဝက်မောင်းရင်တောင် အုံနာကြေးပြည့်မှာမဟုတ်လောက်ဘူး သုံးထောင်အကျော်လေးတွေကြီးဖဲ တက်တာ တကယ်ဘေးတွဲမစီးကျတော့ဘူး နီးနီးလေးလည်း ချဥ်ဖတ်ဖဲ လှမ်းခေါ်စီးကျတော့တာ
open on Facebook ↗
💬 11   👍 56   ✨ 3   🔁 2 2026-03-28 2026
ဒါကတော့ လွန်သွားပြီ Grab ဈေးတက်တယ်လို့သာ အော်နေကြတာ နင်တို့ Grab ပေးတဲ့ဈေးကိုကြည့် သူဈေးတက်လေ သူ့ဗိုက်ပြည့်လေပဲ drivers မှာဘာမှမကျန်ဘူး
open on Facebook ↗
💬 11   👍 54   ✨ 3   🔁 0 2025-11-18 2025
ကျွန်တော်ကတော့ Grab စီးတာ ဈေးတန်လို့လည်းစီးတယ် ငှားရအဆင်ပြေလို့လည်းစီးတယ် ကျွန်တော်ပေးတာကလည်း သူတို့(ကားသမား)အတွက် အဆင်ပြေတယ်လည်း ထင်တာပဲ။ ပေးတဲ့ပမာဏကလည်း နည်းမနေဘူးထင်တာပဲ။ တချို့ကားဆရာတွေက ခွက်ဈေးတွေ ဘာဈေးတွေပြောနေလို့ပါ။ ကျွန်တော်ကတော့ တန်ရာတန်ကြေးပေးစီးတယ်လို့မြင်တာပဲ။ တခါတလေဈေးများနေတာတွေ့ရင် promo code သုံးလိုက်တယ်။ ဒီလောက်ပဲ။
open on Facebook ↗
💬 11   👍 53   ✨ 3   🔁 1 2026-01-26 2026
ဟိုကောင်တွေ အသားကုန်လော်ကျတယ်နော် Weekend ကို သုံးသိန်းကျော်အကျန်ဆိုဖဲ 3000 အကြောင်းလေးတွေနဲ့ ဘယ်လိုပြည့်အောင် မောင်းကျတာလဲ
open on Facebook ↗
💬 11   👍 53   ✨ 3   🔁 1 2025-12-06 2025
Admin please. ငွေကတော့ မများဘူး ဒါပေမဲ့ မိတ်ဖက်ယာဉ်မောင်းကြီးများလို့ တဖွဖွပြောနေမဲ့အစား ငါတို့အတွက် ဘယ်လောက်အလုပ်လုပ်သလဲ သိခြင်လို့ စမ်းကြည့်တာ.... ဘဝတူယာဉ်မောင်းများ အဆင်ပြေကြပါစေ။ 🙏
open on Facebook ↗
💬 11   👍 51   ✨ 4   🔁 2 2026-01-26 2026
grab ရုံး ဘယ်မှာရှိလဲရှင် မနေ့က ကားပေါ်မှာ ဖုန်းပါသွားလို့ ဖုန်းဆက်တာ ချက်ချင်းပိတ်လိုက်ပါတယ်ရှင် grab ev ပါ ခလေးနဲ့မို့ သတိမထားမိတာ သိတဲ့အချိန်ဆက်တော့ ဖုန်းပိတ်လိုက်ပါတယ်ရှင်
open on Facebook ↗
💬 11   👍 53   ✨ 2   🔁 0 2026-04-16 2026
ကားဆရာတချို့ Grab နဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေရှိနေတာနားလည်ပါတယ် ဒါပေမယ့် ဒါကြီးကို ခရီးသည်တွေဖက်လှည့်ပြီး အကုန်ပတ်မရမ်းကြပါနဲ့ Grab ငှါးတဲ့ထဲ တစ်ချို့ကခုမှလောကကြီးအကြောင်းစထိတွေ့ခါစလူငယ်တွေ မသုံးတတ်သုံးတတ် နယ်ကတတ်လာတဲ့လူတွေ Grab အကြောင်းနားမလည်တဲ့ လူတွေကတော့ ကားခေါ်တဲ့အခါ ပေါက်ကရလုပ်ချင်လုပ်ကြလိမ့်မယ် ဒါပေမယ့် နေ့စဉ်ဘဝမှာ Grab ကို စည်းကမ်းတကျ သူ့ရဲ့ Rules & Regulations အတိုင်း အဆင့်အတန်းရှိရှိစီးနေတဲ့ ခရီးသည်တွေပါရှိနေတယ်ဆိုတာ မမေ့ပါနဲ့ ကားမောင်းတဲ့လူတွေမှာလည်း အပြောအဆိုရင့်သီး attitude မကောင်းတဲ့ စရိုက်တွေပါသလို ပြောဆိုဆက်ဆံရေးကောင်းမွန်ဖော်ရွှေတဲ့လူတွေလည်းအများကြီးရှိတယ်ဆိုတာ နေ့တိုင်းလိုလို စီးနေရတဲ့ ကိုယ်တွေအတွက် ကြုံတွေ့နေကျကိစ္စပါ အဓိက က ပတ်မရမ်းဖို့ပဲဗျာ
open on Facebook ↗
💬 11   👍 49   ✨ 3   🔁 2 2025-11-17 2025
Grabယာဥ်းစီးခ စျေးကြီးတယ် စျေးကြီးပေးစီးတယ်နဲ့ မဟုတ်မမှန် မပြောကြနဲ့..... ဖိုတို...ခရစ်ဒစ်
open on Facebook ↗
« first ‹ prev   page 27 / 49 — 1459 posts match   next › last »