Grab Taxi group — post picker

0 posts selected · ~0 comments queued · review picks · export.json
💬 47   👍 87   ✨ 4   🔁 3 2026-04-11 2026
မနေ့က မင်္ဂလာစျေးကနေ သုဝဏ စျေး grab ငှါးဖို့ကြည့်တာ ၁သောင်း၇ထောင်တဲ့ ဒါနဲ့ လက်တာငှါးတော့၁သောင်းနဲ့ရတယ် ဒီလောက် grab က ၇ထောင်စျေးပိုရတာတောင် ဘာလို့ကားဆရာတွေက ငိုးနေရတာလဲ မသိလို့😁 နောက်ဆို ခရီသည်များ grab စျေးထောက်ပြီးလက်တာပဲစီးပါ တစ်ဝက်သက်သာပါတယ် 👍
open on Facebook ↗
💬 47   👍 82   ✨ 3   🔁 2 2026-01-02 2026
Taxi ဆရာ ညီအကိုများ အကြံဉာဏ်တောင်းချင်လို့ပါခဗျ။ လက်ထဲမှာ ၈၀၀ လောက်ရှိပါတယ်။ Fielder ဆီကားကောင်းကောင်း ရှာဝယ်သင့်လား EV အသစ်ပဲ ဝယ်ရမလားခဗျ။ Gas ကားတော့ ဝယ်ဖို့ အစီအစဉ်မရှိလို့ပါ။ ဖြေပေးပါဦးခဗျ။ ကျေးဇူးပါ။
open on Facebook ↗
💬 46   👍 332   ✨ 5   🔁 36 2026-04-16 2026
ပယောဂ မှန်လို့ တုန်ဆင်းလာပီလား Grab ဟာ သင်္ကြန်ပိတ်ရက်ကြီးမှာတောင် လူရှာပို့စ်တွေ လူသစ်ခေါ်လာရင် နှစ်သောင်းပေးမယ် မက်လုံးပေးတာတွေ လူသစ် သီးသန့်ကိုပဲ ငါးရာခိုင်နှုန်းပေးမယ်ဆိုပြီး ခေါ်တာတွေဟာ သူတို့ကို အလုပ်အကျွေးပြုမယ့် ယဉ်မောင်းအသစ်တွေ အပူတပြင်းလိုနေပီဆိုတာကို ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်နေရပီပဲ ဖြစ်ပါတယ် တနည်းအားဖြင့်ပြောရရင် လူဟောင်းတွေဟာ သူတို့ရဲ့ စနစ်ကို ကောင်းကောင်းသိပြီး မမျှတလို့ ကျောခိုင်းပြီဆိုတာ သိလို့က‌တကြောင်း သူ့အနေနဲ့လည်း ကျွန်တော်တို့ လူဟောင်းအပေါ်မှာ သူခေါင်းပုံဖြတ်ထားတဲ့ 20 ရာနှုန်းထဲကခွဲ‌ေပးဖို့‌တောင် မသဒ္ဓါတော့ဘူးဆိုတာ ကျွန်တော်တို့ သိလိုက်ရပီ သင်္ကြန်တတွင်းလုံး သူ့ရဲ့ မပြောင်းလဲတဲ့ဈေးနဲ့ လူကြပ်တဲ့နေရာကို သွားခေါ်ပေးခဲ့တဲ့ ယဉ်မောင်းတွေအပေါ်တောင် သူမငဲ့ပါဘူး သူများတွေ သင်္ကြန်ကာလ အဆင်ပြေပြေနဲ့ ဆွဲနေတဲ့ချိန်မှာတောင် မပြောင်းလဲတဲ့ ဈေးနဲ့ ဆွဲနေပေးတဲ့ သူ့ရဲ့ ယဉ်မောင်းတွေအပေါ် ဘယ်လိုဆက်ဆံလိုက်ပါသလဲ ငါးရာခိုင်နှုန်းတောင် ခင်ဗျားတို့အပေါ်မသဒ္ဓါပါဘူး ခင်ဗျားတို့ စဉ်းစားဖို့ အချိန်တန်ပါပီ သူများတွေ တစ်ကီလို 2000 လောက်ရချိန်မှာ တစ်ထောင်ပတ်ဝန်းကျင်နဲ့ဆွဲပေးနေတဲ့ ခင်ဗျားတို့ ဘာပြန်ရပါသလဲ လကုန်‌မှပေးတဲ့ ရာခိုင်နှုန်းဆိုတာ သခင်အားရလို့ပေးတဲ့ အရိုးအရင်းလေးမှန်း ကျွန်တော်တို့ သိခဲ့ကြပြီ တနေကုန်ဆက်တိုက်မောင်းလို့ ကားနာ တာယာပါးမှ သူများနေ့တဝက်ရှာသလောက်ရတာ ကိုလည်း ကျွန်တော်တို့သိခဲ့ကြပီ သူသတ်မှတ်ချင်တဲ့ချိန် သတ်မှတ်ချင်သလို သတ်မှတ်တဲ့ဈေးနဲ့ ကျွန်တော်တို့မောင်းမလား စတက်ဘယ်လောက် တစ်ကီလိုဘယ်လောက်ဆိုပြီး ပွင့်လင်းမြင်သာထိုက်တန်တဲ့ စနစ်နဲ့ မောင်းမလား ကျွန်တော်တို့ ဆုံးဖြတ်ရပါတော့မယ် ကျွန်တော်တို့ အများစုမမောင်းကြရင် သူ့အနေနဲ့ လုပ်စရာ နှစ်ခုပဲ ရှိပါတယ် တစ်ခုက သင်‌ေလျာ်တဲ့စနစ်တခုကိုပြောင်းလဲမလား ဒုတိယတခုက ဈေးကွက်ကို လက်တားနဲ့ တခြား အပြိုင် service တွေကို မျှပေးလိုက်ရမလား ကျွန်တော်တို့ ‌အပေါ် နှစ်အတော်ကြာတဲ့ထိ ဂုတ်သွေးစုတ်ခဲ့တဲ့သူ့ကို ကျွန်တော်တို့ ဆက်ရှင်သန်ခွင့်ပေးလို့မရတော့ပါဘူး သူအားသာတာနဲ့ ကျွန်တော်တို့ကို ဒီလိုပဲ ပြန်လုပ်နေမှာပါပဲ ကျွန်တော်တို့ သူ့ကို မယုံကြည်တော့ပါဘူး ကျွန်တော်တို့ လုပ်ရမှာ လုပ်နိုင်တာ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ် အဲဒါက ကျွန်တော်တို့ကို ကံတရားက မျက်နှာသာပေးထားတက်အချက်ပါ ကျွန်တော်တို့ကား ဖြစ်ပါတယ် ကျွန်တော်တို့မောင်းမယ် မမောင်းဘူး ဆုံးဖြတ်ခွင့်ရှိနေပါတယ် အဲဒီကြားထဲက ဈေးကွက်ကို ချုပ်ကိုင်ထားပြီး သူ့ဆီဝင်မှ အော်ဒါရမယ် သူပေးတဲ့ဈေးပဲရမယ်လို့ လူပါးဝထားတာပါ ခရီးသည်တွေကို ဖုန်းတပြပြနဲ့ grab ဈေးကဘယ်လိုဆိုပြီးဖြစ်အောင် လုပ်ထားတဲ့ကောင်ပါ ဘယ်သူသေသေ ငတေမာရင် ပြီးရောလုပ်ခဲ့တဲ့ကောင်ပါ ဒီကောင့်ကို ကျွန်တော်တို့ အကြိမ်ကြိမ် လူကြီးလူကောင်းဆန်စွာ help center က တဆင့် ကားသမားပေါင်း မြောက်များစွာက ပြောခဲ့ပြီးပါပီ ကျွန်တော်တို့ရဲ့ ဆင်းရဲဒုက္ခတွေကို သူဘာမှ နားထောင်မနေပါဘူး မိတ်ဖက်ဆိုတဲ့ စကားလှလှလေးသုံးပြီး တဆုံးကို ဂျင်းထည့်ခဲ့တာပါ ခုတော့ ကျွန်တော်တို့လုပ်နိုင်တာဘာလဲ ကျွန်တော်တို့ဟာ လုပ်ချင်းတိုင်းလုပ်လို့မရတဲ့ ရန်ကုန်တက္ကစီတွေဆိုတာ ပြရပါတော့မယ် တခြားနိုင်ငံတွေမှာ ရချင်ရမယ် မြန်မာပြည်မှာတော့ လုံးဝမရစေရတော့ဘူး ကျွန်တော်တို့အနေနဲ့ ၁။ grab ကို လုံးဝမဆွဲတော့တာ ၂။ ဆွဲတော့ ဆွဲမယ်။ အပြန်အော်ဒါရှာတာရယ် ဈေးကိုက်တဲ့အ‌ေကြာင်းပဲရွေးဆွဲတာ အဲဒါလေးလုပ်ရုံပါပဲ ဒါဟာ အရမ်းလွယ်ပါတယ် လုပ်ပြီးတဲ့သူတွေလည်း လုပ်ပြီးကြပါပီ ဥပမာအားဖြင့် အရင်တရက်ကို အကြောင်းနှစ်ဆယ် သုံးဆယ်ဆွဲတဲ့သူဟာ grab မဆွဲတော့ရင် အဲဒီအကြောင်းသုံးဆယ်ဟာ လက်တားနဲ့ တခြားတူတူတန်တန်ပေးတဲ့ service တွေကို ရောက်လာမှာပဲ တိုက်ရိုက်ကို အချိုးကျနေပါတယ် ခင်ဗျားတို့ မယုံဘူးဆိုရင် သင်္ကြန်ကိုပဲကြည့်ပါ ပိတ်ထားသူများတော့ grab ဈေးဘယ်လောက်ပါတပြပြနဲ့ ပြောနေတဲ့သူတွေတောင် လမ်းပေါ်ညှိနှိုင်းပြီး ဌားရတာပဲ မဟုတ်ပါလား ခင်ဗျားတို့ ဈေးကွက်ပေါက်ဈေးမရတာ Pin လျော့ထောက်တာ Pin မှားတာ ကားရောက်လာတောင် အိမ်ပေါ်က ဆင်းမလာလို့စောင့်နေရတာ One way လမ်းနဲ့ ‌shopping center တွေမှာ အဆင်သင့်စောင့်မနေလို့ အကျပ်ထဲကို အဝေးကြီးက ပြန်ပတ်လာရတာ ကြိုရတာတခါ ပို့ရတာတခါကို ကြိုရတာအတွက် တထောင်တောင်မပေးတာ လူပိုတင်တာပစ္စည်းပိုတင်တာ ခင်ဗျားပုံတွေတင်ပြီး စောက်ရှက်ခွဲခံရတာ ခင်ဗျားစိတ်ကုန်နေပီမလား တချိန်တုန်းက အပြန်အလှန်လေးစားမှုရှိတဲ့ ခရီးသည်နဲ့ ကားဆရာဆက်ဆံရေးကနေ ခုတော့ grab ဝန်ထမ်းလိုအဆက်ဆံခံရတဲ့ထိ လျော့ကျသွားခဲ့ရပီမလား လုပ်ရမှာ လွယ်လွယ်လေးပါ ၁။ grab ကို လုံးဝမဆွဲတော့တာ ၂။ ဆွဲတော့ ဆွဲမယ် အပြန်အော်ဒါရှာတာရယ် ဈေးကိုက်တဲ့ချိန်ပဲရွေးဆွဲတာ ဒါဆို ခင်ဗျားတို့ လိုချင်တဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေကို ရောက်လာမှာ အသေအချာပါပဲ သင်္ကြန်လိုပဲ အားလုံးညီညီနဲ့ တရက်လောက် သတ်မှတ်ပြီး NO grab Day လုပ်ကြရအောင် အဲဒီက ဖြစ်လာမယ့် အနေအထားကောင်းတခုခု ကို ကျွန်တော်တို့မျက်ဝါးဝါးထင်ထင် မြင်လာရမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ် ဒီသတင်းစကားလေးကို ကျွန်တော်တို့လိုပဲ ခံစားနေရတဲ့ ဘဝတူညီအကိုတွေ ဆီရောက်ချင်တယ်ဗျာ ခင်ဗျားတို့တတ်နိုင်သမျှ ကားဆရာ groupတွေမှာ ဖြန့်ဝေပေးကြပါအုံး အကြံဉာဏ်နဲ့ အစီအစဉ်လေးတွေရှိရင်လည်း Comment မှာ ရေးပေးခဲ့ကြပါအုံး We are drivers, We are brother (ခင်ဗျားဟာ ဘာကားပဲမောင်းမောင်း ကျွန်တော်တို့တွေဟာ လမ်းပေါ်မှာနေ့စဉ်ရှင်‌သန်နေရတဲ့ ညီအကိုတွေပါ ကျွန်တော်တို့ ညီအကိုတွေအရေးဟာ ကျွန်တော်တို့အရေးပါပဲ)
open on Facebook ↗
💬 46   👍 146   ✨ 5   🔁 1 2026-01-18 2026
ကားနံပါတ် DD-5280 နံမည် ချမ်းငြိမ်းမြိုင် Grabစီးတာ ၅ နှစ်ကျော်ပြီ ဒီလို စိတ်ဓာတ်အောက်တန်းကျတဲ့ ကောင်တွေ ခုမှမြင်ဖူးတာ တကယ်အံ့ဩတယ်။ တကယ်က ဘာမှထိခိုက်သွားတာမဟုတ်ဖူး ဒီလို ယုတ်ညံ့တဲ့ စိတ်ကို တွေ့မိတာ… မနက် ၈လောက်မှာ ခရီးစဉ်ကိုလက်ခံပြီး ကားကမရွေ့လို့ ဖုန်းဆက်တယ် မကိုင်တာနဲ့ စာပို့လိုက်တော့ ဒီလိုမျိုး စာ ပြန်လာတယ် 😅 သောက်ခွက်နဲ့ သောက်ကျင့်ကလိုက်တယ် 🙃
open on Facebook ↗
💬 46   👍 142   ✨ 4   🔁 7 2026-05-25 2026
ဒီနေ့grabရဲ့ဒီခရီးစဥ်က 19.2KMရှိတယ် Driverကိုပေးထားတာက19000 သူတို့အတွက်ကျတော့5000ကိုအပြည့်အဝမလျော့စေရဘူးဖြတ်ထားတယ်ဆိုတော့ အခုဆီေစျးနဲ့ ရတဲ့ပိတ်ဆံကိုဆီပြန်ထည့်ရင် Driver က လီးနဲ့ဆားတော့စားနေရတော့မှာလား grabရယ် တော်တော်စောက်ချိုးမပြေဖြစ်လာပြီ။
open on Facebook ↗
💬 46   👍 103   ✨ 3   🔁 1 2026-02-01 2026
Grab က ခေါ်ပြီးကားလာတော့ စုတ်ပြတ်သတ်နေရင် Cancel လုပ်ခွင့်ရှိလားသိချင်လို့ပါ
open on Facebook ↗
💬 46   👍 87   ✨ 4   🔁 0 2026-01-30 2026
ခုgrab taxiသမားတေလူပါးအရမ်းဝတယ်။လက်ခံပြီးမလာတာတေခနခနကြုံနေရတယ်။သူတို့မလာတာကိုပြောတော့ grab ရုံးကိုသွားပြောတဲ့ရုံးကautoလက်ခံစနစ်တဲ့။လူပါးဝတာကိုယ့်ကိုတောင်မခြေမငံပြောသေးတယ်။grab ရုံးတိုက်ရိုက်ဖုန်းနပါတ်ရှိရင်commentမှာချန်ခဲ့ပါ‌ေကျးဇူးပြုပီး။။ဖုန်းဆက်ပြီးcomplainတင်မလို့
open on Facebook ↗
💬 46   👍 88   ✨ 2   🔁 0 2025-12-10 2025
ကိုယ်ပိုင် Taxi နဲ့ Grab ချိတ်ထားမယ် လက်တားလဲလိုက်မယ်ဆိုရင် တစ်လကိုအပြီးအစီး 15သိန်းေလာက်ကျန်လားခင်ဗျာ အခုမှ Taxi စမောင်းမှာမို့လို့ပါ ဖြေပေးကြပါအုန်းအစ်ကိုတို့ 🙏
open on Facebook ↗
💬 46   👍 77   ✨ 3   🔁 1 2026-05-20 2026
Grab မောင်းကြတဲ့ ကားဆရာတို့ရှင် ခရီးတစ်ခုကို မလိုက်နိုင်ဘူးဆိုရင်လည်း ချက်ချင်း cancel ပေးကြပါလား။ အခုက ကားကိုလည်းမြင်နေတယ်၊ ‌ခေါ်ထားတဲ့နေရာလည်း ရောက်နေရက်နဲ့ Cancel လိုက်တာက အတော်လေး အဆင်မပြေပါဘူးနော်။ လူကြီးမင်းတို့ရဲ့ကားကို စောင့်နေရတဲ့အချိန် ပုပ်ပါတယ်။ ၁၅ ရက်နေ့က ကားဆရာကိုတော့ screenshot မရိုက်မိလိုက်လို့ ဒီနေ့ cancel တဲ့ကားဆရာကို screenshot ရိုက်လိုက်ပါတယ်။ ဒီနေ့ သမိုင်းဘက်မှာ ရုံးဆင်းချိန် မိုးတအားရွာပါတယ်။ မိုးထဲလေထဲ ကားခေါ်ထားပြီး ကားကိုမြင်လိုက်ရက်နဲ့ Booking cancel ချတဲ့ ကားဆရာအစ်ကိုရှင့် ဘာကြောင့်များလုပ်ရက်ပါသလဲရှင်။ Grab က အစ်ကိုတို့ကိုပေးတာနည်းလို့ဆိုရင်တောင်မှ ဒါက Grab နဲ့ အစ်ကိုတို့ကြားက ပြဿနာဖြစ်ပါတယ်။ ကျွန်မကလည်း ပိုက်ဆံမပေးဘဲစီးမှာမှမဟုတ်တာရှင်။ အရမ်းလည်း စိတ်တိုရပါတယ် အစ်ကိုသာ မလာချင်လို့ အစကတည်းက cancel လိုက်ရင် အစ်ကို့ကို စောင့်နေမယ့် အချိန်မှာ ကျွန်မ အခြားတစ်စီးကို ထပ်ခေါ်မှာပါ။ အခုက အစ်ကိုတို့ဘက်က တမင်သပ်သပ်ကို အကျင့်ယုတ်လိုက်တာပါ။ တစ်ဖက်သားကို အဆင်မပြေအောင် လုပ်ခဲ့သလို အစ်ကိုတို့လည်း အိမ်သာတက်လို့ပြီးကာမှ တစ်ရှူးကုန်နေတာ၊ ရေမရှိတာမျိုး၊ ထမင်းစားနေရင်းမှ အိမ်သာထတက်ချင်တာမျိုး၊ ကားခေါ်လို့ သွားနေရင်း ရောက်ကာနီးမှ cancel ခံရတာမျိုး၊ အိပ်နေတဲ့အချိန် Operator တွေဆီက ဖုန်းတဂွမ်ဂွမ်အဆက်ခံရတာမျိုး မဖြစ်ပါစေနဲ့နော်။
open on Facebook ↗
💬 46   👍 66   ✨ 4   🔁 0 2026-02-01 2026
$ သုံးမကျတဲ့ ကောင်တွေကြောင့် အချိန်တွေ ကုန်လိုက်တာ … KMKL လေး …. မလာနိုင်လဲ အဲ့ဖက်က cancel မလုပ်ဘူး …
open on Facebook ↗
💬 45   👍 406   ✨ 6   🔁 80 2026-05-18 2026
Grab မသုံးဘဲ ကားမောင်းလို့ဖြစ်သလား ဖြစ်ပါတယ်။ သိပ်ကို ဖြစ်ပါတယ်။ အပြင်မှာ တစ်ကီလို 1500 ကနေ 2000 လောက်ကို ခရီးသည်များ‌ေကျ‌ေကျနပ်နပ် ပေးစီးကြပါတယ်။ aircon ဖွင့်ပေးရင်သူတို့ ပိုပျော်ပါတယ်။ ကျွန်တော်တို့လည်း စေတနာထားပြီး ပို့နိုင်ပါတယ်။ လူပို ပစ္စည်းပိုရင်လည်း မျက်မြင်ညှိနှိုင်းပို့လို့ရပါတယ်။ လက်တားစီး ခရီးသည်များဟာ များသောအားဖြင့် လူကပ်တွေ မဟုတ်ပါဘူး။ အခြေခံလူတန်းစားတွေတောင်မှ အထုပ်ပိုတွေတင်ရင် တန်ရာတန်ကြေးပေးစီးကြပါတယ်။ ကျွန်တော့်အတွေ့အကြုံအရ Grab ခေါ်ပြီး အိမ်ပြောင်းသူတောင် ကြုံခဲ့ရဖူးပါတယ်။ ပို့ပေးပါ့မယ်ဆိုပြီး 1200ပဲ ပိုပေးဖူးပါတယ်။ သူ့ပစ္စည်းတင်တာတင် ငါးမိနစ်ကြာပါတယ်။ စောင့်ဆိုင်းခ ငါးရာနှုတ်ရင် 700 ပိုပေးတဲ့ သဘောပေါ့လေ။ အပြင်မှာ ကွမ်းခြင်းတခြင်းတင်ရင် ဘယ်လောက်ရှိနေပီလဲ။ ပီနံအိတ် တအိတ်ကို ဘယ်လောက်ပေါက်နေပီလဲ ခင်ဗျားတို့ ကျွန်တော်တို့သိပါတယ်။ လမ်းမတော်ကနေ ဒေါပုံကိုမှ ခြောက်ထောင်ကျော်ကို လူအပြည့် ပစ္စည်းအပြည့်တင်လိုက်တဲ့အခါ ခင်ဗျားတို့ ဘယ်လိုခံစားခဲ့ရသလဲ။ ဒီလို ကားသမားဒုက္ခရောက်တဲ့ စနစ်ကြီးကို ကျွန်တော်တို့ ဆက်လက်ခံလို့မဖြစ်တော့ပါဘူး။ ဆီကားသမားတွေ မဆွဲတော့ပါဘူး။ CNG သမားတော်တော်များများတောင် ကျောခိုင်းနေကြပါပီ။ EV သမားများလည်း လက်တားတွေ့ရင် တင်နေကြပါပီ။ ဥပမာ အားဖြင့် ကားဆယ်စီး ရှိတယ်ဆိုပါစို့ ဌားမယ့်သူ က ဆယ်ဦးဆိုရင် အားလုံး grab ဖွင့်ထားရင် ဆယ်စီးလုံးက grab ကနေတဆင့်,ခေါ်ခံရပြီး နှစ်ဆယ်ရာနှုန်းလည်းပေးရ ဈေးလည်းနှိမ်ခံပြီး ဆွဲရမှာ ဖြစ်ပါတယ်။ ဒီကြားထဲ ပစ္စည်းပို လူပို စောင့်ရတာ pin လျော့ထောက်တာလည်း ခံရနိုင်ချေများပါတယ်။ သုံးစီးက ဆွဲပြီး 7 စီးက မဆွဲဘူးဆိုရင်တော့ လက်တား 7 ဦး လမ်းပေါ်သေချာပေါက်ရောက်လာမှာ ဖြစ်ပါတယ် မျက်မြင်ဈေးညှိနှိုင်းပြီး သင့်လျှော်မျှတတဲ့ ဈေးနဲ့ ဆွဲလို့ရမှာ ဖြစ်ပါတယ်။ တကယ်ကို ရိုးရှင်းပါတယ် ခင်ဗျားတနေ့ကုန် အကြောင်းသုံးဆယ်ကျော် လေးဆယ်နီးပါး ဆွဲရင် ခင်ဗျားပဲ ပင်ပန်းမှာပါ ဈေးတူရင်တောင် နှစ်ဆယ်ရာနှုန်းက အရမ်းကိုများတဲ့ ပမာဏပါ ဆယ်ကီလို grab က နှစ်သောင်းကျော်ကောက်ရင်တောင် ခင်ဗျား ‌တသောင်းခွဲကျော်ပဲရမှာပါ အပြင်မှာဈေးတည့်ရင် 19000 တောင်ဆိုရင်တောင် လေးထောင်ပိုရနေပါီပီ ခရီးသည်လည်း နှစ်ထောင်နီးပါးသက်သာပါတယ်။ ခင်ဗျားလည်း ပြုံးရယ်ပျော်ရွှင်စွာ ဝန်ဆောင်မှုပေးနိုင်မှာပါ။ အင်မတန်မှကို ရိုးရှင်းပါတယ်။ ခရီးသည် သည် ခင်ဗျား grab ကဆွဲဆွဲ၊ အပြင်က ဆွဲဆွဲ သူလိုရာကို သူသွားကို သွားမှာဖြစ်ပါတယ်။ grab က ခေါ်လို့ရရင် grab က ခေါ်ပါလိမ့်မယ်။ grab မရရင် လက်တား သို့ တခြား taxi service ကို အသုံးပြုပြီး သူလိုရာကို ရောက်အောင် သွားမှာပါပဲ။ ခင်ဗျား အပြင်မှာ တန်ရာတန်ကြေးနဲ့ ရလိုက်တဲ့ ခရီးသည်တယောက်ဟာ ဘဝတူ ညီအကိုတယောက်က grab ကို ပိတ်ထားလိုက်လို့ပါ။ ကျွန်တော်တို့ အားလုံး grab software ဘားတန်းအောက်ခြေက ဈေးနှုန်းလေးကြည့်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ အလုပ်လုပ်ခဲ့ရတာလည်း နှစ်ချီနေပါပီ တရက် grab ကို လူရှာခ အနည်းဆုံး နှစ်သောင်းနဲ့ တစ်လ ခြောက်သိန်း တစ်နှစ် 72 သိန်း ပေးပြီး ဆွဲခဲ့ကြပြီးခဲ့ပါပီ အဲထက် နှစ်ဆ ဆွဲမယ်ဆို 144 သိန်းပါ ဒါဟာ ကျွန်တော်တို့ သားသမီးလေးတွေရဲ့ ကျောင်းစရိတ်တွေ အဖေအို အမေအိုတွေရဲ့ ဆေးကုသစရိတ်တွေ ဖြစ်သွားနိုင်ပါတယ်။ ခင်ဗျား ယာဉ်မတော်တဆမှုဖြစ်တဲ့ခါ ဘယ်သူမှ ခင်ဗျားအတွက် စိုက်လျော်ပေးတာ မဟုတ်ပါဘူး အဲဒီအခါကျရင် 144 သိန်းဆိုတဲ့ ပမာဏဟာ ခင်ဗျားဘဝကို ကယ်တင်နိုင်ပါလိမ့်မယ်။ ခုပဲ သတ္တိရှိရှိနဲ့ ရပ်တန့်လိုက်ကြရအောင်ပါ။ လူအားလုံးညီစရာ မလိုပါဘူး။ ခုတောင် တော်တော်သိသာနေပါပီ။ ကားမရောက်လို့။ ဒရိုင်ဘာ cancel လို့ အသံတွေ ဆူညံနေပါပီ။ ဒီ မမျှတတဲ့ အခြေအနေကြီးကနေ ကျွန်တော်တို့ ညီအကိုတွေ အတူတူ ကျောခိုင်းစွန့်ခွာကြပါစို့။ We are drivers, We are brother (ခင်ဗျားဟာ ဘာကားပဲမောင်းမောင်း ကျွန်တော်တို့တွေဟာ လမ်းပေါ်မှာနေ့စဉ်ရှင်‌သန်နေရတဲ့ ညီအကိုတွေပါ ကျွန်တော်တို့ ညီအကိုတွေအရေးဟာ ကျွန်တော်တို့အရေးပါပဲ)
open on Facebook ↗
💬 45   👍 154   ✨ 3   🔁 8 2026-01-23 2026
ခွက်စျေး ခွက်စျေးနဲ့ပြောနေကြလွန်းလို့ Grabကိုစျေးတက်စေချင်ပြီ သူမတက်လည်းကိုယ်ကတော့အမြဲပိုပေးနေကြမို့ ကိစ္စမရှိဘူး ဒါပေမဲ့ မောင်းသမားတွေအမြင်မှာခွက်စျေးမို့စီးတယ်ပဲအပြောခံနေရတာအဆင်မ​ပြေနေတော့ဘူးနော် Grab ရယ်လို့စပေါ်ကတည်းက စျေးကလက်တားထက်များတယ် ဒါပေမဲ့စီးတယ် ဘာလို့လဲဆိုစိတ်ချရလို့ ခေါ်ရင်ချက်ချင်းကားရလို့ စျေးမညှိရလို့ ဒါတောင်အဲ့ကတည်းက၂၀၀အစွန်းထွက်ရင်၅၀၀ပေးခဲ့တာမျိုးပဲ ကားဆရာကတောင်ပြန်အမ်းခဲ့တာအတင်း အခုနောက်ပိုင်းက ကားဆရာတွေပြောသလို လက်တားထက်ပိုသက်သာလို့စီးတဲ့လူတွေများလာသလို စျေးနှိမ်လို့ညစ်တဲ့ကားဆရာတွေလည်းများလာတယ် လူမသန့်တော့ဘူး ဖြစ်စေချင်တာက စျေးတက်ပြီး စီးနိုင်တဲ့သူစီး မစီးနိုင်တဲ့သူမစီးကြနဲ့အဲ့လိုပဲဖြစ်စေချင်တယ် ခေတ်ကာလအခြေအနေအရလည်းစျေးပိုတက်စေချင်တယ် ပြီးတော့ ခဏခဏ cancelလုပ်တဲ့ကားဆရာတွေ လာမ​ကြိုဘဲကားပတ်မောင်းနေတဲ့သူတွေကိုပါလျှော့ပစ်စေချင်တယ် အရင်ကGRABကိုပဲပြန်လိုချင်တယ် မောင်းသမားကလည်းလက်တားလောက်စျေးသိပ်မရပေမယ့် လူသန့်လို့မောင်းသလို customerကလည်းလက်တားထက်စျေးပိုပေမယ့် စိတ်ချရလို့စီးရတာမျိုးပဲဖြစ်စေချင်တယ် သုံးစွဲသူတွေရဲ့စကား GRABကနည်းနည်းလေးအလေးထားသင့်ပြီ ကိုယ့်အမြင်ကိုပဲပြောတာပါ
open on Facebook ↗
💬 45   👍 94   ✨ 3   🔁 7 2026-01-23 2026
Grab က ၁၀၀၀၀/-ကျပ် တန်ခရီးစဉ်ကို ခရိသည်တွေစိက ၈၀၀၀/-ကျပ်ဘဲတောင်းတယ် , ပြီးတော့်သူတို့ကောမရှင်ခ ၂၀ ရာခိုင်နုန်း+အာမခံ ၁၀၀/-ကျပ် နုတ်ပြီးတော့် ကါးဆရာကိုပြန်ပေးတာက ၆၃၀၀/- ကျပ်ဘဲ, ဒါကိုခရီသည်တွေခင်ဗျားမသိရှာကြဘူး….
open on Facebook ↗
💬 45   👍 82   ✨ 5   🔁 4 2026-02-13 2026
ဒီနေ့ ည အိမ်အပြန် 8ခွဲလောက်မှာ Vape လိုအနံ့ရပြီး ခနအကြာမှာ လူက အသက်ရှူလုံးဝမရတော့ပါ အသက်ရှုမရလို့ချက်ချင်း တို့ဆေးအငွေ့ပဲသတိထားမိပြီး မီးပွိုင့်မိတာနဲ့ တန်းတိုးတော့ ဘာမှမပြောပဲ ကားပေါ်ကနေ တန်းဆင်းခဲ့ပါတယ် ဒီမှာပဲဆင်းတော့မယ်ဆိုပြီး ကားခအပြည့်ပေးပြီး ဆင်းခဲ့တာပါ အသက်ရှုမရတာနဲ့ တခါတည်းဆင်းခဲ့လို့ကံကောင်းသွားတာပါ Grap Taxi တွေတကယ်လုံခြုံမှုမရှိတော့ပါ ဒီလူကို သတိထားကြပါ ဒီနေ့ မြောက်ဒဂုံ 35 မှတ်တိုင်အကွေ့ မြောက်ဥက္ကလာ အပြန်မှာ ဖြစ်သွားတာပါ မိန်းကလေးတွေအနေနဲ့ ညဘက် တယောက်တည်း ကားစီးရန်မသင့်တော့ပါ ကိုယ်တော့ တကယ်ကို ကံကောင်းလို့ အသက်ကို ညဏ်စောင့်တယ်လို့ပဲ ထင်မိပါတယ် သတိထားကြပါ
open on Facebook ↗
💬 45   👍 70   ✨ 3   🔁 1 2026-01-18 2026
Grabငှါးစီးတာလေတစ်နေ့တစ်နေ့အကုသိုလ်တေတကူးတကယူနေရသလိုဘဲနော် Driverတွေရဲ့ phoneလည်းမကိုင်cancelလည်ူမလုပ်ရွေ့လည်းမရွှေ့တဲ့ဗျူဟာကိုဘယ်လိုဖြေရှင်းကြလဲ ဒီရက်ပိုင်းမှတော်တော်လေးကိုအဆင်မပြေတာ မနေ့ကနောက်ကျနေလို့ကားငှါးတာပါဆိုရောက်ခါနီးမှဖုန်းလှမ်းဆက်တာ”ကားအရမ်းပိတ်လို့”တဲ့ ပြီးတော့နေရာကမရွေ့တော့ဘူး free call မကိုင် phone ဆက်တော့ကိုင်သေးတယ်ငါမှန်းသိလို့ပြန်ချပြီးစက်ပိတ်ပစ် အောင်တန်းစားကောင် ဒီနေ့ကျတော့လည်းတစ်မျိုး ၇မိနစ်လောက်စောင့်ပြီးရောက်တော့မယ့်အချိန်မှ “လမ်းက ပိတ်ထားလို့ ဒီကိုလာမှာလာ cancel မှာလာ”တဲ့ အမယ် လေသံကအကြွေးတောင်းတဲ့လေသံနဲ့ “လာခဲ့မယ်”ဆိုတော့ ”ကြာမှာလား”တဲ့မေးတာ “အဲ့တာတော့ဘယ်သိမလဲပေါ့ပြောတာစကားတောင်မဆံုးသေးဘူးဖုန်းချပစ်ပြီးcancelလည်းမလုပ်ပေး ရွေ့လည်းမရွေ့တော့ ဒီတစ်ခါတော့တော်တော်လေးစိတ်ဆိုးပြီးသိပ်မရိုင်းတတ်တဲ့ငါတောင်အော်ဆဲပစ်တယ် ပြောချင်တာကလေ ကားကမလာနိုင်လို့ဆိုပြီးတောင်းတောင်းပန်ပန်ကောင်းကောင်းမွန်မွန်ပြောရင်တောင်လက်ခံပေးလို့ရသေးတယ် အရမ်းတေပျင်းလို့လုပ်စားနေကြတာလာမသိပေမယ့်ဒီမှာက လိုရာခရီအေး အေးဆေးဆေးရောက်ဖို့ဒီတစ်နည်းဘဲရှိလို့ငှါးနေတာရန်ဖြစ်ချင်လို့မဟုတ်ဘူး
open on Facebook ↗
💬 44   👍 188   ✨ 3   🔁 11 2025-11-10 2025
ယာဉ်မောင်းညီအစ်ကိုတွေကိုတစ်ခုလောက်ပြောချင်ပါတယ် Grab ကလူပါးဝတယ်ဆိုတာ ဟုတ်ပါတယ်။လူညီရင်ဖြစ်တယ်ဆိုပြီးတော့ ခဏခဏပို့စ်တင်နေတာလည်းမြင်နေရတော့.....ကိုယ့်ဘက်စပြီးဆန့်ကျင်ကြရအောင်။grabကိုပိတ်ခိုင်းတာမဟုတ်‌ဘူးနော်။ ကျနော်ဘယ်လိုလုပ်သလည်းဆိုရင် grabဝင်လာရင်ကြည့်လိုက်တယ် 1kiloကျော်ရင် လက်မခံဘူး။ဆိုင်နာမည်၊လမ်းနာမည်ပဲပါရင် လက်မခံဘူး။အောင်မဂ်လာအဝေးပြေးကတော့ (လုံဝ)မလိုက်ဘူး ။ ဥပမာ ‌တ/ဒဂုံ အရှေ့ဒဂုံ စသည်ဖြင့်အပြန်မရနိုင်မယ့်လမ်းကြောင်းဆိုလက်မခံဘူး။အခုနောက်ပိုင်းကားရှားလာလို့လားမသိဘူး 2kiloကျော်ထိ သွားကြိုရမယ့်လမ်းကြောင်းတွေများလာတယ်။ အတိုချုပ်ပြောရရင် လူညီရင်ဖြစ်တယ်ဆိုတာထက် ကိုယ့်တစ်ဦးတည်းကစပြီး လုပ်ကြည့်ကြပါလို့အကြံပေးပါရစေ
open on Facebook ↗
💬 44   👍 81   ✨ 4   🔁 1 2026-05-25 2026
နေ့လည်က ခိုင်ရွှေဝါလမ်းထဲမှာ computer ဝယ်ပြီးအပြန် မိုးရွာနေတာနဲ့ #grab ခေါ်လိုက်တယ်၊ #grab driver က လမ်းပိတ်နေလို့ လမ်းထိပ်ထွက်လာလို့ရမလား မေးတယ်၊ ကိုယ်ကလည်း ပုံမှန်ဆို သွားရလာရအဆင်ပြေ လမ်းသင့်တဲ့နေရာကငှားစီးနေကျပါ၊ ဒါပေမယ့် ကွန်ပျူတာကတစ်ဖက် ကီးဘုတ်နဲ့ မောက်စ်ကတစ်ဖက် ကျောပိုးအိတ်ရယ်ဆိုတော့၊ ကွန်ပျူတာပါလို့ မိုးရွာထဲ ထွက်လာလို့မရပါဘူးပြောလိုက်တယ်၊ အဲ့ဒါကိုဟိုဘက်က မိုးစန္ဒာလမ်းထဲဝင် arrived လုပ် pick up လုပ်ပြီး လျောက်မောင်းနေရော၊ ကိုယ်လည်းဖုန်းတွေဆက် message တွေပို့ပေမယ့် ဘာမှအကြောင်းမပြန်၊ အဲ့ဒါနဲ့ မိုးတိတ်မှ လမ်းထိပ်ထွက်ပြီး တခြားကားစီးလိုက်ရပါတယ် လာမကြိုနိုင်ရင်လည်း မကြိုနိုင်ကြောင်းပြောရမယ်၊ သူ့ဘက်က cancel မလုပ်နိုင်တောင် ကိုယ်အရေးကြီးရင် ကြီးသလို cancel လုပ်ပေးလိုက်လို့ရတယ်၊ အခုလို အောက်တန်းစားစိတ်ဓါတ် အောက်တန်းစားအပြုအမူကြောင့် တခြားကောင်းရာကောင်းကြောင်း သမ္မာအာဇီဝကျကျ မောင်းနေတဲ့ #grab တက်စီသမားတွေကို မထိခိုက်စေချင်ပါ #Grab #Blacklist
open on Facebook ↗
💬 44   👍 73   ✨ 3   🔁 2 2026-01-04 2026
Grab မောင်းတဲ့ ညီကိုတွေ ကိုက်ရော ကိုက်ကျရဲ့လားဗျာ အဆင်ပြေကျရဲ့လားဗျ
open on Facebook ↗
💬 44   👍 72   ✨ 3   🔁 2 2026-02-02 2026
Grab ကားစီးလို့ ဘူတာကြီးသွားတာ luggage ပါလို့ဘပိူက်ဆံပေးရတယ် နှစ်တိုင်း ငှားတာ 1ခါမှ မတောင်းဘူး ဒီနေ့ စီးတဲ့ ကားမှ 2000ပေးရမယ် မကျေနပ်ရင် မစီးနဲ့ဆိုပြီး စကားပြောတာလဲ လူပါးဝသေးတယ် ကိုယ်လဲ နောက်ကျမှာစိုးတာနဲ့ ဘာစကားမှမပြောချင်လို့ပေးစီးလိုက်တယ်
open on Facebook ↗
💬 44   👍 67   ✨ 5   🔁 2 2025-12-10 2025
အသံတိတ်သပိတ်တွေပေါက်ကရလုပ်ကြတာ ၅နာရီအတွင်းKilo Taxiစွဲလို့ကောင်းတယ် ဘယ်သူဘာဖြစ်ဖြစ် ဘာလုပ်ရမလဲ ကိုယ့်နိုင်ငံ ကိုယ့်အစိုးရကိုချစ်ရမယ် ကိုယ့်ထမင်းကိုယ်စားရတယ် ဘာမှရှာမကျွေးဘူး လာမဲ့‌ Dec 28မှာ ကျင်းပမဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲပေးလည်းရတယ် ကိုယ်ကြိုက်တာ‌ရွေးချယ်နိုင်တယ် Jan 11 ကျရင် ဒုတိယအပိုင်းရှိမယ် ဘယ်သူဘာတက်တက် ကိုယ့်ထမင်းကိုယ်စားကြရတယ် ဘယ်လိုဖြစ်ဖြစ် ပြည်သူတစ်ချို့ နားယောင်ပြီး ပေါက်ကရလုပ်ကြတာ ကိုယ်‌တွေအေးဆေးပဲ ထမင်းစားရတယ်
open on Facebook ↗
💬 44   👍 49   ✨ 3   🔁 15 2025-12-15 2025
open on Facebook ↗
💬 43   👍 638   ✨ 4   🔁 31 2025-12-16 2025
ဒီစတေကာကပ်လိုက်မှကေပေးတွေလျေ့ာသွားတယ်မိတ်ဆွေတို့လဲကပ်ထားသင့်တယ်ဒါမှပြဿနာတွေနဲသွားနိုင်မယ်
open on Facebook ↗
💬 43   👍 375   ✨ 7   🔁 15 2025-12-31 2025
ဆွေဆွေအောင် acc.ပိုင်ရှင်ခင်ဗျာ၊ ကျွန်တော်ကHH/3089.grab Taxi မောင်းတဲ့ ယာဉ်မောင်းဖြစ်ပါတယ်။ face book မှာခင်ဗျားတင်ထားတာကို ကျွန်တော်နားကိုမလည်ပါဘူးခင်ဗျာ။ ခင်ဗျားဖုန်းက ဘယ်မှာကျန်ခဲ့တာလဲ။ကျွန် တော့်ကားပေါ်မှာတော့မကျန်ခဲ့ပါဘူး။ကျန်ခဲ့ လည်းကျွန်တော်မရပါဘူး။ရရင်လည်းပြန် ပေးမှာပါနော်။ဘယ်ခရီးစဉ်မှာဖြစ်ခဲ့မှန်း တောင်မသိပါဘူး။grab ကပေးတဲ့ခရီးစဉ်မှန် သမျှ ပို့ပေးနေရသူပါ။ခရီးစဉ်တွေထပ်ေန ရင်ကားကိုေတာင်မစစ်ေဆးနိုင်ပါဘူး။ ကားခကလွဲရင်ဘာမှစိတ်မဝင်စားပါဘူး။ရဲ တိုင်ချင်တိုင်ပါ၊ရုံးတိုင်ချင်တိုင်ပါ။ဖြေရှင်းဖို့ အသင့်ပါ။မခိုင်လုံပဲစွပ်ထားတဲ့ခင်ဗျား ရဲ့postကိုပြန်ဖျက်ပေးပါ။ 09669033754 အချိန်မရွေး ဆက်သွယ်‌ ‌ဖြေရှင်းနိုင်ပါတယ်ဗျာ
open on Facebook ↗
💬 43   👍 129   ✨ 3   🔁 0 2026-01-02 2026
ဆီ​စျေးတွေ ဆက်တိုက်ကျနေပြီ...ယာဥ်စီးခတွေ ထပ်လျော့ချသင့်ပြီ...😁😁😁
open on Facebook ↗
💬 43   👍 121   ✨ 5   🔁 6 2026-01-21 2026
အခုလတ်တလောဖြစ်ပွါးနေတဲ့ grab application နဲ့ပတ်သတ်ပြီး ယာဉ်မောင်းများလည်း မကိုက်၊ ခရီးသည်များလည်း အဆင်မပြေဖြစ်နေကြရမယ့်အစား Grab ခေါ်လိုက်ပြီး ကျသင့်ငွေကြည့်လိုက်၊ driver နဲ့ညှိပြီး cancel ချ၊ grab price အတိုင်းပဲပေးသွား၊ အကယ်၍ cancelation fees ပေါင်းရင် driver ကိုပေးမယ့်ထဲက ၅၀၀ နှုတ် Win-Win situation. Driver ဘက်ကလည်း ၂၀% အဖြတ်မခံရ၊ ခရီးသည်ကလည်း grab စျေးနဲ့ပဲ grab ကားစီးရမယ်။ ဒီလိုမျိုးကို grab ဘက်က percent မလျော့ပေးသ၍ ကျင့်သုံးမယ်ဆိုရင် ၂ ဦး ၂ ဖက် အဆင်ပြေနိုင်မယ်ထင်ပါတယ်။ ကျနော် ကားမမောင်းပါ passenger ပါ မြင်ရတွေ့ရတာတွေက အဆင်မပြေဖြစ်နေလို့ပါ။
open on Facebook ↗
💬 43   👍 84   ✨ 3   🔁 3 2026-01-11 2026
grab က ပြောရတာလည်း မောလာပြီ ၃ ထောင်တန်ခရီးကို promo ၂ ထောင်ပေးတော့ ကားသမားက ဆိုက်တွဲစျေးနဲ့ပို့ရပြီပေါ့ နောက်ဆို သွားမဲ့ခရီး နီးရင်မကြိုပေးပါ
open on Facebook ↗
💬 43   👍 82   ✨ 4   🔁 3 2026-01-11 2026
လက်တား တက္ကစီများ၏ ဆိုးကျိုးများ လက်တားငှားလျှင် သွားမည့်ခရီးစဉ် ပြောပါက လမ်းမကြုံတော့လို့တဖုံ လမ်းပိတ်၍တနည်း အပြန်လူမရလို့တသွယ်မျိုးစုံအကြောင်းပြ၍ မောင်းထွက်သွားကာ မိမိ ပိုက်ဆံနှင့်မိမိ အလကားကပ်စီးသူကဲ့သို့ အချေခံရနိုင်ခြင်း နှပ်တပစ်လောက်ရှိသည့် ခရီးအကွာအဝေးကို လူပုံစံကြည့်ပြီး မလည်မဝယ် ပုံပေါက်က မတန်တဆ စျေးနှင့် ဂျင်းထည့်ခံရနိုင်ခြင်း ကားရှုပ်သည့်လမ်းမ၌ လမ်းကူးရန်စောင့်ဆိုင်းနေစဉ်တွင် လက်တစ်ထောင်ထောင်ဖြင့် ကားငှားမလားဟု အော်ကြီးဟစ်ကျယ်မေးမြန်းကာ လိပ်လိုမောင်းသဖြင့် ကားလမ်းကူးရာတွင် လွန်စွာ အနှောက်အယှက်ဖြစ်ရခြင်း ခရီးသည်တွေ့လျှင် အပေါ်ဆုံးယာဉ်ကြောမှ အရှိန်ဖြင့်မောင်းနေရာမှ အောက်ဆုံးယာဉ်ကြောအထိ အချက်မပြပဲ ရုတ်တရက်ကွေ့ကာ deadstop အုပ်ရပ်သဖြင့် နောက်ကားများအတွက် လွန်စွာအန္တရာယ်များခြင်း၊ ကားရှင်းနေလျှင်လဲ အပေါ်ဆုံးယာဉ်ကြောမှ ခရီးသည်ရှာပြီး အရှိန်နှေးနှေးဖြင့်မောင်းကာ နောက်ကားများကို စိတ်အနှောက်အယှက်ပေးခြင်း လက်တား တက္ကစီဂိတ်ထိုးသော လမ်းထိပ်များတွင် အုပ်စုဖွဲ့ကာ ဖြတ်သွားဖြတ်လာ အမျိုးကောင်းသမီးများအား အသံမျိုးစုံလုပ်၍ ကာယိန္ဒြေပျက်အောင် နှောက်ယှက်ခြင်း၊ အရက်သေစာ ဘီယာသောက်စားခြင်း၊ ကွမ်းတံတွေးစည်းကမ်းမဲ့ထွေးခြင်းတို့ကဲ့သို့သော အောက်တန်းကျသည့်အပြုအမူများကို လုပ်ဆောင်ခြင်း တစ်ဦးတည်းငှားပါက ရှေ့ကတက် ဟုဆိုကာ အတင်းနေရာပေးပြီး မူလပထမ ငှားထားသော ခရီးသည်ခွင့်ပြုချက်မယူဘဲ လမ်းကြုံခေါ်တင်ခြင်း၊ လမ်းကြောသင့်ပါက နောက်လူ ကို အရင်ပို့ကာ ပထမ ခရီးသည်၏ အချိန်ကို လေးစားမှုမရှိစွာ အဓိပ္ပါယ်မဲ့ ဖြုန်းတီးပစ်ခြင်း အချိန်လုပြီး သွားရသည့်အခါများတွင် ဆီမလောက်တော့ဟု ဆိုကာ ခရီးသည်ကို မမေးမမြန်းဘဲ နီးစပ်ရာ ဆီဆိုင် ဝင်အောင်းကာ ကြိုတင်ပြင်ဆင်မှုမရှိသဖြင့် ခရီးသည်များမှ ခရီးစဉ် dealy ဖြစ်ရခြင်း လက်တား တက္ကစီပေါ်တွင် အဖိုးတန်ပစ္စည်း တစ်ခုခု ကျန်ခဲ့ပါက ဆုံးရှုံးနိုင်ဖွယ် ၉၈ % နှင့်အထက် ရှိခြင်း TGIF သို့မဟုတ် လစာထုတ်ရက် သို့မဟုတ် birthday party, staff party ကဲ့သို့သော အထိမ်းအမှတ်ရက် တစ်ခုခု ရှိသည့် ညများ၌ ပလပ်ကျွတ်ပြီး လက်တား တက္ကစီ ငှားမိပါက ကိုယ်ကျိုးနည်းရန် ၈၀% ခန့်ရှိခြင်း မိတ်ဆွေတို့ ကိုယ်တွေ့တွေရှိရင်လဲ comment မှာ ရေးခဲ့ပေးကြပါဦး
open on Facebook ↗
💬 43   👍 38   ✨ 2   🔁 3 2026-02-05 2026
အခုဖြစ်နေတဲ့ပြဿနာ တစ်ခုလောက်ပြောကြည့်ချင်လာလို့ ကိုယ်တွေ Grab စီးတယ် ကိုယ်တွေနဲ့တွေ့တဲ့ ကားသမားဦးလေးကြီးတို့ အကိုကြီးတို့ တကယ် အဆင်ပြေကြပါတယ် (အများစု) တစ်ချို့တစ်လေကလွဲလို့ပေါ့ အဲ့တာလဲ Grab ကိုခုနောက်ပိုင်းမှ စီးလာကြတဲ့သူတွေလဲ မဟုတ် ဟိုးအရင် Grab ဆိုတာစဖြစ်လာထဲကပါ အများစုကတော့အရမ်းအဆင်ပြေပါတယ် ဒီနောက်ပိုင်းမှ ခုမှ grab လောကထဲ စဝင်လာတဲ့သူတွေများလာလို့လားမသိ စီးရတာလဲ မသိရင်သူတို့ကားငှါးစီးတာအလကားပဲလိုက်စီးနေရသလိုနဲ့အချိုးနဲ့ ခရီးသည်တွေကိုမဲနေကြတဲ့ မောက်မာရိုင်းစိုင်းနေကြတဲ့ တစ်ချို့တော့တကယ့် ots တွေလို့ပဲသတ်မှတ်ပါတယ် အမှန်ဆို ခရီးသည်နဲ့ရှင်းရမှာမဟုတ်ပဲ grab ရုံးနဲ့သာ ရှင်းရမည်ဖြစ်ကြောင်း ခရီးသည်တွေသည် ကျသလောက်ငွေအမောက်နဲ့ပဲ ပေးစီးရတာကြောင့် ခရီးသည်တွေနဲ့ လုံးဝမဆိုင်ပါကြောင်း (မကျေနပ်ရင်လက်တားစီးလို့ လာမပြောနဲ့နော် ကိုယ်တွေက လက်တားလဲ စီးတယ် ) 😙 အဲ့တာလေးပြောချင်လာလို့ပါ
open on Facebook ↗
💬 42   👍 162   ✨ 4   🔁 5 2026-05-27 2026
Grabရဲဈေးကိုမကျေနပ်ကြတဲ့ညီကိုတွေအချိန်တခုသတ်မှတ်ပီး တပြိုင်ထဲပိတ်ပီးပညာပေးကြစို့လား လူညီဖို့တော့လိုတာပေါ့
open on Facebook ↗
💬 42   👍 152   ✨ 4   🔁 12 2026-04-08 2026
သတိ!! Taxi ယာဉ်မောင်း ဘေးမှန်ချထားပြီး လက်ကိုအပြင်ထုတ်ထားရင်Red flag 🚩အကြီးစားပါနော်.. လုံးဝမငှားကြပါနဲ့.. လုံးဝရှောင်..
open on Facebook ↗
« first ‹ prev   page 3 / 49 — 1459 posts match   next › last »