💬 10
👍 18
✨ 2
🔁 0
2025-12-06 2025
Grap ကတိုင်ချင်ရင် ဘယ်သူ့ကိုတိုင်ရမှာလဲ တာဝန်ရှိတဲ့လူဖုန်းနံပါတ်လေးသိချင်ပါတယ် တကယ် l33 လိုလို မှိုလိုလို ကားသမား နဲ့ အကုန် အဆင်မပြေတော့ဖူး တာဝန်ရှိတဲ့သူ admin approve ပေးပါဒီpost ကို
💬 10
👍 16
✨ 2
🔁 0
2026-04-12 2026
Grab ကားပေါ်မှာ ဖုန်းကျန်ခဲ့လို့ပါ။
ဘယ်ကိုဆက်သွယ်လို့ရမလဲ
Edit ပြန်ရပါပြီခင်ဗျာ။ ကားသမား ပြန်လာပြီးပေးပါတယ်။ DD-8801 ယဉ်မောင်း ကိုကျော်ဇင်ဦးကို အထူးပဲ ကျေးဇူးတင်ပါတယ်။
💬 10
👍 15
✨ 1
🔁 0
2025-12-24 2025
တခါကပို့စ်တင်တာတွေ့မိလို့ပါ။
Grab taxi မဟုတ်ပဲအိမ်စီးကားနဲ့လူလာကြိုတာကို ရုံးကအရေးယူမှုတွေမလုပ်ဘူးလား။
အဲ့လိုနံပါတ်မတူမောင်းတာတွေများကြလား။
💬 10
👍 12
✨ 3
🔁 0
2026-04-02 2026
မနက်ဖြန် ၃ရက်နေ့က စုံလားမ နေ့လား
သွားစရာလေးရှိလို့ပါ
ကားထွက်လို့ရတဲ့ စုံနေ့လား မနေ့လား လို့မေးတာကိုဝင်မန့်နေတဲ့သူတွေက ဘာကိုထင်သွားပီး လာဘလိန်းနေကြလဲတော့မသိဘူး ၃လပိုင်းကုန်က ၃၁ရက်နေ့နဲ့ဆုံးထားတဲ့အတွက် သေချာအောင်မေးကြည့်တာ ဂဏန်းကိုစုံနဲ့မ မခွဲတက်ဘူးထင်နေတဲ့ စောက်တောသားတွေကတမျိုး အာရုံတွေ ငါကတက္ကစီမောင်းစားနေတဲ့သူမဟုတ်ဘူး ကိုယ်ပိုင်ကားမောင်းနေတဲ့သူ
💬 10
👍 13
✨ 1
🔁 0
2026-03-26 2026
တစ်ခုလောက်မေးချင်လို့ပါရှင်
International airlines က ည 11 နာရီလောက်လေယာဉ်ဆိုက်မှာပါ၊ အဲဒီအချိန် Grab taxi တွေရှိလောက်သေးလားရှင်၊ ကျေးဇူးပါ
💬 10
👍 10
✨ 2
🔁 0
2026-04-04 2026
ရန်ကုန်ဘူတာကြီးကနေ ပဲခူးကလပ်မှတ်တိုင် တော်ဝင်centerအနီး
ပဲခူးကလပ်မှတ်တိုင်အထိ တက္ကစီခဘယ်လောက်ရှိလဲရှင့် ဘတ်ဂျက်တွက်ရမှာမို့ပါ
💬 10
👍 11
✨ 1
🔁 0
2025-12-27 2025
ပြီးခဲ့တဲ့ရက်ပိုင်းက Grab စီးတော့ line မကောင်းတာကြောင့် cancel နှိပ်ပေးဖို့ grab driver တစ်ယောက်ကပြောလို့ cancel နှိပ်ပေးလိုက်ပါတယ်။ Reason for cancel ဆိုတာအတွက် အဲဒီ grab driver က payment method ကိုရွေးလိုက်ပါဆိုလို့ payment method ကိုရွေးခဲ့ပါတယ်။
ဒါပေမယ့် နောက်အကြိမ်တွေ grab ငှားတဲ့အခါကျတော့ payment method မှာ cash ကို ရွေးလို့မရတော့ပဲ card နဲ့ရှင်းဖို့ပဲ ကျလာပါတယ်။ ညီမက card လည်း မသုံးတော့ အဆင်မပြေဖြစ်နေလို့ပါ။
Application ကို uninstall လုပ်ပြီး install ပြန်လုပ်ကြည့်ပြီးပါပြီ။
Email account အသစ်နဲ့လည်း Account ပြောင်းကြည့်ပြီးပါပြီ။ ဒါပေမယ့် choose payment method လို့ကျလာပြီး cash ကိုရွေးလို့မရတော့လည်း card no. ပဲဖြည့်ခိုင်းနေလို့ပါ။
Grab စီးချင်ပေမယ့် ဘယ်လိုမှ လုပ်လို့မရတော့လို့ပါ။ help center ကိုမေးတာလည်း လိုချင်တဲ့ information ကိုမရလို့ပါရှင့်
ဘယ်လိုပြန်လုပ်လို့ရမလဲ သိချင်လို့ပါရှင့်
💬 10
👍 10
✨ 1
🔁 1
2025-11-19 2025
Grab app ကိုဒေါင်းပြီး
အကောင့်ဝင်တာ
ဝင်မရဖြစ်နေတာ
ဘယ်လိုလုပ်ရမလည်းခင်ဗျား
💬 10
👍 9
✨ 2
🔁 0
2026-01-15 2026
ဘာလဲဟ
comment ပေးတာတောင် approved ခံထားတယ်
အပြန်အလှန် လွတ်လွတ်လပ်လပ်မပြောနိုင်ရင် မတင်ပါနဲ့
💬 9
👍 182
✨ 5
🔁 0
2026-04-15 2026
မနက် ၁၁ ခွဲလောက်က NOVOTEL ရှေ့က ဖြတ်တော့ Security အကိုတစ်ယောက် ကားထွက်တားပေးတယ်။ ၅၁ လမ်းဆိုတော့ ကိုယ်လဲဝင်ပြီးကြိုပေးလိုက်တယ်။ ကျား ၁ မ၄ ထွက်လာတယ်။ ဈေးမပြောဘူး။ ကိုယ်လဲ ဘယ်လိုတောင်းရမလဲ မသိတော့ ပွိုင့်မိတုန်း Grab Passenger App ကနေ ကြည့်လိုက်တာ အမလေး ၁၇၆၀၀/ဗျာ။ ကိုယ်လဲသွားပါပြီပေါ့။ ၅၁လမ်းရောက်တော့ ခရီးသည်က ၃၀၀၀၀/ပေးစီးသွားတယ်။ သူ့ဟာသူပေးသွားတာနော်။ ကိုယ်သာတောင်းရင် ၂၀၀၀၀/လောက်ပဲပြောမိမှာ။ ပြောချင်တာက အချို့ ခရီးသည်တွေက ဈေးပေးစီးတယ်။ Grab ကကိုယ် ဈေးချထားတာ။
💬 9
👍 148
✨ 5
🔁 16
2026-04-11 2026
မဂ်လာဒုံပုလဲလမ်းဆုံကနေ ရွှေပေါက်ကံ၁၁ဈေးခရီးသည်ပေးငွေ 10300 Driverရငွေ8700ဆိုတော့ ခရီးသည်ကလဲကိုယ့်ဘေးကခေါ်တာ တိုက်တိုက်ဆိုင်ဆိုင် သူကတော့ပြောပါတယ် ကားနောက်နံပတ်ပြားလေးကြည့်ပြီး တက်မလို့ အမရေဟိုးဟိုးခနနေပါဦးဆိုတော့ဘာလို့လဲအကိုတဲ့ ကိုယ်လဲ cancel လိုက်တော့မှာ ဘာလို့လဲဆိုတော့ ဆီဈေးတောင်မရဘူးဆိုတော့မှ အကိုလက်တားဘယ်လောက်ယူလဲတဲ့ 15000လောက်ဘဲပေးပါလို့ပြောတော့မျှပါတယ်ဆိုပြီးလိုက်ပို့ရတယ် ပြောချင်တာခွက်ဈေးတွေပြောင်းသင့်နေပါပြီGrabရေ
💬 9
👍 119
✨ 3
🔁 1
2025-11-14 2025
❌❌❌
တန်ရာတန်ရာလေးတွေပြောပါရစေ...
အကြွေမအမ်းလို့ဇောင်းထတဲ့အဖွဲ့ရယ်/ ခရီးသည်ကထမင်းရှင်ပါလို့ အာချောင်နေတဲ့အဖွဲ့ရယ်/ ဘူမသိ ကိုးမသိ Cancel မသိအဖွဲ့ရယ်/ ခရီးစဥ်မှာ ၄ယောက်ထက်ပိုတဲ့အဖွဲ့ရယ်/ လမ်းထိပ်ထောက်ပြီး ချောင်ကြိုချောင်ကြားဝင်ခိုင်းတဲ့အဖွဲ့ရယ်/အပင်ထောက်မသိ အိမ်ကဒရိုင်ဘာလိုမောင်းခိုင်းချင်တဲ့အဖွဲ့ရယ်/ကားခေါ်ပြီးအိမ်ပေါ်ကမဆင်းနိုင်တဲ့အဖွဲ့ရယ်/taxi ခေါ်ပြီးအဆောင်ပြောင်း အိမ်ပြောင်းချင်တဲ့အဖွဲ့ရယ်/Delivery ပို့ခိုင်းချင်တဲ့ စုံတောမြိုင်တစ်သိုက်ရယ်/ စျေးဝယ်ခိုင်း ပစ္စည်းဝယ်ခိုင်း ပို့ခိုင်းချင်တဲ့ စုံတောမြိုင်တစ်သိုက်ရယ်/ ဆက်မသွားချင်လို့ ဒီနားဆိုဘယ်လောက်ပေးရမလည်းလို့မေးတဲ့ စုံတောမြိုင်တစ်သိုက်ရယ်/ ကားပေါ်ကဆင်းမှ Kpayနဲ့ရှင်းချင်တဲ့အဖွဲ့ရယ်/စေျးကြည့်ပြီး Cancel တဲ့အဖွဲ့ရယ် ...ဟာ မင်းတို့ဟာတွေကအဖွဲ့တော်တော်များနေပြီ...ကိုယ်သုံးတဲ့ appရဲ့ Rule တွေမသိပဲ လာလာ 🐕နေတယ် ငါတို့က Rule and regulations နဲ့သွားနေတာ ငါတို့မှားရင် Punish according to the law နဲ့အလုပ်လုပ်နေတာ ငါတို့ကိုပြောချင်ရင် မင်တို့ပွဲစား Grab ရုံးသွားတိုင်လိုက်...ငါတို့က ACဖွင့်လှိမ့်နေယုံပဲ ငါတို့က ငါတို့ကား ငါတို့ဆီ ငါတို့အပိုင်းနဲ့ မောင်းနေတာ...မကြိုက်ရင်မစီးနဲ့လေ...ဘာတွေအာချောင်နေတာလည်း Without $ ဂရုပဲ ဒဲ့ပြောတာရှင်းတယ်နော်...
ငါပြောတဲ့အထဲပါရင်နာ မပါရင်မနာနဲ့ နာလည်း without $ ဂရုပဲ
အရာရာအားလုံးကတန်ရာတန်ရာပဲရမယ်
💬 9
👍 114
✨ 4
🔁 7
2026-05-28 2026
တောသားများTikTokကိုအသံတဆုံးဖွင့်ချင်း ၊pointနှစ်ပင်မထောက်ပဲ ဟိုနားရပ်ပေးပါ ဒီနားရပ်ပေးပါ တောင်းဆိုခြင်း ။ Dropoff pinကိုသေချာမထောက်ပဲ နှစ်လမ်းသုံးလမ်းပတ်ဝင်ခိုင်းခြင်း ၊ ရပ်မရတဲ့တစ်လမ်းမောင်းကို ကြိုစောင့်မနေပဲကားရောက် မှ၆လွှာဆင်းဖို့လုပ်ခြင်း ၊လူမပါပဲပစ္စည်းသီးသန့်Deliပို့ခိုင်းခြင်း ၊အဲကွန်းကားထဲ အနံ့ဆိုးဝါးသောစားစရာများယူလာခြင်း မပြုလုပ်မိစေရန်သတိပြုပါကျေးဇူးရှင်ခရီးသည်များ။
💬 9
👍 105
✨ 3
🔁 0
2026-05-19 2026
စောက်ဆံနှမျှောတက်ရင် အစောကြီးထဲကလိုင်းကားစောင့်စီးပါ လက်ကမြင်းပြီးgrabခေါ် လိုင်းကားလာတော့ကားပေါ်ပြေးတက် သွားနေတာမြင်နေရတယ်ဟ တောသီးတာစံတွေ ဂွက်ထော်တို့သာဂိတို့ ပြီးတော့cancleမလုပ်ဘဲပြေး လက်မကမြင်းကြပါနဲ့ကွာ သိဖို့က ရွာကနွားလှည်းမဟုတ်ဘူးနော် လိုင်းကားရှေ့ပိတ်ရပ်ပြီး ဆင်းခိုင်းမလို့ ဘောဘဲဟေ့
💬 9
👍 105
✨ 2
🔁 1
2025-11-24 2025
ဒီနေ့မနက် 51လမ်း ဗန္ဓုလလမ်းထိပ်မှာ ခရီးသည်တစ်ယောက်လှမ်းတားပြီးမေးလိုက်တာ စိတ်ထဲမှာ နည်နည်းထူးဆန်းသွားတယ်
အောင်ဂ်လာအဝေးပြေးလိုက်လားတဲ့ပြုံးပြီးမေးတယ် ကျနော်လည်းပြုံးပြီးပြန်ဖြေလိုက်တယ် မလိုက်ဘူးညီမ လို့ ဟုတ်ကဲ့ ဟုတ်ကဲ့ တဲ့
ကိုယ့်အရှေ့မှာ ဘယ်နှစီးလောက်တားပြီးပြီးလည်းမသိဘူး 😁😁😁😁
💬 9
👍 101
✨ 3
🔁 7
2026-01-12 2026
#ကဲ.....Grab taxi groupထဲမှာတော့ Grabရဲ့bad reviewတွေအဆက်မပြတ်တက်လာနေပါတယ်#
Grabကိုပြောချင်တာတခုက....ဆိုက်တွဲဘေးတွဲစျေးနဲ့ဆိုက်တွဲဘေးတွဲသမားတွေကို လိုက်ဖြုတ်ရတာပျော်ရဲ့လားလို့....😆😅
ကီလိုခိုးခံရင်း ခေါင်းပုံဖြတ်ခံရင်း....ကိုယ့်ထမင်းကိုယ်စားပီး ဂျီးတော်နွားကျောင်းနေတဲ့တသိုက်က သပ်သပ်ကိုရှိတာဗျား....😂🤣
grabကလမ်းကြောင်းချပေးလို့ ခွက်စျေးခွေးစျေးဆိုက်တွဲစျေးနဲ့လိုက်မောင်းနေတဲ့ဆရာကြီးများလည်း မကြာခင်ဝမ်းချုပ်လေချုပ်ဆီးချုပ်နဲ့ ဆေးကုဖို့အထုတ်လိုက်ရှာထားကြပါ
ကားသမားတွေဆိုတာ ကိုယ့်ကားကိုစီးမဲ့လူတွေကိုအသက်အနရာယ်ကအစဂရုစိုက်ပီး ပေးဆပ်မောင်းနှင်နေရတာ
ခင်ဗျားတို့ပေးဆပ်နေတာတွေကတအားများသွားပီဗျ...ကိုယ့်လုပ်အားနဲ့တန်ပါရဲ့လားဗျ...😒😏
2750တို့3500တို့ဆိုတဲ့ကားခစျေးနှုန်းဟာ ခင်ဗျားမောင်းနေတဲ့ကားရဲ့တာယာတလုံးစျေးကိုအကြိမ်100နဲ့မြှောက်မှရမဲ့ဟာကို ဆိုက်တွဲတာယာတလုံးစျေးနဲ့ယှဥ်ပီး ကိုယ့်ကားကိုယ်တန်ဖိုးမထားတတ်ရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပေါ့ဗျာ...ကျနော်လည်းမတတ်နိုင်ဘူး 😕😎
ခင်ဗျားကားဘီးစလှိမ့်တာနဲ့ တာယာကတော့ပွန်းပီလေ...ကားရဲ့ကျန်အစိတ်အပိုင်းယိုယွင်းပျက်စီးမှု့ကိုမပြောသေးဘူး....
Social nwခေတ်ကြီးမှာgrabနှိပ်ပီးဖျ...င်ယားတဲ့လူတွေမှအများကြီးပဲ
grabရဲ့ဆိုးကျိုးကိုနားမလည်ပဲ(ဆိုးကျိုးမသိရင်လေ့လာပါ) grab taxiငှားရင်2750ပဲကျတယ် 3500ပဲကျတယ် လို့ဖုန်းလေးတွေနဲ့ပြပီးကားငှားတဲ့လူတွေသတိထားပါ...ဒါကား ဆိုက်တွဲမဟုတ်ဘူး ပြင်ဆင်စရိတ်စျေးကြီးတယ်...
အောက်ထစ်4,5ထောင်မှမရရင် ကျုပ်တို့တော့တဘီးမှမလိမ့်ဘူး....အချိန်တန်ရင်အိမ်ပြန်တယ် တနေ့4,5သောင်းကျန်တယ် အေးဆေးမောင်းတယ် ကိုယ့်မာနနဲ့ကိုယ်ပဲ ဘယ်သူ့ကိုမှခယမနေဘူး ဒါပဲ....စာရှည်သွားတာခွင့်လွှတ် ☺😊😇
💬 9
👍 94
✨ 3
🔁 14
2026-02-17 2026
ချဉ်ဖက်က ခွက်ဈေး ပေးတယ် မကိုက်ဘူးဆိုတာ အားလုံး သိကြ မှာပါ
ဒါပေမယ့် ကျွန်တော် တို့ အတွက် လိုသုံး
အသုံး ဝင်မယ့် အရာလေး တစ်ခု အဖြစ်
အသုံးပြုမယ်ဆိုရင် အားလုံး စိတ်လေး အေးချမ်း သွားကြ မှာပါ
ကျွန်တော်ကိုယ်တိုင် လဲ ဒီလိုဘဲ လုပ်တယ်ဗျာ
ဖုန်းကို iOS လေး ဝယ်ပြီး ကိုင်ကြဗျာ
ခု ခေတ် မှာ iphone second ဈေးနည်းတာလေးတွေ ဝယ်လို့ရပါတယ်။သွားမကြိုခင် ဈေး မြင်ရတယ် ကြိုက်ရင် လိုက် မကြိုက်ရင် cancel ပေါ့။cancel ရင် လဲ 1km ကျော်ရင် help center ကနေ သွားလုပ်ခိုင်း သူတို့ cancel ပေးတယ် rating မထိဘူး။သွားကြိုရမှာ နီးပြီး ဈေး မကိုက်လို့ မလိုက်ချင်ရင်တော့ cancel ပေါ့ဗျာ။တစ်ခုတော့ ရှိတယ်
Daily cancel rating နဲ့ weekly cancel rating နှစ်ခု တော့ ဝင်ကြည့်ပြီး ချိန် ပေါ့။
Weekly cancel က Monday ကနေ စပြီး
Sunday မှာ ဆုံးတယ် ။ Sunday မရောက်ခင် 50 အထက်တော့ မရောက် စေ နဲ့ပေါ့။
Map ကို လဲ ကြည့် တယ်ဗျာ ပုံမှန် ရိုးရိုး နေရာဆို ပိတ် ထားလိုက်တယ် high demand တက်တဲ့နေရာ ရောက်ရင် ဖွင့်ဆွဲတယ်ဗျာ။ ခြေ ကျွန် သွားတဲ့နေရာတွေ ရောက်ရင် ချဉ် ဖက် နဲ့ ပြန် ထွက်တယ် ဗျာ။
အိမ်ပြန်ချင်ရင် ခါ လီ ပြန် ရတာထပ် destination လေးသုံးပြီး အိမ်ပြန် တယ်ဗျာ။ ကိုယ်က ပြောတက်ရင် အပိုင် အော်ဒါလေးတောင် ဖြစ်သွားသေးတယ် ။
,kilo သမားတွေ လဲ ဒီလိုဘဲ ကိုယ့် channel ထဲ စမ်း စီးခိုင်းရင် ခုဆို ချဉ်ဖတ်က လူတွေ
Kilo စီးလာကြတာလဲ အားလုံးအသိ ဘဲလေ။
မကိုက် မှန်းသိတယ် ခွက် ဈေး မှန်းသိတယ်။ ကိုယ်တွေက ပညာ တက် ဆန်ဆန်
ပြန် အသုံးချ မယ်ဆိုရင် ကိုယ့်အတွက် လဲ အဆင်ပြေပါတယ်။ အပူ တွေ မယူကြပါနဲ့ဗျာ။ ကိုယ့် ရဲ့ အကြည် ဓာတ် ကလေး ကို
သူများ ကြောင့်နဲ့ အပျက်စီး မခံပါနဲ့။
ပြောမယ့်သာ ပြောတာ လူပါးဝ တဲ့ တောသား
ခရီးသည် နဲ့ တွေ့ရင် ငယ်ပါ နဲ့ပါ ပြေး ထိုးချင်တာ ကိုယ်လဲ တစ်ခါ တစ်လေ 😁😁😁
💬 9
👍 86
✨ 2
🔁 8
2026-01-13 2026
ကန်တော်ကြီးရိပ်မွန်ကွန်ပလစ်ထဲကို
ကားဆရာများ၀င်ရင်သတိထားကြပါ ခုဘဲ၀င်ခုဘဲထွက်တာကို တစ်နာရီကျော်သွားပီ ၃၀၀၀ ပေးရမယ်လို့ အတင်းငွေညစ်နေပါတယ် အဲ့ထဲကsecurity တွေ
ကိုကတော့ ဖြဲခဲ့တယ်တန်အောင်လို့ မပေးဘူးကွာမကျေနပ်ရင် ကြိုက်တဲ့ကောင်သွားခေါ်ဆိုပီး🤬😡😡
💬 9
👍 83
✨ 4
🔁 6
2025-11-17 2025
မဖွင့်တာ သုံးလကျော်ပီဗျ ညနေက ဖ္ငင့်လိုက်တာ လှိုင်သာယာတံတားဖြူကနေ ရိုးလေးမှတ်တိုင်ကိုတက်လာတာ မလိုက်ပဲဖျက်လိုက်တယ်passengerဆော့ဝဲကနေ ဈေးကြည့်လိုက်တာ ၆၂၀၀တဲ့ ၂၀%နှုတ်တာနဲ့ တရာထက်နုတ်ရင်၄၉၀၀ကြီးများတောင် ကျန်မှာနော် အဲ့ဈေးက လှိုင်သာယာမှာဘေးတွဲတောင်မလိုက်ဘူး 🤣🤣🤣ကျနော်သိတယ်လေ
💬 9
👍 82
✨ 4
🔁 1
2025-11-13 2025
Attention ရှာတာမဟုတ်ပါ။
ဒီနေ့ ညနေ ခု ခရီးစဉ်ကို ငှားစီးတဲ့ ခရီးသည် ခင်ဗျာ။ ကျနော် ပထမ ခရီးစဉ် မပြီးခင် Grab က Second order ချပေးပါတယ်။ ကိုယ်ကလဲ ခရီးစဉ်ကိုကြည့်ပြီး ok လို့ accept လိုက်ပြီးမှ ကားက Heat မီးလင်းလာလို့ ပထမခရီးသည်တောင် သူ့နေရာရောက်ဖို့ 290M အလိုမှာဆင်းပြီး လမ်းလျှောက်သွားပါတယ်။ ကိုယ်လဲ စက်ခန ရပ်ပြီး Heat မီးပျောက်ရင် သွားကြိုပေးမလို့ပါ။ ဒါပေမယ့် ရေတိုင်ကီ အပေါ်ဖက်က ရေတွေထွက်နေလို့ မသွားဖြစ်လိုက်တာပါ။ Help center ကို ချိတ်လိုက်တဲ့ အချိန် ကိုယ့် နံပါတ်က ၁၂ ပါ။ အဲဒါ ခရီးသည်ကို ပြောပြတော့ သူပဲ cancel လုပ်လိုက်ပါတယ်။ အဲဒီမှာ ခရီးသည် 1000/ penalty ထိပါတယ်။ကျနော် cancel လုပ်ပေးမလို့ပါ။ ကားက ရေတိုင်ကီ ပြင်တာ ည ၆:၄၅ မှ ပြီးပါတယ်။ ခု ကျနော့ post ကို မြင်ရင် ကျနော့ကို ဆက်သွယ်ပေးပါ။ အဲ 1000/ ပြန်ပေးချင်လို့ပါ။
မှတ်ချက်။ ။ Grab ကို ကြိုက်လွန်းသူ မဟုတ်ပါ။
💬 9
👍 77
✨ 4
🔁 1
2025-11-24 2025
Grab ရဲ့စဆရက များရဲ့လမ်းညွန့်မြေပုံတဲ့ သူတို့ပြတဲ့အတိုင်းသာမောင်းလို့ကတော့ရူးတောင်သွားအုံးမယ် စက်ဘီးတောင်ဝင်မရတဲ့လမ်းကို ကားဝင်ခိုင်းတာလည်းရှိသေးတယ်နော် ၁၀ မိုင်ကုန်းဘက်မှာ လှေကားပေါ်ကိုတက်မောင်းခိုင်းတာမပါသေးဘူး ၂၀ % စားချင်ရင်လည်း မြေပုံလေးတော့လေ့လာကြပါလို့
💬 9
👍 75
✨ 2
🔁 0
2025-12-07 2025
ဒီတပါတ်တနင်္ဂနွေနေ့ ၁၅၀၀၀၀ မှ မရတဲ့ ဆရာတွေ ကားပြန်အပ်လိုက်တော့😁
💬 9
👍 74
✨ 2
🔁 1
2026-02-19 2026
Investment လုပ်ထားတာ … ပရဟိတမဟုတ်ပါ…. ဒီခေတ်မှာ ကားတစီး သိန်း ထောင်ချီရင်းရတယ် …. အရင်တုန်းကလို တရာဖိုး ၃ စီးခေတ်မဟုတ်တော့ဘူး… ကားစီးဖူးသူတိုင်း သိတဲ့ အမှန်တရားတွေပဲ….. ကားမှာထည့်ရတဲ့ ပစ္စည်းတွေရဲ့တန်ဖိုး ကားပိုင်တွေထက် အပြင်လူ ပိုမသိနိုင်ဘူး…. ခုပြောနေတာက company တွေကိုပြောနေတာ…. ခရီးသည်နှင့်မသက်ဆိုင်ပါဘူး…. ကုမ္ပဏီဝန်ထမ်း သင်္ဘောသား ဆရာဝန် မန်နေဂျာ လုပ်ပါလားတွေတွေ့နေရလို့… လူတိုင်းက အသက်မွေးဝမ်းကြောင်း မတူပါဘူး… ကျွန်တော်ကတော့ ကိုယ်ပိုင်လုပ်ငန်းပဲ လုပ်ပါတယ်…. ဘယ်သူ့မှမထိခိုက်စေသလို ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့်ပဲ လုပ်ပါတယ်….
grab ကားမောင်းတဲ့သူ တော်တော်များများက ကိုယ်ပိုင်များ ကြပါတယ် …. ဘာကြောင့်လဲ ကားငှါးမောင်းတဲ့သူက grab စျေးနှင့် အဆင်မပြေလို့ပဲ။ တရက် ၁၀၀၀၀၀ ရှာရင် grab ကော်မရှင်+ကားဆီ+ကားငှါးခ ဆိုရင် မောင်းတဲ့သူက ထမင်းပါငတ်မဲ့ အခြေအနေမို့ပါ။ ငှါးမောင်းရတဲသူ တော်တော်များများ grab မှာ မမောင်းကြပါဘူး။ လိုသုံးလောက်ပဲ မောင်းကြပါတယ်…။
လမ်းမပေါ်မှာ အမြဲမောင်းနှင်နေရတဲ့အတွက် အန္တရာယ်က လက်တကမ်းမှာ ရှိပါတယ်။ သိန်းတထောင်တန်ကားကလဲ ချက်ချင်း ၂၀၀ တန်ဖြစ်သွားနိုင်တယ်။ အကောင်းပကတိကနေလည်း ဒုက္ခိတချက်ချင်း ဖြစ်သွားနိုင်ပါတယ်။ လွယ်နေတယ်ထင်ရင် မောင်းကြည့်ကြပါ။ လူတိုင်းမှာ အခွင့်အရေး ရှိတယ်။ လူတိုင်းကိုယ့်ရွေးချယ်မှုနှင့် ကိုယ်ပါ။
💬 9
👍 73
✨ 3
🔁 0
2025-11-26 2025
မနေ့က ဘွဲ့နှင်းသဘင်ရှိတယ်။ညနေ ၃ နာရီလောက် order တက်တာနဲ့ .....
အင်းယားလမ်းပွိုင့်ကနေသွားကြိုတာ
ရောက်တော့ ၆ ယောက်စီးမှာဆိုပဲ ...
၄ ယောက်ပဲရတယ်ဆိုပြီး ၊
သူ့တို့ကို cancel လုပ်ခိုင်းရတယ်။
ဘွဲ့ရတယောက်ရ grab taxi ကို
လူဘယ်နှစ်ယောက်စီးခွင့်ရှိလဲဆိုတာ
မသိတာလား / အချည်ဖမ်းတာလား
လေ နဲ့ ဝမ်း နဲ့ မ ကွဲ ကြ ဘူး။ 😏
ပ ညာ တ တ် အ ယု တ် တ မာ
💬 9
👍 72
✨ 3
🔁 16
2026-02-07 2026
ပိုမိုဆိုးရွားလာသော
ဆိုင်ကယ်ကို..
ရန်ကုန်မြို့တော်နယ်မြေ မြို့နယ်တွေအတွင်း မှာ လိုင်စင်မပေးတဲ့ အတွက်.. ၊ စီးခွင့်မပေး။
လမ်းပေါ်မှာ မောင်းတဲ့ စက်တပ်ယာဉ် မောင်းသူတိုင်းဟာလမ်းစည်းကမ်းနားလည် သင့်ပါတယ်.။
တရားဝင် လိုင်စင်မရှိပေမဲ့..၊ သူတို့မှာ ဘယ်ရပ်ကွက်က ၊ ဘယ်မြို့နယ်က ဆိုတဲ့..ဂျာကင်လေးတွေ ၀တ်ထားလေ့ရှိပါတယ်.။
အဲဒါကို သက်ဆိုင်ရာ ရပ်ကွက်က ၀န်ဆောင်ကြေးတခု ယူပြီး ထုတ်ပေးထားတာ လို့
သူတို့က ရှင်းပြပါတယ်.။
တရား..မဝင်..တဲ့..တရား..၀င်..လို့.. ဆို ရမလိုပါပဲ..။ ဒါပေမဲ့..
ဥပဒေအရ မရှိရမဲ့..ဆိုက်တွဲတွေဟာ..
တကယ်..လက်တွေ့ အခြေအနေက.အရ.. လမ်းပေါ်မှာ ရှိနေပါတယ်.။
လမ်းစည်းကမ်းရဲ့ အခြေခံကိုတောင် မသိကြပဲ..မောင်းနေပါတယ်.။
အရှိန်အဟုန်နဲ့ စည်းကမ်းပျက်စွာ..တိုးပွားလာနေပါတယ်.။ တချို့ ဆိုက်တွဲတွေဟာ..ဘော်ဒီကို ချဲ့ထားလို့..ဟိုင်းဂျက်နီးပါး..ကျယ်ပါတယ်.။
အများစုဟာ အမိုးတွေပါ..ထပ်မိုးထားကြပါတယ်.။
အမိုးက ပိုကျယ်တော့..အောက်က ဘော်ဒီထက် ပိုနေရာယူပါတယ်.။ ဘာလုံခြုံရေးမီးမှမပါပါဘူး။ကြီးကြပ်မှုအားနည်းချက်တော့ဗျာ။
…
သူတို့အားလုံးလိုလိုဟာ..
လမ်းစည်းကမ်းနားမလည်ကြပါဘူး..၊နားလည်လဲ .. ဂရုလည်း မစိုက်ကြပါဘူး.။
ဒါပေမဲ့..ဆိုက်တွဲက..စက်တပ်ယာဉ်ပါ.။ အရှိန်မြန်ပါတယ်.။
…
ဆိုက်တွဲသမားတွေဟာ..
လမ်းပြောင်းပြန်လဲ မောင်းကြပါတယ်.။
ထင်သလို လဲ..ကွေ့တတ်ပါတယ်.။ အချက်ပြမီး..မပြတာ..၊ မပါ တာကြောင့်..၊ ကွေ့မယ် မထင်မိလို့.
နောက်ကားတွေ ဒုက္ခရောက်တာ..၊ တိုက်မိတာတွေ မကြာခဏ ဖြစ်ပါတယ်.။ တနေ့က ခရေပင်လမ်း သံလမ်းကူးဂိတ်ရထါးလာလို့ပိတ်ထါးရာကပြန်အဖွင့်မှာ ရှေ့ဆုံးကရောက်အောင်လမ်းပြောင်းပြန် ဝင်လာကြတဲ့ ဆိုက်တွဲတွေ ကို
ကားတွေက ရပ်စောင့်ပေးနေရပါတယ်.။
မစောင့်လို့ မရဘူးလေ..။ သူ့ကိုယ်ထည်က ဟင်ဂလန်တွေနဲ့ ဆင်ထားတာ..။ တိုက်လိုက်ရင် ကားပဲ စုတ်ပြတ်သွားမှာ..။ သူတို့က တိုက်မိလဲ မလျော်ပါဘူး..၊ တနည်းအားဖြင့် မလျော်နိုင်ပါဘူး.။ လျော်လိုစိတ်လဲ မရှိပါဘူး..။
။။။။။။။။။
ကျွန်တော်တို့ နားကအောင်မင်္ဂလာ ကားကြီးဂိတ်အနီးမှာ ကားနဲ့ ဆိုက်တွဲ တိုက်မိပါတယ်.။
ဆိုက်တွဲ မှားတာပါ..။ မလွတ်တာကို အတင်းဝင်ဖြတ်လို့ တိုက်မိတာပါ..။
ကား ရဲ့ ရှေ့ပိုင်း တော်တော်ထိပါတယ်.။ မီးလုံး မီးခွက်..ရှဲလ်တွေ ကွဲတာ ကျိုးပဲ့တာ မြင်ရပါတယ်.။
ဆိုက်တွဲ သမားက..၊ ဆိုက်တွဲကို ဒီအတိုင်း ထားခဲ့ပြီး..ထွက်ပြေးသွားပါတယ်.။
ဆိုက်တွဲမှာနံပါတ်မပါ လူမှာလိုင်စင်မရှိလေ။ဒါပေမဲ့..ဆိုက်တွဲ နဲ့ လမ်းစည်းကမ်း ပြဿနာကတော့
အထိန်းအကွပ်မဲ့စွာနဲ့..မြို့ဆင်ခြေဖုံးတွေမှာ..
တဖြေးဖြေးနဲ့ ကြီးထွားလာနေတယ်လို့ မြင်မိပါတယ်.။
💬 9
👍 72
✨ 2
🔁 1
2026-04-14 2026
ဒီရက်ပိုင်း Grab ပိတ်ထားပြီး လက်တားပဲ ဆွဲဖြစ်ပါတယ်
အင်မတန်မှ စိတ်ချမ်းသာရပါတယ်
ခရီးသည်တွေ pin ခိုးထောက်တာ
လူပိုတင်တာ ပစ္စည်းအများအပြားတင်တာ
ကြိုရမဲ့နေရာ ရောက်ခါနီးမှ ခရီးစဥ်ဖျက်တာ
အဲ့ဒါတွေ လုံးဝ မခံရတော့ပါဘူး
နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာစွာ သွားရပါတယ် စောင့်ရတာတွေ လမ်းကြိုလမ်းကြားဝင်ခေါ်ရတာတွေလည်း မရှိတော့ပါဘူး
ဈေးကလည်း တန်ရာတန်ကြေးရပါတယ် အာရုံလည်း မနောက်ရပါဘူး
ဈေးတူရင်တောင် grab က လူပြန်မရမယ့် နယ်စွန်နယ်ဖျားပို့ရင် ရွေးချယ်မရတာ ကြိုရတာက နှစ်ကီလိုဆို အပြင်မှာ ဆို အဲ့တကြောင်း ငါးထောင်လောက်ရနေပါပီ
ခရီးစဉ်တခုတိုင်း နှစ်နေရာသွားနေရတယ် ကြိုတာတခါ ပို့တာတခါ ရတာက ကြိုတာအတွက် နှစ်ရာငါးဆယ် သုံးရာတဲ့ စောင့်ရတဲ့ခါ စောင့်နေရသေးတယ် မလာတာကလည်း ရှိသေးတယ် အဲတော့ လက်တား မျက်မြင်ပဲဆွဲတော့မယ်
💬 9
👍 68
✨ 4
🔁 2
2026-04-03 2026
#NP News #ကျော်မျိုးမင်း
ကိုကျော်မျိုးမင်း ခင်ဗျာ
Taxi တွေတော့ kilo မှတ်ပြီး
သုံးစွဲ ကီလို နဲ့ တွက်ပြီး ဆီ ပေးနေပါပြီ။
အိမ်စီးကား နံပါတ် အနက် တွေ ကို
သင်္ကြန် ကာလ ခရီး သွားရင်
နောက် အခန်း ထဲ ဆီပုံး အပို နဲ့
ဆီအပိုထည့် ပြီး ဆောင် လာတာ တွေ့ရင်
ဖမ်းစီး အရေး ယူပေးပါ။
စစ်ဆေး ရေး ဂိတ်တွေ မှာ စစ် ပေးပါ။