💬 42
👍 77
✨ 4
🔁 1
2026-01-04 2026
တောင်ညွန့်ကနေ သာကေတ ထိကို 4.5 km ဘဲရှိတာ ကို လက်တားငှားတာ ၁ သောင်း တွေ ၉၀၀၀ တွေတောင်းနေတာ grab ထောက် လိုက်တာ၆၃၀၀ ဘဲကျလို့ grab ဘဲ ခေါ်ပီး စီးလိုကိတယ်
ကားဆရာတွေ Grab ဆွဲတာ မကိုက်ဘူး ပြောနေလို့
လက်တားပီးငှား တာ စျေးက မတရားတွေခေါ်နေတာ အဆင်မပြေဘူး လက်တားလိုက်ဆွဲတဲ့ညီအကိုတို့ရေပုံမှန်စျေးလောက်ဘဲ ယူကြပါလို့ ...###
💬 42
👍 68
✨ 2
🔁 9
2025-11-16 2025
ကားဝါယာရိန်းတော်တဲ့ဆိုင်ညွှန်ပေးပါ လားမိတ်ဆွေတို့
ကားမမောင်းရတာ8ရက်ရှိပြီ ဝပ်လျော့2ခုရှိပြီ လက်လျော့နေတာ
💬 42
👍 59
✨ 3
🔁 0
2026-04-08 2026
Grab taxi ကို လူမပါပဲ ပစ္စည်းတွေကြည့်သွားပို့ခိုင်းရင် စိတ်ချရလောက်လားရှင့်
💬 41
👍 187
✨ 3
🔁 12
2026-04-03 2026
ဒီနေ့ ဆီ ထည့်ခဲ့ပြီးပါပြီ
ဆီဈေး 92 အနည်းငယ်တက်
95 ဈေး အနည်းငယ်ကျပါတယ်
ဆီပေးတာကတော့ အရင် အတိုင်းပါဘဲ
လီတာ ၉၀ ကို တစ်ပတ်၃ ကြိမ်ပါ
ထူးခြား သွားတာက ကားကီလို ဖတ်ပါပြီ
နောက်တစ်ခေါက်ထည့်ရင် ကီလို ဖတ်ပြီးမှ
5km ကို 1 လီတာ နှုန်း ပြန်ပေးပါမယ်။
တကယ် မောင်းနေတဲ့ လူတွေ အတွက် ကတော့ အေးဆေးပါ ညီအကိုတွေ
ရောင်းစားနေတဲ့ အတစ တွေတော့ မျက်ရည်ဝိုင်းပါပြီ။ မကြာမီ အိမ်စီး တွေ လဲ ကီလို စမှတ် မယ် ပြောပါတယ်။ ဆီဆိုင်တွေ ပုံမှန် ပေးနေကျ ထပ် ခွဲ တမ်း အနည်းလျော့ပေး နေတယ် ကြားပါတယ်။ ကားကီလို မကောင်းရင် ပြသ် ထားကြပါ ညီ အကို တွေ ။
💬 41
👍 98
✨ 5
🔁 4
2026-05-26 2026
အခုgrab ကဟိုနာဒီနာ၃၅၀၀ဘဲပေးပါတော့တယ်နေ့တိုင်အမုနအကန်မောင်နေသောev cng ကားသမားများနက်grabကိုတကယ်ချစ်ခင်မျက်နိုးပြီမောင်းနေသောကားသမားများရဲရင်တွင်ခံစာချက်အစစ်အမုန်ကိုသိချင်ပါတယ်ဖြေကြာပေးပါ
💬 41
👍 63
✨ 4
🔁 1
2026-02-18 2026
Grab ကို တစ်ခုပြောချင်တယ် ကားသမားတွေကို grab အဖွဲ့ဝင်အနေနဲ့ ခေါ်မယ်ဆိုရင် သင်္ချာတတ်လားဆိုတာကို စစ်ဆေးစေချင်တယ် ခုကျ ဘယ့်နှယ့် % တောင်မတွက်တတ်ပဲ နည်းတယ်တွေများတယ်တွေနဲ့ အာသီးယောင် လေပွနေကြတာ
ဖြစ်နိုင်မယ်ဆိုရင် စာမတတ် သင်္ချာမတတ်တဲ့ကောင်တွေရယ် လက်ကြောမတင်းတဲ့ကောင်တွေရယ် ခရီးသည်ကိုရန်ရှာတတ်တဲ့ personality မကောင်းတဲ့ကောင်တွေရယ် အကျင့်စာရိတ္တမကောင်းတဲ့ အောက်တန်းစားကောင်တွေရယ်ကို လက်ကိုမခံသင့်ဘူး အနည်းဆုံးတော့ ဘွဲ့ရပညာတတ်ပြီး mobile app ကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ် IT နဲ့မစိမ်းတဲ့သူတွေပဲ လက်ခံသင့်တယ်
ဒါမှ စီးနှင်းတဲ့ခရီးသည်တွေအတွက် ကောင်းမွန်စိတ်ချ လုံခြုံတဲ့ခရီးစဉ်တစ်ခု အဖြစ် အဆင်ပြေပြေစီးနှင်းနိုင်မှာဖြစ်တယ် ဒါဟာ ခရီးသည်ရဲ့ POV ဘက်က အကြံပြုတဲ့စကားဖြစ်တယ် customer တွေရဲ့ ဝေဖန်အကြံပြုတဲ့ စကားကို ဘယ်လို action နဲ့ response လုပ်မယ်ဆိုတာကတော့ grab ရဲ့အပိုင်းဖြစ်သွားပြီ
တစ်ခုမှတ်ထားရမှာက service industry မှာ customer first ပဲ customer is the King ပဲ customer အဆင်မပြေတဲ့ service ဟာ ရေရှည်မှာ ကစားပွဲထဲက ထွက်သွားရပါလိမ့်မယ်
💬 41
👍 26
✨ 2
🔁 0
2026-02-16 2026
Grab မောင်းနေရင် Grabရဲ့စည်းကမ်းလေးတော့သိပေါ့ကွာ
တစ်ခါဖတ်ကြည့်မှတ်ထားစရာမလိုဘူး
အနည်းဆုံးသိထားတော့ မလိုအပ်တဲ့ပြဿနာတွေမဖြစ်တော့ဘူးပေါ့
ဆဲချင်ဆိုချင်ရင် Fact ကျကျနဲ့ Comment မှာလာဆဲဆိုနိုင်ပါသည်
💬 40
👍 258
✨ 4
🔁 7
2026-03-25 2026
Grab စီးနင်းကြတဲ့ ခရီးသည်များခင်ဗျာ
အခုချိန်ကာလမှာ
ဆီရှားပါးမူကြောင့်
A/Cမဖွင့်ထားတဲ့ ကားလေးတွေနဲ့ကြုံကြိုက်ရင်လည်း အမြတ်တော်မထွက်ဘဲ နားလည်မူလေးနဲ့ စီးနင်းပေးစေလိုပါတယ်ခင်ဗျာ
Driver တွေအနေနဲ့လည်း
ကိုယ့်ကား A/C မဖွင့်နိုင်ရင်
ခရီးစဉ်ကျထားတဲ့ မက်ဆေ့ဘောက်ကနေ (No A/C)လို့ ရိုက်ပို့ပေး
ဒါဆိုရင် A/Cနဲ့ သွားချင်တဲ့သူက
ခရီးစဉ်ဖျက်သိမ်းသွားပါလိမ့်မယ် (နှစ်ဦးနှစ်ဖက် အဆင်ပြေကြပါစေဗျာ)
💬 40
👍 121
✨ 4
🔁 2
2025-12-22 2025
အဝေးကြီးကနေအော်ဒါလာကောက်ရပါတယ် ရောက်တော့အဆင်သင့်မရှိပါဘူး ဖုန်းဆက်လိုက်ပါတယ် ထွက်လာပြီနော်တဲ့ ရပ်တာကြာလို့ နောက်ကားကဟွန်းတီးပါတယ် ဘေးကပ်ပေးရပြန်ပါတယ် ဒါလဲပေါ်မလာပါဘူး ၁၀၀၀လဲမလိုချင်ပါဘူး Cancelလုပ်ပြီး ထားခဲ့လိုက်ပါတယ် ဆိုလိုချင်တာက လူလိုတော့နားလည်သင့်ပါတယ်
💬 40
👍 83
✨ 3
🔁 1
2026-02-13 2026
Grab မောင်းတဲ့ ကားဆရာများ မကိုက်ရင် မမောင်းကျပါနဲ့နော် ကိုယ်နဲ့အဆင်ပြေတယိဆိုမှ မောင်းကျပါ ခရီးသည်ကို ပို့ဆောင်နေစဉ် ပြောဆိုနေတာ အဆင်မပြေဘူးရှင့် မကျေနပ်ရင် Grab ရဲ့ သက်ဆိုင်ရာမှာ ပြောကျပါနော် စီးရတဲ့ ခရီးသည်က ဘာမှ မသိပါဘူးရှင့် safety ဖြစ်လို့ စီးတာပါနော် ပိုတဲ့ပိုက်ဆံကိုလည်း ပြန်မအမ်းချင်ဘူး ဒီကြားထဲ့ Grab စီးတဲ့သူတွေကိုလည်း ပြောဆိုနေတာ အဆင်မပြေနေဘူး
💬 39
👍 207
✨ 5
🔁 13
2026-01-30 2026
မဂ်လာဈေးဘက်က grabနဲ့စငှားလို့ သွားကြိုတယ် အမျိုးသမီးသုံးယောက် အထုတ်တွေများတယ်ဆိုပီး ဖုန်းဆက်လာလို့ ကားပိတ်နေတဲ့အချိန်မှာတောင် တစ်ဖက်ယာဉ်ကြောကနေ ဂငယ်ကွေ့ကွေ့ပီးသွားကြိုပေးတယ် အထုတ်များပေမဲ့ တင်လို့ရတယ် နောက်ဖုံးတံခါးကို ဖြည်းဖြည်းပိတ်ပေးပါလို့ကောင်းကောင်းမွန်မွန်ပြောပါတယ် အလယ်ခန်းကစီးတဲ့တစ်ယောက်ကကြားတယ် ကြားလိုက်လို့ နောက်ဖုံးပိတ်တဲ့တစ်ယောက်ကိုေအာ်ပြောပေမဲ့ နောက်တံခါးကိုအားနဲ့စောင့်ပိတ်တယ် မကြားလိုက်လို့တဲ့ ထားပါတော့ ကားပေါ်တက်လာတယ် မှန်ချပေး အဲ့ကွန်းပိတ်ပေးဆိုလို့ ပိတ်ပေးလိုက်တယ် ကျွန်တော်ပြောတယ် နောက်ဖုံးက မှန်ပါလို့ ဆောင့်ပိတ်ရင် ကွဲတတ်တယ်နော် ကွဲရင်တော့ လျှော်ရလိမ့်မယ်ဆိုပီး ပြောပြလိုက်တယ် အဲ့မှာဇာတ်လမ်းစလာတယ် ဒီနေ့ဘယ်လိုလူမျိုးတွေနဲ့တွေ့မှန်းမသိဘူး အပေါက်အလမ်းမတည့်ဘူး အကိုအဆင်မပြေဘူးဆိုရင် ဆက်မလိုက်နဲ့ဆိုလို့ ကျွန်တော်ဘက်ကနေပီး cancelလုပ်ပီးရပ်ေပးလိုက်တယ် အဲ့တာကိုဆင်းတော့ တံခါးကို အားနဲ့တမင်စောင့်ပိတ်လိုက်တယ် ပီးတော့ နင်ကားက ဘယ်လောက်တန်လဲဆိုပီးစပြောလာတယ် ခနနေပီးစဆဲလာတယ်
ကျွန်တော်လည်း သည်းမခံနိုင်တော့ဘူး ကားကိုဘယ်လောက်တန်လဲမေးလို့ နင်တို့ရော၀ယ်နိုင်လားမေးလိုက်တယ်
သူဆဲလို့ကျွန်တော်တောသူမလို့ပြောပြီး ထွက်လာခဲ့တယ် မောင်းတဲ့တစ်လျှောက် ဒါကြုံတာ ပထမဆုံးပဲ နောက်မှာ အော်ဆဲပီးကျန်နေခဲ့တယ် နင်တို့ကားသမားတွေ ဘာဖြစ်တယ် မိုးမွန်အောင်ဆဲကျန်ခဲ့တာ မှတ်တိုင်လူတွေအကုန်ကြားတယ် ကျွန်တော်ပြောတဲ့ထဲမှာဆဲတာမပါဘူး နော် ဒီလိုခရီးသည်မျိုးတွေလည်းရှိတတ်တယ်ဆိုတာသိစေချင်လို့ပါ respect ဆိုတာက အပြန်အလှန်လေးစားမူပါဗျာ driverတွေဆိုပီး ပြောချင်သလို ပြောလို့ရတယ်ဆိုပီး respect မရှိတာက အဆင်မပြေဘူးဗျာ အဲ့ခရီးစဉ်က ဘယ်ဈေးရလဲကျွန်တော်မသိပါ arrived တောင်မနှိပ်ရသေးပါ ဈေးနည်းလို့ ထားခဲ့တာမဟုတ်ပါဘူးဗျာ ဆက်ဆံတာမကြိုက်လို့ပါ
💬 39
👍 207
✨ 4
🔁 8
2025-12-11 2025
Grab မဆွဲဖြစ်ပေမဲ့ ခု ညဘက် ၁၀ ၁၁ ပတ်ဝန်းကျင်လောက် ကားခလေးတွေမှန်းဆထောက်ကြည့်တော့ လား လား double ခွက်ဈေးတွေချည်း။ တကယ်ဆို ညဘက် ထွက်ကြ သွားကြလာကြ ပြန်နိုင်ကြတဲ့သူတွေက စားနိုင်သောက်နိုင် ဘားဆိုင်ထိုင်နိုင် ကလပ်တက်နိုင်ကြတဲ့ လူတန်းစားတွေ အတော်များပါတယ်။ အရေးပေါ် မဖြစ်မနေမို့ တက္ကစီငှားကြရတဲ့သူက မရှိသလောက်ရှားတာပါ။ အဲဒီလိုအချိန်တွေမှာ ယာဉ်မောင်းတွေက မထင်မှတ်ဘဲဖြစ်လာနိုင်တဲ့ risk တွေကို အံတုပြီး အလျဉ်းသင့်သလို အဆင်ပြေပြေ လိုက်ပို့နေကြတာပါ။ ဒီလိုအချိန်တွေမှာ တန်ရာတန်ရာ ဈေးတန်းအမြင့်တစ်ခုမှာ ရှိသင့်ပါတယ်။ ခုတော့ လမ်းရှင်းလို့ ကားမကျပ်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကားခတွေ မတန်တဆ ဈေးလျှော့တောင်းတဲ့အပြင် ရာခိုင်နှုန်းလည်း ၂၀ ရာခိုင်နှုန်းအောက် ဘယ်တော့မှ မရောက်အောင် ဖြတ်ပါတယ်။ လမ်းရှင်း ကားရှင်းတိုင်း သွားရတဲ့ ခရီးအလိုက် ကီလို မလျော့သလို ဆီလည်း ခရီးအကွာအဝေးအတိုင်း ကုန်ပါတယ်။ ဒီတော့ grab ကို လိုသုံးပဲဆွဲဆွဲ အားပြုပြီးပဲဆွဲဆွဲ CNG မို့ ဆွဲနိုင်လို့ပဲဆွဲဆွဲ နေ့တစ်နေ့မှာတော့ အချိန်တစ်ခုကို လုံးဝမဆွဲဘဲနေကြပါလားဗျာ။ မတန်မရာဈေးတွေနဲ့ တစ်နေကုန်မောင်းပြီး ညဘက်လေး စောစော အနားယူရမယ့်အချိန်မှာ အပင်ပန်းခံဆွဲပေးမနေဘဲ ညပိုင်းတစ်ပိုင်းကို ပုံသေ ပိတ်ထားကြရအောင်လားဗျာ။ အပျင်းပြေ လူထွက်တဲ့နေရာလေးတွေမှာ လက်တားညီအစ်ကိုတွေနဲ့အတူတူ ဟိုထောက်ဒီထောက်လေးဆွဲ အိမ်ပြန်ချင်ရင် အချည်အနှောင်ကင်းကင်းနဲ့ နားလိုက်ကြပေါ့ဗျာ။ ညပိုင်းဆွဲရင် မူးတဲ့သူတွေရဲ့ ဒဏ်ကိုလည်း နားလည်ကြမှာပါ။ ဒါကြောင့် တန်ဖိုးမရှိတဲ့ဈေးတွေ၊ လူရယ်ချင်စရာ ဈေးတွေ၊ ကားခပေးတဲ့အခါ တချို့ခရီးသည်တွေတောင် လိပ်ပြာမလုံဖြစ်ကြရတဲ့ဈေးတွေ၊ ကားသမားရဲ့ လူ ကား လောင်စာအရင်းအနှီးတွေကို ပြက်ရယ်ပြုနေတဲ့ ဈေးတွေနဲ့ ကျွန်တော်တို့ ယာဉ်မောင်းတွေ ဘာကြောင့် အချိုအချောင် ခရီးသည် အများစုကို သိက္ခာအကျခံပို့ဆောင်နေကြမှာလဲ ညီအစ်ကိုတို့ရာ။
💬 39
👍 206
✨ 4
🔁 5
2026-01-03 2026
တောင်ဥက္ကလာကနေ ဘိုကလေးစျေးကို ၈၀၀၀ဆိုတော့ နေလိုက်ပါတော့ grabရယ် ။ မင်းဟာက သူတောင်းစားစျေးဖြစ်နေပါပြီ ၊
EVနဲ့ဆွဲတာတောင် မီးဖိုးမကိုက်ဘဲဖြစ်နေပါပြီ ၊ ကားတာယာဖိုး ပစ္စည်းဖိုးထည့်မတွက်နိုင်ပါ
နာမည်ဖျက်တယ်ထင်ရင် cbလာခဲ့ပါ ကိုယ့်ကားနဲ့ကိုယ်ဆွဲတာ
နေခဲ့လိုက်တော့ grab
💬 39
👍 143
✨ 3
🔁 4
2026-06-05 2026
ရန်ကုန်မှာ Grab စီးတဲ့လူတွေက အကြွေ 200 - 300 ကစပြန်အမ်းခိုင်းတာလား ?
ဒီနေ့ရန်ကုန်မှာ Grab ဌားစီးတာ 9300 ကျတာကို 10000 တန်ပေးလိုက်တာ ၊ ကားဆရာက အကြွေမရှိလို 500 ပဲအမ်းပေးလိုရလားဆိုပြီးပြောလို ကိုယ့်ကရတယ် မအမ်းနဲ့တော့လိုပြန်ပြောလိုက်တယ် ၊
မန်းလေးမှာ Grab ဌားစီးရင် ဒီလိုအစွန်းထွက်တွေကိုပြန်မအမ်းခိုင်းကြဘူး ၊ ကားသမားနဲ့ခရီးသည်အချင်းချင်းနားလည်ကြတယ်လို ပြောပြလိုက်တော့။
ကားဆရာက ရန်ကုန်မှာကမရဘူး 100 - 200 ကစအအမ်းကိုပြန်အမ်းခိုင်းတာလိုပြောဝောာ့ ၊ ကိုယ်ဝောာင်ကြောင်သွားတာ 😂 ၊ ခုမှရန်ကုန်ကလူတွေကပ်စေးနဲတာသိတော့တယ်။
💬 39
👍 116
✨ 5
🔁 1
2025-11-28 2025
ဟိုတနေ့က စံရိပ်ငြိမ်ဂမုန်းပွင့်ကနေ သမိုင်းကိုငှားတာ အစက grabငှားမလို့ပဲ နောက်ကျလက်တားကိုပဲအားပေးလိုက်ပါမယ်လေဆိုပြီးငှားတာ ၁သောင်းတဲ့ ကိုယ်က ၈ထောင်ပဲထားပါဆစ်တာမရဘူးတဲ့ ပြောရရင်လက်တားတွေကပိုက်ဆံသာမတန်တဆယူချင်တာairconကျမဖွင့်ပေးကြဘူး ဖွင့်ခိုင်းရင် ပျက်နေတယ်ပဲပြောကြတာ
အဲ့ဒါနဲ့ grab ပဲခေါ်လိုက်တာ ၇၅၀၀ပဲ ကျတယ်
ဒါပေမယ့် ၁သောင်းပေးလိုက်တယ် airconလေးနဲ့အေးဆေးစီးရတယ် စကားမပြောရဘူး
အိမ်မှာလဲairconနဲ့ ၂၄နာရီနေတာပါ(ပုဆိုးဝတ်ထားတဲ့မိန်းမကြီးတွေရန်လာတွေ့မှာစိုးလို့ပြောပြထားရတယ်)
နောက်ပိုင်းတော့လက်တားလုံးဝကိုမစီးတော့ဘူးဆုံးဖြတ်လိုက်တယ် grabအမြဲလိုလိုစီးဖြစ်တယ်စိတ်ဓာတ်မကောင်းတဲ့ကားသမားတော့တစ်ခါမှမကြုံသေးဘူး ကိုယ်ကလဲအမြဲပိုပေးတယ်
💬 39
👍 96
✨ 2
🔁 2
2025-11-11 2025
တနေ့ တနေ့
ကားတွေ အုံနာကြေးရော ရကြလားဗျာ
အိမ်က ကားကတော့ မရလိုက် ရလိုက် ဖြစ်နေလို့
💬 39
👍 85
✨ 3
🔁 0
2025-11-22 2025
Grap taxi plus ငှားရင် လူကြီး၅ယောက်စီးလို့ရလားရှင့် taxi plus ကိုနားမလည်လို့ပါ
💬 39
👍 79
✨ 4
🔁 5
2026-01-26 2026
ကျန်းမာရေးလဲလုပ်တယ် weekend မှာလဲ ကြိုးစားတယ် မိသားစုအတွက်
💬 38
👍 79
✨ 3
🔁 0
2025-11-23 2025
ငါတင်တာ ဘာအမှားပါလို့ မင်းက ငါ့post ကို ဖျက်ပစ်ရတာလဲ
💬 38
👍 71
✨ 3
🔁 0
2026-01-18 2026
ဒီနေ့ နေ့လယ် ခုနလေးကပဲ အိမ်ကနေ စာသွားသင်ဖို့ Grab ထောက်တာပါ ညီမဒါမျိုး တစ်ခါမှလည်း မတင်ဖူးပါဘူးရှင့် ၅၀၀နဲ့ လက်ပေါက်ကပ်နေရတာလည်း မဟုတ်ပါဘူး ဆင်းခါနီးလည်း စိတ်တအားတိုလွန်းလို့ လှူခဲ့တယ်လို့ ပြောခဲ့လိုက်ပါတယ်ရှင်...
ညီမထောက်တဲ့ နေရာကို မရောက်သေးဘဲ ဟိုးအောက်ဘက်လမ်းထဲရောက်ပြီး သူကအကြာကြီးစောင့်နေတဲ့ပုံစံနဲ့ ရောက်ရှိဆိုတဲ့ ခလုတ်ကိုနှိပ်တယ် သူ့ဖုန်းဆက်လာချိန် ကိုယ်ကအောက်ရောက်နေပြီ ကားကအဝေးကြီးမှာပဲ ရှိသေးတယ် မရောက်သေးဘူးလေ ဘယ်နားဆိုပြီး ပြန်ပြောတာကို လာမယ်ဆိုပြီး ထွက်မလာ ကားကမရွေ့ ထပ်ဆက်တော့လည်း မကိုင် လိုင်းမအားတော့ဘူး ပြီးတော့ ညီမဆီမှာက ၁မိနစ်အတွင်း ကားဆီအရောက်သွားရမယ်တဲ့ မဟုတ်ရင် ၅၀၀ထပ်ပေးရတော့မယ်ဆိုပြီး ၇၃၀၀ ကျလာတယ် ညီမကလည်း စောင့်ရသေးတယ် ညီမဆီကလည်းပိုက်ဆံပိုကောက်သွားတယ် ကားကိုအရိပ်အယောင်တွေမတွေ့ရ ပေါ်လာတော့လည်း လူအနားကိုအမြန်မလာ ဖြေးဖြေးချင်းလိမ့်လာတယ် ညီမပြောပြတော့ တစ်လမ်းလုံးလည်း မရောက်သေးဘဲ သူတို့က ရောက်ရှိဆိုတာကို နှိပ်မရကြောင်း သူတို့မရကြောင်းတွေ ဒေါသသံတွေနဲ့ ပွစိတစ်လမ်းလုံးလုပ်လာတယ် သူ့အိမ်ကသူတွေနဲ့ဖုန်းပြောနေလို့မကိုင်တာတဲ့ အယ့်လိုရပါသလားရှင် ...
နေ့တိုင်း၇ရက်လုံး Grab Taxi ပဲ စီးလာတာ ၇နှစ်ကျော်ရှိပါပီနော် Promo code တွေလည်းမရ ရတော့လည်း ၁၀၀တွေ ဘာများလုပ်လို့ရမှာလဲရှင့် ... တဖြည်းဖြည်း customerဘက်တွေကို လုံးဝလှည့်မကြည့်တော့တာ စိတ်ချရလို့သာ သုံးနေရတာ ခုက တအားကို စိတ်တိုရလို့ တင်လိုက်တာပါရှင် အယ့်ကားသမားကိုလည်း တင်မယ်လို့ ပြောပြခဲ့ပါတယ်ရှင် ...
💬 38
👍 58
✨ 5
🔁 3
2026-02-03 2026
ဒီနေ့ ပင်လုံဆေးရုံ မဒဂုံ မှာ Grab Taxi ဌားစီးတာ ကားကချက်ချင်းရောက်လာတော့ ခဏစောင့်ပါလို့ပြောပီး အမေ့ ကို အထဲမှာ သွားခေါ်တာ (အမေက wheel chair နဲ့ပါ ဖြေးဖြေးချင်း တွန်းလာတာပါ) အဲ့ဒါ ကြာလို့ ဆိုပီးတော့ အော်ငေါက်နေတာ ရှက်တောင် ရှက်တယ် Main အဝင် အဝ ပေါက်ဆိုတော့ လူတွေ ကလည်း ဝိုင်းကြည့်နေတာ။ နည်းနည်း လေးတောင် ကိုယ်ချင်း မစာဘူးရယ်။
💬 37
👍 231
✨ 3
🔁 26
2026-04-12 2026
ဒီနေ့ Grab စီးရတာ အဆင်မပြေတော့ပါဘူး
ဟုတ်ပါတယ် မပြေပါဘူး ဘာကြောင့်လဲ
ခရီးသည်များခင်ဗျား
ခင်ဗျားတို့ ဌားစီးတာ grab က ကားမဟုတ်ပါဘူး driver တွေရဲ့ကားပါ ခင်ဗျားတို့ကို ပို့ပေးနေတာ သူ့ကား သူ့ဆီနဲ့ grab ကို လူရှာကြေး 20ရာနှုန်းကျော်ပေးပြီး ပို့ပေးနေတာပါ ခရီးစဉ်တခု အဆင်ပြေသွားတယ်ဆိုတာ driver က ခင်ဗျားတို့ အပေါ်စေတနာထားလို့ပါ သူရမယ့်ထဲက နှစ်ဆယ်ရာနှုန်းကျော်ဖြတ်ခံပြီး သေချာကြိုပို့ပေးခဲ့တာပါ ဒါတောင် လူပိုတင် ပစ္စည်းပိုတင်တာတောင် သည်းခံပို့ပေးတဲ့ ကားတွေရှိပါသေးတယ် အဲတော့ ခင်ဗျားတို့ အဆင်ပြေလို့ ကျေးဇူးတင်ရင် grab ကြောင့်မဟုတ်ပါဘူးနော် ကားသမားက စိတ်ကောင်းထားလို့ပါ
Grab ရေ
မင်းကတော့ နှစ်ဆယ်ရာနှုန်းေကျာ်ဖြတ်မယ် cancel ရင်ပိတ်မယ် အဲ့နှစ်ဆယ်ရာခိုင်နှုန်းကျော်က ခရီးသည်တန်တယ်ထင်လို့ ဌားခ ရတဲ့ထဲက မင်းကို ခွဲပေးထားတယ်လေကွာ မင်းသတ်မှတ်တဲ့ဈေးနဲ့ ပို့ပေးရတာနော် ငါတို့ဆုံးဖြတ်ခွင့် ဘာမှရှိမနေဘူး မတန်ဘူးလို့ငါတို့ထင်တဲ့ ခရီးစဉ် ငါတို့ မလိုက်ခွင့်ရှိရပါ့မယ့် ငါတို့ဟာ ငါတို့ မကြိုက်လို့ cancel ရင် ပိတ်ပစ်သေးတယ်နော် မင်းခိုင်းတိုင်းမလုပ်ရင် ပြစ်ဒဏ်ပေးမယ်ဆိုရအောင် ဒါစီးပွားရေးလုပ်နေတာကွ ကိုယ့်အတွက်မကိုက်တဲ့အလုပ် မင်းဆိုရင်ကော လုပ်မှာလား ကိုယ်ချင်းစာပါ
မကြိုက်တာဆိုရင် ငါတို့လည်း မလိုက်ခွင့်ရသင့်ပါတယ် ဒါဆို ခရီးသည်လည်း စိတ်ဒုက္ခမရောက်ရတော့ပါဘူး
Driver များခင်ဗျား
ခုချိန်ဟာ ခင်ဗျားတို့အချိန်ပါ grab ကို စွဲစွဲမြဲမြဲမောင်းလာတဲ့ ဦးလေးကြီးတွေတောင် ပိတ်ပြီး လက်တားဆွဲနေပါပီ အမှန်တရား နည်းနည်းတော့ ခါးပါတယ် ခါသီးတဲ့ အမှန်တရားပါ bitter ture ပါပဲ
Grab ဟာ ဘာလဲ စီးပွားရေး လုပ်ငန်းပါ အကျိုးအမြတ်ရဖို့ ရည်ရွယ်မှာ မဆန်းပါဘူး
သူက ဈေးချပြီး ဈေးကွက်မှာ grab ဈေးဆိုပြီး ခရီးစဉ်များများရအောင်လုပ်မယ် ပြီးတော့ ရာခိုင်နှုန်းခွဲတမ်းအများကြီးယူမယ် အဲဒါ ခင်ဗျားတို့ ကားပြင်ရမယ့်စရိတ်တွေ ခင်ဗျားတို့အိမ်က ကလေးတွေရဲ့ နို့မှုန်ဖိုးတွေ ခင်ဗျားတို့ မိဘတွေရဲ့ ဆေးကုသစရိတ်တွေ ထဲကပေးလိုက်ရတာပါ
ခရီးသည်တွေလည်း သက်သာပြီးစီးရတယ်တော့ မထင်လိုက်ပါနဲ့ စီးမယ့်သူနည်းပြီး ကားများတဲ့ချိန်အလုပ်ဖြစ်အောင် ဈေးချထားတာပါ ကားနည်းပြီး ရုံးဆင်းချိန်လိုမျိုး မဖြစ်မနေဌားရတော့မယ်ချိန်မှာ ဈေးတင်ပြီး ခရီးသည်တွေက ပေးရပါတော့တယ်
ဘယ်ေခြနေမျိုးမှာမဆို အကျိုးအမြတ်မလွတ်အောင် ရသွားတာ ဘယ်သူပါလဲ
တသိန်းတိုင်းမှာ နှစ်သောင်းနော် တသိန်းတိုင်းမှာ နှစ်သောင်း
ခုတော့ grab ဌားတဲ့သူတွေမေးကြည့်ရင် ကားမလာဘူး ကားစောင့်ရတာ ကြာတယ်ဖြစ်လာတယ် အကွာအဝေးဘာလို့ အဝေးကြီး ကြိုခိုင်းနေလဲ အဲနားတဝိုက်ကားမရှိလို့ပေါ့ဗျာ အဲဒါဆို ခင်ဗျားတို့သဘောပေါက်မှာပါ မကိုက်လို့ မဆွဲကြတော့တာပါ တချိုတွေလောက်သာ အဆင်မပြေတာကို သည်းခံပြီးဆွဲပေးနေကြတာပါ အဆင်မပြေမှုများလာရင် ရှိနေတဲ့ ကားတောင်ပိတ်သွားမှာပါ ရန်ကုန်မြို့ကြီး မန္တလေးမြို့ကြီးမှာ နေ့စဉ်ကားအသုံးပြုသူတွေက အမြဲပုံမှန်ရှိနေမှာပါ သူ့ကိုမှီခိုပြီး ကိုယ့်ရဲ့ချွေးနည်းစာတွေ အပါခံဖို့မလိုပါဘူး grab ကို ပိတ်သူများလာတာကြောင့် လမ်းပေါ် လက်တားပြီး ဌားစီးတဲ့သူတွေ အများကြီးတွေ့ရပါတယ်
ခင်ဗျားတို့က ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးနဲ့ လျှော်ညီစွာ အကောင်းဆုံးဝန်ဆောင်မှုကို ခရီးသည်တွေကိုပေးဖို့ပါပဲ ဒါဆို တသိန်းမှာနှစ်သောင်း ဘယ်သူ့မှ မပေးရတော့ဘူး အဲပိုလာတဲ့ နှစ်သောင်းကို ခရီးသည်လည်း သက်သာပါစေ ကောင်းမွန်တဲ့ ဝန်ဆောင်မှုလည်း ပေးနိုင်စေ လုပ်ကြပါ။
💬 37
👍 175
✨ 3
🔁 11
2026-02-16 2026
စောစောစီးစီး အကုသိုလ်လေးတစ်ခု
Grab ကို pin ထောက်တဲ့အခါ ကိုယ်ရှိတဲ့နေရာနဲ့ pin ကျတဲ့နေရာကိုသေချာပြန်စစ် မှားနေရင် cancel လုပ်ပီးပြန်ထောက် ကိုယ်ကတော့ ထားလိုက်ပါလေ ဆိုပီး မီးပွိုင့်တစ်ခေါက်ပြန်စောင့်ပီးပြန်ကွေ့ပီးသွားခေါ်လိုက်တယ် ကားပေါ်ရောက်တော့မှားနေတဲ့အကြောင်းလူလိုသူလိုပြောတာကို ဒီနေရာကထောက်တာ တစ်ခြားရောက်သွားတာတော့မတက်နိုင်ဘူးဆိုပီး ခွေးလိုပြန် kite တာနဲ့ grabကို % အဖြတ်ခံ ကိုယ့်ဘက်က drop off လုပ်ပီးကားပေါ်က ဆွဲချပေးလိုက်တယ် အဲ့ဒါလည်းမိန်းခလေးဖြစ်နေလို့
သိစေချင်တာက grab ကလစာ ပေးပီးခန့်ထားတဲ့ driver တစ်ယောက်မှမပါဘူး $ကြီး$ကြယ်တော့လာမလုပ်နဲ့ ကိုယ့်ကားနဲ့ကိုယ် grabကို %ပေးပီးအော်ဒါရှာခိုင်းထားတာ
Grab လောက်စီးတဲ့သူ အဆင်ပြေတာ ကြိုရမယ့်နေရာလဲပြောစရာမလိုဘူး သွားချင်တဲ့နေရာလဲပြောစရာမလိုဘူး
အဲဒါကိုထောက်လို့မရဘူးဆိုတာတော့ ကိုယ့်ဘာသာ$သုံးမကျလို့လေ
#ကိုယ်ရှိနေတဲ့ သချိူင်းကိုမှ မှန်အောင်မထောက်နိုင်ရင် grab စီးမနေကြနဲ့
💬 37
👍 135
✨ 1
🔁 5
2026-03-27 2026
ဒီနေ့ ဆီဈေး တက်မှ ပဲ ပေးတဲ့ ဈေးက တကယ် ခွက်ဈေး
မိတ်ဖက် တွေ ကို ချဉ်ဖက် ထင်နေသောကြောင့် ရပ်ထားသင့်ပီ
ဆီ ကားဆရာကြီးတွေ ev နဲ့ gas က တော့ စားဝတ်နေရေး ကြောင့် အဆင်ပြေနေသေးတယ် ထင်ရင် ဆက်ဆွဲ ကြပေါ့။ ကိုယ်တွေ လို ဆီ ကားကတော့ ဈေး မပြောင်းရင် နားပီ။
💬 37
👍 120
✨ 4
🔁 1
2025-12-08 2025
အရင်ထဲကမှ စီးရတဲ့ ခရီးသည်တွေ အဆင်မပြေပါဘူးဆိုမှ ဒီနေ့ Peak Hours ပြောင်းလိုက်တာ ကားသမား တော်တော်များများ ဒီ ညနေ စရပ်သွားလိမ့်မယ် ထင်တယ်။ အသိ Platinum ဆရာကြီးတောင် ဒီ ညနေ Peak Hours စ မမောင်းတော့ဘူး ပြောပြီ။ ရုံးဆင်းချိန် ခရီးသည်တွေ စ ဒုက္ခ ရောက်မှာတော့ မြင်ယောင်မိတယ်။
💬 37
👍 72
✨ 4
🔁 0
2025-12-27 2025
Grab EV TAXI တစ်ခုတည်းကိုဘဲအားပြုဆွဲရင် တစ်ရက် ၂ သိန်းလောက်ရတယ်ဆို ဟုတ်လားဗျ