Grab Taxi group — post picker

0 posts selected · ~0 comments queued · review picks · export.json
💬 31   👍 35   ✨ 3   🔁 0 2025-12-03 2025
ချဥ်ဖတ်လော်ဘီတွေ လော်ကျတာ မြင်မကောင်းဘူး တရက်သုံးသိန်းအကျန်ဆိုဖဲ 😂 အပြင်မှာ ဆွဲတဲ့ကားက ရှားပါးးး အဝေးကြီးတွေချိတ်ပေး လက်တားတွေ ကီလိုတွေကို လျှောက်ပြီးဖောင်းထု အလုပ်ပျောက်မှာ ကြောက်နေကျပြီထင်တယ် % ကျတော့မလျော့ စျေးကျတော့မပြောင်း 😂
open on Facebook ↗
💬 31   👍 20   ✨ 1   🔁 2 2026-02-17 2026
ဒီလိုကွာ ငါတို့Grab စီးတဲ့ခရီးသည်တွေလဲ ပရိုဆန်ဆန်Grabရုံးမှာ အချက်အလက်အပြည့်အစုံနဲ့မှတ်ပုံတင်ပြီးစီးမယ်ဆိုရင် ခင်ဗျားတို့ ကားဆရာ တွေဘက်ကရော Proဆန်ပေးမလား အဲ့အချက်အရင်ညှိကြမယ်လေဗျာ ဘယ်လိုလဲ? မိတ်ဆွေ Grab ကားဆရာတစ်ယောက်ပြောဖူးတာပြန်ပြောရရင် သူကြိုရမဲ့နေရာရောက်လို့ ဖုန်းခေါ်တာ Free call ကြရပြီး Regular callလဲခေါ်ရော နယ်ဖက်ကဖုန်းဖြစ်ကြောင်းဖြေပြီး Grab Userမဟုတ်ကြောင်း ပြောပါတယ် အဲလိုတွေကျတော့ ဘယ်လိုဖြေရှင်းပေးလည်း ဗျာရုံးက???
open on Facebook ↗
💬 30   👍 252   ✨ 4   🔁 4 2025-11-23 2025
အောင်မဂ်လာ အဝေးပြေးက ဖမ်းတဲ့ကောင်တွေ ဘယ်ရောက်ကုန်တာလဲ မတွေ့တော့ဘူး
open on Facebook ↗
💬 30   👍 228   ✨ 5   🔁 72 2026-03-29 2026
ဆီထုတ်ရောင်းစားနေတာတွေ တွေ့လိုက်ရင် အနက်တွေများတယ် ၊ အွန်လိုင်းပေါ်တက်ပြောရင်တော့ taxiဆိုတာကို ပါးစပ်ဖျားကမချဘူး ၊ ဘာကြောင့်Taxiဆို ပထွေးမုန်း မုန်းနေကြတာလဲ?
open on Facebook ↗
💬 30   👍 116   ✨ 3   🔁 3 2025-12-21 2025
Grab ကကောင်တွေ မင်းတို့ကားသမားတွေစီပဲ စာတွေအမျိုးမျိုးပို့မနေကြနဲ့ Grab pay မဟုတ်တဲ့တစ်ခြား pay တွေနဲ့ရှင်းမယ်ဆိုရင် ကားသမားကို ကြိုအသိပေးဘို့ သတိပေးစာတွေခရီးသည်တွေစီလဲပို့ကြအုံး ဒီနေ့ နေ့တဝက်ပဲရှိသေးတယ် ၅ကြောင်းကျော်လောက်က kpay ရလားဆိုတာချည်းပဲ တစ်ယောက်မှကြိုမပြောဘူး။တစ်ယောက်ဆိုခပ်တည်တည်နဲ့ kpay နံပတ်ပြောဆိုတာပါသေးတယ်။နောက်တစ်ယောက်ဆို ငွေသားကိုပါမလားတာ kpay သာမရှိရင် ဆိုင်ပါရှာပေးရမဲ့ပုံ လူလိုနားမလည်သူတွေကို နားလည်ဘို့အလုပ်လေးလဲလုပ်ကြအုံး
open on Facebook ↗
💬 30   👍 114   ✨ 3   🔁 4 2025-12-29 2025
Taxi မောင်းတာမကြာသေးပါဘူးဗျာ ၊ စီနီယာ အကိုကြီးတွေလောက်တော့ မသိနားမလည်ပေမဲ့ Grab က ပေးတဲ့စျေးက အရမ်းနည်းတယ်ဆိုတာရယ် ပိုက်ဆံပိုဖြတ်နေတယ်ဆိုတာရယ်သိလိုက်တယ် ၊ စီနီယာ အစ်ကိုကြီးတွေကို မေးမြန်းပြီး Kilo group တွေစ Join ခဲ့တယ် ၊ အစပိုင်းမှာတော့ အခက်ခဲရှိတာ အမှန်ပဲ လမ်းကြောင်းတွေ မသိတာ ၊ Zello က နေ Order ယူရတာ နောက်ပိုင်းကြသူ့သူ အစဉ်ပြေလာတာပဲ ခုဆို Grab ကို အိမ်ပြန်လမ်းအတွက် လိုသုံးလောက်ပဲ သုံးတော့တယ် ၊ Kilo နဲ့ အစဉ်ပြေနေပြီ ၊ စျေးပေးတာ အရမ်းနည်းတဲ့ Grab ကို အားလုံး ၁ ပတ်လောက်ပိတ်မယ် ဆိုလဲ မဖွင့်ပဲ ပိတ်ထားပေးဖို့ အဆင်သင့်ပါ ၊
open on Facebook ↗
💬 30   👍 113   ✨ 3   🔁 1 2026-01-12 2026
ဒီရက်ပိုင်း Grabစီးတဲ့သူတွေ ပုံစံပြောင်းလာတယ်။ အရင်ကတည်းက Grabပုံမှန်စီးနေကျခရီးသည်အများစုက အာရုံလည်းမနောက်ချင်/အပြင်ယာဥ်စီးခစျေးသိတော့ Grab Plusကိုခေါ်စီးလာတယ်။ပြောရရင် ကိုယ်ချင်းစာစိတ်ရှိကြတယ်... ခရီးစဥ်တစ်ခုပေါ့ဗျာ...အပြင်ပေါက်စျေးနဲ့ Grab Plusစျေး သိပ်မကွာဘူး...အဲ့တော့ ယာဥ်မောင်းက % နှုတ်ခံရတာတောင် ခုသာခံသာရှိတယ်။ ပြောချင်တာက Grabမကင်းရင် Grab Plusထိလက်ခံနိုင်တဲ့အမျိုးအစားနဲ့ဆို ရိုးရိုးထက် နည်းနည်းပိုအဆင်ပြေတယ်... တတ်နိုင်ရင် EVနဲ့ Fielder CNG ဘောင်အဝင်ဆုံး... ဒီရက်ပိုင်း Grab Plus အော်ဒါတက်တာ များလာတယ်... ***ဂိတ်က Grabမောင်းနေတဲ့ ညီလေးတွေပြောလို့သိရတာ ပြန်ပြောပြတဲ့သဘော...ချီးမွမ်းခန်းဖွင့်တာတစ်ခုမှမပါဘူး...
open on Facebook ↗
💬 30   👍 108   ✨ 4   🔁 1 2025-12-31 2025
မဆွေဆွေအောင်ရေ ဆက်သွယ်ရမဲ့နံပါတ်လေး ပို့ပေးထားပါဗျာ သက်ဆိုင်ရာက ရှင်းမယ်ဆိုလဲရပါတယ်ဗျာ ဖုန်းက ကားသမား ကျွန်တော့်အဖေ လက်ထဲမရှိပါဘူးခင်ဗျာ။
open on Facebook ↗
💬 30   👍 69   ✨ 4   🔁 2 2026-04-04 2026
ဒီမနက် ခွေးဈေးပေးတဲ့ Grab အခြားကားဆရာတွေရော အဲ့လို ခွေးဈေးတွေနဲ့ ဒီကာလ ဘယ်လိုဆွဲစားရမလဲ။ #GrabDriver Grab ရုံးကမြင်ပါစေ
open on Facebook ↗
💬 30   👍 57   ✨ 4   🔁 0 2026-02-09 2026
ရေးချင် လွန်းလို့ခုပဲjoin လိုက်တာပါ ခရီးစဥ်update မဖြစ်တာပြချင်လို့နော် အထာကြီး တော့ အထာကြီးနဲ့ဘာအထာလည်းမသိ ကဲခရီးသည်များရေ ဘာရွေးစီးမလဲ
open on Facebook ↗
💬 30   👍 45   ✨ 3   🔁 0 2025-12-02 2025
ဆရာတို့ရေ တစ်ခုလောက် မသိလို့ မေးပါရစေ .. လှည်းတန်း လမ်းဆုံ မီးပွိုင့်မှာ ဂ ကွေ့ ကွေ့လို့ရလားဗျ အင်းစိန်လမ်းမပေါ်ကနေ အင်းစိန်လမ်းမဖက်ကိုပါ
open on Facebook ↗
💬 30   👍 41   ✨ 1   🔁 0 2026-04-03 2026
လှည်းတန်းကနေ ​အောင်မင်္ဂလာကားကွင်းထိ စျေးဘလောက်ယူလဲရှင့်🥺
open on Facebook ↗
💬 30   👍 33   ✨ 1   🔁 0 2025-11-24 2025
Grab ယာဉ်မောင်းများနှင့် ခရီးသည်များ မင်္ဂလာပါရှင့် ၂၀-၁၁-၂၀၂၅ ညနေ ၆နာရီနှင့် ၇နာရီကြား တွင် သားသမီးလိုချစ်ခင်ရသော ကလေးတစ်ဦ ၏ ပိုက်ဆံအိတ်သည် Grab ယာဉ်ပေါ်တွင် ကျန်ခဲ့ပါသည်။ မိမိတို့သည် သိသိချင်း ယာဉ်မောင်းကို ဆက်သွယ်ခဲ့ပါသည်။ နောက်ထပ်ခရီးသည်၂ဦး ရှိခဲ့ကြောင်း၊ ပိုက်ဆံအိတ်ကို မတွေ့ကြောင်း၊ ရဲစခန်းတွင် အမှုဖွင့်နိုင်ကြောင်း အကြောင်းပြန်ခဲ့သည့်အတွက် ထိုနေ့တွင်ပင် ယာဉ်အမှတ်နှင့်တကွ ပိုက်ဆံအိတ်ပျောက်ဆုံးကြောင်း ဤ group တွင် ပို့စ်တင်ခဲ့ပါသည်။ မိမိ၏လုပ်ရပ်အတွက် ယာဉ်ပိုင်ရှင်အား မည်သူမည်ဝါမှန်း မသိသော်ငြား ဤနေရာမှ တောင်းပန်အပ်ပါသည်။ နောက်နောင် ဤ group တွင် ယာဉ်အမှတ်ကို ထည့်သွင်းရေးသားခြင်း မပြုပါကြောင်း ထပ်မံပြောကြားအပ်ပါသည်။ ၂၄-၁၁-၂၀၂၅ ည ၁၁နာရီဝန်းကျင်တွင် ယာဉ်အမှတ်ကို ပို့စ်မှ ဖျက်ပေးရန် ကော်မန့်လာရေးသူတစ်ဦး ပေါ်ပေါက်လာခဲ့ပြီး အတန်ကြာ အခြေအတင်ပြောပြီးသောအခါ ၎င်းသည် ယာဉ်မောင်းကိုယ်တိုင်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ မူရင်းပို့စ်သာမက ယာဉ်မောင်းနှင့် အပြန်အလှန် ပြောဆိုထားသည်တို့ကို အတူတကွ ဖတ်ရှုနိုင်ပါသည် စာကြွင်း CCTV မှတ်တမ်းတွေ အကုန်လုံးကို ချက်ချင်း စစ်ဆေးပြီး ဘယ်မှာကျန်ခဲ့တယ်လို့ အတိအကျ အဖြေထွက်ပြီး ဖြစ်ပါတယ်။ မည်သူ့ကိုမျှ စွပ်စွဲဲရေးသားခြင်း မရှိပါ။ သို့ရာတွင် ဤ group တွင် ယာဥ်အမှတ်သာမက ယာဥ်မောင်းအမည်၊ ယာဥ်အမှတ်နှင့် ယာဥ်မောင်း၏ ဓာတ်ပုံ စသည့် အသေးစိတ်အချက်အလက်များ ပါဝင်သည့် ပစ္စည်းပျောက် ပို့စ်ပေါင်းများစွာရှိသည့်အနက် ယခုပိုက်ဆံအိတ်ကျန်ခဲ့သည့် ပို့စ်တစ်ခုထဲကိုသာ သဲကြီးမဲကြီး ရန်လိုသော အသုံးအနှုန်းများဖြင့် တဘက်စောင်းနင်း ရေးလာသော comment များကြောင့် အံ့သြမိပါသည်။ မူရင်းပို့စ်:- 2025, Nov 20th, ညနေ ၆နာရီပတ်ဝန်းကျင်တွင် အလုံလမ်း Thai 47 သို့အသွား Grab ယာဥ်အမှတ် 6E/#### ပေါ်မှာ ကျွန်မ မောင်လေးရဲ့ ပိုက်ဆံအိတ် ကျန်ခဲ့ပါတယ်။ ယာဥ်မောင်းလိုင်စင်နဲ့ ပိုက်ဆံအိတ် ပြန်ရရင် ကျေနပ်ပါပြီ။ ကျပ်တသိန်း ကျေးဇူးတုံ့ပြန်ပါမည်။ Edit** ယာဥ်မောင်းလိုင်စင်နှင့် ပိုက်ဆံအိတ်ကို တွေ့ရှိထားသူအား ကျပ်၃သိန်း ကျေးဇူးတုံ့ပြန်ပါမည် ပိုက်ဆံအိတ်နှင့် ယာဥ်မောင်းလိုင်စင် ပြန်ရလျှင် ကျေနပ်ပါပြီ Comment များ >> မင်းကားအောက်ရောက်မှမင်းပိုက်ဆံပေးတာလေပိုက်ဆံအိတ်ပါသွားလားကျန်ခဲ့လားငါလည်းမသိဘူး မင်းဘက်ကမှန်ရင်ရဲစခန်းမှာအမှုသွားဖွင့်ငါလာရှင်းမယ် ငါဖုန်းလဲမင်းသိတယ် မင်းနဲ့ငါလဲviberမှာပြောထားတယ် ငါတို့grabမောင်းတဲ့သူတွေက I phoneကျန်တာတောင်ပြန်ပေးတယ် မင်းငါ့ကားပေါ်မှာကျန်ခဲ့လို့ငါတွေ့ရင်တော့ပြန်ရမယ် နောက်ခရီးသည်တွေရင်တော့ငါလဲမသိဘူး >> သူမျကားနံပါတ်ထည့်‌ေရးရင် အုံနာတရားစွဲလိမ့်မယ် >> ပိုင်ရှင်ကိုမပြောပဲနဲ့ဘာလို့ကားနံပါတ်ထည့်ရေးတာလဲ ညီမကိုယ်တိုင်ဒီကားကိုစီးသွားတာလား စီးသွားတဲ့ကောင်လေးကိုလည်း ကားနံပါတ်ကိုပြန်ပီးဖျက်ခိုင်းထားတယ် ညီမကားဆိုရင် ဘယ်လိုလုပ်မလဲ ကိုယ်ချင်းစာပါ ညီမတို့ဘက်ကမှန်တယ်ဆိုရင် grabရုံးကိုသွားအမှုဖွင့်ပါ ညီမတင်လို့ဝင်ရေးရတာ **ဖြစ်ဖြစ်ချင်း ယာဉ်မောင်းကို ဆက်သွယ်ပါတယ် ရဲစခန်းသွားလိုက် ငါမသိဘူး ငါမတွေ့ဘူးလို့ ပြန်ပြောပါတယ် ကျနော် ဒီကားကို စီးသွားသလား ကိုယ်ချင်းစာပါလို့ ပြောတယ်နော် ပစ္စည်းပျောက်တဲ့ကလေးက ဖြစ်ဖြစ်ချင်း စာတွေအကြိမ်ကြိမ်ပို့ပြီး မေတ္တာရပ်ခံ အကူအညီတောင်းစဉ်က ကိုယ်ချင်းစာဖို့ သတိရခဲ့သလား ပို့စ်တင်ထားလို့ ဝင်ရေးရတယ်ဆိုရင် အခုမန့်သူဟာ ယာဉ်ပိုင်ရှင်ကို သိသလား သိရင် လိပ်စာ ဖုန်းနံပါတ်ပေးပါလို့ မေတ္တာရပ်ခံပါရစေ သို့မဟုတ် ယာဉ်မောင်းနဲ့ ဘယ်လိုပတ်သက်နေပါသလဲ ဒီပို့စ်ကို Reaction ၁၂ ခုပဲ လာပေးထားတာပါ ဒီလို သိသူမရှိတဲ့ပို့စ်အောက်မှာ တခုတ်တရ လေးလေးနက်နက် စာတွေလာရေးနေသူသည် လမ်းကြုံလို့ လာရေးတာတော့ မဟုတ်နိုင်ပါဘူး **လာရှင်းမယ်ဆိုပြီး မနေ့က မိန်းကလေးအမည် Khine Khine ဆိုတဲ့အကောင့်နဲ့ လာမန့်ခဲ့တဲ့သူလား အဲဒီနေ့က မောင်းတဲ့ ကာယကံရှင် ယာဉ်မောင်းဆိုရင် အဆင်ပြေသွားပါပြီ အကိုတို့ဘက်က တောင်းဆိုသလို ယာဉ်နံပါတ်ကို ဖျက်ပေးပါမယ် သို့သော် ယာဉ်နံပါတ်အစား Grab ခေါ်ထားစဉ်က ပေါ်နေတဲ့ ယာဉ်မောင်းအမည်နဲ့ ယာဉ်မောင်းရဲ့ ဓာတ်ပုံပါတဲ့ ss ကို အစားထိုးပြီး ပို့စ်တင်မယ် အခု comment ရေးသူ ကာယကံရှင်ယာဉ်မောင်းမှ သဘောတူခွင့်ပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့် >> အကိုကယဉ်မောင်းပဲ ညီမ‌ေကာင်‌ေလးနဲ့ဘယ်လိုပတ်သက်လည်း ညီမနဲ့ပတ်သက်တယ်ဆိုရင်လာရှင်းပါ ကောင်လေးကိုအုံနာကိုယ်တိုင်ပြောပီးပီး ကောင်လေးကလည်းဖျက်ပေးမယ်ပြောပီးပီး **ယာဉ်မောင်းလိုင်စင်နဲ့ ပိုက်ဆံအိတ်ကို ပြန်ရရင် ကျေနပ်ပါပြီ အထဲကပိုက်ဆံကို ပြန်မရရင် နေပါစေ ကောက်ရထားတဲ့သူရှိရင် ဒီပစ္စည်းတွေက သူ့အတွက်လည်း အသုံးမဝင်ဘူး ပြန်လာပေးရင် သူတောင် အကျိုးရှိသေးတယ် ပိုက်ဆံအိတ်ကျန်ခဲ့တာ သိသိချင်း ယာဉ်မောင်းကို ဆက်သွယ်မေးမြန်းတဲ့အခါ နောက်ထပ် ခရီးသည်နှစ်ဦးကို သူပို့ပြီးပြီ အဲဒီအချိန်မှာ ကားထဲမှာတော့ မတွေ့ဘူးလို့ ဖြေကြားခဲ့ပါတယ် ဆိုတော့ ကောက်ရဖို့ ၉၉% အထက် ဖြစ်နိုင်ခြေရှိသူတွေကို သိပြီးသားဖြစ်မှာပါ လက်တွေ့ကျတဲ့ အကူအညီတစုံတရာ ပေးခဲ့မယ်ဆိုရင် ဒီပို့စ်ကို တင်စရာတောင် မလိုပါဘူး >> grab ရုံးက သူများရဲ့ကိုယ်ရေးရာဇဝင်ကိုပြောပိုင်တင်ပိုင်ခွင့်မရှိဘူး ညိမတို့ဘက်ကအရမ်းမှန်နေတယ်ဆို grab ရုံးကိုသွားပါ မနက်ကလည်းကောင်လေးကို ဖုန်းဆက်ပီးပြောပီးပီး grab ရုံကိုလိုက်မလားလို့အကိုလည်းလာခဲ့မယ်စုံပီးရှင်းပီးမယ်လို့ပြောထားတယ် ညီမတင်ထားတဲ့အတွက်ဝင်ရေးရတာ ညီမအပ်ကောင်လေးကိုခေါ်ပီးgrabရုံးကိုလာခဲ့ပါ ဒါမဲ့သူများကားနံပါတ်ကိုပိုင်ရှင်ကိုမပြောပဲတင်ပိုင်ခွင်မရှိဘူး ညီမတို့မရှင်းပဲနဲ့ ဒီတိုင်းကားနံပါတ်ကိုတင်တာမှားနေတယ်နော် ** ဒီ Group ထဲမှာ ကားနံပါတ် ယာဉ်မောင်းအမည် ယာဉ်မောင်းဓာတ်ပုံ ခရီးသည်အမည် ခရီးသည်ကိုကြိုတဲ့နေရာ ပို့တဲ့နေရာကအစ အတိအကျ ရေးပြီးတင်ထားတဲ့ပို့စ်တွေမှ အများကြီးပါ အဲဒီပို့စ်တွေအောက်မှာတော့ သွားမပြောပဲ ဘာကြောင့် ဒီပို့စ်မှာမှ လာမန့်တာလဲ ကာယကံရှင်ယာဉ်မောင်းဆိုသူကလည်း အမျိုးသမီးနာမည်နဲ့ အကောင့်ကို သုံးပြီး မနေ့က လာမန့်သွားပြီးပြီ ဒီပို့စ်မှာ ရိုင်းစိုင်းသော မလျော်ကန်သော တစုံတဦး၏ ဂုဏ်သိက္ခာကို ပုတ်ခတ်စော်ကားသော အသုံးအနှုန်း ပါနေတယ်ဆိုရင် ထောက်ပြပါ **ယာဉ်အမှတ်ကို ဖျက်ပေးပြီး ယာဉ်အမှတ်အစား ယာဉ်မောင်းအမည်နှင့် ဓာတ်ပုံကို အစားထိုးခြင်းအား ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့် >>နင်ကစီးသွားတဲ့လူမို့လို့လား ကာယံကံရှင်နဲ့ငါနဲ့ရှင်းထားပီးပီး ငါလိုင်စင်ပံု‌ေတွတင်လို့ဆိုရင်ကာယံကံရှင်ကိုပဲပြသနာရှာရမှာ အပ်ကောင်လေးနဲ့ပြောထားတာတွေ viberတွေရှိတယ် စီးသွာတဲ့ကောင်လေးနဲ့ပဲရှင်းရမှာ နင်အကောင်တုနဲ့ငါတို့လာမပြောနဲ့သတ္တိရှိရင်အကောင့်စစ်နဲ့လာ မနက်ကျမှကောင်လေးနဲ့ရှင်းတော့မယ် >>ဝင်ပီးအာချောင်မနေနဲ့ **အာချောင်စရာအကြောင်း မရှိပါဘူးရှင့် သားသမီးလို ဖြစ်နေတဲ့ဒီကလေးက ကိုယ့်ဆီလာရင်း လမ်းမှာ ဖြစ်ရတဲ့ကိစ္စ ဖြစ်နေတာကြောင့်ပါ
open on Facebook ↗
💬 29   👍 276   ✨ 7   🔁 17 2026-01-04 2026
ပုံထဲက ကားဖြူ BB 4938 mm plaza နားမှာရပ်နေကြဖြစ်မယ် ၊ အာချောင်ချင်တိုင်းချောင်ပြီး မောင်းပြေးပါတယ် ၊ သိလဲမသိပါ သူနဲ့ ကိုယ့်ဘာသာ စာမေးပွဲဖြေပြီး အပြန် ညာဖက်က ခရမ်းdress ကိုဝတ်ပြီး အထုပ်တွေနဲ့ ကားလမ်း ကူးဖို့ အစောင့်မှာ ကန်တော့ပါနော် စာဖတ်သူများ “ နင့် $ ဖုတ်ကိုသူများ မြင်အောင်ပြတာ မရှက်ဖူးလား” လို့ မိမဆုံးမ ဖမဆုံးမ စကား ကို ကားပြတင်းပေါက်မှ ပြောပြီး မောင်းထွက်သွားပါတယ်ရှင် အပြန်ကျ ကြားမှတ်တိုင်တဝိုက် V47 နားကားရပ်ထားတာတွေ့ပါတယ် နောက်နေ့သက်ဆိုင်ရာခေါ်ပြီးလာရှင်းပါမယ် ထိုသူကိုသိတဲ့သူရှိရင်လာပြောပေးပါ ကျေးဇူး ဆပ်ပါမယ် ဒီလိုလူမျိူးက သည်းခံလိုက်ရင်နောက်မိန်းကလေးတွေကိုပါအာချောင်မှာပါ
open on Facebook ↗
💬 29   👍 248   ✨ 4   🔁 23 2026-04-09 2026
Grab က အော်ဒါ မှန်မှန် ချပေးနိုင်တယ် ဒါသူ့အားသာချက် အားနည်းချက်က ဘာလဲဆိုတော့ ဈေးကွက်အရ ပေါက်ဈေးမရတဲ့ ပြဿနာ နောက်ပြီး ခရီးသည်တွေ ထင်တာက ကားတွေ က grab က ပိုင်ပြီး ကားမောင်းသမားတွေက grab ဝန်ထမ်းတွေလို သဘောထား အိတ်သယ်ခိုင်းရတာနဲ့ စောင့်ခိုင်းရတာနဲ့ အဲဒါက ပြဿနာ ကိုယ့်ကားနဲ့ ကိုယ် သူများဝန်ထမ်းဖြစ်ရသလိုမျိုး ဖြစ်သွားတာ အပြင်မှာဆို စောက်ချိုးမပြေရင် ခင်ဗျားဆင်းတော့ ပြောလိုက်လို့ ရတယ် ခုက ပိုက်ဆံက ဖြတ်ခံထားရပီဆိုတော့ အောင့်သက်သက်နဲ့ လိုက်ပို့ရတယ် ဥပမာ တခု ပြောရမယ်ဆိုရင် အပြင်မှာ ရန်ကင်းကနေ စံပြဈေးကို လိုက်ပို့တာ 12000 နဲ့ air con ဖွင့်ပေးလိုက်တယ် သောင်းသုံးထောင်ပေးသွားတယ် ကျေးဇူးတင်ပါတယ်ဆိုပြီး လက်ပြနှုတ်ဆက်သွားတယ် Grab မှာဆို အဲလိုမျိုး ကောင်းမွန်တဲ့ ဖြတ်သန်းမှုမျိုးရမလား သောင်းနှစ်ထောင် grab က တောင်းမယ် ကားသမားက ကိုးထောင်ကျော်ကျော်ရမယ် grab က ‌နှစ်ထောင်ကျော်ဖြတ်မယ် ခင်ဗျား aircon ဖွင့်ထားတာကို ခရီးသည်က သူရပိုင်ခွင့်လို့ သတ်မှတ်မယ် ခင်ဗျားက ဈေးကွက်ပေါက်ဈေး မရဘဲ စိတ်မချမ်းမသာ လိုက်ပို့ရမယ် ဒါက တချက် နောက်တချက်က ခု ဖြစ်နေတဲ့ ပြဿနာ Grab က ချပေးတဲ့ အော်ဒါကို ငြင်းလို့မရတာ ဈေးကြိုမသိရတာ ကိုယ့်ကားကိုယ် မောင်းတယ်ဗျာ ဈေးလည်း ကြိုမသိရဘူး သိရတဲ့ချိန်မှာ လိုက်မယ် မလိုက်ဘူး ဆုံးဖြတ်ခွင့်မရှိဘူး ကြိုက်ကြိုက်မကြိုက်ကြိုက် ခင်ဗျားလိုက်ရမယ် လို့ တွန်းအားပေးထားတယ် ပြီးတော့ 20 ရာခိုင်းနှုန်း ကားသမားဆီက ယူထားသေးတယ် ဘယ်မလဲ ခင်ဗျားရဲ့ ဆုံးဖြတ်ပိုင်ခွင့် နောက်တချက်က ခင်ဗျား ကြိုမယ့်နေရာ ရောက်သွားပီဆိုပါစို့ လူပိုတွေတင်ချင်တယ် ပစ္စည်းတွေ တင်ချင်တယ် အဲဒီအခါမှာ စကားက ပြောရပြန်ပီ အပြင်မှာက မျက်မြင်ဖြစ်တဲ့အတွက် ညှိနှိုင်းလို့ရတယ် အဲမှာ ပြဿနာတွေ တက်ရပြန်ကော ကားသမားကို grab ဝန်ထမ်းလိုသဘောထား ကားခက ဈေးကွက်ပေါက်ဈေးမရ လူပို ပစ္စည်းပိုတွေတင် အဲမှာ စိတ်မချမ်းသာရတဲ့ အလုပ်ကြီးဖြစ်ရော ကားသမားဆိုတာ ဝန်ထမ်းမလုပ်ချင်လို့ ဘယ်သူ့မျက်နှာမှ မကြည့်ချင်လို့ ကားတက်မောင်းတာ grab ဝန်ထမ်းလုံးလုံး ဖြစ်သွားပါရော နောက်ပြဿနာက ခရီးသည်တွေဆီမှာ ယဉ်မောင်းပုံတွေ ရှိတာပဲ အဲ့ကျ သူတို့အဆင်မပြေတာနဲ့ လိုင်းပေါ်တင်တော့တာပဲ အဆင်မပြေတာက ဘာလို့လဲ ခင်ဗျားမှာ ခရီးသည်နဲ့ ညှိနှိုင်းခွင့် ဘာပစ္စည်းပါလဲ ကြိုသိခွင့် မရဘူးလေ ဈေးကျတော့လည်း သူတို့ပဲသတ်မှတ်တာ မကြိုက်လုပ် ဘွတ်ကင်ဖျက်မယ်ဆို rating ထိမယ် ဘယ်မလဲ ခင်ဗျားရဲ့ လုပ်ပိုင်ခွင့် စနစ်ရဲ့သားကောင်တွေ ဖြစ်မှန်းမသိ ဖြစ်သွားတာ အဲကျ ခင်ဗျား စိတ်မချမ်းသာမှုတွေက ခရီးသည်တွေဆီရောက် ခရီးသည်တွေလည်း စိတ်မချမ်းသာရ အိမ်ပြန်ရင်တောင် သားမယားပေါ် ပြန်ပေါက်ကွဲတာမျိုးဖြစ်တော့မှာ ဘယ်မလဲ ခင်ဗျားရဲ့ လုပ်ငန်းခွင်ပျော်ရွှင်မှု ခုရက်ပိုင်း grab သည် ဈေးကွက်ကို မချုပ်ကိုင်နိုင်တော့ဘူး သူ့အတွက်မောင်းပေးမယ့်ကား အလုံအလောက်မရှိတော့ဘူး သူဈေးကွက်ကို ချုပ်ကိုင်နိုင်ဖို့ ကြိုးစားမှာပဲ ခင်ဗျားတို့ ဘာလုပ်ကြမလဲ သူ့ကို ဦးညွှတ်သွားအောင်လုပ်မလား ခင်ဗျားတို့က သူ့အောက် လေးဘက်ထောက် ဝင်မလား သင့်လျှော်မျှတတဲ့ ဈေးတန်းတောင်းပြီး ခရီးသည်တွေကို လက်တားက ပိုအဆင်ပြေတဲ့ ဝန်ဆောင်မှု ဖြစ်အောင်ပေးကြပါ သူဖြတ်တဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို ခရီးသည်တွေနဲ့ ကျွန်တော်တို့ မျှဝေယူပြီး ကောင်းမွန်တဲ့ ခရီးသွားဝန်ဆောင်မှုဖြစ်အောင် ဖန်တီးကြပါစို့ Grabအနေနဲ့ မြန်မာပြည်က ယဉ်မောင်းတွေကို ပြန်လေးစားလာအောင် ကျွန်တော်တို့ လုပ်ရလိမ့်မယ်
open on Facebook ↗
💬 29   👍 188   ✨ 2   🔁 11 2025-12-20 2025
Grab App အသုံးပြုပြီး ကားခေါ်/ရပြီး ယာဥ်မောင်းဘက်မှ ကားမလာ Cancel မလုပ်ပေးရတဲ့ တချို့အကြောင်းအရင်း သိသလောက်ပြောပြတာပါ... - ဌားရမ်းတဲ့သူအော်ဒါတင်လိုက်တာနဲ့အနီးအနားဝန်းကျင်မှာ Grabဖွင့်ထားတဲ့ကားရှိရင် ချိတ်ဆက်ပြီးအော်ဒါတန်းတက်ပြီး ကြိုရမယ့်နေရာ(လမ်းကြောင်း)တန်းပြပါတယ်...အဲ့အချိန်မှာ ယာဥ်မောင်းမှ ပို့ရမယ့်နေရာထပ်ကြည့်လိုက်လို့ အဆင်မပြေတဲ့နေရာဆို ယာဥ်မောင်းက Cancelချရင် ခရီးစဥ်ပယ်ဖျက်နှုန်း (Grabရုံးသတ်မှတ်ထားတဲ့%ထက်ကျော်သွားရင် အပတ်စဥ်၊လစဥ်ဆုကြေး မရပါဘူး။ပလက်တီနမ်၊ဂိုးအဆင့်တွေလည်းလျော့ပါတယ်) အရင်ကတော့ ​ယာဥ်စီးခစျေးနဲ့ခရီးသည် အဆင့်အတန်းတစ်ခုရှိတဲ့အတွက် Grabယာဥ်မောင်းတွေ အော်ဒါတက်ရင် Cancelချတာ နည်းပါတယ်။ အခုနောက်ပိုင်း ၈စက္ကန့်ဝန်းကျင်လားမသိ ပို့ရ/ကြို့ရမယ့်နေရာဖျက်ကနဲပြပြီးယာဥ်မောင်းကို Cancelချခွင့်ပေးတယ်လို့တော့ ပြောကြတယ်...အဲ့မှာ တချို့က ဘာပြောလဲဆိုတော့ ကားမောင်းနေစဥ်(သို့)တချို့​ပို့ရ/ကြို့ရမယ့်နေရာတွေက (ဥပမာ - ဆေးခန်း၊ဆိုင်တစ်ဆိုင်ဆိုင် နာမည်ဘဲပြတယ် လမ်း၊မြို့နယ် မပြဘူး)၈စက္ကန့်ကျော် အော်ဒါအော်တိုလက်ခံပြီးမှ ပို့ရမယ့်နေရာဝင်ကြည့်ပြီး ​စျေးကြောင့်မလိုက်ချင်၊Cancelချပြန်ရင်လည်း အဆင့်၊ဆုကြေးတွေလျော့မှာစိုးလို့ Cancelမချ...ခရီးသည်တွေကို နေလှန်းတဲ့အကွက်တွေဖြစ်ကုန်ရော... - အရင်က Grab Driver Appက VPN မခံရပါဘူး...Google Mapနဲ့လည်းချိတ်ဆက်ထားပါတယ်။အခု VPNလည်းခံရ၊Google Mapနဲ့လည်း မချိတ်ဆက်တော့ Location Error လေးတွေ တချို့နေရာမှာ ဖြစ်နေတယ်လို့ သိရပါတယ်။ - ခရီးသည် Cancel ချရင် ဖိုင်းကြေး ၁၀၀၀ကောက်ခံတဲ့ကိစ္စ ...တော်တော်များများဖောင်းထုကြတယ်... Grab Appသုံးရင် သေချာသိအောင် လေ့လာသင့်တယ်... ဌားတဲ့သူက ကားနဲ့ချိတ်မိပြီဆိုရင် ချက်ချင်းတော့ Free Call(သို့)တိုက်ရိုက်ဖုန်း မခေါ်သင့်ပါဘူး...မက်ဆေ့စ်လောက်တော့ ပို့ထားလို့ ရပါတယ်။ဘာလို့လဲဆိုတော့ ယာဥ်မောင်းက ကားရပ်ထားတဲ့အချိန်ဆိုပြဿနာမရှိပေမယ့် ကားမောင်းနေစဥ်ဆို အနည်းအများ အာရုံနောက်တတ်ပါတယ်...နောက်တစ်ချက် ခေါ်တဲ့သူနေရာကိုလာဖို့ မြေပုံကိုလည်းကြည့်ရပါတယ်...ဖုန်းခေါ်လိုက်တော့ ဘာမှမမြင်ရတော့ပါဘူး...အနည်းဆုံး ၁မိနစ် ၂မိနစ်ဝန်းကျင်နောက်မှာ Free Call (သို့) တိုက်ရိုက်ဖုန်းခေါ် အကြောင်းမထူးရင် ၅မိနစ်အတွင်း ဌားသူက Cancelချနောက်တစ်စီးထပ်ခေါ်ကြည့်ပါ... ကျွန်တော်သိသလောက်ရှင်းပြပေးတာပါ...လိုအပ်ချက်/ပြောင်းလဲသွားတာများရှိရင် အပြုသဘောဝင်ပြောကြပါ။တစ်ယောက်သိသွားလည်း တစ်ယောက်အကျိုးရှိပါတယ်။ အဆင်ပြေသော ခရီးစဥ်လေးတွေဖြစ်ကြပါစေ။
open on Facebook ↗
💬 29   👍 97   ✨ 2   🔁 3 2026-02-10 2026
Cupကို ယာဉ်မောင်းတွေ ဘယ်လောက်စောင်မြင်ကပ်ပြီး စောင်ကန်ချင်လဲဆိုတာ ဒီနေ့ အသစ်ပေါ်ထွက်လာတဲ့ Appတစ်ခုမှ မန်ဘာတွေ လာဝင်ချက် မြင်တောင်မကောင်းဘူး။ ပရီမီယံ မန်ဘာဝင်ရက်ဆိုတော့ ကားတွေကလည်း ရှယ်တွေချည်း အောင်မြင်မှာပါ။ ခရီးသည်တွေအတွက်လည်း ရွေးချယ်စရာပိုလာတာပေါ့။ Cupမှာတော့ ကားစုတ်​တွေချည်းကျန်မှာမြင်ယောင်သေးကွာ 😆 Cupက သေချာပေါက်Cupဆွဲရတော့မှာပါ ယာဉ်မောင်းတွေကို ဂုတ်သွေးစုတ်အမြတ်ထုတ်ခဲ့သမျှ အလှည့်ကျပေါ့ ဟိုCup⚽️မတွေ ပုံးမကြောင်ဖို့ပြင်ဆင်ထား
open on Facebook ↗
💬 29   👍 88   ✨ 4   🔁 0 2026-02-14 2026
Grabငှားစီးဖြစ်ရင်တချို့ကားဆရာတွေair conပိတ်ပီးမှန်ဖွင့်မောင်းတယ်။သူတို့ဆီဖိုးနဲ့မကိုက်လို့နေမှာပါဆိုပီးကိုယ်နားလည်ပေးတယ်။တချို့ပြန်အမ်းဖို့အကြွေအရှိရင်လေးငါးရာလောက်သူတို့အကြွေတကယ်ရှားလို့နေမှာပါဆိုပီး ကိုယ်နားလည်ပေးတယ်ရတယ်။တချို့ဆိုအိမ်ရှေ့အရောက်ဆိုပြန်ကွေ့ရခက်မှာစိုးရင်အိမ်မရောက်လမ်းဆုံလမ်းခွတင်ရပီအကိုဒီနားလေးပဲရပ်လိုက်ဆိုပီးကိုယ်နားလည်ပေးခဲ့တယ်။ပီးရင်ကျေးဇူးတင်ပါတယ် ကိုယ်အမြဲပြောတယ်။ မနေ့ကငှားစီးတဲ့ကားဆရာအကြောင်းလေးပြောပြအုံးမယ်ရှင်။ ကိုယ်grabထောက်လိုက်တော့သွားမဲ့ခရီးစဉ်က 10200ဆိုပီးပေါ်ပါတယ်။တစ်မိနစ်အတွင်းကားရောက်လာတယ်။လမ်းမပေါ်ကပဲငှားပီးလမ်းမပေါ်ပဲလမ်းဆုံးမှာပါ။ ကားစီးရင်ကျမအကျင့်ကဖုန်းကိုလွယ်တဲ့အိတ်ထ‌ဲထည့်ထားတတ်တဲ့အကျင့်ရှိတယ်။ဘေးမှာသားလေးနဲ့ညီမလေးပါတော့သူတို့နဲ့စကားတပြောပြောန‌ဲ့လိုက်လာတာခနပဲမောင်းရပါတယ်ညဘက်ဆိုတော့လမ်းလဲရှင်းပါတယ်။ ခရီးဆုံးတော့ ကိုယ်ကလဲ ရှင်းကမဲ့ငွေကို10000ပဲမှတ်မိတယ်။နောက်ကအစွန်းထွက်ကိုမေ့နေတော့ ယဉ်ယဉ်ကျေးကျေးလေးပဲ' အကိုဘယ်လောက်ကျလဲမသိဘူးနော် ' လို့‌မေးလိုက်မိတာကို "အမဖုန်းမပါဘူးလား"တဲ့ပြန်မေးတယ်။သူအဲ့လိုပြန်ဖြေမယ်မထင်လို့ကိုယ်တောင်အံ့အားသင့်ပြီး"ရှင်"လို့ကြောင်သွားတယ်။အဲ့့တာကိုထပ်ပြောတယ်"ဖုန်းမပါဘူးလားလို့ပြောတာတဲ့"စိတ်မရှည်သလိုထပ်‌‌ေမးတယ်။ (ဖုန်းပါလို့grabထောက်လို့ရတာမဟုတ်ဖူးလား။သူ့ရှေ့တင်ဖုန်းကိုင်ပီးကားပေါ်တက်တာမြင်တာပဲလေ) "ဪ..ဖုန်းကပါတယ်အိတ်ထဲထည့်ထားလိုက်မိလို့"အစွန်းထွက်မမှတ်မိလို့မေးလိုက်တာဆိုတော့။"ခုနကဘယ်လောက်နဲ့ငှားတာလဲအဲ့တိုင်းပဲတဲ့"။ သူပြောတဲ့စကားထဲမှာဆဲတာတော့မပါပါဘူး ဒါပေမဲ့customerကိုစော်ကားလိုက်တယ်လို့ခံစားလိုက်ရတယ်။ အဲ့တာနဲ့ကိုယ်လဲအရှည်အရှည်မဖြစ်ချင်လို့အိတ်ထဲကဖုန်းပြန်ထုတ်ကြည့်ပီး 10000ရယ်အကြွေလေးရာရယ်ပေးခဲ့တယ်။ ကားပေါ်ကမဆင်းခင်ရှေ့ကယာဉ်ထိန်းရဲကသူ့ဘာအချက်ပြလို့လဲတော့မသိဘူး။ငါ-ိုးမသားတွေကမျိုးဆိုပီးဆဲလိုက်သေးတယ်။ကျေးဇူးလဲမတင်ခဲ့တော့ဘူး။စိတ်ထဲလဲတနုံ့နုံ့နဲ့ ။ အဲ့လိုစော်ကားခံရရင်grabကဘာတာဝန်ယူမှုတာဝန်ခံမှုမှမရှိလားသိချင်တာလေ။ငါးခုံးမတကောင်ကြောင့်တလှေလုံးပုတ်မယ်Grabရေ....။
open on Facebook ↗
💬 29   👍 65   ✨ 4   🔁 0 2026-01-13 2026
စောဏကပဲ ဘုရင့်နောင်လမ်းဆုံကနေ သမိုင်းမုဒိတာကို Grab ထောက်ကြည့်တော့ 4200 နီးတာပဲ လက်တားငှားပြီး 5000 ပေးလိုက်မယ်ဆိုပြီး လက်တားငှားလိုက်တာ ၈၀၀၀ တန်းတောင်းပါလေရော အာ့နဲ့ မငှားတော့ဘူးပြောလိုက်တော့ ဘယ်လောက်ပေးမလဲတဲ့ ရပြီ သွားလိုက်တော့လို့ပြောတာကို ပေစောင်းစောင်းကြည့်နေလေရဲ့
open on Facebook ↗
💬 29   👍 58   ✨ 3   🔁 2 2025-12-13 2025
ကားဆရာကြီးတွေကို တခု အသိပေးချင်တာကလေ ဟွန်းကိူ တတ်နိုင်သလောက်ရှောင်စေချင်တယ် အခုက ဘာမှမဟုတ်လဲစွတ်တီး စွတ်ဝင် ဘယ်နေ့ကားပေါ်ကဆင်းရိုက်မလဲမသိဘူး လက်ကယားနေပီ တော်သင့်လူတွေလဲသိပါတယ် အကိုတို့ဆရာကြီးတွေအလျင်လိုမှန်း ဒါမယ့် လမ်းကြောင်းပေါ်မှာ ဘယ်ကားတွေလူပါးဝလဲဆိုတာ သိမယ်ထင်တယ် လိုင်းကား ရေကား သာသနာကားနဲ့ နောက်ကားက ဘာလဲဆိုတာ ဟွန်းဆိုတာ အရေးကြုံမှတီးရမယ့် ခလုပ်ဆိုတာ စည်းကမ်းရှိတဲ့သူတိုင်းသိပါတယ် ခုဟာက တောသားတွေ ကားတက်မောင်းနေတာကအဆင်တွေပြေမနေဘူး😁
open on Facebook ↗
💬 29   👍 57   ✨ 4   🔁 0 2026-02-11 2026
ပုံမှန်‌ဈေးလေးပဲလားရှင့်သိချင်လို့ပါ
open on Facebook ↗
💬 29   👍 54   ✨ 2   🔁 4 2025-12-13 2025
Plz admin 13.12.25 ဒီနေ့ညနေ 6:05လောက်က grab 2 points ထောက်ပြီး ညီမတို့ညီအစ်မနှစ်ယောက် ကလေးကျူရှင် သွားကြိုတာပါ 15ရပ်ကွက်ထဲကိုပါ အစကသွားနေတာအကောင်းပါ ရှင်ထွေးညိုလမ်းတစ်နေရာရောက်တော့ အမှောင်ထဲမှာရပ်နေတဲ့ယောက်ျားတစ်ယောက်ကိုကားသမားက ငါပြန်လာခဲ့မယ် ခဏစောင့်ဆိုပြီးကားပေါ်ကနေလှန်းအော်ပြောလိုက်တယ် ညီမတို့လဲစိတ်ထဲတစ်မျိုးဖြစ်သွားပေမဲ့ သူ့အသိကိုလှမ်းနှုတ်ဆက်တာနေမှာပါလို့ဘဲထားလိုက်ပါတယ် ကလေးကျူရှင်ကြိုပြီး အပြန်အဲ့နေရာနားရောက်တော့ အဲ့လူကိုကားပေါ်တင်ဖို့လုပ်ပါတယ် ညီမအစ်မက အကိုအဲ့လိုမျိုးမတင်ပါနဲ့က‌ေလးလဲပါလို့ပါပြောတော့ ရတယ် ငါတာဝန်ယူတယ်ဘာမှမဖြစ်ဘူးလို့ပြောပါတယ် အဲ့လူကရွှေပြည်သာဖက်သွားမှာလို့ပြောတော့ ရတယ်တက်လို့ပြောပါတယ် လမ်းသင့်တယ်တဲ့ ညီမတို့ကအကိုမတင်ပါနဲ့ကျသင့်ငွေထက်ပိုပေးပါမယ် အဲ့လိုတော့မတင်ပါနဲ့လို့တောင်း"ပန်"ပြောလဲ ငါတာဝန်ယူတယ်ဆိုရပြီလေ ဘာမှမဖြစ်ဘူး သူတာဝန်ယူတယ်ဆိုတာကိုဘဲ အခါခါပြောနေခဲ့ပါတယ် ဒါဆိုလဲသူ့ကိုတင်လိုက်ပါညီမတို့ဆင်းခဲ့ပါမယ်ဆိုတော့လဲ သူကမဟုတ်ဘူးဒီနားမှာအသိအိမ်ရှိလို့ ဆင်းလိုက်ပါမယ်ဆ်ုပြီးကားတံခါးအတင်းဖွင့်ဆင်းမယ်လုပ်ကြမှ ရတယ်နေတော့ ပို့ပေးမယ်ဆိုလို့ သူ့ကားနဲ့ဘဲအိမ်ပြန်ခဲ့ပါတယ်ညီမတို့အိမ်ပြန်ရောက်တာ 6:30ကျော်နေပါပြီအပြင်မှာလဲမှောင်နေပါပြီရှင် ဖြစ်တဲ့နေရာက မီးမရှိဘာမရှိမဲမှောင်နေတာပါ ဒါတင်မပြီးပါဘူး လမ်းတစ်လျောက်နီးပါး နင်တို့ဒီခေတ်ကြီးမှာအဲ့လိုစိတ်ထားမနေနဲ့ အဲ့လောက်ကြောက်နေမှ အဲ့လိုလုပ်တဲ့သူတွေနဲ့တစ်ကယ်တွေ့မှာ စိတ်ကောင်းထားရတယ်ဆိုတာတွေရော အသိအိမ်ကချက်ချင်းရှိသွားတာလား လမ်းကြုံလို့ခေါ်တင်တာဘာဖြစ်လို့လဲ နင်တို့ကအရင်ဆင်းမှာ‌ေလ မဟုတ်ဘူးလားတဲ့ကလေးပါတာ ကလေးကိုဘာလုပ်မှာမို့လို့လဲ စုံနေတာဘဲပြောတာပါ ကိုယ်တွေလဲ‌တစ်ခုခုလုပ်မှာကြောက်လို့ဘာမှပြန်မပြောရဲပါဘူး အရင်ဆင်းဆင်းမဆင်းဆင်း သူ့ဟာသူကူညီပြီးခေါ်တင်တာလားဘာလားမသိပေမဲ့ မိုးချုပ်ကြီးကိုမသိတဲ့သူလမ်းကကောက်တင်တာမဖြစ်သင့်ပါဘူး စိတ်ချရအောင်လို့grab စီးတာပါ တစ်ပတ်မှာ 5ရက်လောက်က grab နဲ့အမြဲသွားတာပါ အခုကစိတ်မချရသလိုခံစားရပါတယ် ဒီလိုတွေလုပ်နေတာကို ရုံးကလူတွေသေချာလေးကြပ်မတ်စေချင်ပါတယ်
open on Facebook ↗
💬 29   👍 50   ✨ 2   🔁 0 2026-02-17 2026
ကဲ အချက်အလက်နဲ့ဘဲနော်။ ဒီဂရုပ်ထဲမှာ ကားအမြဲဌားစီးနေတဲ့သူတွေ ဒီဈေးတွေ များလား?နည်းလား?ဆိုတာ အခြေအနေ မျှမျှတတ သုံးသပ်ပြီးပြောပေးခဲ့ ဒီလို ဈေးတွေ ယာဉ်မောင်းကိုပေးတဲ့အတွက် ဝန်ဆောင်မှုပိုင်း ကောင်းနိုင်မလား? ခင်ဗျားတို့ မန့်က ခင်ဗျားတို့အဆင့်ဘဲဆိုတာတော့ သတိမမေ့နဲ့။
open on Facebook ↗
💬 29   👍 24   ✨ 3   🔁 2 2026-01-26 2026
ဒီရက်ပိုင်း Chat GPT ကိုသွားမေးပြီး ပြန်တင်ကြတာမြင်ရတော့ တကယ်ဝမ်းသာမိပါတယ်... ဪ ငါလဲ တောသီးကီလိုလက်တားလေးတွေအကြောင်းကို ငါ့ဘော်ဒါကြီး ChatGPT ကိုသွားမေးကြည့်ဦးမှပဲဆိုပြီးမေးကြည့်လိုက်တော့ သူကဒီလိုပြန်ဖြေထားပါတယ်...SS တွေကများပေမယ့် သူဖြေထားတာတွေက ပြီးပြည့်စုံကောင်းမွန်လွန်းပြီး Grab အကြောင်းနဲ့ ကီလိုလက်တားတွေအကြောင်းကို သေချာရှင်းပြထားတာမို့ တပုံချင်းအေးဆေးဖတ်ရှုဖို့တိုက်တွန်းလိုပါတယ် 🤭
open on Facebook ↗
💬 28   👍 395   ✨ 5   🔁 46 2025-11-19 2025
အောင်မဂ်လာ ကိစ္စ တက်စီများ ရပ်ရန် နေရာ တွင်ရပ်ပါ. ကားဂိတ် တေကိုပို့ရင် ရပ်လို့ရတဲ့နေရာပဲ ရပ်မည်ဟု ခရီး သည်ကို ကြိုပြော လာပါ ကားပေါ်မှာ ခရီးသည် လေးဦး ကားသမား တယောက် ပဲ တင်ပါ နောက်ဖုံး မတင်ပါနဲ့ ဝီးတက် လိုင်စင် သက်တမ်းရှိပါစေ အောင်မဂ်လာ မှာ ပုံမှန် ဆွဲနေသည့်ကားမဟုတ်လျှင် ကျန်းမာရေး သို့ ခရီးသည် အကြို မှအပ မရပ်ပါနဲ့ Elite ကားဂိတ် ပတ်ပတ်လည် လုံးဝ မရပ်ပါနဲ့ တတ်နိုင်ရင်တော့ မလိုက်ပါနဲ့ မလိုက်ပါနဲ့ ဟိုးစတော့ မလိုက်ပါနဲ့ #ပေရိုးမတေရှိတယ်
open on Facebook ↗
💬 28   👍 341   ✨ 4   🔁 21 2026-02-04 2026
Grab နဲ့အဆင်ပြေဆုံး ခရီးသည်ကတော့နိုင်ငံခြားသားတွေပါ။သိပ်ကိုအဆင့်တန်းရှိတယ်။ကားလာမည့်လမ်းကြောင်းpinမှာဖုန်းလေးကိုင်ပြီးကြိုစောင့်နေတာဟာသိပ်ကိုလေးစားဖို့ကောင်းတယ်။ သွားကြိုရတဲ့သူတောင်အားနာမိတယ်။ငါ့တို့ရဲ့ ငပိတွေကတော့ အိမ်ပေါ်မှာအတွင်းခံဝတ်နေတုန်းကားကိုကြိုခေါ်ထားရတာနဲ့။ဆိုက်ကားနှစ်စီးရှောင်ရင်တောင်မလွတ်တဲ့လမ်းမှာနေရာအဆင်ပြေတဲ့နေရာကားရပ်ထားရင် တက်လုပ်တော့မဲ့ပုံနဲ့။စောင့်ခပေးထားတာဘဲဆိုပြီးဖုန်းဆက်ပြောပေးတာကိုမကြိုက်ရတာနဲ့။သိန်းထောင်ချီတန်ကားကို software ငှားသုံးပြီးမောင်းနေတာဟာ။နိုင်ငံနဲ့မြို့ပြလှပလာအောင်။ကိုယ့်လူမျိုး ငပိတွေကိုအဆင့်တန်းမြင့်မြင့်အသုံးပြုရအောင်။ကိုယ့်ရဲ့ ရာထူးပင်စင်လစာဘဲမသုံးချင်လို့အပိုငွေရအောင်လုပ်နေရတာ။ ငပိတွေကတော့ မသီရင်သူ့အိမ်က ယာဉ်မောင်လိုလို သူ့လင်ကြီးကဘဲလိုက်ပို့သလိုလိုနဲ့ ယာဉ်မောင်းဆိုတာနဲ့ သောက်ဆင့်မရှိဘူးထင်မနေကြနဲ့။ ကိုယ်လုပ်ရပ်နဲ့အမှုအကျင့်ဟာ မျိုးရိုးဗီဇရဲ့ပုံရိပ်ပါဘဲ ငပိတို့ရေ။ စိးနင်းသူနဲ့ယာဉ်မောင်းများဘေးကင်းကြပါစေ
open on Facebook ↗
💬 28   👍 147   ✨ 4   🔁 15 2025-11-10 2025
စတက် ၃၀၀၀ ၁ကီလို ၁၀၀၀ + အပိုကောက်ခံကြေးတွေပါ အများသိအောင် ပွင့်ပွင့်လင်းလင်း ကြော်ငြာထားတယ်...အင်တာနေရှင်နယ်ကြီးကရော...??? ဖိုတို ...ခရစ်ဒစ်
open on Facebook ↗
💬 28   👍 133   ✨ 6   🔁 1 2026-01-24 2026
Grab မောင်းတာကြာပါပြီ ဒီလိုမိုက်မိုက် ရိုင်းရိုင်း မိမဆုံး မ ဖဆုံးမ သားသမီးနဲ့ မတွေ့ဘူးဘူး မိန်းခလေး နဲ့ ဖြစ်နေတာ က တကြောင်း ဘာသာရေး နဲ့ ပတ်သက်ပြီးဆဲတယ် ကိုယ် မရိုင်းခဲ့ပါဘူး မိတ်ဆွေ အသံဖိုင်တွေ ရှိတယ် လိုင်းပေါ်တင်မရလို့ ခရီးသည် ကားခေါ် တယ် ကိုယ်ရောက်တဲ့အချိန် သူ့ဆီ ဖုန်းဆက်တယ် ကျွန်တော်စောင့်ပေးတယ် ၅မိနစ်ပြည့်တယ်ရောက်မလာလို့ cancel လုပ်ပြီး ပြန်လာတယ် ဖုန်းခေါ်တာ ကိုယ်က စက်မှု့ဇုံမှာ နောက်ဖုံးလှန်ပြီး ပစ္စည်းတင်နေတော့ ဖုန်းခေါ် မသိလိုက်ဘူး ကားပေါ်ရောက်တော့ ဖုန်းကြည့်လိုက်တော့ စာပို့ထားတယ် ဖုန်းပြန်ခေါ်လိုက်တယ် အဲဒါကို ဖုန်းဆက် ပြသာနာရှာတယ်
open on Facebook ↗
💬 28   👍 136   ✨ 2   🔁 5 2026-04-06 2026
Please admin ကျွန်တော် Taxi စမောင်းတဲ့အချိန် သူငယ်ချင်းက grab ဆွဲ ဆိုပြီး လိုက်သွင်းပေးလို့ grab ဆွဲတာ ယခု နဲ့ဆို ၃နှစ်ရှိပြီပေါ့ ပထမဦးဆုံး 1နှစ်ကျော်ကျော် ထိ ကျွန်တော် platinum ဖြစ်ခဲ့တယ် ပွဲလည်းတက်ခဲ့ဘူးတယ် အဲ့ဒီအထိအဆင်ပြေတယ် နောက် ကျွန်တော် ကားပြင်တာနဲ့ ခရီးထွက်တာနဲ့ဘဲ platinum ကို ၁ ကြောင်းနဲ့ ကပ်ပြုပ်တယ်အဲအချိန်ကစပြီး grab ကို စပြီးစိတ်ကွက်လာတယ် ဆွဲချင်စိတ်နဲလာတယ် နောက်ပြီး grab ရဲ့ ယုတ်မာမှု့တွေ ရုံးတက်ချိန် ပွိုင့်တွေ ဘောနပ်တွေ ဖြုတ်တယ် မလွယ်ကူတဲ့ ကားပိတ်ချိန် ရုံးဆင်းချိန်ကို ဘောနပ်ပေးတယ် ဘောနပ်တွေလျော့ချတယ် channel တွေ App တွေ မဖိုက်နိုင်အောင် လူစီးများလာအောင် စျေးနှုန်းတွေ လျော့ချပြစ်တယ် သူကတော့ 20%+100 ကတော့အပြည့်ကောက်တယ် တစ်ခါတလေ အကြောင်းကြီး ၁ကြောင်း၁လေကိုတော့ အချိန်နဲ့ နေရာနဲ့ကြည့်ပြီး အချိုသက်တယ် ဆိုးတာက ယခု ကုန်စျေးနှုန်းနဲ့ ကားသမားတစ်ယောက်ရဲ့လမ်းပေါ်က အခက်အခဲတွေကို မကြည့်ဘဲ သူလုပ်ချင်ရာသူလုပ်နေတာ အသားတင် 20%+100 ယူနေတာ ဒါဘဲ အဲ့တော့ ကိုက်ပါတယ်ဆိုတဲ့ သူတွေ bonusလေးယူပြီးဆက်ပြီး ဆွဲကြပါ ခင်ဗျားတို့လို ၁ ကိုယ်ကောင်းသမားတွေရှိနေသမျှ grab ကလုပ်ချင်တိုင်းလုပ်နေမှာပါ😎😎😎😎🤪🤪🤪🤪
open on Facebook ↗
💬 28   👍 134   ✨ 3   🔁 4 2026-02-17 2026
Grab ကို ခရီးသည်တွေ ဈေးကြိုကြည့်လို့ရသလို Driver တွေကိုလဲ ဈေးနှုန်းပြရဲလားလို့ အရင်မေးကြည့်ကြအူံး ဈေးကြိုသိရရင် ခရီးသည်လဲ ကြိုက်ရင်ခေါ် မကြိုက်မခေါ်နဲ့ Driver လဲဈေးကိုက်ရင်လိုက် မကိုက်မလိုက်နဲ့ အဲလိုဆို ပြဿနာတွေ လျော့နည်းသွားမယ်
open on Facebook ↗
« first ‹ prev   page 7 / 49 — 1459 posts match   next › last »