💬 26
👍 84
✨ 4
🔁 1
2025-11-14 2025
ကိုယ်က လာမယ်အထင်နဲ့ စိတ်ရှည်လက်ရှည်စောင့်
အတော်ကြာတဲ့ထိမလာ ဖုန်းဆက်ကြည့်တော့ ကျွန်တော်ကားပျက်နေလို့တို့ ဆီဖြည့်နေလို့တို့ အားသွင်းနေလို့တို့ စုံနေတာပဲ။ အစ်မဘက်က cancel လုပ်လိုက်ပါတဲ့။ ကျွန်တော်တို့ cancel ရင် အဘန်းခံရမယ်တဲ့။ ကျွန်မတို့လည်း cancel ရင် cancellation fees ၁၀၀၀ပေးရတယ်လို့ပြောတော့ ဖုန်းကို ပစ်ပစ်ချသွားကြတယ်။ ခေါ်လည်း ထပ်မကိုင်ကြတော့ဘူး။
Interview သွားဖြေခါနီးတို့ အဝေးပြေးဝင်းသွားခါနီးတို့
In time သွားရခါနီးတွေနဲ့ပါ အဲ့လိုလူတွေနဲ့ တိုးတာ အရမ်းဒုက္ခရောက်ပါတယ်။ ကိုယ်ချင်းစာတရားလေး ထားကြပါလို့။
P.S.
ကိုယ်က positive သမား
ကောင်းကောင်း မကောင်းကောင်း rate အမြင့်ဆုံးပေးလိုက်တယ်
အကြွေအမ်းဖို့မရှိလည်း အတင်းမတောင်းဘူး
လုံခြုံမှု ရှိရှိ စီးရတာနဲ့တင် ကျေးဇူးတင်နေပြီ
အပြန်အလှန် စေတနာလေးတွေတော့ ထားသင့်တယ်
💬 26
👍 85
✨ 1
🔁 0
2025-12-12 2025
Ygn taxi သဘောကောင်းတဲ့ကားဆရာရှိရင် ငှားချင်ပါတယ် ygnရောက်တုန်းဟိုသွားဒီသွားရယ်ညဘက်အပြင်ထွက်တဲ့ခါမျိုးရယ်ဆို စိတ်ချရတဲ့ကားဘဲစီးချင်လို့ပါ(အဆင်ပြေရင် 13dec to 16decထိငှားမှာပါ)EV ကားရလျှင်ပိုအဆင်ပြေပါတယ်
💬 26
👍 82
✨ 3
🔁 0
2026-02-20 2026
ဟေ့လူ...ကျုပ်တို့ဘာသာ..ကျုပ်..
မျက်နှာချင်းဆိုင်အိမ်ပဲသွားသွား..လမ်းထိပ်ပဲ..ကွမ်းဝယ်ဝယ်..ပိုက်ဆံပေးဌားတာ..ခေါ်ရင်လာ...ပြီးရင်မောင်း..လမ်းဆိုးတာကောင်းတာ..တစ်ဖတ်ပိတ်တာဖွင့်တာ..ကျုပ်တို့အလုပ်မဟုတ်.ပြီးတော့ရှိသေး..၃၀၀၀တန်ခရီးကို..၂၀၀၀promoသုံးတာ...ခင်ဗျားအိတ်ကစိုက်ပေးရလို့လား...
မီးပွိုင့်ကထောက်ထောက်..ရဲစခန်းကထောက်ထောက်..ဖြူနီကြားကထောက်ထောက်..မှတ်တိုင်ကထောက်ထောက်..၅မိနစ်စောင့်...၄မိနစ်အတွင်းရောက်အောင်လာမယ်..၅မိနစ်ဆို..၅၀၀ပေးရလို့...
တစ်ခါတည်းပြောမယ်..
အကြွေဆောင်ထား...၁၇၀၀ကျလို့..၂၀၀၀ယူမယ် မလုပ်နဲ့...ခင်ဗျားတို့၇၀၀အဆုံးခံရင်ခံ..ကျုပ်၃၀၀တော့အပါမခံနိုင်ဘူး..
အို...ကြာပါတယ်..
တိုတိုနဲ့လိုရင်ပြောမယ်..ကျုပ်တို့ကထမင်းရှင်...ကျေးဇူးတော့မကန်းနဲ့..အကုန်ဝူးရူးဝါးတွေဖြစ်ကုန်မယ်။line ပေါ်မှာ ဓါတ်ပုံကြီးနဲ့အတင်ခံချင်လို့လား...ဝါး....
💬 26
👍 78
✨ 2
🔁 0
2025-12-10 2025
Grab စီးတဲ့ ခရီးသည်အပေါင်းတို့ မနက်စောစော ကို Promo သုံးခြင်းနဲ့ Grab Pay သုံးခြင်းကိုတော့ ရှောင်ပေးစေလိုပါတယ် ၊ တခါတလေကျ စျေးဦးပေါက်အကြောင်းတွေက Promo တို့ ၊ Grab Pay တို့ဆို တော်တော်အစဉ်မပြေဖြစ်ရပါတယ်၊
💬 26
👍 72
✨ 2
🔁 0
2026-01-16 2026
Grab မကောင်းဘူးဆိုလဲ ပိတ်ထားကြကွာ ဘယ်သူမှ ဓားထောက် မမောင်းခိုင်းဘူး တစ်နေ့ တစ်နေ့ မင်းတို့ စောက်Post တွေပဲ တက်နေတယ် မင်းတို့ကင်းအောင် နေကြပါလား ဘာမှ ပြောစရာမလိုတော့ဘူးပေါ့ မဟုတ်ဘူးလား အခုတော့ လိုင်းပေါ်တက်ပြီး fင်ယားတိုင်း တက်ရေးနေကြတာ အဆင်ပြေတဲ့သူမောင်းလိမ့်မယ် Grab က မင်းအိမ်ထိ လာပြီးမောင်းပါပြောတာလား မင်းက ရုံးအထိသွားပြီး မောင်းမယ်လို့ ပြောတာလား ဘာမှမပြောဘူး လုပ်နေတာ တစ်နေ့ တစ်နေ့ မင်းတို့ $ကြောင်းတွေကြီးပဲ
💬 26
👍 69
✨ 3
🔁 1
2025-12-23 2025
လိုသုံးဖြစ်အောင် လုပ်ပေးတဲ့ အတွက် ကျေးဇူးပါလို့။ ပုံမှန်ဆို Grab only မောင်းတာပါ။ ခုများကတော့ သာဒီးလူ ဖြစ်သွားပြီလေ။ Sunday လို နေ့မျိုးတောင် တစ်ကြောင်းမှ မမောင်းတော့တာ။ Monday cancel ကြောင်းမှာ Grab order ဝင်တာ သွားကြိုရင်း လမ်းမှာ လက်တားတွေ့လို့ Grab cancel ပြီး လက်တားလေးနဲ့ သာသာယာယာလေး လစ်သွားလိုက်တယ်ဗျာ။
💬 26
👍 66
✨ 3
🔁 1
2025-12-16 2025
Local app တစ်ခုရွေးချယ်ခြင်း(စာရှည်မယ်ဗျာ)
မနက်က ကျွန်တော်တင်ခဲ့တဲ့ Local appတစ်ခုကိုရွေးခြယ်ပီး စင်တင်ပေးဖို့အတွက်ဆိုရင် အဓိကက One clickကို အားသန်တဲ့သူတေကအဓိကပေါ့ ကျွန်တော့်လို Appကိုအားပြုပီးဆွဲနေတဲ့သူတေ Grab အားပြုတဲ့ယာဉ်မောင်းညီကိုတေ ပါဝင်ပေးစေချင်တယ် Farry,Loyar, CaCa Appတစ်ခုကိုရွေးပီး Appရဲ့သက်ဆိုင်ရာ Marketing teamနဲ့စကားပြောမယ် ပီးရင် (ဥပမာ- 1.1.2026ရက်နေ့)ကစပီး Appနဲ့စဆွဲမယ် ကျွန်တော်တို့ Driverအကုန်လုံးက Appကိုအဲ့နေ့ကစပီး Appကိုနေ့တိုင်းဖွင့်ပီး တက်လာတဲ့အော်ဒါတေကို အကုန်လက်ခံဖို့လိုတယ် App company ဘက်ကလဲ အဲ့နေ့ကစပီး Promotion တေပေးပီး Customer ကို ဆွယ်ဖို့လိုအပ်တယ်
local app တေမှာက သူတို့ကိုအဓိကထားပီးဆွဲမယ့်ကားမရှိတော့ Grabနဲ့အဆင်မပြေလို့စမ်းသုံးမယ့် Customer က ကားခေါ်ရတာကြာတော့ မသုံးဖြစ်တော့ဘူး Driverကလဲ အော်ဒါမရတော့ Appကိုမဖွင့်ဖြစ်တော့ဘူး အဲ့မှာစပီး Local appတေမအောင်မြင်တော့တာပဲ နောက်ပီး နည်းပညာပိုင်းလိုအပ်ချက်တေက Grabကိုမမှီတာကတော့ တပိုင်းပေါ့ ဒါပေမယ့် ကားခေါ်လို့လွယ်မယ် Promotion ရှိမယ် Serviceကောင်းမယ်ဆို ကီလိုတောင်စီးနေကြသေးတာပဲ နော့်
ပါမယ့်သူများမယ်ဆို Appရွေးဖို့ ကျွန်တော်ညကျ Pollတစ်ခုတင်ပီး အမြန်အကောင်ထည်ဖော်မယ်ဗျာ။ Driver တေစိတ်သောကရောက်နေတာမကြည့်ရက်တော့ဘူး။
💬 26
👍 63
✨ 3
🔁 1
2026-01-05 2026
ဒီဆရာဆရာကြီးကိုမေးပေးဦး ကျန်းကျန်းမာမာရှိရဲ့လားလို့ ဘာဖြစ်ချင်တာလည်းလို့
💬 26
👍 49
✨ 3
🔁 1
2025-12-23 2025
Grab ခေါ်ထားတာကားကရောက်မလာ ၁၅မိနစ်နေလို့လဲမရောက် ပြီးတော့ ကားစောင့်နေရလို့ဖုန်းခေါ်တော့လဲမကိုင် Driver က ရောက်မလာတဲ့အပြင် cancel ပါလုပ်သွားသေး အဲ့ဒါကျတော့ ခရီးသည်ကိုပြန်မလျော်ဘူးလား တော်တော်စိတ်ပျက်ဖို့ကောင်း
💬 26
👍 47
✨ 3
🔁 1
2026-01-27 2026
Grab စီးတဲ့ ခရီးသည်ရဲ့ ယဉ်ကျေးမှုလေးပါဗျာ မန့်မှာ ကြည့်ပါ။
💬 26
👍 39
✨ 2
🔁 4
2026-01-18 2026
အခုမှ Taxi စမောင်းမှာဖြစ်လို့ ဆရာတို့ရဲ့အကြံညဏ်လေးမျှဝေပေးကြပါ
Grab နဲ့ချိတ်ရင်အဆင်ပြေမလာ အပြင်ကအဖွဲ့စည်းတွေနဲ့ ( Kilo taxi ) မောင်းတာပဲပိုအဆင်ပြေမလာ
သမိုင်း မှာနေပါတယ်
အတွေ့ကြုံလေးတွေမျှဝေပေးကြပါအုန်းလို့ အကူညီတောင်းပါတယ်
Thank you
💬 26
👍 28
✨ 5
🔁 2
2025-12-10 2025
Admin plz
https://www.facebook.com/share/p/16a9KUDbXR/?mibextid=wwXIfr
💬 26
👍 30
✨ 3
🔁 1
2026-05-27 2026
ရွှေတောင်ကြားထဲက Grab ရုံးမှာ ကား Grab ချိတ်ချင်လို့ဗျ လူကစာရွက်စာတန်း ဘာတွေလိုအပ်ပြီး ကားကရော ဘာတွေလိုအပ်လဲဗျ ဘာတွေယူဆောင်သွားရမလဲ အတွေ့ကြုံရှီ ဆရာများဖြေပေးကျပါဦးဗျ
💬 26
👍 30
✨ 2
🔁 0
2026-02-09 2026
အကုန်လုံးကိုမဆိုလိုပါ
တချို့ကားသမားတွေ သိဖို့
Grab က ခင်ဗျားတို့ရဲ့ကျေးဇူးရှင်နော် မစော်ကားနက်
ခင်ဗျားတို့ ကင်းအောင်လည်းမနေနိင်ပဲ ဖောင်းထုနေကြတယ်
ခင်ဗျားတို့ထက်စာရင် လက်တားသမားတွေကမှ လေးစားဖို့ကောင်းသေးတယ်
အဲကွန်းမဖွင့်ဘူး ဆက်ဆံရေးညံ့တယ် ကြိုက်ဈေးမရရင် မလိုက်ဘူး
အိုကေ ရောင်းသူဂယ်သူ အသံတူပဲ ဘာမှမဖြစ်ဘူး
ခင်ဗျားတို့က ဝန်ဆောင်မှု ဆားဗစ်တခုအောက်မှာလည်းနေသေး ဂျီးကလည်းများ ခရီးသည်ကိုလည်း ရန်ရှာ စကားနာထိုး
တောသီးတချို့ကိုပြောတာပါ အများစုက အဆင်ပြေကြပါတယ်
💬 26
👍 30
✨ 1
🔁 2
2025-11-20 2025
Bonus 45,000 နဲ့ ၁လ 5% ဆိုတာ ဘယ်လိုလူမျိုးကိုပေးတာလဲဗျ၊ ဘယ်နှကြောင်း၊ ဘယ်နှကီလိုမောင်းပေးရတာလဲဗျ၊ မသိလို့ ရှင်းပြပေးပါ
💬 26
👍 24
✨ 1
🔁 0
2026-04-02 2026
အခုချိန် ဘယ်သူမှ အဆင်ပြေနေကြတာမဟုတ်လို့
ကျွန်တော်တို့ ခရီးသည်တွေဖက်ကလည်း အတတ်နိုင်ဆုံး
ချိုချိုသာသာဆက်ဆံပေးကြရအောင် နားလည်ပေးကြရအောင် ညှိနှိုင်းပေးကြရအောင်။
ကားဆရာတွေကလည်း Grab Policy ကိုမလိုက်နာနိုင်ရင် မမောင်းပါနဲ့။ လိုက်လို့အဆင်မပြေတဲ့လမ်းကြောင်းဆိုလည်း Cancel ပေးပါ။ AC လည်း On Off လုပ်လို့ရပါတယ်၊ နွေခေါင်ခေါင်မှာ AC မဖွင့်တာမျိုးတော့မလုပ်ကြနဲ့ပေါ့ဗျာ။
မကိုက်လို့ မမောင်းနိုင်ရင်လည်း Grab မမောင်းကြနဲ့ဗျာ။
ခါတိုင်းထက်လည်း စျေးက ၃၀၀၀ ကနေ ၅၀၀၀ထိပိုနေတာပဲ။ ကိုယ်တိုင်လည်း အပူစာ မစားနဲ့ သူများလည်း အပူမပေးပဲနေကြရအောင်ဗျာ။
ခရီးသည်တွေရော ကားဆရာတွေကို အဆင်မပြေတာရှိရင်ပြောသွားကြပါ၊ ဆွေးနွေးလို့ရတာပေါ့။
💬 26
👍 15
✨ 2
🔁 0
2026-02-18 2026
ခုကြုံတွေ့တာလေး ပြောပြချင်လို့ပါ Grab App က Line Error ကြောင့် ကားရောက်မရောက်လဲ မသိရသလို App ထဲမှာ ဒီတိုင်းရပ်နေတော့ မီးပွိုင့်မိတယ်ပဲ ထင်ခဲ့တာပါ ဒါပေမယ့် ညမက ထွက်စောင့်ပီး ရှာပါတယ် Line ပြန်ရတော့ ကားက ရောက်နေတော့ Location က ဒီနေရာထောက်ထားရင် ဟိုနေရာရောက်နေတာမျိုးဖြစ်နေပါတယ် ညမ လုပ်တဲ့ အမှားမျိုးမဟုတ်ပဲနဲ့ Line Error ကြောင့်ရယ် Grab app က Server ကြောင့်ရယ် ဖြစ်တာကို ညမကို အက် 1J - 9143 ကားပိုင်ရှင်က ကားပေါ်ရောက်တော့ ညမကို ပြောဆိုပါတယ် ကားခေါ်ထားပီး လုပ်ချင်ရာလုပ်နေတယ်ဆိုပီး ပြောဆိုပါတယ် ဒေါသထွက်ပီး ကားကို ဆောင့်မောင်းပါတယ် ညမလဲ Line မကောင်းလို့ပါဆိုတာပြောပီး အကျိုးသင့်အကြောင်းသင့်ပြောပါတယ် ညမဖက်က လူငယ်ဖြစ်လို့ ရိုင်း"စိုင်း" ပြောတာမျိုး လုံးဝ မရှိပါဖူး အချိန် 2 min ကျော်လောက်လေးပဲ စောင့်ခဲ့ရတာပါ waiting fees 500 လဲ ပိုပေးရပါတယ် ညမ Grab စီးလာတဲ့ 1 year ကျော်မှာ ညမ ပထမဦးဆုံး ကြုံတွေ့လာရတာပါ ခုပုံစံက ညမတို့က နောက်တခါ ကားစီးရင် ညမတို့ ကားသမားမျက်နှာကိုကြည့်ပီး အပြောဆိုခံပီးပဲ ညမတို့ စီးရတော့မှာလားရှင် ညမတို့က ပင်ပန်းလို့ Grab အေးဆေးစီးပီး အနားယူတဲ့ ချိန်မှာ ခုလိုမျိုး အဖြစ်ပျက်တွေက စိတ်အနှောက်ယှက်ဖြစ်စေပါတယ် လူတစ်ယောက်ကို ကောင်း"မွန်"ဆက်ဆံလို့ Grab ဦးလေးတို့ အကိုတို့ကို မထိခိုက်စေပါဖူးရှင် Customer Always Right လို့လဲ မပြောပါဖူး မှားရင်တောင် ဖြေရှင်းချက်ပေးတဲ့ Customer မျိုးဆိုရင်တော့ မရိုင်းပျသင့်ဖူးလို့ထင်ပါတယ်ရှင့် ဒီနေ့ဒီချိန်ကစပီး Grab စီးတော့မည်မဟုတ်ပါ ကောင်းမွန်တဲ့ Taxi app မဟုတ်သော် Taxi Service လေးများရှိရင် မျှဝေပေးပါအုန်းရှင့်
💬 25
👍 234
✨ 2
🔁 5
2026-03-26 2026
ကန်လမ်းထဲ က လက်ဘက်ရည်ဆိုင်မှာ foreigner ၆ယောက် grab ငှားတယ်..ကားမလာခင် ဆိုင်အဝနားမှာ ထွက်ရပ်ပီး grab မြေပုံကနေ ကားလာနေတာ ကို ကြည့်နေကြတယ်..ev လာတယ် ၄ယောက်တက်သွားတယ်..နောက်တစီးလာ တယောက်တက်သွားတယ်..၂ဖက်လုံး စကားတခွန်းမှ ပြောစရာမလိုဘူး..သူတို့ကားရပ်စောင့်နေတာကို ရပ်ကြည့်နေတဲ့ ဝန်ထမ်းလေးတွေကို မုန့်ဖိုး၁သောင်း ပေးသွားသေးတယ်..ကိုယ့်ဆီ က ဆရာကြီးတွေကတော့ ကြိုခေါ်တယ် ရောက်ရင် ပြူးပြဲရှာရတယ် ..ဖုန်းဆက်လိုက်မှ ဆင်းလာပါပီ ခနလေးပါ ..တခါတလေ ဖုန်း က ဆက်မရဘူး..လိုင်းသုံး ဖွန်ကြောင် အတင်းတုပ်..တချူိ့ဆို ကားအရှေ့ ရပ်နေတာတောင် ဖုန်းအပွတ်မပျက်..စားသောက်ဆိုင်က ခေါ်ရင်လဲ ထွက်လာပါပီ ခနလေးပါ ..ပါဆယ်ထုပ်နေတုန်း..ကားခေါ်ပီးရင်လဲ cancle မလုပ် ဖုန်းမကိုင်..တချိူ့ခရီးသည် ေတွလဲ အရမ်းအဆင် ပြေပါတယ်..အဲလိုပြောတော့ နိုင်ငံခြားသား ဘောမ တယ် ပြောကြအုံးမယ်..
💬 25
👍 201
✨ 5
🔁 6
2025-12-31 2025
ကျနော်နဲ့ တလမ်းတည်းနေတဲ့ ဘဲတပွေရှိတယ် သူက ချဥ်ဖတ်အမာခံကြီး မောင်းချက်က မနက်ငါးနာရီလောက် ကြက်မတွန်ခင်ကတည်းက ခွက်ပလုံးစျေးနဲ့ အသားကုန်မောင်းတာ
စ သိသိချင်းတော့ တနေ့ဘယ်လောက်ရှာတယ်ချဥ်ဖတ်နဲ့ဆိုပြီး အသားကုန်ကြွားတာ
အဲ့ဒါနဲ့ ဖုန်းလေးယူပြီး သူ့ join date လေးတချက်ရှိုးလိုက်တယ်
အော်....ကျောင်းသားကိုးးးး
ကျနော်ကတော့ နေဖင်ထိုးမှ ထတယ် တခါတလေ ညနေထိတောင် အိပ်ချင်အိပ်နေတာ သူက အလုပ်မလုပ်ဖူးလား ဘာညာနဲ့မေးကော သူ ၇ သောင်းလောက်ရနေချိန် ကျနော်က မျက်နှာမသစ်ရသေးဘူး လက်ဖက်ရည်ဆိုင်ထိုင်နေပြီ
ခုတလော ရှောင်ရှောင်ပြေးနေသလိုဖဲ တွေ့ရင်လည်း မျက်နှာလည်း သိပ်မကောင်းဘူး ကိုယ့်ရှိတာနဲ့ သူထိုင်လည်းခနဖဲ ရှောင်ရှောင်ထွက်သွားတယ် အဲ့တော့မှ သိလိုက်ပါပြီ ဘေးတွဲစျေးတွေနဲ့ မောင်းနေရလို့နေမှာပေါ့လို့ 🤭😂😂
ကျနော်တို့မှာ ကားကွက်ရှိတယ် စျေးတောင်းတတ်ဖို့လည်း လိုတယ်
ကျနော်တို့အလုပ်က Taxi မောင်းတာလေ စျေးမတောင်းတတ်ဖဲ ချဥ်ဖတ်က ပေးသမျှစျေးတွေနဲ့ လျှောက်မောင်းနေမယ်ဆို Taxi မမောင်းစားနဲ့တော့ ကိုယ်ပိုင်မတွက်ချက်နိုင်ဘူးဆိုရင်
သူ့ဘာသူ အိပ်ရေးတွေအပျက်ခံပြီး တနေကုန် 130000 လောက်အကျန်လေးရဖို့ကို 250 km ကျော်လောက် မောင်းနေစရာမလိုဘူး 150km မပြည့်ဖဲ ကျနော်နေ့တိုင်း သူရှာတာထက်များတယ်
ကျနော်တို့က 10/15 သိန်းတန် ဘေးတွဲစျေးထက် နည်းနေတာတွေကို လိုက်မောင်းမလား
ကိုယ့် standard နဲ့ ကိုယ်နေမလား စဥ်းစားပေါ့ဗျာ
မဥ ဘုန်းကြီးလမ်းကနေ ကျနော် ကမ္ဘာအေးကို ဘေးတွဲငှားတာ သုံးထောင်လေးထောင်တောင်းတယ်ဗျ မရရင် မသွားဘူးသူတို့က
ကျနော်တို့ကားတွေကျတော့ မဥ ဘုန်းကြီးလမ်းမှာ ရှိနေတယ် ကမ္ဘာအေး Gandamar လမ်းလောက်ကို သွားကြိုပြီးတော့ ဂမုန်းပွင့်ကို သုံးထောင်နဲ့ပို့ရမယ်
အဲ့လိုမျိုးတွေကို မောင်းနေကျတာလည်း အံ့သြပါ့
မိသားစုတွေရှိလို့ မဖြစ်မနေမို့ မချစ်သော်လည်း အောင့်ကာနမ်းရတာတို့ ဆင်နားရွက်တွေနဲ့ လျှောက်ပြော
ဘေးတွဲမောင်းတဲ့သူတွေမှာကော မိသားစုတွေမရှိကျတော့လို့လား 😂
💬 25
👍 174
✨ 2
🔁 19
2025-12-12 2025
Grab တာဝန်ရှိလူကြီးမင်းများ သိရှိစေရန်နှင့် ဈေးနုန်းတစ်သတ်မတ်ထဲမရှိခြင်း၊peakhour incentive
အရင်တိုင်းမပေးပဲ screentimeနဲ့အစားထိုးလာတဲ့မူဝါဒပြောင်လဲခြင်းဟာအလုပ်မဖြစ်ကြောင်းဆွေးနွေးပေးပါရန်ကိစ္စ။
အထက်ပါကိစ္စရပ်များတွင်
၁။ဈေးနုန်းက နည်းတာကများတယ်၊တစ်ခါတရံ ဝယ်လိုအားများရင်ဈေးကထက်ဝက်လောက်တက်လာတယ် ဒီအခါခရီးသည်က ဈေးကြီးတယ်လို့မြင်တယ်။
ကားဆရာတွေအဆင်ပြေတဲဈေးမရရင်ဝန်ဆောင်မှူအားနည်းလာပါတယ် ခေါ်ရမှာကဝေး၊ပို့ရန်ကနီး
ဈေးက၂၈၀၀/၃၀၀၀ ဘေးတွဲတောင်မလိုက်ပါဘူး သင့်တင်အောင်လုပ်ပါ မဟုတ်ရင် သွားမခေါ်ပဲ ကယ်ဆယ်ဖြစ်တာများပါတယ်။
၂။peakhour အရင်ဆို ဘယ်နှစ်ကြောင်းရပြီအပြိုင်အော်ဒါကောက်ကြပါတယ်။ကားကြပ်လဲ ကောက်တယ်။ အခုတော့ကားဆရာအကုန်ပြောနေကြပြီ peakhourက မဖြစ်စလောက်ပေးတော့မမောင်းတော့ဘူးတဲ့ ကားကြပ်တော့ ဝေးဝေးနီးနီးအရင်လိုမကောက်ကြတော့ဘူး။ ပြုပြင်ပေးပါအရင်ပုံမှန်အတိုင်းလုပ်ပါ ကားဆရာတွေအဆင်ပြေအောင်လုပ်ပေးရင်ဝန်ဆောင်မှုကောင်းကောင်းပေးပါတယ်။ခရီးသည်တွေကဈေးပေါဖို့မလို့ဘူး ဝန်ဆောင်မှုကောင်းပဲလိုချင်တာ ကားခေါ်ရင်လာကြို ဝန်ဆောင်မှုကောင်းရင်ပိုတောင်ပေးတယ်။
ေလဆိပ်၊အောင်မဂ်လာ grab ဈေးပေါတယ် ဒါပေမဲ့ ရာနုန်းပြည့်မစီးတာ ဈေးဘယ်လောက်ပေးရပေးရ ဝန်ဆောင်မှုကောင်းပေးနိုင်အောင် ဈေးနုန်းပြင်ပေးမထား ဘူး အရင်ကလို့အော်ဒါတက်လာရင်အလုအယက်ခေါ်ကြတယ်။ ယခုလေဆိပ်ဆိုရင်သိပ်မခေါ်ဘူးအကြံပြုတာပါ အဆင်ပြေကြပါစေ။
💬 25
👍 164
✨ 5
🔁 13
2026-01-05 2026
မမောင်းဘူးနော် ကီလိုဘယ်လိုခိုးတယ်ဆိုတာ မသိတဲ့သူတွေကိုပြမယ်
Grab map နဲ့ဖဲ သွားနေရင်တော့ တိကျတဲ့ km ကို သိတော့မှာမဟုတ်တော့ဘူး
သူတို့ Grab Map Route ဆွဲပေးထားတဲ့ လမ်းကြောင်းကိုဖဲ Google Map မှာ Route ဆွဲပြတာနော် 14km
Google Map 14km ပြတယ်ဆိုရင် 14km - 15km ကြား ရှိတယ်ကို ဆိုလိုတယ်
ဥပမာ 14.75 km လည်း ဖြစ်န်ိုင်တယ် May be possible
ဘာကြောင့် Grab Map မှာ 13.43km ပြရတာလည်း အဲ့ဒါသာစဥ်းစားကြည့်ပေတော့
ကားခလည်း လျော့ချတယ် km အကွာအဝေးတွေကိုလည်း ခိုးထားတယ်
ဘယ်လောက်ယုတ်မာတဲ့ ပွဲစားလည်းဆိုတာသာ ကြည့်ပေတော့ ဆွဲကျ ခံကျ
ကြောက်တတ်ရင် ငါ့ post ကို ဖျက်ချ
💬 25
👍 139
✨ 2
🔁 10
2026-01-09 2026
ဂရက်ရဲ့ ၁ကီလိုကနေ ၂ကီလိုအတွင်းဈေးနှုန်းသတ်မှတ်ချက်တွေဟာ update ဖြစ်မနေတော့ဘူးဆိုတာကို ဂရက်ရဲ့ဈေးနှုန်းသတ်မှတ်တဲ့အဖွဲ့ကမသိတာလား
အလုပ်မလုပ်ပဲ လစာညာယူနေတာလားမေးခွန်းထုတ်ရမယ့်အချိန်ကိုရောက်လာပါပီ။
ခရီးသည်ဘက်ကလဲငွေနဲ့ကြေးနဲ့ပေးစီးရသလိုကားသမားဘက်ကလဲမိသားစု စားဝတ်နေရေးအတွက်
အလုပ်လုပ်နေကြတာဖြစ်တယ်ဆိုတာ Grab မြန်မာအနေနဲ့အလေးအနက်သိရှိထားရမယ့်ကိစ္စဖြစ်ပါတယ်။
ငါတို့သတ်မှတ်တဲ့ဈေးနှုန်းငါတို့ဈေးနှုန်း ကားသမားလဲမကြိုက်ရင်မမောင်းနဲ့ခရီးသည်လဲ
မကြိုက်ရင်မစီးနဲ့ဆိုတဲ့အောက်တန်းစားစိတ်ထားမျိုးနဲ့ဆိုရင်တော့ မြန်မာတနိုင်ငံလုံးကရွံရှာစက်စုပ်သွားပါလိမ့်မယ်။
ပြီးတော့တက္ကစီဟာ ရန်ကုန်လိုမြို့ကြီးမှာ မြို့ရဲ့အသက်သွေးကြောတည်ရှိမှုတစ်ခုလဲဖြစ်တယ်ဆိုတာကို Grab Drivers Myanmar အနေနဲ့နားလည်ထားရပါမယ်။
အဆင်မပြေတဲ့ဈေးနှုန်းသတ်မှတ်ချက်တွေကြောင့် အကြည်ဓါတ်မရှိတော့တဲ့ ခရီးသွားပြည်သူနဲ့
ကားသမားပြည်သူဟာ
ထစ်ခနဲဆို ပဍိပခတွေဖြစ်လာတတ်တာမျိုးကို ခပ်စိပ်စိပ်တွေ့လာရတာကပဲ ဂရက်ဒရိုင်ဘာမြန်မာရဲ့
ဈေးနှုန်းသတ်မှတ်တဲ့အဖွဲ့နဲ့
ဂရက်မြန်မာကုမ္ပဏီတစ်ခုလုံးမှာတာဝန်ရှိတယ်ဆိုတာကို နားလည်သဘောပေါက်စေချင်ပါတယ်
💬 25
👍 135
✨ 4
🔁 4
2025-12-05 2025
အပိုင်အော်ဒါ မနက် ၆ နာရီ ဗဟန်းကနေ သာကေတ ကို၂၀၀၀၀ နဲ့လိုက်လာတာ သာကေတ တံတားအတက်ကြမှ
မှော်ဘီသွားမယ်ဆိုလို့ ၅၀၀၀၀ တခါထပ်ရ
တခါ မှော်ဘီအပြန် အတောင်ချနေရင်း ပျင်းလာလို့
ခါလီ ပြန်လာတာ ကိုးလုံးကွင်းနားရောက်တော့
လက်တား ထပ်ရ အလုံ ကို ၄၀၀၀၀ နဲ့
မနက် ၁၀ နာရီလောက်တင် ၁၁၀၀၀၀ ရနေပြီ။
ခနနား လမ်းကြုံ အတို ၂ ကြောင်းကောက်ပြီး
၁၈၀၀၀ ထပ်ရ
မနက်က ဆီ ၃၀၀၀၀ ဖြည့်ထား
Probox ကို aircon မဖွင့်ရတော့
တတုံးနီးပါး ကျန်သေးတယ်။
ကီလို၁၂၀ကျော် နင်းပြီးတော့
၁သိန်းနီးပါးကျန်
လူပင်ပန်းနေပြီမို့
ခေါင်းပေါ်ကျတာတွေတောင် မကောက်တော့ဘူး။
၁၁ ခွဲ နားပြီဗျို့
ဘီယာလေး ၂ ဘူးလောက်သောက်ပြီး
အိပ်တော့မယ်။
ညကျမှ အေးဆေး ကီလိုထကောက်ရင်
၈ပြားလောက် ထပ်ကျန်မှာပဲ။
ကျောင်းသားဘဝတုန်းက မသိလို့
Grab ကိုတနေကုန် လှိမ့်ဆွဲ
၁သိန်းလောက်ကျန်ရင်ကို ပျော်နေပြီ။
ပြင်လိုက်ရတဲ့ကား
လူကလည်း အသေပင်ပန်း
အခုတော့ စိတ်ရှည်ပြီး kilo ပဲကောက်တော့တယ်။
ဆက်ဆံရေး မကောင်းတဲ့ ကားဆရာတွေပဲ
grab ဆွဲတာ။
service ကောင်းတဲ့ကားဆရာတွေက
အပိုင်အော်ဒါတွေရှိပြီးသား။
kilo ကိုလည်း ရလှပြီးမထင်နဲ့။
အပိုင်ဖုန်းအော်ဒါပဲ လက်ခံတဲ့အသိဆရာကြီးတချို့ဆို
ငွေဝင်ပိုကြမ်းတယ်။
ကြည့်မြင်တိုင် ကနေ အာရှတော်ဝင်ကို အသွားအပြန် ၄၀၀၀၀ ရဖူးကြလား။
ကျနော်တော့ မရဖူးဘူး။
ပေးနိုင်တဲ့သူက ပေးစီးကြတာပဲ။
တနေ့ကို ၃ကြောင်းပဲဆွဲတဲ့သူတောင်ရှိတယ်။
💬 25
👍 132
✨ 5
🔁 38
2026-02-03 2026
မင်္ဂလာပါ ခင်ဗျာ... ဒီ Post က Grap
ဘဝတူ ယာဥ်မောင်းများ သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်ပါတယ်... အောက်ပါ ပုံ များတွင် ပါ ဝင်တဲ့ ဖုန်းနံပါတ် နဲ့ Grab Taxi နှစ်ပွိုင့် ထောက်စီးရင်ပဲ ဖြစ်ဖြစ် တစ်ပွိုင့်ထဲ ထောက်ပြီး နောက်ဆက်တွဲ ခရီးစဥ် ဆက်ခေါ်ရင်ပဲ ဖြစ်ဖြစ် Grab App ကခေါ်တာပဲဆို ပြီးယုံကြည်၍ လုံးဝ မလိုက်ပါနဲ့ ခင်ဗျာ...
ဒီခရီး စဥ်ကို Grab App မှ ည ပိုင်းခေါ် ဆိုခြင်း ခရီးသည် အရောင်ဆောင် စီးနင်းသူမှာ တယောက်တည်း ဖြစ်ပြီး ကားရှေ့ခန်းမှာ ဝင်ထိုင်ကာ Kpay 30000 ကျပ် ကို လွှဲပေးဖို့ ပြောဆိုရန်လုပ်ပါတယ် ကျွန်တော်လဲ Kpay မသုံးဘူး လွှဲ မပေးနိုင်ဘူး လို့ တုန့်ပြန် ပြောဆိုတဲ့ အခါ မကျေနပ်သလို ကြည့်ကာ ရန်ပြုမည့် အမူအရာနဲ့ ဇိုးလိုလို ဇက်လိုလို ကလေးအထာ တွေ ပြပါတယ်... ဝတ်လာတာကတော့ ပေလကပ် ပုဆိုးကို တိုတိုဝတ်ထားပါတယ်...
လက်တားဆို လူကြည့် တင်လေ့ ရှိပေမယ့်... Grab က ခေါ်တဲ့ ခရီးစဥ်မို့ ကားပေါ်တက်လာတာကို ပြောရခက်လို့ အောက်သက်သက်နဲ့ တင်ခဲ့တာပါ ။
ပထမပွိုင့် မကောက်ခင်ထိ Kpay ဘဲ အတင်းလွှဲခိုင်းနေပြီး ပထမပွိုင့် ရောက်တော့ ကွမ်းယာမှာထားတာလာယူတာ
ချက်ချင်းဆက်သွားမှာလို့ ပြောပြီး ကားပေါ်က ဆင်းပါတယ်...
လူကြည့်ရုံနဲ့ ဘာလုပ်တယ် ဆို တာသိပေမယ့်...
Grab က ခေါ်တဲ့ ခရီးစဥ်မို့ ပထမပွိုင့်တင် ဆင်းသွားတဲ့ လိမ်ဖို့ ကြိုးစားတဲ့ ကောင် ကို ၁၀ မိနစ် အထိ စောင့်ပါတယ်...ပြန်တက်မလာလို့ Grab က ပေးထားတဲ့ ပုံပါ ဖုန်းနံပါတ် ကို ဆက်သွယ်ရာ အုပ်စုလိုက် ဖုန်းကိုင်ပြန်ဖြေသံတွေကို ကြားရပါတယ်...္" ဖုန်း ကိုင်တဲ့လူက Pin တွေကို သူတို့ထောက်ပေး
ပြီး Grab Taxi ငှားရမ်း ပေးခဲ့တာ ခဏစောင့်ပါ စီးသွားတဲ့ကောင်ကို ဖုန်းဆက်ပေးမယ်လို့ဆိုကာ ဖုန်း ပြန်ချသွားပါတယ်...
ထို့နောက် ထပ်ခေါ်ရာတွင် ဖုန်းမကိုင်တော့ပါ....ကံကောင်းတာ
ကိုယ့်ငွေ မပါသွားပါ...
Grab App မှ Emergency Call တွေ ရဲခေါ် မယ်ဆိုတာတွေကို နှိပ်ပါတယ်... ခေါ်ပါတယ် ဘာမှ အလုပ်မဖြစ်ပါ
ခရီးစဥ် မပြီးဆုံးသေးတဲ့ အတွက် ကျသင့်ငွေအားလုံးကို
ငွေစာရင်းထဲကနေ Grab က အလကားယူသွားမှာ
ဖြစ်ပါတယ်...
နောက်တနေ့ မနက် Grab ရုံးကို ဆက်သွယ်
အကြောင်းကြားခဲ့ပေမယ့်... ဖြစ်ကြောင်းကုန်စင်မေး
ကာ .ပြန်လည်ဆက်သွယ်ပါ့မယ် ဆိုပြီး ယခုအချိန်ထိ နစ်နာသူ
ကျွန်တော့ကို Grab မှ ဆက်သွယ်လာခြင်း မရှိပါ...
ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မရှိပါဘူး... ကျွန်ုပ်၏ ငွေစာရင်း
ထဲမှ ငွေကိုသာ ဖြတ်သွားပါတယ်...
Grab ရဲ့ လုပ်ဆောင်ချက်
တွေမှာ ငှားရမ်းသူ အချက်အလက် ဘာတခုမှ မရှိဘဲ ... ပေး
သလောက်နဲ့ ဘဝရင်းပြီး Grab ကို ဆက်မမောင်းသင့်တော့
ပါ ....
Edit - Grap ဘက်မှ ဖုန်းဆက်မေးမြန်း သော်လည်း
Message ဖြင့် ငွေပြန်လည် ထည့်ပေးမည်ဖြစ်ကြောင်း
စာပို့ထားပါတယ်... ငှားရမ်းသူကို Grab Policy အရ အရေးယူပေးမည်ဟု အကြောင်းပြန်ထားသော်လည်း... ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းမရှိပါ။
ယခုတင်သော Post ကို တွေ၍ ခြိမ်းခြောက်စာများ Message ဖြင့် ဆက်တိုက်ပို့နေပါတယ်....
ယာဥ်မောင်းများ အားလုံး သတိရှိစေချင်ပါတယ် ။
ကျွန်တော့ အနေနဲ့ ယာဥ်ကျေးစွာဆက်ဆံ ပြောဆေိုခဲ့၍သာ
အန္တရာယ် မပြုသွားခြင်းဖြစ်ပါတယ်...
.
💬 25
👍 106
✨ 5
🔁 6
2026-01-20 2026
Thanlyin စျေးကို 11 km ရှိတာ 10000 ဆိုတော့ ကားသမားက 8000 နဲ့ ဘယ်လိုစားမလဲ international ကြီးရယ်
💬 25
👍 107
✨ 4
🔁 5
2026-01-29 2026
ကိုယ်တွေအတွေ့ကြုံကတမျိုးဟ။ အလုံ လပ်ကီးဆဲဗင်းအော်ဒါတက်၊ စောင့်တယ် ဖုန်းဆက်တယ် ၊ရောက်နေပြီပြောတာဘယ်မှာလဲတဲ့ ဟုတ်အစ်မခေါ်ထားတဲ့နေရာမှာပါ ဆိုင်ရှေ့ကားမှတ်တိုင်မှာပါ အစ်မနေရာလွဲနေလား လာခဲ့ပေးပါမယ် ဘယ်နေရာလဲဆိုတော့ မသိဘူးတဲ့ တကယ်ကပွားလေးမှာမုန့်စားပြီးလှမ်းခေါ်တာ ပွားလေးမုန့်ဟင်းခါးပြောလိုက်ရတာပဲ၊ သူမသိဆိုတော့ စောင့်ဆိုတော့ ဆယ့်ငါးမိနစ်ကြာသွားတယ်၊ ဖုန်းထပ်ဆက်တော့ ရောက်ပြီတဲ့ ကြည့်တော့ လူကြီး ငါးယောက်။ မလာတော့ဘူးထင်လို့ ကန်ဆယ်တော့မလို့တော်သေးတာပေါ့ပြောတာလုပ်ပေါ့တဲ့ ဘာလားဟငါပဲရိုင်းမိသွားလို့များလား၊ ထားပါတော့ပြောမနေတော့ပါဘူးလေ ၊ ဒါနဲ့ ဟုတ်လူပို
ပိုပေးရတယ်နော်အစ်မဆိုတော့ ခါတိုင်းလဲဒီလိုပဲစီးနေတာပဲတဲ့ ၊ကိုယ်က လူပိုကြေးသဘောတူတာထင်ပြီးမောင်း၊ ကားပေါ်မှာပေါက်ပေါက်စဖောက်တော့တာပဲ၊ ဂရပ်က ကိုယ့်ဂျီပီအက်ကိုမသုံးပဲ ငှားသုံးနေလို့အဲ့လိုနေရာလွဲနေတာ၊ ဗလာဗလာနဲ့ တကဲ့ပညာတတ်ကြီး အထက်စီးကနေ နားပါကိုက်သွားတယ်၊ ကိုကတော့တစ်ခွန်းမှမပြောတော့ဘူး ၊ ဆင်းတဲ့နေရာရောက်တော့ 10000 တန်ပေး 5300 ဆိုတော့ ကိုက 6000 ယူလိုက်တယ်။ ဘာပြောတယ်မှတ် 700 လိုသေးတယ်တဲ့ လူပိုကြေးကိုအကြွေ 700 ပဲယူလိုက်တာပါအစ်မဆိုတော့ ဝုန်းဆိုတံခါးဆောင့်ပိတ်လိုက်တာ ၊ ကိုယ်တွေကားသမား ကားချစ်သူဆိုတာ ကိုယ့်ချစ်သူအဖြေပေးတဲ့ ပထမလ လိုပဲ၊ ဥနေ နုနေအောင်ထားတာ၊ ကားချိုင့်ထဲကျလို့ ဆလိုးကုန်းမြင့်လို့ အကျနာသွားတာတို့ တံခါးဆောင့်ပိတ်တာတို့ဆို ရင်ထဲနှလုံးထဲ အောင့်ကနဲပဲ မျက်နှာမှာပါအမူရာပျက်သွားတာ၊ ကိုယ်ပိုင်ကား ဆလွန်း နိုင်ငံခြားသားတွေတောင် အဲကွန်းနဲ့ ကားသန့်ရှင့်မှုကို ⭐⭐⭐⭐⭐ ပေးထားတာဗျာ၊ ဒီလိုမမနဲ့တွေ့မှ ကိုယ်ပါပလပ်ကျွတ်ချင်သွားတယ်။ ကဲဆရာမကြီးရေ ပိုစ့်တွေ့ရင်ကျော်မသွားနဲ့နော်။ ပြီးတော့ဝါရင့်ဆရာသမားများ ဝိုင်းမဆဲဖို့ ကြိုပြောပါစေ။ ဆဲတဲ့လူဆိုတာ
ပက်လက်လှန်ပြီး တံတွေးထွေးသလိုပဲ ။
💬 25
👍 101
✨ 3
🔁 2
2026-03-31 2026
သေချာတာကတော့ ဆီကားသမားတွေအတွက်ဈေးမဟုတ်တော့ဘူး CNG နဲ့ EV ဆရာကြီးတွေ ပဲဆွဲလို့ရမယ့်ဈေးတွေ ...…...စိတ်ပျက်စရာကောင်းတဲ့ဈေးတွေနဲ့ တော်တော်လူပါး၀တယ်...
💬 25
👍 94
✨ 3
🔁 2
2025-12-15 2025
စီးတဲ့ ခရီးသည် နဲ့ မောင်းတဲ့ကား မမျှရင် ခုလိုတွေ ဖြစ်ကုန်ရော။ 1 kilo မကဘူး 2 kilo တွေပါ ကျော်ကုန်ရော။ သွားကြိုရအောင် အရူးမှ မဟုတ်တာ။ ပိတ်ထားသူ များလား မများလား ဆိုတာ အရမ်းသိရတယ်။ ပထမ ခရီးစဉ်က မပြီးသေးဘူး ဒုတိယ order တွေကြီး ထပ်ချပေးနေတာဆို။ အဲဒါကြောင့် ပစ္စည်းကျန် ခရီးသည်များ နောက် ခရီးသည် လက်ထဲရောက်ဖို့ % အရမ်းများပါတယ်။ အရင်ဆို 3 PM ဆိုတာနဲ့ လက်တားကို မတင်တာ။ ခုတော့ ပြောင်းပြန် ဖြစ်သွားပြီ။ အမယ် သူတို့က cancel လုပ်ရင် စိတ်ကောက်သေးတာ။ ၁၅ မိနစ် ပိတ်တယ်။ ပိတ်ပေါ့ အဲ အချိန် စမ်းချောင်းကနေ မ/ဒဂုံ ကို ၁၈၀၀၀/ နဲ့ သာသာယာယာ မသွားလိုက်တယ်😛။
တဖြေးဖြေးနဲ့ Grab က လိုသုံး ဘဝ ကတောင် ပျောက်တော့မယ် ထင်တယ်😁။
💬 25
👍 86
✨ 2
🔁 1
2025-11-12 2025
Grab နဲ့ ည၈နာရီကနေ ၁၂နာရီထိဆွဲတာ ၅၀၀၀၀လောက်ပဲရလို့ ပုံမှန်ပဲလား အကြောင်းရှည်လည်းမတက်ဘူး အတိုလေးတွေဆိုတော့ ပိုက်ဆံရတာနဲတယ် အကြောင်းရှည် ရအောင် ဆောင်ရန် ရှောင်ရန်လေးတွေ မျှပေးပါ ဆရာသမားတို့